Monday, November 4, 2013

သာသနာတော်သက်တမ်း ( ၅၀၀၀ ) ..ဆိုတာ





အချိန်နည်းနည်းလေးပေးပြီး စဉ်းစားကြည့်တာပေါ့။ ကမ္ဘာပေါ်က ဘာသာကြီးလေးခုမှာ ဗုဒ္ဓဘာသာက လူဦးရေအနည်းဆုံးဖြစ်နေတယ်။ သာသာနာပြန့်ပွားဖို့အတွက် ကြည့်ပြန်တော့ အခြားဘာသာတွေလို ဆွဲဆောင်နိုင်စွမ်းမရှိဘူး။ (ကိုယ်လုပ်မှ ကိုယ်ရမယ်တဲ့)။ လူတွေလိုချင်တာမျိုးနဲ့ ထပ်တူ မကျဘူး။ နောက်တစ်ခုက ဘုရားကလည်း သာသနာနှစ် ၅၀၀၀ မှာ သာသနာကွယ်ပြီတဲ့။ ဟုတ်ပါ့မလားစဉ်းစားကြည့်တော့ ဟုတ်မှာပဲ။ နောက်ထပ် နှစ် ၂၅၀၀ မှာ ဒီသာသနာ ဒီအတိုင်း ကျန်နေတော့မှာမဟုတ်ဘူး။ Globalization ခေတ်မှာ အခု culture တွေရောလာပြီ။ ဟမ္ဘာဂါစားမလား ကင္ခ်ီစားမလား ဆူရွီစားမလား ရျပီ။ ကြိုက်လည်းကြိုက်တတ်လာပြီ။ အရင်ကလို မုန့်ဟင်းခါးလေးတစ်မျိုးတည်းနဲ့ မတင်း တိမ်တော့ ဘူး။ သဘောပြောချင်တာက အရင်ကအနောက်တိုင်း ယဉ်ကျေးမှုက သပ်သပ်၊ အရှေ့ တိုင်းယဉ်ကျေးမှုက သပ်သပ်ရှိတယ်။ အခု တဖြည်းဖြည်းရော လာတယ်။ အနောက်က အမည်းရောင် အရှေ့က အဖြူရောင် ဒီလိုရှိခဲ့တယ်ဆို အခုဖြစ်နေတာ မီးခိုးရောင်ပဲ။ Culture တွေရောပြီး သာသနာကော မရောနိုင်ဘူးလား။ ရောနိုင်တာပေါ့။ တစ်ချိန်ချိန် ဘာသာတွေ အားလုံး ရောရောထွေးထွေးဖြစ်ကုန်တဲ့အခါ ရာခိုင်နှုန်းများတဲ့ ဘာသာတွေရဲ့ အယူအဆက ပိုလွှမ်းမိုးပြီး ကျန်ခဲ့မှာပေါ့။ ဒီအချိန်မှာ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို အသက်ပေးပြီး ကာ ကွယ်မယ်ဆိုလည်း သာသနာက ပျက်မှာပဲ။ ပိုတောင်ပျက်ဖို့အလားအလာရှိသေး တယ်။ ဘု ရား ကလည်း ပျက်မယ်ဟောခဲ့ပြီးသား။ ဘာလို့ ဟောခဲ့တာလဲဆိုတော့ ပျက်မယ်ဆိုတာ သ တိထားစေချင်လို့ မပျက်ခင်မှာ လွတ်ကြပါစေတော့ ကျွတ်ကြပါစေတော့လို့ သတိပေးချင်လို့ ဖြစ်မှာပေါ့။ တစ်ကယ်သာ ဗုဒ္ဓဘာသာအစစ်ဆိုရင် အခုပြောမယ့်အချက်တွေ ကိုတော့ ယုံမယ် ထင်တယ်။ ၁။ ဒီတစ်ဘဝသေပြီးရင် နောက်တစ်ခါလူလာဖြစ်ဖို့ မသေချာဘူး။ ကု သိုလ်တွေကောင်း လို့ နတ်ပြည်ရောက်တယ်ထားဦး နတ်သက်ကြွေပြီး ပြန်ဆင်းလာရင် ဒီမှာ သာသနာ ရှိတော့ဖို့ မသေချာဘူး။ လူဖြစ်တယ်ပဲထားဦး သာသနာကျန်သေး တယ်ပဲ ထားဦး ဒီကမ္ဘာမှာ ထေရဝါဒနည်းနည်းလေးပဲကျန်တဲ့ မြန်မာပြည်ကွက်ကွက်ကလေးမှာ လာဖြစ်ဖို့ ရာနှုန်းနည်းနည်းလေး။ အကျဉ်းချုပ်ကြည့်တော့ သေလွန်ပြီးရင် သာသနာ မပျက် ခင် သာသနာရှိတဲ့နေရာမှာ လူလာဖြစ်ဖို့ဟာ ရာခိုင်နှုန်း မရှိသလောက်ပဲ။ ဒါက ဘာကို ထပ်ပြီးညွှန်းသလဲဆိုတော့ ဒီဘဝမှာမှ သံသရာကမထွက်ရင် ခုလက်ရှိ ဒီတစ်ကမ္ဘာစာတော့  ထွက်ပေါက်မရှိတော့ဘူး။ နောက်တစ်ကမ္ဘာမှာ နောက်ဘုရားတစ်ဆူပွင့်ဖို့ပဲ စောင့်ရတော့ မယ်။ ဒီလောက် အရှည်ကြီးပြောလာတာ ဆရာကြီးလုပ်တာလည်းမဟုတ်ပါဘူး။ တရားတွေ သိလှချည်ရဲ့လို့လည်း ပြောနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဆိုသူတွေကို အချိန်မရှိတော့ဘူးဆိုတာ သတိပေးချင်တာပါ။ ကုလားနဲ့ ရန်ဖြစ်ဖို့ အချိန်မရှိပါဘူး။ တရုတ်နဲ့ ရန်ဖြစ်ဖို့လည်း အချိန်မရှိပါဘူး။ ဘယ်သူနဲ့မှကို ရန်ဖြစ်နေဖို့ အချိန်မရှိတာပါ။ ရွှေပြည်အေးတရားဟောတာလည်းမဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ အစည်းဝေးတွေခေါ်လိုက် ဥပဒေတွေဆွဲလိုက် ငြင်းလိုက် ဆဲလိုက် ဒေါသထွက်လိုက် ဒုတ်ဆွဲလိုက် ဓါးဆွဲလိုက် လုပ်နေရင်းတန်းလန်း ငေါက်ခနဲသေသွားရင် နောက်ထပ်သာသနာနဲ့တွေ့ဖို့ အကြာကြီးမှ အကြာကြီးစောင့်ရတော့မယ်ဆိုတာကို သတိပေးချင်တာရယ်၊ ဥပဒေတစ်ခု ရှိနေရုံနဲ့ သာသနာကို နှစ်ငါးထောင်ထိ မပျက်အောင် ထိန်းဖို့ မဖြစ်နိုင်ဘူးဆိုတာရယ်၊ နောက်ကျန်တဲ့ နှစ် ၂၅၀၀ ဆိုတာကလည်း သံသရာနဲ့ယှဉ်ရင် ဘာမှကြာတော့တဲ့ အပိုင်းအခြားမဟုတ်ဘူးဆိုတာရယ်ကိုပဲ သတိပေးတဲ့သဘောပါ။ ကျေးဇူးတင်ပါတယ်။

 https://www.facebook.com/Khwar.MTDA/posts/10201539757408650 
 
.................................................................................................................................................
(((အချိန်နည်းနည်းလေးပေးပြီး စဉ်းစားကြည့်တာပေါ့။ ကမ္ဘာပေါ်က ဘာသာကြီးလေးခုမှာ ဗုဒ္ဓဘာသာက လူဦးရေအနည်းဆုံးဖြစ်နေတယ်။ သာသာနာပြန့်ပွားဖို့အတွက် ကြည့်ပြန်တော့ အခြားဘာသာတွေလို ဆွဲဆောင်နိုင်စွမ်းမရှိဘူး။)))

 ဟုတ်ကဲ့ပါ....ဗုဒ္ဓဘာသာဝင်ဆိုတာဟာ 
၁။ ..... အလှူဆိုလဲ အယုတ်အလတ် အမြတ်မရွေး လူ တိရစ္ဆာန် မခွဲခြားပဲ လှူပါတယ် ပြီးတော့ ကိုယ်လှူတာကိုဘယ်တော့မှာ မဏ္ဍပ်တိုင် မတက်တတ်ပဲ သိုသိုသိတ်သိတ် လှူတတ်တာလဲ ကျမတို့ဘာသာဝင်တွေပါပဲ( ဥပမာ... သဘာ ၀ဘေးအန္တရာယ် နဲ့ရင်ဆိုင်လို့...ဒုက္ခသည်တွေ ရှိရင်တောင်... ဘာသာ မရွေး လူမျိုးမရွေး... တန်းတူလှူ ပါတယ်... ဒါပေမယ့် နာဂစ်တုန်းကဆိုရင်... ငါ့တို့ဘာသာဝင်တွေ ကိုစုပေး ပါ..သူတို့ကိုပဲငါတို့ကိုယ်တိုင် သွားလှူချင်တာ လို့ပြောတဲ့အတွက်... . ဒီလို ခွဲခြားတဲ့လူတွေရဲ့ အလှူတွေကို နိုင်ငံတော်အစိုးရက လက်မခံခဲ့ပါဖူး... ဒါပေမယ့် ... အပြင်မှာနာမည်ဖျက် တာကတော့ အစိုးရက ..လှူခွင့်မပြုဖူးတဲ့ ... (ဒါကကွဲပြားချက်ကိုပြောပြတာပါ...)


၂။ ဗုဒ္ဓဘာသာဝင်တွေဟာ တစ်ခြားဘာသာဝင်တွေလို.... မျိုးပွားပြီး ဘာသာဝင် တိုးစေတာ... မိမိဘာသာကိုဝင်ဖို့စွယ်တာ..စည်းရုံးတာ..လုံးဝမရှိပါဖူး.... ဘာသာခြား တွေတွေ့တိုင်း... ငါတို့ဘုရားကဘယ်လိုဟောတာ...ဘုရားကိုယုံရင်ဘာရမှာ ညာရ မှာ... ဆိုပြီး မစွယ်ပါဖူး ... မေးတဲ့သူမရှိရင်. ..ကိုယ့်သာသနာတော်အ ကြောင်းကို ..ရင်ထဲမှာ လှို့ဝှက်ထားတတ် ကြပါတယ်.. လူတကာကိုထုတ်ပြောပြနေစွယ်နေ ရလောက်အောင်... တန်ဖိုးနိမ့်မနေလို့ပါလို့ပဲပြောပါရစေ။ 

 ၃။ ..... ဗုဒ္ဓဘာသာဝင်တွေရဲ့မိဘမဲ့ဂေဟာတွေ ဘိုးဘွားရိပ်သာတွေမှာ... ဘာသာစုံကို နွေးထွေး စွာကြို ဆို ပါတယ်....အေအိုင်ဒီအက်စ်ရောဂါသည်.. အနာကြီးရောဂါသည် တိုက် ဖျက်ရေးတွေ မေ တ္တာ ရှင်ဖောင်ဒေးရှင်း.. ယုတ်စွအဆုံး နာရေးကူညီမှု အသင်း က အစ.. . နှောင်ကြိုးမဲ့ ကူ ညီပါတယ်.. ငါ့ဘာသာဝင်မှ/ ငါတို့ဘာသာ ၀င်တွေ မှ ဆိုတာ မရှိပါဘူး  ... ဂေဟာတွေမှာနေတဲ့ အတွက် ဘာ သာပြောင်း စရာ မလိုပါ.... ဒါပေမယ့်တစ်ခြားဘာသာ တွေကတော့...ဘာသာပြောင်းရ ပါတယ်.... အနာကြီးရောဂါ သည်တွေကို ကုပေးမယ်ဆို လိမ်ဝင်ပြီး...ရွာအလိုက် ခရစ်ယန်ဘာသာပြောင်း လိုက်ရ တာ... အများကြီးပါ..။ 

 ၄။ ..... ကျမတို့သာသနာဝင်တွေနဲ့ တစ်ကယ်သက်ဝင်ယုံကြည်လာသူတွေဟာ... သူတို့ရဲလက်ကျန်ဘ ၀လေးတွေကိုတရားဘာ ၀နာပွားများပြီးငြိမ်းချမ်းစွာ ကုန်ဆုံးချင်ကြတဲ့ သူတွေဖြစ်တဲ့အတွက်... သူများ ဘာသာဝင်တွေလို အတင်းရော အဓမ္မ ... ဘာသာဝင်ဦးရေ တိုးအောင်စွယ်နေဖို့..စိတ်မပါ ပါဖူး ရှင်...မြတ် ဘုရား ကိုယ်တော်တိုင်က... လာလှည့်ပါ.. လေ့လာလှည့်ပါ... ဝေဖန်ပါ..ကြိုက်သလောက် စောတကတက် ပါ... သေသေချာချာ နားလည်ပြီဆိုမှ... ကျင့်ကြံပါလို့ပြောထား တာပါ... အရေအတွက် ထက်... လူ တစ် ယောက်ရဲ့လူပီသတဲ့ အရည်အသွေးကို ပဲ...ဦးစားပေးတာတဲ့သာသနာတော်ပါ... ဒါ့အတွက် .. သာသနာဝင်ဦးရေနဲပေမယ့်.. .အေးချမ်းကြပါတယ်( သတ္တိတော့မနဲ ကြပါဖူး) 

 ၅။ ..... ဒါကြောင့်ကျမတို့သာသနာကြောင့် စစ်ဖစ်ရတာမရှိပါဘူး.... နယ်မြေ  လုတာမရှိ ပါဘူး .... သွေးချောင်းစီးတာမရှိပါဘူး...ဗုဒ္ဓဘာသာလို့ပြောတာနဲ့... ငြိမ်းချမ်းခြင်း ... အေးမြခြင်း...စာနာတတ်ခြင်း ရောင့် ရဲတင်းတိမ်ခြင်း..... အဆိပ် အတောက် ကင်းခြင်း ဆိုတဲ့..နာမည်ကောင်းတွေနဲ့...ကျော်ကြားတာ ကမ္ဘာသိပါ...ရှင်တို့တွေကျမတို့ရဲ့ဘုန်းကြီး ကျောင်းတွေကိုသွားကြည့်ပါ.... အယုတ် အလတ်အမြတ် မရွေး လူ တိရစ္ဆာန် မခွဲခြားပဲ အားလုံးကိုနွေးထွေးစေမှာပါ... ဒီအတွက် သာသနာ တော်ဝင်ဖြစ်ရတာ ကို ဂုဏ်ယူပါတယ်။ အရေ အတွက်ကိုမလိုချင်ပါဖူး။ 
 ................................................................................................................

((((  နောက်တစ်ခုက ဘုရားကလည်း သာသနာနှစ် ၅၀၀၀ မှာ သာသနာကွယ်ပြီတဲ့။ ဟုတ်ပါ့ မလား စဉ်းစားကြည့်တော့ ဟုတ်မှာပဲ။ နောက်ထပ် နှစ် ၂၅၀၀ မှာ ဒီသာသနာ ဒီအ တိုင်းကျန်နေ တော့ မှာမဟုတ်ဘူး။))))

 ဘုရားရှင်က သာသနာတော်နှစ် ၅၀၀၀ ပဲတည်မယ် လို့ ပိဋကတ်သုံးပုံရဲ့ ဘယ်ကျမ်းမှာ ပါတာ လဲရှင် .... ကျမ်းကိုးလေး  သိချင် ပါတယ်။ ကျမတို့သာသနာတော်မှာ ... မေးခွန်းတိုင်း အတွက် .... ဘ၀င်ကျစေမယ့် အဖြေတွေ ရှိနေသလို ...  မြတ်စွာဘုရား ရှင်မိန့်မြွက်ခဲ့တဲ့ ...ဘုရားဟောတိုင်းမှာ ... တိကျတဲ့ သမိုင်း အထောက်အထား ရှိနေ ပါတယ်။ ..... ဘုရားရှင် ကိုယ်တော်မြတ် ကြီးဟာ .... ဘယ်အချိန် ..ဘယ်နေရာမှာ..ဘယ်အကြောင်းကြောင့်...ဘယ် လို ဟော ခဲ့ပါ တယ်ဆိုတာ ....တိတိကျကျရှိပါတယ်... အဲ့လိုအထောက်အထား မပါတာတွေ ဟာ .... ဘုရားဟော မဟုတ်ပါဖူး .... အဌကထာဆရာတွေလက်ချက်ပါ ….  အဲ့ဒီတော့ ကျမ်းကိုးလေးတင်ပြပေးပါရှင်..။

.............................................................................................................

(((Globalization ခေတ်မှာ အခု culture တွေရောလာပြီ။ဟမ္ဘာဂါစားမလား ကင္ခ်ီစားမ လား ဆူရွီစားမလား ရျပီ။ ကြိုက်လည်းကြိုက်တတ်လာပြီ။ အရင်ကလို မုန့်ဟင်းခါးလေး တစ်မျိုးတည်းနဲ့ မတင်းတိမ်တော့ဘူး။ သဘောပြောချင်တာက အရင်ကအနောက်တိုင်း ယဉ်ကျေးမှုက သပ်သပ်၊ အရှေ့ တိုင်းယဉ်ကျေးမှုက သပ်သပ်ရှိတယ်။ အခု တဖြည်းဖြည်းရော လာတယ်။ အနောက်က အမည်းရောင် အရှေ့က အဖြူရောင် ဒီလိုရှိခဲ့တယ်ဆို အခုဖြစ်နေတာ မီးခိုးရောင်ပဲ။ Culture တွေရောပြီ သာသနာကောမရောနိုင်ဘူးလား။ ရောနိုင်တာပေါ့။တစ်ချိန် ချိန်ဘာသာတွေအားလုံး ရောရောထွေး ထွးဖြစ်ကုန်တဲ့အခါ ရာခိုင်နှုန်းများတဲ့ ဘာသာတွေရဲ့ အယူအဆက ပိုလွှမ်းမိုးပြီး ကျန်ခဲ့မှာပေါ့။ ဒီအချိန်မှာ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို အသက်ပေးပြီး ကာကွယ်မယ်ဆိုလည်း သာသနာက ပျက်မှာပဲ။ )))

ဟုတ်ကဲ့ .... ဘာသာရေးဟာ မုန့်မဟုတ်ပါဘူး ... အစားအသောက်မဟုတ်ပါဘူး ....  ကျန်တဲ့ 
ဘာသာ ၃ခုအတွက်တော့ ဟုတ်ပါ လိမ့်မယ် .... ဘာလို့လဲဆိုတော့ .... ခရစ်ယာန် နဲ့ မွတ်စလင်ဘာသာဟာ ဂျုးဘာသာကျမ်း ကို လိုတိုး ပိုလျှော့လုပ် ထားကြ တာ ဆိုတော့ ... ဂျူးဘာသာရဲ့လက်အောက်ခံဘာသာတွေပါ .... နောက်မှရောမှာမဟုတ်ပါဖူးရှင်... အရင်ထဲက ရောနေ တာပါ .... ဒါပေမယ့် အတ္တနဲ့ အနတ္တ လုံးဝ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေတဲ့ ကျမတို့ရဲ့ သာသနာတော်နဲ့ ကျန်တဲ့ (၃) ခုပေါင်းတစ် ဘာသာက ... ရောထွေးစရာအကြောင်းကိုမရှိတာပါ.... မညှိပါနဲ့လို့ပြောပါရစေ...။ နောက်ပြီး ... လက်တွေ့ နဲ့သိပ္ပံနည်း ကျတာ ကိုပဲတစ်ဖြေးဖြေးလက်ခံလာတဲ့ သိပ္ပံပညာ တိုးတက်နေတဲ့ ဒီခေတ်ကြီး မှာ ... လက်တွေ့နဲ့ ကိုက်ညီတဲ့ ဘာသာ အစား ... ရာနှုံးများတဲ့ ဘာသာက လွှမ်းမိုး မယ် ဆိုတာ ဟုတ်နိုင်ပါ့မလားရှင် .... ကမ္ဘာကြီး သက်တမ်း က ကျောက်ဖြစ်ရုပ် ကြွင်းတွေ နဲ့ အီဂျစ် ကရှေးဟောင်း ရုပ်လောင်းတွေ သက်သေအရ ( ၅ ) ဘီလီယံနီးပါးရှိနေပြီရှင် နော် ကျမတို့ဘုရား ရှင်ဟောတာနဲ့ ကိုက်ညီနေပါတယ် .... ကမ္ဘာကြီးအသက် (၆၀၁၃) နှစ်လုံးဝ မဟုတ်ပါရှင်...။ 
...............................................................................................................


 (((( ဒီအချိန်မှာ ဗုဒ္ဓဘာသာ သာသနာတော်ကြီးကို အသက်ပေးပြီး ကာကွယ်မယ်ဆိုလည်း သာသနာက ပျက်မှာပဲ။ ပိုတောင်ပျက်ဖို့ရှိတယ် ..ဘုရားကလည်း ပျက်မယ်ဟောခဲ့ပြီးသား။ ဘာလို့ ဟောခဲ့တာလဲ ဆိုတော့ ပျက်မယ်ဆိုတာ သတိထားစေချင်လို့ မပျက်ခင်မှာ လွတ်ကြပါစေတော့ ကျွတ်ကြပါစေတော့လို့ သတိပေးချင်လို့ ဖြစ်မှာပေါ့။ တစ်ကယ်သာ ဗုဒ္ဓဘာသာအစစ်ဆိုရင် အခုပြောမယ့်အချက်တွေကိုတော့ ယုံမယ်ထင်တယ်။ ၁။ ဒီတစ်ဘဝသေပြီးရင် နောက်တစ်ခါလူလာဖြစ်ဖို့ မသေချာဘူး။ကုသိုလ်တွေကောင်း လို့ နတ်ပြည်ရောက်တယ်ထားဦး နတ်သက်ကြွေပြီး ပြန်ဆင်းလာရင် ဒီမှာ သာသနာ ရှိတော့ဖို့ မသေချာဘူး။ လူဖြစ်တယ်ပဲထားဦး သာသနာကျန်သေး တယ်ပဲထားဦးဒီ ကမ္ဘာမှာ ထေရဝါဒနည်းနည်းလေး ပဲကျန်တဲ့ မြန်မာပြည်ကွက်ကွက်ကလေးမှာ လာဖြစ်ဖို့ ရာနှုန်းနည်း နည်း လေးအကျဉ်းချုပ် ကြည့်တော့ သေလွန်ပြီးရင် သာသနာမပျက်ခင် သာသနာ ရှိတဲ့နေရာ မှာ လူလာဖြစ်ဖို့ဟာ ရာခိုင်နှုန်း မရှိသလောက်ပဲ။ ဒါက ဘာကို ထပ်ပြီးညွှန်းသလဲ ဆိုတော့ ဒီဘဝမှာမှ သံသရာကမထွက်ရင် ခုလက်ရှိ ဒီတစ်ကမ္ဘာစာတော့ထွက်ပေါက်မရှိတော့ဘူး။ နောက်တစ် ကမ္ဘာမှာ နောက်ဘုရားတစ်ဆူပွင့်ဖို့ပဲ စောင့်ရတော့မယ်။ ဒီလောက်အရှည်ကြီး ပြော လာတာ ဆရာကြီးလုပ်တာလည်းမဟုတ်ပါဘူး။တရားတွေ သိလှချည်ရဲ့လို့လည်း ပြောနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဆိုသူတွေကို အချိန်မရှိတော့ ဘူးဆိုတာ သတိပေး ချင်တာပါ။)))))


ဟုတ်ကဲ့ရှင် ကျမတို့သာသနာတော်အတွက် စိတ်မပူပါနဲ့ .... ကိုယ့်ဘာသာကိုယ်ပဲ ဝေဖန်ခံနိုင်အောင် ....  သူများတွေစောတက တက်တာတွေ ကို တိတိကျကျဖြေရှင်း နိုင်အောင် ...အနဲဆုံးတော့ ကိုယ့် တမန် ဘယ်နေ့မွေးလဲ ဆိုတဲ့ရှင်တို့တမန်မွေးနေ့ လေး  လောက် သိအောင် ပဲအရင်ကြိုးစားသင့်တာပေါ့ရှင် ။
……………………………………………………………………………………………………
 ကျမတို့သာသနာတော် အနှစ် ( ၅၀၀၀)ဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပါ့မယ်....

ဒီနေရာမှာ ဘုရားဟောအစစ်နဲ့ ပြန်ရေးထားတဲ့ ကျမ်းတွေကိုခွဲခြားသိဖို့လိုမယ် ရှင်.. ပိဋကတ် ( ၃ ) ပုံ ဘုရားဟောအစစ်တွေ မှာ ဘုရား ရှင် က ဘယ်နေ ရာမှာဘယ်အကြောင်းကြောင့် ဘယ် သူ့ ကို ဘယ်လိုဟောပါတယ်လို့ ပါပါတယ်. ..။ အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသ အဋ္ဌ ကထာကို မြန်မာလိုပြန်ပြီး ရေးထား တဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိ ပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်´´။ ``နာလာ ဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ် ရဟန်းတော် အရှင်မဟာနာမဆိုသူက ရေးသားခဲ့တာပါ။ အဲ့ဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ ၊ ဋီကာတွေ ကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော် က (ဇိနတ္ထ ပကာသနီ ကျမ်း) ကို ရေးသားပြုစုခဲ့ပါတယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတ ဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ အဲ့ဒီကျမ်းက စကားတွေကို ဖတ်ပြီး ဗုဒ္ဓဘုရားဟော တာပါ ဆိုပြီး ဝေဖန် ရင်တက်တက်စင်မှားမှာပေါ့...။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေး ဆရာ တွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ပဲ သူတစ်ပါး ဘာသာ ကို ရှုံ့ချချင်ဇော နဲ့ ရေးထားတယ်ဆိုတာပြရာရောက်ပါလိမ့် မယ်။ ဗုဒ္ဓစာပေမှာ ဘုရားဟော မဟုတ်တဲ့ ဋီကာ အဌကထာ တွေမှာ လက်တွေ့နဲ့ သိပ္ပံနဲ့လုံးဝမကိုက်ညီတဲ့ အပိုင်းတွေပါနေပါတယ် ... ဘုရားဟော တပိုဒ်လောက်လေးကို ခေါင်းစဉ်တပ်ပြီး ဇတ်လံမ်းတစ်ခုလုံးကို အဌကထာဆရာ ဗြဟ္မဏတွေက ဇတ်လမ်းဆင် လက်စွမ်းပြထားတာပါ ... လက်မခံပါဘူးရှင် ။


 **** တစ်ကယ်တော့ သာသနာအနှစ် ( ၅၀၀၀ ) ဆိုတာ သာသနာတော်သက် တမ်း( ၅၀၀၀ ) ပဲရှိမယ်လို့ပြောတာမဟုတ်ရပါဘူး ….
 သာသနာနှစ်ငါးထောင် သာတည်တံ့မည် ဆိုသော ကျမ်းအထောက်အထား ပိဋကတ်ပါ ဠိတော်ရင်း၌ မရှိပါရှင်…..  အဋ္ဌကထာများ၌သာ တွေ့ရှိ ရပါသည်။
 အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအားဖြင့်-
(၁) ပဋိသမ္ဘိဒါပတ္တ-ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။

(၂) ဆဠာဘိည-အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၃) တေ၀ိဇ္ဖက-၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၄) သုက္ခ၀ိပဿက-ဈာန်မရသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
(၅) ပါတိမောက္ခသံဝရသီလခေတ်-ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေသေးသောခေတ် နှစ်ပေါင်း ၁၀၀၀။ စုစုပေါင်း ၅၀၀၀။
 ဆိုလိုတာက ဘုရားရှင် ပရိနိဗ္ဗန်ပြုပြီး ....
( ၁ ) ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
 ( ၂ ) အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
( ၃ ) ၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
( ၄ ) ဈာန်မရသော ရဟန္တာများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
( ၅ ) ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေထိုင် သော ရဟန်းများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ၁၀၀၀။
ဆိုပြီး နှစ်ပေါင်း  ( ၅၀၀၀ ) အတွင်း နှစ်တစ်ထောင်စီအလိုက် ရှိလာမယ့်ပုဂ္ဂိုလ်မြတ်တွေ ကို ပြောတာ လို့ယူဆရမှာပါ...။
ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ ဘုရားရှင် တစ်ကယ်ဟောခဲ့တာက..  (သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်(မိ မိတရားထူးရပြီး ထိုတရား အား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရားထူးရကြမယ်) ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး) လို့ သုဘဒ္ဒ ပရိဗိုဇ် အားမိန့်တော်မူ ထား ပါတယ်။
 ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောကော၊ အရဟန္တေဟိ အဿတိ။ ( ဒီဃ-ဋ္ဌ ၁၈၁)၊ အံ-ဋ္ဌ ၁-ရ၂)  ဟူသော....
ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ်ဆိုရင်တော့ အရိယာများ မဆိတ် သုဉ်းနိုင် ပါဘူး၊ ရှိနေဦးမှာပါဆိုတာပါပဲ။ ကျင့်ကြံသူတွေ ရှိနေသရွေ့ရဟန္တာပုဂ္ဂိုလ်တွေ နှင့်  သာသနာတော် သည်  လောကကြီး၌ မဆိတ်သုဉ်းနိုင်ပါ။ ကျင့်ကြံကြသူတွေ ရှိနေကြသမျှကာလပတ်လုံး  သာသနာတော် တည်တံ့နေမည် ဖြစ်ပါသည်။ မကျင့်ကြံ မလိုက်နာသူတွေအတွက်ကတော့ သာသနာမရှိပါ။ မတည်ပါ လို့ပဲ ဟောခဲ့တာပါ .... ဒါကြောင့် သာသနာတော် သက်တမ်း ( ၅၀၀၀ ) ပဲရှိမှာပါလို့ ဘုရားဟောမှာရော အဌ ကထာ တွေမှာပါလုံးဝမရှိပါရှင်....။

No comments:

Post a Comment