Saturday, September 21, 2013

Marry May အမေးများ

အောက်ပါမေးခွန်း များကို ဗုဒ ဘာသာဝင်များ လွတ်လပ်စွာဖြေကြား နိုင်ပါသည်။
၁- ဗုဒ္ဓဘာသာတွင် ဆုတောင်းလျှင်မည်သူက ဖြည့်ဆည်းပေးသနည်း (မြတ်စွာ ဘုရားသည် ဘ၀ တစ်ုခုတုန်းက ဘုရားဖြစ်ရန် ဆုပန်ကြား သည် ဟု ကြားဖူးသည်။)


၂- ဗုဒ္ဓ ဘာသာတွင် လောကကြီးသည် မည်သို့ဖြစ်လာသနည (အလိုအလျှောက် ဖြစ်လာသလော)


၃- ဗုဒ္ဓ ဘာသာတွင် လူမည် သို့ဖြစ် လာသနည်း။


၎-နိဗံ နှင့် ငရဲ ကိုမည်သူ စတည်ထောင် သနည်း။


၅-ငရဲ ပြည်တွင် ယမမင်း ရာထူးကို မည်သူခန့်အပ်ထားသနည်း။

(ဗုဒ ဘာသာအယူအဆတွင် ဘုရားဖြစ်ရန် ကြိုမ်းပမ်း၍ ရသလို ယမမင်းဖြစ်ရန် ကြိုမ်းပမ်း၍ ရပါသလား။)

၆- ဗုဒ ဘာသာတွင် သံသရာစက်ဝန်းကို မည်သည့်အထောက် အထား နှင့် ယုံကြည်ကြသနည်း။
 
၇- ဗုဒ္ဓဘာသာမှာ ဘုရားကို ဘာလို့ဆွမ်းကပ်တာလဲဗျ။ခင်ဗျားတို့ ဘုရားက စားလည်းမစားဘူး။တချို့ဆို ထမင်းကော ဟင်းကော ကပ်တယ်။ တချို့တွေကျတော့ အချိုရည်နဲပေါင်မှန့်တွေကပ်တယ်။ ပြီးကျတော့ အဲဒါတွေက ပုပ်သို့းကုန်ရော။ ငယ်ငယ်တုန်း က ကျောင်း ဆရာ တစ်ယောက်ပြောတာကြားဖူးတယ်။မင်းတို့ဘုရားကို ဆွမ်းကပ် ရင် နည်းနည်းလေးပဲမကပ်နဲတဲ လူစားတဲ ပန်းကန်အကြီးနဲ ဆွမ်းကပ် ပါတဲ။ပန်းကန်သေးသေးလေးနဲ ကပ်ရင် ဘုရား ဘယ်လိုလုပ်ဗိုက်ဝ မှာလဲ တဲဒီစကားတွေ၊ဒီလုပ်တွေက လုံးဝ ယုတိ မရှိဘူးလို့ကျတော် ထင်တယ်။ကျောက်တုံးနဲ ထုဆစ်ထားတဲ ဘုရားရုပ်ထုကို ဘာလို့လူ စားသလို ထမင်းတွေ ဟင်းတွေကပ်နေတာလဲ။ဒီအစား အသောက်တွေ ကို မစားတဲ ဘုရားမှာကပ်မယ့်အစား တခြားဆာလောင်မွတ် သိပ် နေ တဲ လူတွေကို သွားကျွေးတာ ပိုကုသိုလ်မရဘူးလား။
https://www.facebook.com/groups/DhammaWarField/permalink/366630666800312/ 
 https://www.facebook.com/groups/DhammaWarField/permalink/369251269871585/ 
======================================================

မေးခွန်းတွေအားလုံးရဲ့ အဖြေက ခရစ်ယန်နဲ့ မွတ်စလင် ဘာသာဝင်တွေ အတွက်.... လွယ်လွယ် ကူကူ God ဆို တာ ပဲ       ထွက် လာမယ် ထင်ပါတယ်။
မေးရတဲ့ ရည်ရွယ်ချက် ကလဲ ဂေါ့ ဆိုတာ ကိုပဲ ဦးတည်အောင်ဂျောင် ပိတ်မေးထားတယ် ထင်ပါ တယ်.... ဂေါ့ ကို လွှဲချလိုက်တာနဲ့...  အနေချောင် သွားသလိုပဲ... ဘာမှထွေထွေထူးထူး စဉ်းစားစရာ မလိုဖူးပေါ့။

၁။ ((((( ဗုဒ္ဓဘာသာတွင် ဆုတောင်းလျှင်မည်သူက ဖြည့်ဆည်းပေး သနည်း (မြတ်စွာ ဘုရားသည် ဘ၀ တစ်ုခုတုန်းက ဘုရားဖြစ်ရန် ဆုပန်ကြား သည်ဟု ကြားဖူးသည်။))))
***ဟုတ်ကဲ့ ဗုဒ္ဓဘာသာမှာ ဆုတောင်းတာမရှိပါရှင်.... ဆုတောင်း တယ် ဆိုတာ ဖန်ဆင်းရှင်ကို ယုံကြည်သူတွေ အတွက် ပါ ဆုပန်တာပါရှင်... ဆုပန်တယ် ဆိုတာကလဲ ... မိမိလိုချင်တဲ့ အရာ ကို ပြီးမြောက်အောင်မြင်စေ နိုင်တဲ့ ခွန်အားတွေ ရပါရစေဆိုပြီး တိုင်တည် တာပါရှင်... ဒီလိုတိုင်တည်တဲ့အခါ ဘုရားရှင် ပစ္စေကဗုဒ္ဓါ ရဟန္တာတွေ ဆီမှာဆုပန်တိုင်တည်တဲ့အခါ.. ဒီပုဂ္ဂိုလ်မြတ်တွေက ဆုပန်သူရဲ့ ဘ၀အကြောင်းကိုသူတို့ရဲ့ဥါဏ်တော် နဲ့ကြိုတင်ကြည့်ပြီးမှ ...ဆုတောင်းတဲ့အတိုင်း ပြည့်ဝအောင်စွမ်းဆောင်နိုင်တဲ့ ပါရမီရှင်ဆိုရင် ဖြည့်ဆည်းပေးလို့ရပါတယ်... ပြည့်ပါတယ်။

၂။ (((( ဗုဒ္ဓ ဘာသာတွင် လောကကြီးသည် မည်သို့ဖြစ်လာသနည (အလိုအလျှောက် ဖြစ်လာသလော ))))
***ဗုဒ္ဓဘာသာမှာလောကကြီး မည်သိုဖြစ်ပေါ်လာပုံ ကိုမြတ်ဗုဒ္ဓ မဟော ခဲ့ပေမယ့်....ယ္ခုလက်ရှိ သိပ္ပံပညာရှင်တွေ လက်ခံထားတဲ့ နေအဖွဲ့ အစည်း အာကာသ ဟင်းလင်းပြင်နဲ့  အက်တမ်တွေ အကြောင်းကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၅၀ နှစ်လောက်က မြတ်ဗုဒ္ဓဟော ခဲ့ပါတယ် ။ ပြီးတော့ ဗုဒ္ဓဘာသာမှာ ကမ္ဘာကြီး မပြားပါဖူးရှင် ... ။

၃။ (((( ဗုဒ္ဓ ဘာသာတွင် လူမည် သို့ဖြစ် လာသနည်း။ ))))
*** လူသားမည်သို့ဖြစ်ပေါ်လာသနည်းဆိုတဲ့မေးခွန်းကို ဗုဒ္ဓကဖြေ ရန် ငြင်းဆိုခဲ့ပါတယ်...။ လူသားအစကို စဉ်းစားနေ မယ့်အစား သာသ နာတော်နဲ့ကြုံကြိုက်နေတဲ့ ဒီဘ၀မှာ ဒုက္ခအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗန် ရောက်ကြောင်းနဲ့  မိမိကိုယ်ကို သံသရာက လွတ်မြောက်ကြောင်း တရားများသာ ကျင့်ကြံ အားထုတ် ကြဖို့သွန်သင်ခဲ့ပါတယ်။
*** ( ၂  ) နှင့် ( ၃ ) အချုပ်
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နှုတ်တော်က ထွက်သမျှ စကားတွေ ဟာ တစ်ခုတည်းသော ရည်ရွယ်ချက် နဲ့ပဲ ပြောခဲ့ပါ  တယ်  ( ဧကောဓမ္မော )နိဗ္ဗာန် အတွက် သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရာ ကိုပဲ ရည်ရွယ်ပြော ပါတယ်။

နိဗ္ဗာန်ရရာရကြောင်း နဲ့ မသက်ဆိုင်ဘူး သိမ်ဖျင်းသေးနုတ်သော စကား (သမ္ဖပလာပ)တွေဝေမိန်းမော ..အကျိုးမရှိတဲ့စကား  စတာတွေကို မပြောပါဘူးအဆုံးသတ် ရည်ရွယ်ချက်ဟာ အေးငြိမ်းကြောင်း အေးငြိမ်း ရာ အစစ်အမှန်ကို ရှာဖွေဖို့ ပဲလမ်းပြခဲ့တာပါ ...။

အဲဒီတော့ တွေဝေမိန်းမောနေရမယ့် အတွေးရှုပ်ထွေးရမယ့်ကိစ္စဟာ သာသနာတော်နဲ့မအပ်စပ်ပါ ဘူး ဒါကြောင့် အဲ့လို အကျိုးမရှိ တာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မမူပါဘူး လို့ပဲပြောပါရစေ။

ဒီနေရာမှာ နင်တို့ဘုရားက ဥါဏ်မှမမှီတာဘယ်သိမလဲ ဆိုပြီးစောတက တက်နိုင်ပါတယ်... မဟုတ်ရပါရှင် ...အောက်ကဥပမာလိုပါပဲ (
မူကြိုကျောင်းသားအဆင့်ခလေးက ကျောင်းဆရာကို နယူတန်နိယာမ အာခီမိဒီးစ်စည်း မျည်း  နေအဖွဲ့အစည်း စင်္ကြာဝဠာ နဲ့ အကာသဟင်းလင်ပြင် အကြောင်း နားလည်အောင် သင်ပြခိုင်းရင်) ဆရာကဖြေလို့မရသလိုပါပဲ.... မေးသူ က သူ့မေးခွန်းကိုနားလည် နိုင်မယ့် အဆင့်အတန်းမရှိသေးရင်... ဖြေလို့မရပါရှင်။
  
 ၄။ ((( နိဗံနှင့်ငရဲကို မည်သူ စတင်ထောင်သနည်း။ )))
*** နိဗ္ဗန် ဟုသောအဓိပါယ်မှာ အရာအားလုံးချုပ်ငြိမ်းခြင်း လူဗျိန်း အခေါ်ပြောရလျှင် အားလုံးပျောက်ကွယ် ဆိတ်သုန်းသွားခြင်းလို့ အဓိပါယ် ရပါတယ်.... ဘုံ မဟုတ်ပါ...။
ငရဲကတော့ .... အပြစ်သား...ပြီးတော့ အကုသိုလ်များ သူတွေ တစ်စု တစ်ဝေး ထဲ ရှိနေတဲ့ နေရာတစ်ခုပါ... ဘယ်သူမှမ ဖန်ဆင်းပါ မိမိ ကိုယ်တိုင် တည်ဆောက်ကြတာပါ ... ကိုယ်ပြုတဲ့ အကုသိုလ် ကံကြောင့်  ... သွားစုနေကြရတဲ့ နေရတစ်ခုပါ ။
ငရဲမှာ သက်တမ်း အတိ အကျမရှိပါမိမိတို့ပြုသောကံ အကုသိုလ် အတိုင်း အတာ အလိုက် နေရတာပါ။


၅။ (((( ငရဲ ပြည်တွင် ယမမင်း ရာထူးကို မည်သူခန့်အပ်ထားသနည်း။ (ဗုဒ ဘာသာအယူအဆတွင် ဘုရားဖြစ်ရန် ကြိုမ်းပမ်း၍ ရသလို ယမ မင်းဖြစ်ရန် ကြိုမ်းပမ်း၍ ရပါသလား။))))
*** ယမမင်းဆိုတာ နတ်မင်းအဆင့်ပေါ့  .... မိမိကိုယ်တိုင်ပြုတဲ့ ကံက ဖန်ဆင်းတယ်လို့ပဲပြောပါရစေ  ကံ ကံရဲ့အကျိုးပေါ့ ... 

( ၄ ) နှင့် ( ၅ ) အချုပ်
ငရဲသည်မကောင်းမှုပြုသူများအတွက် လားရာဘ၀ တစ်ခုဖြစ်သည်။ မိမိတို့ပြုအပ်သော ကုသိုလ် အကုသိုလ်ကံကြောင့် ( ၃၁ )ဘုံမှ ဘုံတစ်ခုခုသို့ ရောက်ကြရသည်။ မကောင်းမှု ဒုစရိုက် (အကုသိုလ်ကံ) များလွန်းမှသာ ငရဲနှင့် တစ်ခြားဒုက္ခိတ ဘုံဘ၀များ ဥပမာ တိရစ္ဆာန် ၊ ဗြိတ္တာ၊ အသူရကာယ် ဘုံဘ၀သို့ ရောက်ကြရသည်။ ထို့အတူပင် မိမိပြုလုပ်သော ကုသိုလ်ကောင်းမှု အစုစုကြောင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မ ဘုံ စတုမဟာရာဇ်ဘုံ တို့သို့ ကံကံ၏ အကျိုးအတိုင်း ရောက်ကြ ရမည်ဖြစ်သည်။ ထို့ကြောင့် မိမိသွားရမည့် ဘုံဘ၀ကို မိမိကိုယ်တိုင် သာဖန်တီးပြီး ကိုယ်တိုင် တည် ဆောက်ကြခြင်းသာဖြစ်ပါသည်။ ဘယ်တန်ခိုးရှင်မှ ဘယ်ဖန်ဆင်း ရှင်မှ ပို့ပေးလို့မရပါရှင်...။



၆။ (((( ဗုဒ ဘာသာတွင် သံသရာစက်ဝန်းကို မည်သည့် အထောက် အထား နှင့် ယုံကြည်ကြသနည်း။ ))))

သာသနာတော် အကြောင်းကို နကန်းတစ်လုံးမျှ မသိသူတစ်ယောက် က သံသရာစက်ဝန်း အကြောင်းကိုမေးခြင်းသည်.. မူကြိုကျောင်းသားအဆင့်ခလေးက ကျောင်းဆရာကို နယူတန်နိယာမ အာခီမိဒီးစ်စည်း မျည်း  နေအဖွဲ့အစည်း စင်္ကြာဝဠာ နဲ့ အကာသဟင်းလင်ပြင် အကြောင်း နားလည်အောင် သင်ပြခိုင်း တဲ့ အလား သဏ္ဍန်နဲ့တူနေပါပြီ....

*** အဲတာကတော့ ပဋိစ္စသမုပ္ပဋ်ကို နားလည်မှဖြစ်မယ်ရှင်
ပဋိစ္စသမုပ္ပါဒ်တရားတော် ဥဒါန်းဂါထာတော်တွေကို ထောက်ဆပြီး ရှိကြောင်း သိရတာပါ...
အဲ့ဒါကိုနားလည်တဲ့ ဗုဒ္ဓသာသနာဝင်တွေက သံသရာကို လက်ခံကြတယ်... 
နားမလည်တဲ့မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေက အကြားနဲ့ လက်ခံတယ်
အကြောင်းအကျိုးဆက်စပ်မှုနဲ့ သံသရာကိုယုံကြည်တာပါလို့ ပဲပြော ပါရစေ။

၇။  (((( ဗုဒ္ဓဘာသာမှာ ဘုရားကို ဘာလို့ဆွမ်းကပ်တာလဲဗျ။ခင်ဗျားတို့ ဘုရားက စားလည်းမစားဘူး။တချို့ဆို ထမင်းကော ဟင်းကော ကပ် တယ်။ တချို့တွေကျတော့ အချိုရည်နဲပေါင်မှန့်တွေကပ်တယ်။ ပြီး ကျတော့ အဲဒါတွေက ပုပ်သို့းကုန်ရော။ ငယ်ငယ်တုန်းက ကျောင်း ဆရာတစ်ယောက်ပြော တာကြားဖူးတယ်။ မင်းတို့ဘုရားကို ဆွမ်းကပ် ရင် နည်းနည်းလေးပဲမကပ်နဲတဲ လူစားတဲ ပန်းကန်အကြီးနဲဆွမ်းကပ် ပါတဲ။ ပန်းကန်သေးသေးလေးနဲ ကပ်ရင် ဘုရား ဘယ်လိုလုပ်ဗိုက်ဝမှာ လဲတဲ.......ဒီစကားတွေ၊ဒီလုပ်တွေက လုံးဝ ယုတိ မရှိဘူးလို့ကျတော် ထင်တယ်။ကျောက်တုံးနဲ ထုဆစ်ထားတဲ ဘုရားရုပ်ထုကို ဘာလို့လူစား သလို ထမင်းတွေ ဟင်းတွေကပ်နေတာလဲ။ဒီအစား အသောက်တွေကို မစားတဲ ဘုရားမှာကပ်မယ့်အစား တခြားဆာလောင်မွတ် သိပ် နေတဲ လူတွေကို သွားကျွေးတာ ပိုကုသိုလ်မရဘူးလား။ ))))


*** စေတီပုထိုး ၊ ပုံတော်ကို ကြည့် ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ကြတာ လို့ နားလည် မိပါတယ်။ တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်နေကြတာဖြစ်ပါတယ် ။ နောက်တစ်မျိုး က... ဖြစ်ပြီးပျက် ဆိုတဲ့လောကရဲ့ ဓမ္မတာတရား ကို နှလုံးသွင်းမိစေဖို့ပါ လို့ပဲ လွယ်လွယ်ပြော ပါရစေရှင်...။

နောက်တစ်မျိုးကတော့  ( မင်းကန်စီရဲ့အဖြေပါ )

*** ကျနော်တို့ သာသနာတော်ကြီးမှာ အလှူခံပုဂ္ဂိုလ် ဆိုတာ ခွေးက အစ လူ၊ နတ်၊ ဗြဟ္မာ၊ ရဟန်းသံဃာ နဲ့ ဘုရားရှင်အဆုံး အားလုံးဟာ အ လှူခံပုဂ္ဂိုလ်ဖြစ်ပါတယ်... ကျနော်တို့သာသနာတော်ကြီးမှာ အလှူခံ ပုဂ္ဂိုလ် အလှူပေးသူရဲ့ စေတနာ နဲ့ လှူဖွယ်ဝတ္ထု စတဲ့အကြောင်းသုံး ပါးကောင်းရင် ကောင်းသလောက် အကျိုးပေးကောင်းပါတယ် ဆိုတဲ့ ကံရဲ့အကျိုးတရားကို ယုံကြည်တဲ့အတွက် သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရားကို ရည်စူးလှူဒါန်းကြခြင်းဖြစ်ပါတယ်... ဒါကြောင့် လူတစ်ယောက် ရဟန်းတစ်ပါးကို ဆွမ်းကပ်သလို များများကပ်ဖို့ ဆိုဆုံးမကြတာပါ.... မိမိအိမ်ကို သက်တော်ထင်ရှားမြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ကြွရောက်ဆွမ်းခံသလို ကြွရောက်ဆွမ်းစားသလို သဘောထားပြီးတော့ လှူဒါန်းကြတာပါ.... ဒါပေမယ့် အဲဒီဘုရားဆွမ်းတော်တွေဟာလည်း အပိုအလေ အလွင့် မဖြစ် ပါဘူး... ဘုန်းကြီးကျောင်းတွေ နဲ့ စေတီပု ထိုးတွေ မှာ သစ်ပုတ် ပလ္လင်ဆိုတာကို မမြင်ဖူးလေသလား မသိလေသလားလို့ပဲ ထင်မြင်မိ ပါတယ်... အဲဒီသင်ပုတ်ပလ္လင်ဆို တာဟာ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကပ်လှူထားတဲ့ ဆွမ်းများကို စွန့်လောင်း ရာနေရာပါပဲ... အဲဒီနေရာမှာ ဖုန်းတောင်းယာစကာတွေ နဲ့ ကျေးငှက် တိရစ္ဆာန်တွေ လာရောက်စားသောက်ကြပါတယ်.. အိမ်မှာဆွမ်းကပ် ရင်တော့ ဆွမ်းတော်စွန့်ရင် အိမ်ရှေ့က ခွက်အစရှိတဲ့အရာ သို့မဟုတ် မြေသန့်သန့်မှာ စွန့်ပါတယ်... ကျေးငှက် ကလေးတွေ ကြောင် ခွေး အစရှိတဲ့ တိရစ္ဆာန်လေးတွေ စားသောက်လို့ ရအောင်ပါ.... ဒါဟာလည်း ကုသိုလ်တစ်မျိုးတိုးတာပါပဲ.... အလ ဟဿဖြုံး တီးပစ်တာမဟုတ်ပါဘူး... စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း ဆိုတာဟာ လောဘဆိုတဲ့ အပိုင်သိမ်းထားချင်စိတ်ကို စွန့်နိုင်အောင် အားထုတ်တာပါ.... ကျနော်တို့သာသနာတော်မှာ လှူပြီဟေ့ဆိုရင် အခုလိုမျိုးပဲ အယုတ် အလတ် အမြတ်မရွေး လူတန်းစားမရွေး ယုတ်ဆွအဆုံး လူလားတိရစ္ဆာန်လားတောင် မခွဲခြားပဲ အကုန် လှူတတ်ကြပါတယ်.... သက်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လှူတယ်ဆိုတာဟာ ရှေ့မှာပြောသွားခဲ့သလိုပဲ.... အလဟဿဖြုန်းတီးပစ်တာမဟုတ်ဘူး....

ချမ်းမြေ့ပါစေရှင်...။

 




No comments:

Post a Comment