Wednesday, July 9, 2014

ဇဗ္ဗူပတိချွတ်ခန်း နှင့် ထေ၇၀ါဒ မဟာယန


မောင်လေးညီမလေးတို့ရေ  ...

( က ) ဘုရားရှင်ရုတ်တုတော်တွေမှာ ဘာကြောင့် မင်းမြောက်တန်းဆာ နဲ့ဖြစ်ရတာလဲ ဇဗ္ဗူပတိမင်း ဆိုတာကရော တစ်ကယ်ရှိလား ...။
( ခ ) ထေရ၀ါဒ နဲ့ မဟာယန နှစ်ဂိုဏ်း ဘယ်အချိန်ကစကွဲလဲ
( ဂ ) ထေရ၀ါဒဆိုတာဘာကိုခေါ်တာလဲ မဟာယနဆိုတာ ဘာကိုခေါ်တာလဲ
လို့ လာမေးထားတာလေးပါ ....
.
ဟုတ်ကဲ့ပါ ... မေးခွန်း ( က ) ကို ဖြေလိုက်တာနဲ့ ( ခ ) နဲ့ ( ဂ ) ဖြေပြီးသားဖြစ်သွားမှာပါ ....
.
ဘုရားရှင်ရုတ်ထုတော်တွေမှာ ဘာကြောင့် မင်းမြောက်တန်းဆာ နဲ့ဖြစ်ရတာလဲ ဆိုတာကိုဖြေရရင် .... ...... အယူအဆလေးမျိုး ထွက်လာပါတယ် .....
.
★ ပထမဆုံးအယူအဆကတော့ ... သမိုင်းအထောက်အထား ... အတိအကျနဲ့ သဘာဝ အကျဆုံး သက်သေ ပါ ....
.
ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး ... ကျန်ရစ်တဲ့ ရုပ်ကလာပ်ကို နံ့သာထင်းပုံပြီး မီးရှို့ကြတဲ့အခါ ဘယ်လိုမှာမီးသဂြိုလ်လို့မရခဲု့ပါဘူး .... ဗျာဒိတ်တော်အတိုင်း ... ပါဝါပြည်မှာ သီတင်းသုံးနေတဲ့ ရှင်မဟာ ကဿ     ပ မထေရ်ကမှ တေဇောဓါတ်လောင်ကျွမ်းစေမှာပါ ...
.
ဘုရားရှင် စံဝင်တော် မူကြောင်းကြားသိတဲ့ အခါမှာ ... ရာဂ မကင်းသေးတဲ့ ရဟန်းများကငိုကြွေးကြပါတယ် .... ဒီအခါမှာ ...အာတုမာပြည်သား တော ထွက် ရဟန်းကြီး သုဘဒ္ဒက ...
.
ငါ့ရှင်တို့ မငိုကြကုန်လင့် ... ယ္ခု ငါတို့ ဂေါတမ ရဟန်းကြီး လက်က လွတ်မြောက်ကြပေပြီ ... ရဟန်းကြီးဂေါတမ သည် .. ငါတို့အပေါ် အလွန်ချုပ်ချယ်သည် လို့  ပြောသတဲ့ ...
.
 တောထွက်ကြီး ရဲ့ စကားကိုကြားရတဲ့အတွက် ရှင်မဟာကသပမထေရ်က...
ယ္ခု ဘုရားရှင်စံဝင်သည်မှာ ( ၇ ) ရက်မျှသာရှိသေးသည် ...
အန္တရာယ်ကပေါ်လေပြီ ...
သာသနာတော်အမှိုက်သရိုက်များကို ရှင်းပြစ်ရန် ... သင်္ဂါယနာတင်သင့်သည်ဟု အကြံပြုလျက် ...
ဗုဒ္ဓစံလွန်တော်မူပြီး သုံလအကြာ သာသနာတော်သက္ကရာဇ် တစ်နှစ်အတွင်းမှာ ရဟန္တာ သီးသန့်  ( ၅၀၀ ) နဲ့ ပထမဆုံး သင်္ဂါယနာတင်ခဲ့ပါတယ် ...
.
ပထမ သင်္ဂါယနာတင်ပြီး အနှစ် ( ၁၀၀ ) လွန်မြောက်တဲ့အခါမှာတော့
ဝဇ္ဇီတိုင်းသား ... ရဟန်းများရဲ့ ဒသ၀တ္တု အတွက် ...
ကာလာသောကမင်းလက်ထက် ... ဝေသာလီပြည်မှာ ...
ဒုတိယ သင်္ဂါယနာ တင်ခဲ့ ပါတယ် ...
ဒုတိယ သင်္ဂါယနာတင်ရာမှာ ရဟန္တာပေါင်း ( ၇၀၀ ) တိတိ နှင့် လာရောက်နားထောင်သူ ရဟန်းတစ်သိန်းတိတိ ... ရှိခဲ့ပါတယ် ...
.
ဒီသင်္ဂါယနာတင်ပွဲမှာ ... ၀ဇ္ဇီတိုင်းသား ... ရဟန်းများကို အဓမ္မ၀ါဒီ ဒိတ္တိ များ အဖြစ် ကြေငြာခဲ့ပါတယ် ....
ဒီအခါမှာ ... ဒိတ္တိ ရဟန်းများဟာ ... ဝေသာလီပြည်ကထွက်ခွာပြီး ကောသမ္မီပြည်မှာ အဓမ္မ၀ါဒီရဟန်းများ စုပြီး စင်ပြိုင် သင်္ဂါယနာတင်ကြပါတယ် ....
သူတို့ သင်္ဂါယနာတင်ပွဲမှာ .... သံဃာ (၁၀၀၀၀) ပါဝင်တဲ့အတွက် ( ရဟန္တာ လုံးဝမပါ ပါ ) .... မိမိတို့ကိုယ်ကို ... မဟာသံဃိက ဂိုဏ်းလို့ခေါ်ကြပါတယ် ။
.
ဝေသာလီ သင်္ဂါယနာအဖွဲ့ကိုတော့ ... ဟိန သံဃိက ဂိုဏ်းလို့သမုတ်ကြပါတယ် ... သာသနာတော် နှစ် ( ၂၀၀ ) နောက်ပိုင်းမှာ ဝေသာလီ အဓမ္မ၀ါဒီ ရဟန်းများဟာ ... အိန္ဒယ မြောက်ပိုင်း ဒေသကို သာသနာပြုစေ လွှတ်ခဲ့ကြ ပါတယ် ....
.
ဘူတန် ... နိပေါ ... တိဗက် ... မြန်မာ နိုင်ငံ မြောက်ပိုင်း ... ယူနန် ... တရုတ် ... ကိုရီးယား ... ဂျပန် စတဲ့တိုင်းပြည်တွေမှာ ... မဟာယဉ် သာသနာ ဂိုဏ်းအမြစ်တွယ်ခဲ့ပါတယ် ... သာသနာတော် ( ၂၀၀ ) မတိုင်ခင်မှာပါ မှာပါ ... ။
.
ဝေသာလီမှာ သံင်္ဂါယနာတင်တဲ့ ... ထေရ၀ါဒ ( ဘုရားရှင် လက်တက်တော်မှ ... ထေရ်ကြီးဝါကြီး ရဟန်းများ ) ဂိုဏ်းကတော့ ...
သာသနာတော်နှစ် ( ၃၀၀ ) သီရိဓမ္မာသောကမင်းလက်ထက် ...
ပါဋလိပုတ် မှာ ရဟန္တာ ( ၁၀၀၀၀ ) ဖြင့် တင်တဲ့ ...
တတိယသံင်္ဂါယနာ တင်ချိန်ရောက်မှသာ ...
ကိုးတိုင်း ကိုးဌါနကို ... သာသနာပြု စေလွှတ်နိုင်ခဲ့ပါတယ် ...  ဒါကြောင့် ထေရ၀ါဒသာသနာတော်ဟာ ... မြန်မာ နိုင်ငံမြောက်ပိုင်း မှာ ... မဟာယဉ် သာသနာတော်နောက် ... နှစ်ပေါင်း ( ၁၀၀ ) ကျော် ..နောက်ကျ စွာ ရောက် ရှိခဲပါတယ် ..။
.
ကောသမ္ဗီ သင်္ဂါယနာဂိုဏ်ဟာ ... ကမ္ဘာ့ မြောက်ခြမ်းမှာ ... ထွန်းလင်းတဲ့အတွက် ... မြောက်ပိုင်း သာသနာ လို့ခေါ်ပြီး ... ဝေသာလီမှာ သံင်္ဂါယနာတင်တဲ့ ... ဘုရားရှင်ရဲ့တပည့်ရဟန်းများ ရဲ့ထေရ၀ါဒ ဂိုဏ်းကတော့ ... တောင်ပိုင်းမှာ ထွန်းလင်းတဲ့အတွက် ... တောင်ပိုင်းသာသနာလို့ခေါ်ပါတယ် ... ။
.
မဟာယဉ်ဂိုဏ်းသားတွေဟာ ... သာသနာပြုရာမှာ သိတ်မြန်ကြပါတယ် ... သူတို့ဟာ တွေ့ရာအရပ်မှာ ... တွေ့ရာ ၀ါဒ နဲ့ရောမွှေပြီး ... မဟာယဉ်သာသနာကိုပြုကြပါတယ် ...
ဒီအခါ သူတို့နဲ့တွေ့ထိတဲ့ ၀ါဒ များကတော့ ... အများအားဖြင့် ဗြဟ္မဏ ၀ါဒ များဖြစ်နေပါတော့တယ် ... ။
မဟာယဉ်သာသနာဟာ ထွန်းလင်းမှုအရေအတွက် အရမ်းမြန်ဆန်ကျယ်ပြန့်ပါတယ် ရာစုနှစ်တစ်ခုအတွင်းကမ္ဘာအနှံ့လွှမ်းမိုးသွားပါတယ် ။
.
ဗြဟ္မဏ၀ါဒ မှာ ဘုရားသုံးဆူရှိခဲ့ပါတယ် ...
( ၁ ) ဗြဟ္မာက စင်္ကြာဝဠာ တစ်ခုလုံး ကို ဖန်ဆင်းတယ်
( ၂ ) ဗိသနိုးက ဗြဟ္မာ ဖန်ဆင်းလို့ဖြစ်လတဲ့သတ္တ၀ါများကိုစောင့်ရှောက်တယ် ...
( ၃ ) သျှီ ၀ ဘုရားကတော့  မကောင်းတဲ့သတ္တ၀ါတွေကိုအပြစ်ပေးတယ် ဒါဏ်ခပ်တယ်ပေါ့ ...
.
မဟာယာဉ် ဂိုဏ်းဝင်များဟာ ...
ဟိန္ဒူဝါဒရှင်များကို သိမ်းသွင်းလိုတဲ့အတွက် ...
 ဂေါတမ ဗုဒ္ဓ ကို ဟိန္ဒူ ၀ါဒမှ ဗိသနိုး ၀င်စားတဲ့ နာမဒူတအဖြစ် ဖန်တီးကြသလို ... ဗုဒ္ဓဘာသာတွင်းမှာလဲ ဗိသနိုးနဲ့တူတဲ့ အ၀လောကိတေသွရ နတ်ဘုရားလောင်းကို ဖန်တီးခဲ့ကြပါတယ် ...
.
ကောင်းကင်ဘုံမှ သတ္တ၀ါများကို မပြတ်ကြည့်ရှု နေသော ... ဘုရားလောင်း လို့ဆိုပါတယ် ...
မဟာယနတို့ ရဲ့ အယူအားဖြင့် ... လောကိတေသွရ နတ်ဘုရားလောင်းဟာ ....
နိဗ္ဗာန်ကို ယ္ခု ယူလျှင် ယ္ခုရနိုင်ပါလျှက် သတ္တ၀ါများကိုစောင့်ရှောက်လိုသေးတဲ့အတွက် ... နိဗ္ဗာန်မယူသေးပဲနေပါသတဲ့ ...။
.
သတ္တ၀ါများကို စောင့်ရှောက်တဲ့ လောကနတ်တွေကတော့ ... အ၀လောကိတေသွရ နတ်ဘုရားလောင်းတွေ ပါပဲတဲ့ ... ဒီနတ်ဘုရားလောင်းရုပ်ပုံတွေဟာ ...
.
( ၁ ) ရေချမ်းအိုးကိုင် ဘေးမဲ့ပေးဟန် အဘယမုဒြ
( ၂ ) ၀ရဇိန် မိုးကြိုးကိုင် ဆုပေးဟန် အဘယမုဒြ
( ၃ ) စိန္တာမဏိ ကျောက်မျက်ရွဲဆိုင် ဆုပေးဟန် ၀ရဒမုဒြ
( ၄ ) ကြာပန်းကိုင် ဆုပေးဟန် ၀ရဒမုဒြ
( ၅ ) ပတ္တမြားကိုင် ဆုပေးဟန် ၀ရဒမုဒြ
( ၆ ) ကျေက်မဏိတင်ထားသော ကြာပန်းခိုင် ဆုပေးဟန် ၀ရဒမုဒြ
.
စသောအားဖြင်းမုဒြ အမျိုးမျိုးရှိပါတယ် ...
ထုလုပ်ပုံတွေကတော့ သာသနာအနေအားဖြင့် ... ကြာပန်းပေါ်မတ်တပ်ရပ် ... ကြာပလ္လင်ပေါ်ထိုင် ... ကြာပလ္လင်ထက် ခြေတစ်ဖက်ချ ခြေတစ်ဖက်တင် ... စသဖြင့်ပေါ့ ...
.
ဝတ်စားဆင်ယင်ပုံအားဖြင့် ....
သင်္ကန်းဝတ်ပေါ် မင်းဝတ်ဆင် ပုံ
သင်္ကန်းဝတ်ပေါ် ..တန်းဆာမပါ ဦးခေါင်း နားကင်း လက်ကောက် ခြေကျင်းပါသောပုံ
သင်္ကန်းဝတ်မပါ မင်းဝတ်တန်ဆာ ..
သင်္ကန်းဝတ်မပါ မင်းဝတ်တန်ဆာ ...
ခါးတောက်ကျိုက် လျှက် ကိုယ်တွင် ကြာရိုးကြာနွယ်များပတ်၍ ကြာပလ္လင်ထက်မှ ကြာပွင့်ကို ခြေနင်းဖြင့် နင်းထားပုံ  ... စသဖြင့် များစွာရှိပါတယ် ...
.
မြန်မာနိုင်ငံမြောက်ပိုင်းဟာ .. မူလ မဟာယဉ်ဂိုဏ်း တပ်စွဲရာဒေသဖြစ်တာကြောင့် ...
 ရှေးဟောင်းစေတီပျက်များအတွင်းမှ အ၀လောကိတေသွရ ရုပ်ပွား ( မင်းမြောက် တန်ဆာနှင့် ဘုရားရှင် ရုပ်တု )  အများအပြား ရဖူးကြပါတယ် ...
ပုဂံအနော်ရထာမင်းလက်ရေးဖြင့် အ၀လေကိတေသွ၇ အုတ်ခွက်ကိုပင် တွေ့ကြရပါတယ် ... အနော်ရထာမင်းကိုယ်တော်တိုင် ...
မူလက မဟာယဉ်ဂိုဏ်းသားဟု သိကြရပါတယ် ...။
.
★ ★ ဒုတိယအယူဝါဒကတော့ နဲနဲ သဘာဝကျပါတယ် .... နဲနဲတော့ ယုတ္တိရှိပါတယ် ...
.
ဘုရားရှင်လက်ထက်တော်အချိန်က ... မင်းအစရှိတဲ့ လူအားလုံးဟာ ... ဘုရားရှင်ကို သူတို့ရဲ့ အမြတ်နိုး ဆုံး ပစ္စည်း တွေကိုလှူဒါန်းကြပါတယ် .... ဥပမာ
.
ဝိသာခါ ကျောင်းအမ ရဲ့ မဟဟာ လတာ တန်းဆာ
အနာတပိဏ်သူဌေးကြီး ရွှေပြားအပြည့်ခင်းဝယ်ရတဲ့ ဇေတမင်းသားရဲ့ ဇေတ၀န်ကျောင်းတော်
သမားတော် ဇီဝကရဲ့ သရက်ဥယာဉ်တော်  အစရှိသည် တို့လိုပါပဲ ....
.
ဘုရင်တွေကလဲ သူတို့အမြတ်နိုးဆုံးမင်းမြောက်တန်ဆာတွေကို စွန့်ပါယ်ပြီး ရဟန်းပြုကြတဲ့အခါ ...
သူတို့ရဲ့ မင်းမြောက်တန်ဆာအစစ်တွေကို ဘုရားရုပ်ပွားတော်ထုဆစ်ပြီး ... ရုပ်ပွားတော်မှာတစ်ကယ် ဆင်ယင်ပေးကြပါတယ် ....
ဒါကြောင့် ရုပ်ပွားတော်မှာ မင်းမြောက်တန်ဆာရှိနေရတာပါလို့ပြောပါတယ် ...
မိမိရဲ့ အသက်တမျှ အမြတ်နိုးဆုံး အလှူဝတ္တုဖြစ်တဲ့ မင်းမြောက်တန်ဆာကို ဘုရားရှင်ကိုယ်ပေါ်စိတ်ကူးနဲ့ဆင်မြန်း ကြရာမှ ...
ပုံဖော်ပြီး ထုလုပ် ဆင်မြန်း ပေးကြတဲ့သဘောပါ ... ။
.
★ ★ ★ တတိယ အယူဝါဒ ကတော့ ကျမ်းဂန်လာပါ ... ဒါပေမယ့် အဌကထာ ပါ ...
.
ဗုဒ္ဓ သာသနာတော်မရောက်သေးတဲ့ ဇဗ္ဗူဒိတ်မှအပ ... တိုင်းနိုင်ငံများမှ ရှင်ဘုရင်များ စည်းဝေးပြုသောအခါ ....
ဘုရားရှင်ဟာ ထိုထိုမင်းတို့ အသွင်ဖန်ဆင်းပြီး ထိုထိုမင်းများ စည်းဝေးရာမှာ တရားတော်ဟောပြောကြောင်း အဌကထာတွေမှာ ပါရှိပါတယ် ...
ဒါကြောင့် ယ္ခုလို မင်းဝတ် ရုပ်ပွားများဟာ ဘုရားရှင် မင်းဟန်ဖန်ဆင်း အစည်းဝေးတက် တရားဟောစဉ်ကပုံပါလို့  .... မိန့်ဆိုကြပါတယ် ...။
( ဘုရားရှင်က ဒီလို မိမိကိုယ်ကို ဘုရားရှင် သဏ္ဍန်နဲ့ မသွားပဲ ဘုရင်ဟန်ဆောင်ပြီး တရားသွားဟောတယ်ဆိုတာကတော့  ထေရ၀ါရသာသနာတော်ဝင် တစ်ယောက် အနေနဲ့ လက်ခံရတာစနိုးစနောင့်ကြီးပါ ... ကျမခံစားချက်ပါ )
.
★ ★ ★ ★ နောက်ဆုံး တစ်ခုက ဇမ္ဗူပတိ ချွတ်ခန်းပါ ...... ( ယုတ္တိမရှိဆုံး ... သဘာဝမကျဆုံး ... ဘုရားရှင်အလိုတော်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတဲ့ အယူပါလို့ပြောရပါ့မယ် )
.
ဘုရားရှင် လက်ထက်တော်က ပဉ္စလ တိုင်းမှာ  ဇမ္ဗူပတိ ဆိုတဲ့ဘုရင် တစ်ပါးရှိပါတယ် ... ဒီဘုရင်ပဋိသန္ဓေနေစဉ် ( ၁၈ ) တောင်အမြင့်ရှိတဲ့ ရွှေတောင်ကြီးပေါက်လာတယ် .... ဖွားတဲ့အခါ မြေကြီးထဲ ကရွှေ အိုးတွေပေါ်လာတယ် ...
.
ဝေပုလ္လတောင်က .... ပတ္တမြားရွှေခြေနင်းရောက် လာတယ် .... အဲ့ဒိရွှေခြေနင်းစီးပြီး အထက် တစ်ယူဇနာကို ပျံတက်နိုင်တယ် .... အဲ့ဒိရွှေခြေနင်းစီးပြီး ဇမ္ဗူဒိတ်လှည့်လည်တဲ့အခါ တရာ့တပါးသော ထီးဆောင်းမင်းတို့က သူ့ကိုပူဇော်ကြ ရပါတယ်တဲ့ ....
.
ဒါပေမယ့် ရာဇဂြိုဟ်ကဗိမ္ဗိသာရရဲ့ .... နန်းပြသဆောင်က မတုန်လှုတ်ဖူး ... ဘုရင်ကလဲမပူဇော်ဘူးတဲ့ ... ဒါနဲ့နန်းပြသဒ်ကို ပတ္တမြား ခြေနင်းနဲ့နင်းတဲ့အခါ .... ခြေချော် ပုဆစ်ဒူး သွေးယိုသွားတယ်တဲ့ ....
.
စိတ်တိုလို့ သန်လျှက်နဲ့ ခုတ်တာ .... သန်လျက် ပျက်စီး သွားတယ်တဲ့ ....
.
နန်းတော်ပြန်ပြီး မြားတမန် ပစ်လွှတ်တာ ...ပြသဒ်များကမြားတမန် ကို ခြိမ်းခြောက် တယ်တဲ့ ...
.
ဘုရင်ဗိမ္ဗိသာရလဲလန့်ပြီး .... ဘုရားရှင်ဆီသွားလျှောက်တယ် ....
.
မြားကကျောင်းတော်ထိ လိုက်ပြီး ခြိမ်းခြောက်တယ် .....
.
ဒါကြောင့်ဘုရားရှင်က ... စက်ကိုဖန်ဆင်းပြီး ... မြားကိုပြစ်ချတာ ..
 မြားက .... ကြောက်ပြီး   ဇမ္ဗူပတိမင်းထံ အရောက်ပြန်ပြေးပြီး အနောက်မှာ ၀င်ပုန်းတယ် တဲ့ ... 
ဇမ္ဗူပတိမင်းရဲ့ ရင်ကိုခွဲမလို ...
ဦးခေါင်းကို ဖြတ်မလိုပြုတယ် ...
.
ဇမ္ဗူပတိ မင်းကြောက်သွားတယ် .... ဒါကြောင့်ခြေနင်းကို နဂါးအသွင် ဖန်ဆင်းပြီး ဗိမ္ဗိသာရ ကို ..ဖမ်းဖို့ကြံတယ် ...
ဘုရားရှင်က ... ဂဠုန်အသွင်ဖန်ဆင်းလို့ ... နဂါးပြေးရတယ် ....
.
ဘုရား ရှင်က သိကြားမင်းကိုခေါ်ပြီး ဇမ္ဗူပတိမင်းကို ပြန်တိုက်ခိုက်ခိုင်းတယ် ....  ဇမ္ဗူပတိမင်းက မြားနဲ့ပြစ်တယ် ...
သိကြားမင်းက စက်နဲ့ပြစ်တယ် ....
 မြားက ဇမ္ဗူပတိမင်းတံပြန်ပြေးတယ် ...
စက်ကလိုက်တယ် ....

မြားက ဇမ္ဗူပတိမင်းရဲ့ဦးရစ်ထဲ ၀င်ပုန်းတယ် ...
စက်ကဦးရစ်ကိုပစ်မယ်ပြုတယ် ...
ဘုရင်ဦးရစ် ချွတ်ပြစ်ရတယ် ....
ထွက်လာတဲ့ မြားကိုစက်ကပြစ်တယ် ....
မြားမီးလောင်တယ် ....
အဲ့ဒီမီးစ က ပဉ္စလ ပြည်ကိုစွဲတယ် ....
တိုင်းပြည် မီးလောင်တယ် ....
 ဇမ္ဗူပတိမင်း ဒီတော့မှ ... တောင်းပန်လို့ သိကြားမင်းက ... မီးငြှိမ်းပေးရတယ် ...
.
သိကြားအာဏာနဲ့ ...  ဇမ္ဗူပတိမင်း မင်းကိုခေါ်ခဲ့ရာ ...ဘုရားရှင်က ... ရာဇာဓိရာဇာမင်းအသွင်နဲ့ .... တရားဟောဆုံးမတယ် ... ဒီမှာတင်  ဇမ္ဗူပတိမင်း ရဟန်းခံကျွတ် တန်းဝင်တယ် ....လို့ ( တထာဂတ ဥဒါန ဒီပနီ ကျမ်းမှာ ) .... ပါရှိပါတယ်။
.
ဒီဒဏ္ဍာရီထဲမှာပါတဲ့ မင်းဝတ်တန်ဆာ ဒွာဒယာများဆင်မြန်းထားတဲ့ ဘုရားရှင် ရာဇာဓိ ရာဇာ မင်းအသွင်ကို ပူဇော်ကြတာလို့ပြောပါတယ် ...။
.
ဒီအကြောင်းကို မုံရွေးဆ၇ာတော်ကိုလျှောက်ထားတော့ ... ဆရာတော်ကြီးက
ဇမ္ဗူ ပတိမင်းခွှတ်ခန်းဟာ တထာကဂတ ဥဒါန ဒီပနီမှတစ်ပါး ...
ဘယ်ပိဋကတ် ဘယ်ပါဋိတော် ဘယ်အဌကထာ ဘယ်ဋိကာမှာမှ မပါတဲ့အပြင် ..ရေးသားထားပုံကလဲ ထေရ၀ါဒနဲ့မတူ ...
.
ဒါကြောင့် ထုံးစံအတိုင်း မဟာယနတွေရဲ့ ရောက်တဲ့ဒေသမှာ ...
အဲ့ဒေသမှာရှိတဲ့ ကိုးကွယ်တဲ့ တန်ခိုးရှင် နဲ့ နတ် ဒေ၀တာတွေနေရာမှာ ဘုရားရှင်ရဲ့ လွန်ခဲ့တဲ့ဘုရားလောင်းဘ၀ကိုအစားထိုး  ...
သို့မဟုတ် ဘုရားရှင်ပါ ဆိုတဲ့ အယူကို ရောနှော ထားတဲ့ ဒဏ္ဍာရီ လုပ်ဇတ်လို့ပဲယူဆရမှာလို့ ( သမန္တ စက္ခု ဒီပနီ ကျမ်း မှာ ) မိန့်တော်မူထားပါတယ် ....။
.
ထီးချိုင့်မြို့
တည်တောဆရာတော် ဘုရားကြီး တရားများကို ...
ကိုးကားပါတယ်ရှင် ...
.
ချမ်းမြေ့ကြပါစေရှင် ....
.
.

No comments:

Post a Comment