Wednesday, November 12, 2014

မိုးပြာတွေပြောတဲ့ မိစ္ဆာဒိဋ္ဌိ




မောင်လေး ညီမလေးတို့ရေ .... မိုးပြာက တင်ထားတာလေးကို ရှင်းထားတာလေးပါ ... ပုံမှန်အတိုင်းဆို နူးက မိုးပြာတွေနဲ့မပတ်သက်ပါဘူး .... ရွံလို့ပါ ပြီးတော့ တအားစိတ်တိုရ လွန်းလို့ပါ ... နူးကလဲ စိတ်တိုရင် ပိသလေး ဘေးပြစ် ကပြောတတ်တာ နဲ့ တမင်ရှောင်နေတာ ....  
ဒါပေမယ့် ဒီတစ်ခါတော့ တအားဆိုးလွန်း လာတယ် ထင်တဲ့အတွက် ... ညီမတစ်ယောက် အကောင့်နဲ့ ၀င်ပြီး  ... ဖြေရှင်းထားပါ ... 

  ဦး မနော  

"ဂေါတမ ဗုဒ္ဓ ဟုတ် မဟုတ်""
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဋ္ဌကထာ ဆရာတွေ သရုပ်ဖော် ထားတဲ့ ဘုရားဟာ ဂေါတမ ဗုဒ္ဓ မဟုတ် ဘူးလို့ပြောရင် ပြောသူ လွန်ရာ ကျမယ်။

မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဋ္ဌကထာဆရာတွေ သရုပ်ဖော် ထားတဲ့ ဘုရားက
"""ဒီ လူကောင် ကြီးဟာ မမွေးမီ ဟို ဘက်ဘ၀ဘ၀ တွေမှာ အကောင် ဗလောင် တစ်ခု မဟုတ် တစ်ခု ဖြစ်ခဲ့တယ်။

ဟို ဘက်ဘ၀ အကောင် ကနေ ကြောင်းကျိုးဆက်ပြီး ဒီ ဘက် ဘ၀ မှာ လူကောင်ကြီး လာဖြစ်တယ်။
ဒီ လူကောင်ကြီင်္းကသေပြီးတဲ့ အခါ နိဗ္ဗာန် မရောက်ရင် နောက်ထပ် အကောင် တစ်ကောင်ကောင်က
တစ်နေရာရာ မှာ ထပ် ဖြစ်အုန်းမယ် နိဗ္ဗာန် ရောက်ရင် တော့ ဘာ အကောင်မှ မဖြစ်တော့ဘူး"""လို့
""ပြောတဲ့ ဘုရား"""

ဒါ ဆို စိစစ် ရမှာ က ဂေါတမ ဗုဒ္ဓ က အဲ့ လို ပြောခဲံ့သူ လား။ တကယ်တော့ ဂေါတမ ဗုဒ္ဓက အဲ့ လို သူ မပြောပါ ဘူး လို့ သုတ္တံ ပေါင်း ၇၂ သုတ် နဲ့ ပြင်းပြင်း ထန်ထန်ငြင်း ဆို ခဲံသူပါ။

ပြီးတော့ မိစ္ဆာဒိဋ္ဌိ (အယူမှား) (၆၂) မျိုးကို ညွှန်ပြ ခဲ့သူပါ။ အဲဒီ မိစ္ဆာဒိဋ္ဌိ ၆၂- မျိုးက..
မမွေးခင် ဟိုအတိက် ဘ၀က အယူတွေကို ကြံဆပြီး ယူတဲ့ အယူမှား ----- ( ၁၈ )-ခု။
သေပြီးနောင်မှာ ဖြစ်လာမယ့် အယူတွေကို ကြံဆပြီး ယူတဲ့ အယူမှားက ------- (၃၉)-ခု။
နောက် လက်တွေ့ဘ၀ထဲမှာ ကြံဆပြီးယူတဲ့ အယူမှားက------( ၅)-ခု။
ပေါင်းတော့ ၆၂-ခု။
ဒါ ဆိုရင် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဋ္ဌကထာဆရာတွေ သရုပ်ဖော် ထားတဲ့ ဘုရားက ဂေါတမ ဗုဒ္ဓ ဟုတ် ပါသလား။ ဆန်းစစ် ကြပါစို့။ ။
((((  Mg Mg Shinn ))))))

✔ ✔ ဗုဒ္ဓဟောတဲ့ ((((( မမွေးခင် ဟိုအတိက်ဘ၀က အယူတွေကို ကြံဆပြီး ယူတဲ့အယူမှား ----- ( ၁၈ )-ခု။ )))) အဲ့တာကို ဗုဒ္ဓ ဘယ်လိုဟောထားတာလဲ ... 

ဗုဒ္ဓက ရှေ့ဘ၀နောက်ဘ၀ ရှိတာ မဟောခဲ့ဘူး ... နောက်တစ်ခုက ရှင်ပြောတဲ့ ဒိဋ္ဌိ ( ၆၂ ) ပါးထဲက ပထမ ( ၁၈ ) ပါးရဲ့ ဦးဆုံး ( ၄ ) ပါးကိုပဲ ရှင်းပါအုန်း .... အကျဉ်းရော အကျယ်ရော ... ကျမ်းကိုးနဲ့တစ်ကွ အကျယ် ရှင်းပြပါ ... ရှင်တင်တာကို  တာဝန်ယူဖြေ ရှင်းပေးပါ ... ။

((ရှေ့ဘဝကို ယုံသူဟာ မိစ္ဆာဒိဌိ ဖြစ်ပါတယ်ဆိုတဲ့ သက်သေပဲ လိုချင်တယ်)) 
စာတစ်အုပ်လုံး မတင်နိုင်ဘူး ကိုယ့်ဖာသာရှာဖတ်ပါ ဆဌသဂါင်္ယနာ တင်ထားတဲ့ သံယုတ်ပါဠိတော် မြန် မာပြန် တတိယတွဲ စာမျက်နှာ ၃၇၁ သုတ်အမှတ်စဉ် ၁၀၇၈ စိန္တသုတ် မှာသွားကြည့်လိုက် ရှေ့ ဘဝ နောက် ဘဝ ဗုဒ္ဓ မယူကြောင်းကို ....
ကူးမပြနိုင်သေးဘူး ခုပြောထားတာကို အရင်ကြည့်လိုက် ဆဌသဂါင်္ယနာ တင်ထားတာတောင် မကြေ နပ်သေးရင် နောက်ထပ် သဂါင်္ ယနာ တင်ခိုင်းပေါ့

✔ ✔ ရှင်ပြောတဲ့ကျမ်းကိုးမှားနေတယ် ... ရှင်ပေးတဲ့စာမျက်နှာက ကာမဘူသုတ် ... ရှင်အာနန္ဒနဲ့ အရှင်ကာမဘူနဲ့ ပြောတာ .... ဘုရားဟော တစ်စိမှကို မပါတာ ... .... စိန္တသုတ် မတွေ့ဘူး .... စိန္တသုတ်ကလဲ ကျမရှာခိုင်းတဲ့မိစ္ဆာဒိဋ္ဌိ ( ၆၂ ) ပါးကျမ်းကိုးမဟုတ်ဘူး .... အရှေ့ ၁၀ မျက်နှာ အနောက် ၁၀ မျက်နှာ  ရှာတာတောင်မရှိဘူး ... နောက်တစ်မျိးဆက်လိမ်အုန်း ... ကျမ်းကိုး မှားနေတယ် ...

စိန္တသုတ်မှာပါတဲ့ အဗျာကထန ၁၀ ချက် ကို ဘုရားမယူဘူးလို့ပြောတယ် တို့ကမယူဘူး ထေရကသဂါင်္ယနာ တင်ပြီး အသိမှတ်ပြုပေမယ့် ဘုရားပယ်တာကို ယူတယ် အဲဒါကွာတယ်

✔ ✔ ခက်ပြီ ... မေးတာက တခြား ... ပေးတဲ့ ကျမ်းကိုး ကတစ်လွဲပဲ .... ပိဋက တော်တွေလဲ ဖတ်ဖူးပုံ မပေါ်ဘူး .... ဦးဥာဏ ကျမ်း အဗျကထန ပဲ တွင်တွင်ပြောနေတော့ တာပါလား .... 

သိတယ် ... သူများ မယား နဲ့ ဖောက်ပြန်နေရင်တောင် နှစ်ဦး သဘောတူရင် ကုသိုလ်ပါရတယ်ဆိုတဲ့ ဥာဏလမ်းစဉ် .... အရက်ကို မမူးအောင်သောက်ရင် ... သူရာမေဒယကံ မမြောက်ဖူးပြောတဲ့ ဥာဏ လမ်းစဉ် တွေ

တော်ပြီ ... ဒိလူ့ အန္ဓကြီးကိုကိယ်တိုင်ပဲဖြေပေးတော့မယ် .... ရှာခိုင်းလဲ ကျမ်းကိုးကိုသိမှာမဟုတ်ဘူး ..... သေချာ မှတ်ထား ရှင် .... မိစ္ဆာဒိဋ္ဌိ ( ၆၂ ) ပါးအကြောင်းက .... ((((( ဒီဃနိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ၊ ဗြဟ္မဇလ သုတ္တန် )))) မှာရှိပါတယ် ... 

✔  ၆၂ ပါးသော မိစ္ဆာဒိဌိ ရဲ့ ခေါင်ချုပ်က
၁။သဿတမိစ္ဆာဒိဌိ= သေပြီး ဖြစ်သေးတယ်
၂။ ဥစ္ဆေဒမိစ္ဆာဒိဌိ = သေပြီး မဖြစ်တော့ဘူး

အဲဒီ မိစ္ဆာဒိဌိ ၂ ပါးကို သမတ ဆယ်စောင်တွဲမှာ သာမဏေတွေအတွက် လိင် ၁၀ ပါး ထဲလည်းပါတယ် အဲ့မိစ္ဆာဒိဌိကိုယူရင် သာမဏေ တောင် မဟုတ်တော့ဘူး
 

 
✔ ✔ အဖျီး အဖြန်းကလဲတော်ပါ့ဦးမနောရယ် ... 
 ဗုဒ္ဓက ...  လူတွေဟာ လွန်ခဲ့တဲ့ ဘ၀ပေါင်းများစွာမှာ မိမိတို့ပြုခဲ့တဲ့ ကံ ကံ၏အကျိုးကြောင့် .... ဘ၀အထပ်ထပ် ကျင်လည် နေခဲ့ရတယ် .... သေပြီးနောက်မှာလဲ မိမိပြုခဲ့တဲ့ ကံအတိုင်း ... နိဗ္ဗာန်မရောက်ခင်စပ်ကြား ဘ၀ပေါင်းများစွာ ဆက်ကျင်လည်နေရအုန်းမယ် လို့ဟော ခဲ့တာ .... 

ရှင်တို့မိုးပြာ လက်ထဲရောက်မှ ... ဗုဒ္ဓက ... 
မမွေးခင် ဘ၀တွေရှိတယ်လို့ယူရင် ဒိဋ္ဌိ ...
သေပြီးနောက်ဘ၀တွေရှိတယ်လို့ယူရင် ဒိဋ္ဌိ လို့ဟောပါတယ် ဆိုပြီး ... ဘုရားဟောတွေ ပြောင်းပြန် အလုပ် ခံရတော့တယ်  ... ငရဲသားတွေ ... 
ကိုယ့်ဖာသာ သေပြီးနောက်ဘ၀ မရှိဘူးလို့ ယူရင် ယူပေါ့ရှင် ... ဗုဒ္ဓကို ခုတုန်း လုပ်စရာလား ...။
ထားပါတော့ ....


(((((  ၆၂ ပါးသော မိစ္ဆာဒိဌိ ရဲ့ ခေါင်ချုပ်က
၁။သဿတမိစ္ဆာဒိဌိ= သေပြီး ဖြစ်သေးတယ်  ၂။ ဥစ္ဆေဒမိစ္ဆာဒိဌိ = သေပြီး မဖြစ်တော့ဘူး
)))))


ဘယ်လိုများ ဒီလောက်လွဲအောင် ဘာသာပြန်လိုက်လဲ စဉ်းစားလို့ကိုမရတော့ဘူး .... မှတ်ထားနော် 

✔ ✔ သဿ     တမိစ္ဆာဒိဌိ  ကို သဿ      တ ၀ါဒ လို့ခေါ်တယ် ( ၄ ) ပါးရှိပါတယ် ....

✔ ✔ ( ၁ ) ဘ၀တစ်သိန်းမျှ ရှေးကဖြစ်ခဲ့ဘူးသော ခန္တာအစဉ်ကို အောင့်မေ့ဆင်ခြင်နိုင်သော ပုဗ္ဗေနိဝါသ နုဿ တိဥာဏ်ကို ရသဖြင့် ခန္တာအိမ်ကို အစိုးရသော အတ္တဖြင့် သတ္တလောက မြဲ၏ ဟု ယူသော အယူ ၀ါဒ ....

✔ ✔ ( ၂ ) ဘ၀ပေါင်းများစွာ သံဝဋ ၀ိဝဋ ကပ်ပေါင်း ( ၁၀ ) ကမ္ဘာမျှ ခန္တာစဉ်ကို ဆင်ခြင်အောင့်မေ့ နိုင်သော ဤမျှလောက်သော အတ္တဖြင့် သတ္တလောကသည် မြဲ၏ ဟု .... ယူသော အယူ

✔ ✔ ( ၃ ) ကပ်ကမ္ဘာပေါင်း ( ၄၀ ) ကိုဆင်ခြင်အောင့်မေ့နိုင်သော ဥာဏ်ကိုရသဖြင့် ဤမျှလောက်သော အတ္တဖြင့် သတ္တလောကသည် မြဲ၏ ဟု .... ယူသော အယူ

✔ ✔ ( ၄ ) ဈာန် အဘိဥာဏ်မရပဲ ရှေးကဖြစ်ခဲ့သော ခန္တာစဉ်ကို မိမိစိတ်ထင်တာ တွေးတော စဉ်းစားပြီး  မိမိစိတ်ကူးတွင် ထင်သည့်အတိုင်း ( စိတ်ကူးယဉ်ပြီး ) အတ္တနှင့် သတ္တလောကမြဲ၏ဟု ယူခြင်း
ဒီလေးပါးကိုပြောတာပါ .....
 

ကဲ ပြောပါအုန်းရှင်  ... ရှင်ပြောတဲ့ ရှေးဘ၀တွေကို အယူရှိရင် မိစ္ဆာဒိဋ္ဌိ လို့ဗုဒ္ဓကပြောပါတယ် ဆိုတာ ဘယ်မှာလဲ .... သိတ်ယုတ်ညံ့တဲ့ မိုးပြာတွေ ။

((( ကျန်တာတွေဆက်မရှင်းတော့ပါဘူး ... အားလုံးအတွက် မိစ္ဆာဒိဋ္ဌိ ( ၆၂ ) ပါး အကျယ်ကို ရေးပြီးတာနဲ့ တင်ပေး ပါ့မယ် ))))

ချမ်းမြေ့ကြပါစေရှင် .... 

No comments:

Post a Comment