သူငယ်ချင်းတို့ရေ ...
ဘာသာခြားတစ်ယောက်စွပ်စွဲထား
သူတို့စွပ်စွဲတာ..မကောင်းတာသူတို့အကြောင်းပါ ....
ကျမ ရှင်းပြချင်တာက ... ဒီစွပ်စွဲမှုတွေအပေါ်မှာ... ခလေးတွေရဲ့(((
ငါတို့ဘုရားက ဘုရင့်သားတော်
အိမ်ရှေ့မင်းသား မောင်းမတွေများတာ ဘာဖြစ်လဲ ))) ဆိုပြီး
မှားယွင်းစွာပြန်ဖြေ ကြားမှုလေးတွေနဲ့ ... နောင်တစ်ချိန်မှာ
..လက်ဆင်ကမ်းရမယ့် လူကြီးဖြစ်လာမယ့်ခလေးတွေကို
အမှန်သိစေချင်လို့ပါ...။
( ၁ ) ဗုဒ္ဓဘာသာ ဂေါတာမမှာ မယားငါးယောက် စာရင်းကို တော့
မဖော်ပြကြဘူး ဂေါတာမ ရဲ့ မယားနာမည်တွေ ကိုဖော်ပြ ထားလို့
မပြ့ည်စုံမှာစိုးလို့ သူ၏သားနာမည်တွေ မှာ ဖြည့်စွက်ရေး သားလိုက်
ပါတယ်.... သားတွေ မွေးဖွားမူကလည်း ထူးဆန်းလေစွ
မယားငါးယောက် သား ငါးယောက် တဲ့ ဒါတော့ မဖြစ်နိုင်ပါ.....
ဒီထက်မက သားသ မီးရှိရအုံးမယ်.... သူတို့ မဖော်ပြထားတော့
ကျွန်တော်လည်း မသိတော့ သူတို့ရေးသားဖော်ပြထားသည့်အ
စာရေးသူ ဖော်ပြလိုက်ပါတယ်.... မယုံလျှင် ဟံသာဝတီတိုက်ထုတ်၊
ဗုဒ္ဓဝင်ဝတ္ထု၊စာ မျက် ၁၅၅ မှာ ရှာဖွေလို့ရပါတယ်.... အောက်ကတော့
သူမယားနာမည်နဲ့ သူသားငါး ယောက်ရဲ့ နာမည်တွေ ပါ.
၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
၎။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
၎င်းတို့ကို ဗုဒ္ဓဝင် အကျဉ်းချုပ်နှင့်ဒီဃနိကာယ် ကျမ်းတွင် ပါကြောင်း
လမ်းညွန်ပြထားလေသည်။
( ၂ ) နောက်အချက်တစ်ချို့ပြောပြပေ
... ဂေါတမမြတ်စွာဘုရားက သားတော် တစ်ပါးပဲရှိတယ်လို့ ၀န်ခံခဲ့
တယ် ဒါပေမယ့် ဥပလ၀ဏ် ကတော့ ယာဟုလာရဲ ညီမ လို့ ညီမ
လို့ပြောနေပြန်တယ် ... ဘယ်လိုဖြင့်တာလဲတဏှာကင်း တဲ့ ဂေါ
တမ တောထွက်ပြီး သမီးလေးမွေးပေးခဲ့တာလား ချုံပြီးကြည့်ရင်
ဗုဒ္စဘာသာက ရှေ့နဲ့နောက်လွဲပေါင်းလဲ များလှပါပြီးကွယ
http://
==========================
( ၁ ) အဖြေပါရှင် ....
သနားစရာသတ္တ၀ါတွေအနေနဲ့ ... စာနာ မိပါတယ် လို့ပဲပြော
ပါရစေ...။အရာ ရာပြည့် စုံလွန်းပြီး အပြစ် မြူမှုံမျှပြောစရာမရှိတဲ့
ဘုရား ရှင်ကို ... သူက ငါတို့ ဘုရားလိုပဲဖြစ်သင့်တယ် ..ဆိုပြီး အတင်
မညီ ညီအောင်ညှိနေပုံက သနားစရာပါ။
စိတ်မကောင်းစရာကောင်းတာက ...
ကျမတို့ဘာသာဝင်ခလေးတွေရဲ့ြေ
((( ငါတို့ဘုရားလောင်းက အိမ်ရှေ့မင်းသား ဘုရင့်သားတော်
ဘာဖြစ်လဲ မောင်းမတွေတော့ ရှိတာပေါ့ )))) တဲ့ရှင် ... သေရော ...
ဝန်ခံလိုက်တဲ့အပြင် ... ဘုရားရှင် လဲမိုဟာမက်လုံးလုံး ကို ဖြစ်ရော
ရှင်.....
ဒီကိစ္စ ကိုရှင်းတော့မယ်ဆိုရင် .... ဘုရားရှင် လက်ထက်တော်အချိန်က
... အိန္ဒိယနိုင် ငံရဲ့ ..ဓလေ့ ထုံးတမ်းစဉ်လာ ကိုတော့ ... အထူး
လေ့ လာသင့်ပါတယ် ... ဘုရားရှင် လက်ထက်တော်အချိန် ထဲက
အိန္ဒိယမှာတစ်လင်တစ်မယားစနစ်
တစ်ချို့ဒေသတွေမှာဆို ယောက်ျား ကွယ်လွန်ရင် ... မိန်းမကပါ
လိုက်သေရတဲ့ ... ဓလေ့ရှိပါတယ် ... ဘုရင်တောင်မှ
တစ်လင်တစ်မယားစနစ်ပါ... ဒါဟာ ကမ္ဘာမှာအိန္ဒိယ တစ်နိုင်ငံ ထဲမှာ
ပဲရှိတဲ့ဓလေ့ပါ...။ (ဗော်လဂါမှ ဂင်္ဂါသို့ ဆိုတဲ့စအုပ်မှာ ပြီးတော့ Light
of Asia စာအုပ်တွေမှာ ... အဲ့ဓလေ့တွေ သိသိသာ သာဖော်ပြ ထားပါ
တယ်။ )
ကဲရှင် ဘုရားရှင်အကြောင်းကိုသွား
ဒီဃနိကာယ် မဟာဝဂ္ဂဋ္ဌကထာ ဆဋ္ဌမူ စာမျက်နှာ ၁၅,၁၆-တို့မှာ
ဘုရားခုနစ်ဆူနဲ့ သားတော် ၇-ပါးနှင့် ကြင်ယာတော် ၇-ပါးတို့ကို
ဂါထာဖွဲ့ပြီး ပြထားပါတယ်
သမဝတ္တက္ခန္ဓော အတူလော၊ သုပ္ပဗုဒ္ဓေါ စ ဥတ္တရော။
သတ္တဝါဟော ဝိဇိတသေနော၊ ရာဟုလော ဘဝတိ သတ္တမော
ဆိုတဲ့ဂါထာအရ
ဘုရားလောင်း ခုနစ်ပါးတို့ရဲ့ အစဉ်အတိုင်း သားတော် ( ၇ )
ပါးရှိကြောင်းကို (((ဧတေ တာဝ သတ္တန္နံ ဗောဓိသတ္တနံ အနုက္ကမေနေဝ
သတ္တပုတ္တာ ဝေဒိကဗ္ဗာ )))) လို့ အတိ အလင်း ဖော်ပြထားပါတယ်။၊
ထို့အပြင်...
(((( သုတနာ သဗ္ဗကာမာ စ၊ သုစိတ္တာ အထ ရောစိနီ။ ရုစဂ္ဂတီ သုနန္ဒာ
စ၊ ဗိမ္မာ ဘဝတိ သတ္တမာ - လဲဧတာ တေသံ သတ္တန္နမ္ပိ ပုတ္တာနံ
မာတရော အဟေသုံ))))
လို့ဂါထာဖွဲ့ပြီး ဘုရားလောင်း ( ၇ ) ဦးရဲ့ ကြည်ယာတော် (၇
) ယောက် အမည်များ နှင့် ထိုအမျိုးသမီး ( ၇ ) ဦးတို့သည်
ထိုသားတော် ( ၇ ) ပါးတို့၏ မိခင်များ ဖြစ်ကြပါတယ်လို့
ဆိုထားပါတယ် ...။
ဘုရား ၇-ဆူ တို့ရဲ့ သည်သားတော် ကြင်ယာတော်များကို
ဗုဒ္ဓဝံသအဋ္ဌကထာမှာ ဆိုထားတာကတော့ ...
(၁) ဗုဒ္ဓဝံသ အဋ္ဌကထာ။ ဆဋ္ဌမူ စာမျက်နှာ ( ၂၈၃ ) တွင် ...
သုတနု နာမဿ အဂ္ဂမဟေသီ၊ သမဝတ္တက္ကန္ဓော နာမဿ ပုတ္တော
ဝိပဿီဘုရားရှင်ရဲ့ မိဖုရားက သုတနု၊ သားတော်က သမဝတ္တက္ကန္ဓ
(၂) စာမျက်နှာ ( ၂၈၉ ) တွင် ...
သဗ္ဗကာမာ နာမဿ အဂ္ဂမဟေသီ၊ အတုလော နာမဿ ပုတ္တော
သိခီဘုရားရှင်ရဲ့ မိဖုရားက သဗ္ဗကာမာ၊ သားတော်က အတုလ
(၃) စာမျက်နှာ ( ၂၉၄ ) တွင် ...
သုစိတ္တာ နာမဿ ဘရိယာ၊ သုပ္ပဗုဒ္ဓေါ နာမဿ ပုတ္တော
ဝေဿဘူဘုရားရှင်ရဲ့ မိဖုရားက သုစိတ္တာ၊ သားတော်က သုပ္ပဗုဒ္ဓ
(၄) စာမျက်နှာ ( ၃၀၀ ) တွင် ...
ဘရိယာ ပနဿ ရောစိနီနာမ ဗြဟ္မဏီ၊ ဥတ္တရော နာမ ပုတ္တော
ကကုသန်ဘုရားရှင်ရဲ့ မိဖုရားက ရောစိနီပုဏ္ဏေးမ၊ သားတော်က ဥတ္တရ
(၅) စာမျက်နှာ ( ၃၀၅ ) တွင် ...
ဘရိယာ ပနဿ ရုစိဂတ္တာ နာမ ဗြဟ္မဏီ၊ သတ္တဝါဟော နာမ ပုတ္တော
ကောဏာဂုံ ဘုရားရှင်ရဲ့ မိဖုရားက ရုစိရတ္တပုဏ္ဏေးမ၊ သားတော်က
သတ္တဝါဟ
(၆) စာမျက်နှာ ( ၃၁၂ ) တွင် ...
သုနန္ဒာ နာမဿ အဂ္ဂမဟေသီ၊ ဝိဇိတသေနော နာမ ပုတ္တော
ကဿပဘုရားရှင်ရဲ့ မိဖုရားက သုနန္ဒာ၊ သားတော်က ဝိဇိတသေန
(၇) ဂေါတမဘုရားရှင်ရဲ့ မိဖုရားကတော့ ယသောဓရာ ဗိမ္ဗာဒေဝီ၊
သားတော်ကတော့
ရာဟုလာ ဆိုပြီး တိတိကျကျ ဖွင့်ဆိုထားပါတယ်....။
အချုပ်ဆိုရရင်တော့ ....
( ၁ ) ဝိပဿီ ဘုရားရှင် ရဲ့ မိဖုရား က သုတနု၊ သားတော် က
သမဝတ္တက္ကန္ဓ
( ၂ ) သိခီ ဘုရားရှင် ရဲ့ မိဖုရား က သဗ္ဗကာမာ၊ သားတော် က
အတုလ
( ၃ ) ဝေဿဘူ ဘုရားရှင် ရဲ့ မိဖုရား က သုစိတ္တာ၊ သားတော် က
သုပ္ပဗုဒ္ဓ
( ၄ ) ကကုသန် ဘုရားရှင် ရဲ့ မိဖုရား က ရောစိနီပုဏ္ဏေးမ၊
သားတော် က ဥတ္တရ
( ၅ ) ကောဏာဂုံ ဘုရားရှင် ရဲ့ မိဖုရား က ရုစိရတ္တပုဏ္ဏေးမ၊
သားတော် က သတ္တဝါဟ
( ၆ ) ကဿပ ဘုရားရှင် ရဲ့ မိဖုရား က သုနန္ဒာ၊ သားတော် က
ဝိဇိတသေန
( ၇ ) ဂေါတမ ဘုရားရှင်ရဲ့ မိဖုရား ကတော့ ယသောဓရာ ဗိမ္ဗာဒေဝီ၊
သားတော် ကတော့ ရာဟုလာ ဖြစ်ပါတယ်ရှင်
ဒါကြောင့် ဂေါတမဘုရားလောင်းမှာ မယား ၇-ယောက်၊ သား
၇-ယောက်မရှိပါဘူုး၊ မယားတစ်ယောက်
သားတစ်ယောက်သာရှိပါတယ်ရှင် ...။
ဘုရား ၇-ဆူတို့ရဲ့ သားမယားများနှင့် မှားယွင်းပြီး မယား ၇-ယောက်၊
သား ၇-ယောက်လို့ရေးတယ်၊။
ပြီးတော့ သည်ကမ္ဘာမှာပွင့်တဲ့ ဘုရားငါးဆူတို့ရဲ့
သားမယားများနှင့် ရောပြွမ်းပြီး မယား ၅-ယောက်၊ သား
၅-ယောက်လို့ရေးတာဖြစ်ပါတယ်.
ဒီရေးသားချက်တွေဟာ ... သာသနာတော်ကိုစော်ကားပုတ်ခတ်
ချင်လို့သက်သက် သာရေးခြင်းဖြစ်ပါတယ်....။
( ဘုရားလောင်းတို့မည်သည် သားတစ်ယောက်
မယားတစ်ယောက်သာ ရှိတာပါရှင်။)
--------------------------
( ၂ ) အဖြေပါ
ဘုရားရှင် လက်ထက်တော် အခါက ဂေါတမမြတ်ဗုဒ္ဓရဲ့
အမျိုးသားရဟန္တာ သာဝက တို့အထဲမှာ..
ရှင်မောဂ္ဂလာန်ကိုယ်တော်သည် -စိတ်တန်ခိုးကြီးမားတဲ့ အရာဝယ်..
အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ဖြစ်ပြီး....
အမျိုးသမီးရဟန္တာတို့ထဲတွင်.
စိတ်တန်ခိုးကြီးမားတဲ့ အရာဝယ်.. အသာဆုံး၊အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ
ဖြစ်ပါတယ်။ အဲဒီ ဥပလ၀ဏ် (ဥပလ၀ဏ္ဏာ ထေရီမ) ဟာ
အခြားသောအမျိုးသမီးရဟန္တာ ထေရီမတို့လို.. ရိုးရိုး သာမန်မျှသာ
မဟုတ်ပဲ.. ဆုတောင်းဆုပန်ထူးဆန်းတတ်သူ အမျိုးသမီး ပုဂ္ဂိုလ်ထူး
ပင်ဖြစ်သည်.... ဟု အဌကထာတွေမှာဆိုထားပါတယ်....
စည်းစိမ် ဥစ္စာ ပညာ ရုပ်ရည် ရူပကာယနှင့် တင့်တယ်တဲ့
... ဗြဟ္မဏမျိုးရိုး .... အမျိုးကောင်း သမီး တစ်ယောက်ဖြစ်ပါတယ် ....
ဘယ်မယ် တုန်းရှင် ... ရာဟုလာရဲ့နှမ .... နောက်တစ်ခု က
ဘုရားရှင်လက်ထက်တော်မှာ ... ရဟန်တော်များဟာ ...
မိန်းခလေးတွေနဲ့ ဘိက္ခူနီတွေကို ငါ့နှမ လိုခေါ်ကြပါတယ်... အိန္ဒိယ
မှာလဲယနေ့ချိန်ထိ... အဲ့ဒီဓလေ့ ထုံးစံ ...နှမ
ဆိုတဲ့အသုံးအနှုံးသုံးနေပါေ
ဘယ်ကျမ်း ဂန်မှာများ ... ဥပလ၀ဏ်ထေရီဟာ ...ရာဟုလာရဲ့နှ
မဖြစ်ရတာလဲ ဆိုတာ.. ကျမ်းကိုးလေးတစ်ချက်ပေးပါရှ
သာသနာတော်မှာ သမိုင်း ဆိုတာ ရှိပါတယ်.... လောကမှာ.. သမိုင်း..
မျိုးရိုး ဇစ်မြစ် အတိ အကျရှိတဲ့ ဘာသာ ဟာ ဗုဒ္ဓဘာသာ
တစ်ခုထဲပါရှင်....။