Saturday, November 15, 2014

ဘုရားရှင်နှင့် အမ္မဋ္ဌ လုင်




★ ★  ဒီတစ်ခါတော့ .... ဘာသာခြားတစ်ယောက်က ဘုရားရှင်ကို အပြောနဲ့အလုပ် မညီဖူးဆိုပြီး စွပ်စွဲထားတဲ့ အကြောင်းအရာလေးကိုရှင်းထား တာလေးတင်ပေး လိုက်ပါတယ်....
.
ဘာသာခြားတွေပြောသမျှကို ..အငြိုငြင်ခံ ဖြေရှင်းပေးတာက တစ်ခြားမဟုတ်ပါဘူး ကျမတို့ ဘာသာဝင်မောင်လေး ညီမလေးတွေ သာသနာတော်အပေါ်မှာ သို့လော သို့လော ထင်ယောင် ထင်မှား မဖြစ်စေချင်တာရယ် .... ကိုယ့်သာသနာတော် အကြောင်း အမှန်ကိုသိပြီး ... လက်မထောင်စေချင်တဲ့ဆန္ဒ လေးနဲ့ပါ..... 

.
သူတို့ကိုလဲ မဖတ်စေချင် ပါဖူး ရှင်... သူတို့မဟုတ်ထှာရေးတာတွေဖတ်မိတဲ့.... မောင်လေးညီမလေးတွေ အတွက် ပါ... ဒီနည်းနဲ့ အမျိုး ဘာသာ သာသနာတော်ကို... ကိုယ်တတ်နိုင် သလောက်လေး စောင့်ရှောက်ပေးတာပါ.....။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

.
စွပ်စွဲချက် ( ၁ )
.
((((((( ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ် ၂၇၀-၂၇၁ဂေါတမဗုဒ္ဓ နဲ့ အမ္ဗဋ္ဌလုလင် တို့ အပြန်အလှန်ပြောဆိုရင်း၊ တစ်ချက်မှာ ဂေါတမဗုဒ္ဓ ရဲ့ အမေးစကား တစ်ခုကို အမ္ဗဋ္ဌလုလင် က မဖြေကြားဘဲ၊ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဂေါတမဗုဒ္ဓသုံးကြိမ်တိုင်တိုင် မေးပြီး၊ အကယ်၍ ဘုရားကသုံးကြိမ်တိုင်တိုင် မေးမြန်းတာကို မဖြေကြားဘဲ နေလျှင်၊ အဲဒီလူရဲ့ ဦးခေါင်းဟာ အဲဒီနေရာမှာပဲ ခုနှစ်စိတ်ကွဲ မှာ ဖြစ်ကြောင်း ခြိမ်းချောက်မိန့်တော်မူခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြားမင်းဟာ ဘီလူးအသွင်ဆောင်ပြီး သံတူ ကြီးစွဲကိုင်၊ မေခွန်းဖြေဖို့ ပျက်ကွက်ရင် ခေါင်းကိုခုနှစ်စိတ်ကွဲ အောင် ထုသတ်ဖို့ အထက်ကောင်းကင်မှာ ရပ်နေခဲ့ပါတယ်။ မေးခွန်းလေးမေးတာ မဖြေတာကို တောင် ဦးခေါင်း ခုနှစ်စိတ် ခွဲသတ်ဖို့ ဂေါတမဗုဒ္ဓ က ကြံရွယ်တော်မူခဲ့ပါတယ်။ အကယ်၍ အမ္ဗဋ္ဌ လုလင်ကသာ မေးခွန်း ကို မဖြေခဲ့ရင်၊ ဦးခေါင်း ခုနှစ်စိတ်ကွဲသေပွဲဝင်ခဲ့ရမှာပါ။ ))))))
 .

  စွပ်စွဲချက် ( ၂ )
.
((((( အောင်ခြင်းရှစ်ပါးကို ကြားဖူးမှာပါ။ မာရံ ယက္ခံ ဂဇံ စောရံ ၊စိဉ္စမာဏဉ္စ သစ္စကံ ။နာဂံ ဗကံ ဇိနော ဇိနိ ၊ဟောတု မေ ဇယမင်္ဂလံ ။ ဆဋ္ဌမမြောက် အောင်ခြင်းဟာ "သစ္စက ပရဗိုဇ်ကို အောင်တော်မူခြင်း"ဖြစ်ပါတယ်။ မူလပဏ္ဏာသ၊ စူဠှသစ္စကသုတ် ၊ ၃၅၇ ကို လေ့လာကြည့်ပါ။ အဲဒီမှာလည်းပဲ၊ ဂေါတမဗုဒ္ဓမေးတဲ့ မေးခွန်းကို သစ္စက ပရဗိုဇ် က မဖြေတော့ ဦးခေါင်းခုနှစ်စိတ်ကွဲ ရမယ်လို့ဂေါတမဗုဒ္ဓ က ခြိမ်းချောက် တော်မူခဲ့ပါသေးတယ်။ ဆိုလိုတာ က အသက်ဟူသမျှမသတ်ရလို့ဟောကြားခဲ့သော်ငြား လက်တွေ့မှာတော့ ဂေါတမဗုဒ္ဓဟာ လိုအပ်လာလျှင်တော့ အသက်ကိုသတ်ဖို့ အထိအသင့်ရှိခဲ့ကြောင်းပါ။))))))
.

★ ★  ( ၁ ) နှင့် ( ၂ ) အဖြေပါ....
.
ဒီနေရာမှာ ဘုရားဟောအစစ်နဲ့ ပြန်ရေးထားတဲ့ ကျမ်းတွေကိုခွဲခြားသိဖို့လိုမယ်ရှင်။ ဘုရားဟောအစစ်တွေမှာ ဘုရားရှင်က .......

ဘယ်နေရာမှာ
ဘယ်အကြောင်းကြောင့် 
ဘယ်သူ့ကို 
ဘယ်လိုဟောပါတယ် ပါပါတယ်. ..။ 
.
ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ပဲ သူတစ်ပါး ဘာသာ ကိုရှုံ့ချချင်ဇော နဲ့ ရေး ထားတယ် ဆိုတာ ပြရာရောက်ပါလိမ့်မယ်။ 
.
ခုနောက်ပိုင်းတွေမှာ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် တစ်ခြားဘာသာဝင်တွေ ပညာ ရှင်တွေ ထဲ က ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအ စစ် ၊ ဘယ်ဟာကနောက် စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူးပြောင်း ခဲ့ကြတာ တွေ အများကြီး ရှိပါတယ်....။ 
.
`` စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။

 အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော်(၁၂)ပါးတို့ ထဲက တာဝတိသာနတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။ သစ္စက ပုရပိုဇ်နှင့်င့် ဗုဒ္ဓဟာ အနတ္တ၀ါဒ ကိစ္စ မေးတာပါ ... နောက်ဆုံးမှာ  အနတ္တသာ မှန်ပါတယ်လို့ သစ္စက ကအားလုံးကို ၀န်ခံရပါ တယ်။
 .
 နောက်ပိုင်း သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာပါ ဗုဒ္ဓနဲ့ မ ဆိုင်ပါဘူး ´´ ။ ဒီတော့ ဘုရားဟောဆိုတာတွေမှာ...ဘုရားရှင်က ဘယ်နေရာ...ဘယ်တုန်းက...ဘာအကြောင်းကြောင့်.. ဘယ်သူ့ကို ဘယ်လိုဟောခဲ့တယ်ဆိုတာ...အတိအကျပါပါတယ်..... ဘုရားရှင်ပရိနိဗ္ဓန်ပြုပြီး နောက်ပိုင်း ရဟန်းတွေစာရေးဆရာတွေက....ဗူဒ္ဓကို ကြည်ညိုလွန်ပြီး ...လွန်လွန်ကြူးကြူး ဖွဲ့ ထားတာတွေနဲ့ ဘုရားဟော အစစ်တွေကို ခွဲခြားဝေဖန်စေချင် ပါတယ်.... ။
.
★ ★  ဘုရားရှင်နှင့် အမ္ဗဋ္ဌ လုင်
.
တချိန်က ပေါက္ခရသာတိ ပုဏ္ဏားဆရာကြီးရဲ့ တပည့်ကြီးတဦးဖြစ်သူ ဝေဒပါရဂူ၊ အမ္ဗဋ္ဌလုလင်ဟာ မိမိဆရာကြီး စေခိုင်းချက်အရ မြတ်စွာဘုရားအား ဘုရားစစ် ဟုတ်-မဟုတ် စုံစမ်းဘို့ ဘုရားရှင် သီတင်းသုံး တော်မူရာ ကောသလတိုင်း ဣစ္ဆာနင်္ဂလရွာကြီးအနီးက ဣစ္ဆာနင်္ဂလတောအုပ်ကို အခြားပုဏ္ဏားလုလင်အပေါင်းခြံရံလျှက် သွားရောက်ခဲ့ပါတယ် ....

 .
 ဘုရားရှင်ထံမှောက် ရောက်တဲ့ အခါ အမ္ဗဋ္ဌလုလင်က ဘုရားရှင်အား နှုတ်ဆက်စကားပြောပြီး ထိုင်နေတော်မူသော မြတ်စွာဘုရားနှင့် မတ်တတ်ရပ်လျက်၎င်း၊ ထိုင်လျက်၎င်း အမှတ်တရ စကားကို အနည်းအပါး ပြောကြားပါတယ် ...
.
ထိုအခါ ဘုရားရှင်က အမ္ဗဋ္ဌ-သင်သည် ထိုင်လျက်၊ ရပ်လျက်ပင် ထိုင်နေသည့် ငါဘုရားနှင့် စကားပြော သကဲ့သို့ အသက်အရွယ်ကြီးရင့်ကြ ဆရာ့ဆရာဖြစ်ကြသည့် ပုဏ္ဏားကြီးများနှင့်လဲ အဲဒီလိုပဲ စကားပြောဆိုပါသလောလို့  မေးတော်မူလိုက်တဲ့အခါ ...

.
အရှင်ဂေါတမ၊ ဒီလိုမပြောပါနဲ့ ... ကျွန်ုပ်တို့ဟာ ဇာတ်နိမ့်ဖြစ်ကြ၊ မည်းညစ်ကြ၊ ဗြဟ္မာရဲ့ ခြေဖမိုး မှ ပေါက်ဖွားလာကြတဲ့ ဦးပြည်းရဟန်းတို့နှင့် စကားပြောသည့်အခါမှသာ ယခု အရှင်ဂေါတ မနှင့် ပြောသလို ပင် ဖြစ်ပါတယ်-ဟု အမ္ဗဋ္ဌက ပြောဆိုပါတယ် .... 

.
အမ္ဗဋ္ဌ သင်ဟာ ဒီကိုလာရင်းကိစ္စကိုသာ နှလုံးသွင်းပါ။ အို လုလင်တို့၊ အမ္ဗဋ္ဌဟာ အကြားအမြင် နည်းပါး၊ မယဉ်ကျေး မလိမ္မာသူ ဖြစ်နေလျက်နဲ့ သူ့ကိုယ်သူ အကြားအမြင်များသူ လိမ္မာယဉ်ကျေး သူလို့ မှတ်ထင်နေရှာတယ်။ 

.
ဒီလို ဖရုသ၀ါစာ စကားမျိုးကို ပြောဆိုတဲ့အတွက် မလိမ္မာ မယဉ်ကျေးသည်မှလွဲပြီး ဘာမျှ အကြောင်း မရှိလို့  မြတ်စွာဘုရားက မိန့်ကြားတော်မူပါတယ် ...။

ဒီအခါ အမ္ဗဋ္ဌက ဆတ်ဆတ်ခါ နာသွားပြီး-အရှင်ဂေါတမ၊ သာကီဝင်မင်းမျိုးဟာ  ခက်ထန်ကြမ်းတမ်းတယ်။ သဘောထားနုကြတယ်။ စကားလဲ များကြတယ်။ ဇာတ်နိမ့်တွေဖြစ်လျက်နဲ့ ပုဏ္ဏားတွေကို မရိုသေကြ၊ အလေးမပြုကြ၊ မပူဇော်ကြ၊ မတုပ်ဝပ်ကြ၊ ဇာတ်နိမ့်ဖြစ်တဲ့ သာကီဝင်မင်းတွေရဲ့ ဒီအပြုအမူမျိုးဟာ မသင့်တော်လွန်းပါဆိုပြီး သုံးကြိမ်တိတိ  ဇာတ်နိမ့်စကားနဲ့ ရှုတ်ချပြောဆိုခဲ့ပါတယ် ။

.
ဒီအခါ ဘုရားရှင်က-အမ္ဗဋ္ဌ သင့်ရဲ့ အမျိုးအနွယ်ကို ပြောစမ်းပါလို့  မိန့်တော်မူရာ အမ္ဗဋ္ဌက အကျွန်ုသည် ကဏှာယန အမျိုးအနွယ် ဖြစ်ပါသည်လို့  ပြန်ပြောပါတယ် ။ 

.
ဗုဒ္ဓက သာကီဝင်မင်းမျိုးတို့ဟာ သြက္ကာက မင်းကြီး၏ သားတော်၊ သမီးတော်များဖြစ်လို့ အမျိုးမြတ်ပုံပြီး  ကဏှာ ယန ပုဏ္ဏားမျိုးသည် သြက္ကာက မင်းကြီး၏ ဒိသာမည်သော ကျွန်မ မှ မွေးသော ကဏှ အမည်ရှိသူ၏ သားစဉ်မြေးဆက် အမျိုးအနွယ်များဖြစ်၍ ယုတ်ညံ့ကြောင်းတို့ကို အထင်အရှားဖြစ်စေပြီး ကဏှာ အတိတ်လူ့သမိုင်းအကြောင်း  ဖော်ထုတ်ဟောကြားတော်မူပါတယ် ...။
.
  ပြီးနောက် ဗုဒ္ဓက အမ္ဗဋ္ဌလုလင်အား ....  အမ္ဗဋ္ဌ... အကြောင်းယုတ္တိရှိသည့် မေးခွန်းကို ငါမေးမည်။ သင်မဖြေချင်ပေမဲ့လဲ ဖြေရမယ်။

 .
 အမ္ဗဋ္ဌ .... အသက်အရွယ်ကြီးရင့်ကြသည့်  ဆရာ့ဆရာတွေ ဖြစ်ကြတဲ့  ပုဏ္ဏားများ ပြောဆိုသည်ကို သင်ဘယ်လိုကြားဘူးသလဲ၊ ကဏှအနွယ်ဝင်များဟာ ဘယ်ကစပြီး ဖြစ်လာသလဲ။ ကဏှအနွယ်ဝင်များရဲ့ ရှေးဦးယောက်ျားကား ဘယ်သူလဲလို့ မေးတော်မူတော့  အမ္ဗဋ္ဌက  မဖြေဘဲ ဆိတ်ဆိတ်နေပါတယ် .....  နှစ်ကြိမ်မြောက် မေးလည်း မတုန်မလှုပ်။ မဖြေဘဲ ငုတ်တုတ်ထိုင်နေတာပေါ့ .... ။
.
ဘုရားရှင်က တတိယအကြိမ် ထပ်မံမေးမှသာ အမ္ဗဋ္ဌက သက်ပြင်းချလျှက် .... အရှင် ဂေါတမ မိန့်တော်မူသည့်အတိုင်းပင် အကျွန်ုပ် ကြားဖူးပါ၏။ 

ကဏှအနွယ်တို့ သည် ထိုကျွန်မ၏ သား ကဏှမှစ၍ ဖြစ်ကြပါ၏။ 
ထိုကျွန်မ၏သားသည်ပင် ကဏှအနွယ်ဝင်တို့၏ ရှေးဦးပုဂ္ဂိုလ်ဖြစ်ပါသည်-ဟု ဦးခေါင်းအောက်စိုက်လျှက်လျှောက်ထား ရှာရပေသည်တဲ့ရှင် .....
(((( ကြားက သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာပါ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး ))))

.
ချမ်းမြေ့ကြပါစေရှင်.....

မာလု  
.
.

No comments:

Post a Comment