Monday, November 10, 2014

ဘုရား .... Buddha ... God



မောင်လေး ညီမလေး တို့ရေ..... ( ၄.၁၀.၂၀၁၂) က... ဆရာတော် Ashin Nanissara နဲ့စကားရေ လုကြတယ် .... ဆရာခေါ်ကြေးပေါ့ ....

စကားရေလုတဲ့အကြောင်းအရာလေးက .... ဘာသာခြားတစ်ယောက်မေးဖူးတဲ့ Buddha .... God .... ဘုရား ဆိုတဲ့ စကား ( ၃ ) လုံးရဲ့ အဓိပါယ်ဖွင့်ဆိုချက်လေး ကိုပါ ....

 ပြီးတော့ ဆရာတော်က...ဒါလေးကိုပိုစ့်အနေနဲ့တင်ပေးပါ .... ခလေးတွေ သိသင့်တယ်ဆိုလို့.... တင်ပေးလိုက် တာပါ...။

ပထမမေးခွန်းလေးကတော့ အာဇန်းမေးတာပါ.....
( ၁ ) ဂေါတမ ဗုဒ္ဓ သည် ဘုရား ဆိုပြီးအဘယ့်ကြောင့်သေခြင်းရှင်ခြင်း အိုနာသေဘေးရှိရပါသနည်း။ဂေါတမ ဗုဒ္ဓ က အဘယ်ကြောင့်သေဆုံးခြင်းရှိသနည်း။

ဒုတိယမေးခွန်းလေးကတော့ Shin Tara မေးတာပါ.....
( ၂ ) ဒီ ပို့စ်အောက်မှာ သိချင်တာမေးဆိုလို မသိလို့ မေးချင်တာလေး တစ်ခုလောက်မေးမယ် - God ဆိုတဲ့ ဝေါ်ဟာရ လေးရဲ့ အဓိပ္ပာယ်လေး တစ်စိတ်လောက် ရှင်းပြပေးပါအုံး တဲ့။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
★ ★ နံပါတ် ( ၁ ) မေးခွန်းကိုဖြေနိုင်ဖို့ ... ပထမဆုံး ... ( ဘုရား ... BUDDHA .... GOD ) ဆိုတဲ့ စကားသုံးလုံးရဲ့ အနက် အဓိပါယ်ကို .... သိတာနဲ့ဖြေပြီးသားဖြစ်သွားမှာပါ...။

ဘာသာခြားဇွတ်ငြင်း အားလုံး ( ခရစ်ယန် မွတ်စလင် ) က ဘုရားဆိုတဲ့အဓိပါယ် ကိုမသိပဲ ဆွဲယူ အသုံးပြုပြီး ဘုရား ဆိုတာ ... မသေဖူး ... ထာဝရ ရှိတာ ဘုရားလို့ အယူလွဲနေကြ တာပါ ....

★ ★ ဘုရား .....

ဒီနေရာမှာ... အစ္စလာမ်ဘာသာဝင်တွေ...ကောက် ယူသုံးစွဲထားတဲ့ ဘုရားဆိုတဲ့ အဓိပါယ် ကိုပြောပြ ချင်ပါတယ်... အတိုချုပ်ပြောရရင် ... ဘုရားဆိုတာ ... ဦးဆောင်ဦးရွက်ပြုသူ ... ခေါင်းဆောင်ကောင်း ... မြင့်မြတ်သူ ... လို့ အဓိပါယ် ရပါတယ်... ။

ဘုရားကို ဘုရား လို့ခေါ်တာဟာ မြန်မာတွေနဲ့ မြန်မာပြည်မှာပဲ ခေါ်ကြတာပါ... ကျန်တဲ့ နိုင်ငံတွေက ဗုဒ္ဓဘာသာ ၀င်တွေက ဘုရားကို ဘုရားလို့ ဘယ်သူကမှ မခေါ်ကြပါဘူး။ BUDDHA လို့ပဲ ခေါ်ကြ တာပါ....။

ပါဠိအဘိဓာန်မှာ လာတဲ့ ဘုရားရဲ့ ပရိယာတ်တော်တွေထဲမှာ ဘုရားဆိုတာ မပါပါဘူး။ ရှာကြည့်လို့ ရပါတယ်....။

★ ★  ဗမာတွေဟာ ရှေးအခါက ဘုရင်တွေကို ဘုရားလို့ ခေါ်ခဲ့ကြပါတယ် ..... အဓိပ္ပာယ် ကတော့ ခေါင်းဆောင်၊ ဦးဆောင်ဦးရွက်ပြုသူ ရှေ့သွား ဖြစ်သူလို့ သတ်မှတ်ရမှာပါ ....

ဘုရင်ဟာ သူတို့ရဲ့ ရှေ့သွားခေါင်းဆောင် ဖြစ်တဲ့အတွက် ဘုရင်ကို ဘုရား ခေါ်ကြ တာပါ။ လူတွေရဲ့ကိုးကွယ်ရာပေါ့။

ထိုနည်းတူစွာပဲ ဘုရားဟာ ဘုရင်တွေရဲ့ ကိုးကွယ်ရာ ရှေ့သွားခေါင်းဆောင် ပင်ဖြစ်တာကြောင့် ဘုရားကိုလည်း ဘုရားလို့ပဲ ခေါ်တော့တာပေါ့ ....

ပုဂံကျောက် စာတွေ ထဲမှာ ဘုရားကို ဒီနေ့အသံနဲ့ ခေါ်တာ မဟုတ်ပါဘူး ။ ပုရှာလို့ခေါ်ပါ တယ်။ ပုရုရှ က ပြောင်းလာတဲ့ စကား ဖြစ်ပါတယ်။

ပုရုရှဟာ မဟာပုရိသနှင့် အနက်တူသဒ္ဒါ ပါ .... ပုရှာကနေ ဘုရား ဆိုတဲ့ စကားလုံး ဖြစ်လာတာလို့ မှတ်ယူရမယ်ထင်ပါတယ် ... (((ပုရှ = ပူဇာ + အရဟံ ။ ကိလေသာကင်းစင်ပြီး အရဟံဂုဏ်တော်အပေါင်း နဲ့ ပြည့်စုံ လို့ပူဇော်ထိုက်သောသူ))))) လို့လဲအဓိပါယ်ရတယ်လို့ ဆရာတော်တွေက အနက်ဖွင့် ဆိုကြပြန်ပါပါသေးတယ်..... နူး အမြင်ပါ...။

အဲ့ဒိတော့ ဘုရားကို အဓိပါယ် ပြန်လိုက် ရင်... မြင့်မြတ်သော... ရှေ့ဆောင် လမ်းပြကောင်း ပူဇော်ထိုက်သောသူ....မဟာပုရိဿ     လို. ... ပြန်ရမယ်ထင်ပါတယ်။ ((( မဟာ လူသားစစ်စစ်ပါရှင် )))

★ ★  ဒါကြောင့် ဘုရားဆိုတာ ...အိုခြင်း နာခြင်း သေခြင်း သဘာဝကိုမလွန်ဆန်တဲ့ ... မြင့်မြတ်သော မဟာလူသား ပါ ။

★ ★ ဆရာတော် Ashin Nanissara ဖြေထားတာလေးဖတ်ပါအုန်း...

ကောဇာ သက္ကရဇာ် 474ခုနှစ် မှာ ရေးထိုးတဲ့ မြစေတီ ကျောက်စာ စာကြောင်းရေ 1-2တို့မှာ ဂြီ၊ နမော ဗုဒ္ဓါယ။ ။ ပုရှာ သ္ခင် သာသနာ အနှစ် တစ်ထောင့် ခြောက်နှစ်ဆာယ် ဟေတ်နှစ် လောန်- အဲ့လို ရေးထိုးထားတယ်။ ဒီကျောက်စာမှာ ဘုရားကို (ပုရှာ)လို့ ရေးထိုးထားတယ်။

သက္ကရာဇ် 474-ခုနှစ် နဘဲ ဘုရားကျောက်စာ ပုံဂံပြတိုက်ကျောက်တိုင် အမှတ် 116-မှာတော့ ဂြီ။ ။ ပုတြာ သ္ခိင် သာသနာ လို့ရေး.... ဘုရားကို (ပုတြာ)လို့ သုံး ပုရှာနှင့်  ပုတြာတို့ ဟာ အသံထွက် တဲ့ခါ (ပုရဟာ)လို့ ထွက်ကြ၏ (ရနှင့် ဟကို ရှေ့နောက်ဖြစ်ပြီး အက္ခရာ ပုံစံသာ (ရှာ-ဟြာ)လို့ ဖြစ်။ ယင်းတို့ကိုထောက်၍ မူလရေးထုံးသည် (ပုရဟာ) ဖြစ်သည်ဟု မှတ်ယူသင့်။

ယင်းရေးထုံးသည် သက္ကရာဇ် 590-လောက်ထိ (ပုရှာ) အဖြစ်နှင့် တည်နေသေး။ 590-ခုနှစ် လွန်နောက် ပိုင်း ၌ (ပ... ကနေ ဖ..ဖြစ်လာ) မန္တလေးနန်းတွင်း ရုံ ကျောက်စာတိုင် အမှတ် 28၊ စာကြောင်းရေ 3-မှာ (မဟာဓမ္မရာဇာစေညု အမည်တော်ဟိသော ဖုရာဆုတောင်းသော)) လို့ ရေးထား။ ပ...မှ ဖ..သို့ ပြောင်းလာရုံမျှ မက ဟထိုးလည်း ပျောက်ကွယ်သွား။ အဲ့ဒီနောက် ဖ..ဟာ ဘ... အဖြစ်သို့ ပြောင်းလဲပြီး.. (ဘုရား)လို့ အများစု ရေးသားလာကြ။

ကဗျာကျမ်း သတ်ပုံကျမ်းများကလည်း (ဘုရား)လို့ တညီတစ်ညွတ် ရေးသားလာကြ။ ကင်းဝန်မင်းကြီး ရဲ့ ခွဲထား ကျော်မှာ- ..“အကယ်၍ငြား ဘ၀လျားလည်း ဘုရားစက်ကွင်း ခြေတော်ရင်းဝယ်... (အရည်ကောဝါဒလင်္ကာ) နတ်လူအများ နောင်ဘုရား၌ တရားမဂ်ဖိုလ် (ရွှေဟင်္သာပျို့ 68) သံလွင် ရိုက်ဟီး၊ မြှောက်ချီးဖုရား ၊မိုးလွှံ့ကြားမှ ဘုရားကျိန်းတန် ((မင်းရဲ ဒိဗ္ဗဧချင်း)x ငယ်လင်သက်ထား တို့ဘုရားသည် လျင်လျားမငံ့ လိုက်ကြအံ့ဟု ((မဟာဇနကပျို့) ထောင့်ကပ်ဖားရား ယန္တရား ဘုရားရကြီးမှတ် ((က၀ိမျက်မှန် သတ်ပုံကျမ်း)) ............... ...................

★ ★ အချုပ်ကား ပုရှာမှ ...... ဖုရာ. ဖုရားမှ..... ဘုရားဟု ဖြစ် (သဗ္ဗညုတဥာဏ်တော်ရှင်ကို (ဘုရား) လို့ ရေးသော်လည်း မင်းမိန်းမ မိဖုရားကိုကား ယနေ့ထိပင် ဖုရားဟု ရေးကြ၏
ကဲ ဘုရားဆိုတဲ့ဝေါဟာရကို ရှင်းပြီထင်ပါတယ်.....
------------------------------------------------------------------------------------
★ ★  GOD .......

God ကိုတချို့ဖွင့်ဆိုတာကတော့... သဘာဝလွန်ပဥဏ်ချက်တွေကိုချမှတ်သူ... ဖန်ဆင်းရှင်ပေါ့
((((( A being conceived as the perfect, omnipotent, omniscient originator and ruler of the universe, the principal object of faith and worship in monotheistic religions.b. The force, effect, or a manifestation or aspect of this being. 2. A being of supernatural powers or attributes, believed in and worshiped by a people, especially a male deity thought to control some part of nature or reality.)))))
မြန်မာပြည်မှာတော့... ခရစ်ယန်ဘာသာဝင်တွေက ခုထိ ... ထာဝရ ဘုရားသ္ခင်လို.ခေါ်ကြပါတယ်.... သူတို့ဘုရားလို့ပြောင်းမခေါ်ပါဘူး..... ။


ဒါပေမယ့် အစ္စလာမ် ဘာသာ ၀င်တွေကတော့ အလာဟ်အရှင်မြတ်လို့ခေါ်ရာကနေ... ဘုရား လို့ပြောင်းခေါ် လာ ပါတယ် ... တစ်ကယ်တော့ God ဆိုတဲ့ အဓိပါယ်က... ကတော့ လောကကို လူတွေမလုပ်နိုင်တဲ့သဘာဝလွန်ပညာတွေဖြင့် .... ဖန်ဆင်းသူ....လို့ အဓိပါယ်ဖွင့်ရမယ် ထင်ပါတယ်...။
----------------------------------------------------------------------------
★ ★  BUDDHA (ဗုဒ္ဓ) ....


★ ★ ကမ္ဘာကပြောတဲ့ ဗုဒ္ဓဆိုတာ ကတော့.....
Gautama Buddha, also known as Siddhārtha Gautama[note 1], Shakyamuni,[note 2], or simply the Buddha, was a sage[2] on whose teachings Buddhism was founded.[3] A native of the ancient Shakya republic in the Himalayan foothills,[4][note 3] Gautama Buddha taught primarily in northeastern India.


 ဂေါတမဗုဒ္ဓကိုသိဒတ္ထလို့ခေါ်သလို သကျမုနိလို့လဲခေါ်ပါတယ်တဲ့.... အလွယ်ဆုံးပြော ရရင် ... ဗုဒ္ဓဘာသာကို အုတ်မြစ်ချခဲ့တဲ့ သံဃာတော်ပေါ့ ..... သူဟာ ဟိမ၀န္တာတောင်ခြေ က သကျ မျိုးနွယ်ဖြစ်လို့.... သကျမုနိပါတဲ့....။

Buddha means "awakened one" or "the enlightened one." "Buddha" is also used as a title for the first awakened being in an era. 


ဗုဒ္ဓဆိုတဲ့အဓိပါယ်ဟာနိုးထသူလို့...ဆိုသလို...အဲ့ဒီခေတ်ရဲ့ ပထမဦးဆုံး နိုးထလာလူသူသားလို့ဆိုရမှာပါ......။

★ ★ အချုပ်ဆိုရရင်..... ကိလေသာထဲမှာယစ်မူးအိပ်ပျော်နေကြသူတွေထဲမှ.... လောကမှာ ပထမဆုံး နိုးထ လာသူ.... လောကရဲ့ သစ္စတရား အမှန်တရားကိုသိမြင်သူ.....သစ္စာ ( ၄ ) ပါးဖြစ်တဲ့... ဒုက္ခသစ္စာ.... သမုဒယသစ္စာ.... မဂ္ဂသစ္စာ... နိယောဓသစ္စာ တို့ကိုသိမြင်ပြီး ဒုက္ခအားလုံးရဲ့လွတ်မြောက်ရာ.... မြတ်နိဗ္ဗန်ကို တွေ့ရှိသူ သွန်သင် လမ်းပြသူ လမ်းပြကောင်း လို့အဓိပါယ်ရပါတယ်ရှင်..... 

★ ★ သူငယ်ချင်းမင်းကန်စီဖြေထားတဲ့ ဗုဒ္ဓရဲ့ အဓိပါယ်ကိုလည်း တင်ပေးလိုက်ပါတယ် ရှင်.....
ဗုဒ္ဓဆိုတဲ့အဓိပ္ပါယ်ကတော့ ကိလေသာတောမှာ အဝိဇ္ဇာယစ်မူး တဏှာကျူးကာ အိပ်ပျော်နေကြ သူတို့ကြားထဲမှ ဦးစွာထမြောက်နိုးကြား လာသူအဖြစ် အနက်အဓိပ္ပါယ်ပြန်ဆိုကြပါတယ်...

  မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နှုတ်တော်မှ မြွတ်ဟပြီးတော့လည်း မာရ်ငါးပါးကို အကြွင်းမဲ့အောင်မြင်ပြီးသော မဟာအောင်မြင် သူကြီးဖြစ်ကြောင်း လောကသုံးပါးတို့၌ နှိုင်းတုစရာမရှိသော အတုမဲ့ပရမေမြတ်ဖြစ်ကြောင်း.... အစရှိသည်ဖြင့် ဥဒါန်းကျူးရင်း ဟောကြားသွား ခဲ့တာတွေရှိပါတယ်... ဘယ်အချိန် ဘယ်နေရာဘယ် သတ္တဝါမှာမဆို ရှိနေတဲ့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာတို့နှင့်တကွ ဒုက္ခလွတ်ရာအကြောင်းတရားဖြစ်တဲ့ မဂ္ဂ သစ္စာ၊ ဒုက္ခလွတ်ကင်းခြင်းဖြစ်တဲ့ နိရောဓသစ္စာတည်းဟူသော လောကသစ္စာ မဖောက်မပြန် အမြဲမှန်သောတရားတို့ကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် မိမိအလိုလိုကိုယ်တော်တိုင်လည်းသိ သူတပါးတို့ကို လည်းသိစေတော်မူသောမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဖြစ်တာနဲ့အညီ လူနတ်ဗြဟ္မာသတ္တဝါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ ဂုဏ်တော်နဲ့ပြည့်စုံတော်မူပါတယ်... မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာအရပ်၌ပင်ပြုတော်မမူဘဲ ကိလေသာအညစ် အကြေးကို ဝါသနာနှင့်တကွ ပယ်စွန့်တော်မူနိုင်တဲ့တစ်ဦးတည်းသော မဟာလူသားမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပဲဖြစ်ပါတယ်..... ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တကြီးမြတ်များပြားလှလွန်းလို့ ဘယ်လိုမှကိုပြောလို့ ဆုံးနိုင်တော့မှာ မဟုတ်ပါဘူး.... ။

ချမ်းမြေ့ပါစေရှင်.....

No comments:

Post a Comment