★ ★ ★ ၂။ ကိလေသမာန်ကိလေသာမာန် ( ၁၀ ) ပါးရှိပါတယ် ... အကျယ်ချဲ့လိုက်ရင် အပါး ( ၁၅၀၀ )ပေါ့
.
★ ★ ( ၁) လောဘ
လိုချင်တပ်မက်ခြင်း
.
★ ★ ( ၂ ) ဒေါသ
အမျက်ထွက်ခြင်း
.
★ ★ ( ၃ )မောဟ
တွေဝေမိုက်မဲခြင်း
( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးတတ်ပါတယ်။
အ၀ိဇ္ဇာ နဲ့ မောဟ ကိုခွဲခြားသိစေချင်ပါတယ် ...
သစ္စာ(၄)ပါး ကို မသိခြင်းဟာ အ၀ိဇ္ဇာ ပါ ဒိဌိနှင့်ဆက် နွယ်ပါ တယ် ..
... ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေေ၀ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊
ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ် ၊ အကုသိုလ်ဟုခွဲခြား မသိခြင်းကို မောဟ လို့ခေါ်တာပါ ။
★ သစ္စာ ( ၄ ) ပါးကို မသိလျှင် သံသရာလည်ပြီး မောဟများလျှင်တော့ အပယ်လားမှာပါ ကျိန်းသေပါတယ်။
.
★ ★ ( ၄ ) မာန
ပလွှားခြင်း မာနထောင်လွှားခြင်း ( မာန ဆိုသည်မှာ မာန် ပင်ဖြစ်ပါသည် ... မာနကြီးနေသည် မာန်ကြီးနေ
သည်ပေါ့ ။ )
.မာန ဆိုတဲ့ မာန် (၃) မျိုး ရှိပါတယ် ...
.
★ (၁)သေဌမာန်
ငါသာမြတ်၏ ဟု မာန်တက်ခြင်း
★ (၂)သဒိသမာန်
ငါနှင့် တန်းတူ၏ ဟု မာန်တက်ခြင်း
★ (၃)ဟိနမာန်
ငါကား နိမ့်၏ ၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို ဟု မာန်တက်ခြင်း တို့ဖြစ်ပါသည်။
.
မာန်တက်စေတဲ့ အချက် (၃) ချက် ရှိပါတယ်
.
★ (၁)ဇာတိမာန်
ဇာတ်ကို စွဲ၍ မာန်တက်ခြင်း
★ (၂)ဣဿရိယ မာန်
သြဇာ အာဏာ ကို စွဲ၍ မာန်တက်ခြင်း
★ (၃)ဂေါတ္တမာန်
အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်ပါတယ်
.
★ ★ ( ၅ ) ဒိဌိ
မိစ္ဆာ ဒိဌိ လို့ခေါ်တဲ့ အယူမှားခြင်းပါ ( ဒိဌိ အမျိုးပေါင်း ၆၂-ပါး ရှိပါတယ် )
.
ခန္ဓာ အ၀ိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ
ဟူ၍ ဒိဌိ ဖြစ်ကြောင်း ( ၈ ) ပါးရှိပါတယ်

★ ၁။ ခန္ဓာ၏ ဖြစ်ကြောင်းကို မသိလျှင် ဒိဌိ ဖြစ်မည်။
★ ၂။ အ၀ိဇ္ဇာ၏ အကြောင်းကိုမသိလျှင် ဒိဌိ ဖြစ်မည်။
★ ၃။ ဖဿ (ထိတွေ့ခြင်း ကြောင့်)ဒိဌိ ဖြစ်မည်။
★ ၄။ အမှတ်မှားလျှင် ဒိဌိ ဖြစ်မည်။
★ ၅။ အကြံအစည် မှားလျှင် ဒိဌိ ဖြစ်မည်။
★ ၆။ နှလုံး သွင်းမှာလျှင် ဒိဌိ ဖြစ်မည်။
★ ၇။ အပေါင်းအသင်းမှားလျှင် ဒိဌိ ဖြစ်မည်။
★ ၈။ သူတစ်ပါး တရားအနာ မှားလျှင် ဒိဌိ ဖြစ်မည်။

★ ★
( ၆ ) ၀ိစိကိစ္ဆာ
တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော ကိုပြောတာပါ)
.
ဝိစိကိစ္ဆာ ဖြစ်ကြောင်းတရား ( ၈ ) ပါး ရှိပါတယ် ဒီတရား ( ၈ ) ပါးကို အမှီပြုပြီး ဖြစ်တာပါ
★(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဥာဏ်တော်များ နဲ့ ပတ်သက်၍ ၄င်း ၊

★(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၄င်း ၊
★(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၄င်း ၊
★(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၄င်း ၊
★(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
★(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၄င်း ၊
★(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၄င်း ၊
★(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၄င်း ၀ိစိကိစ္ဆာ ဖြစ်လာပါသည်။
ဒိဌိ နဲ့ ၀ိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီဖြစ်ပါသည်
.
★ ★( ၇ ) ထိနမိဒ္ဓ
.
★ ★( ၇ ) ထိနမိဒ္ဓ
ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘ၀မှ ဖြစ်လာသောသူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပု
ဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးပါတယ် )
.
★ ★( ၈ ) ဥဒ္ဓစ္စ
ဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးပါတယ် )
.
★ ★( ၈ ) ဥဒ္ဓစ္စ
စိတ်ပျံ့လွင့်ခြင်း ။
.
★ ★ ( ၉ ) အဟိရိက
.
★ ★ ( ၉ ) အဟိရိက
မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။
.
★ ★( ၁၀ ) အနောတ္တပ္ပ
.
★ ★( ၁၀ ) အနောတ္တပ္ပ
မကောင်းမှုလုပ်ခြင်းကို မကြောက်ခြင်း ။
.
၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါသည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲ
လို့ရပါသေးတယ်။ ကိလေသာ ( ၃ ) မျိုးရှိပါတယ် ...။
.
ကိလေသာ (၃)မျိုး
.
★(၁) ၀ိတိက္ကမ ကိလေသာ
.
၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်ပါသည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲ
လို့ရပါသေးတယ်။ ကိလေသာ ( ၃ ) မျိုးရှိပါတယ် ...။
.
ကိလေသာ (၃)မျိုး
.
★(၁) ၀ိတိက္ကမ ကိလေသာ
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက်
ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
.
★(၂) ပရိယုဌာန ကိလေသာ
ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
.
★(၂) ပရိယုဌာန ကိလေသာ
မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )
.
★(၃) အနုသယ ကိလေသာ
.
★(၃) အနုသယ ကိလေသာ
သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်
ကျုးလွန်တတ်သော ကိလေသာ ။ ( ၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)
ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်ပါသည်။
အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပြတ်အောင် ဖြတ်နိုင်ပါမည်ဟု မှတ်စုစာအုပ် ဘလော့တွင်ဖတ်ဖူးပါသည်။
.
★ ★ ★ ၃။ အဘိသင်္ခါရမာန်
ဘ၀သစ်ဖြစ်ရန်စီမံပေးတဲ့ လောကီ ကုသိုလ်၊ အကုသိုလ်ကံများ၏ ပြုင် စီရင်မှု ဆိုတဲ့သင်္ခါရတရား တွေကိုခေါ်တာပါ
.
သင်္ခါရ တရားကို (၃) ပါး ရှိပါတယ်
★ ★(၁) ပုညာဘိ သင်္ခါရ
.
သင်္ခါရ တရားကို (၃) ပါး ရှိပါတယ်
★ ★(၁) ပုညာဘိ သင်္ခါရ
မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
.
★ ★(၂) အပုညာဘိ သင်္ခါရ
.
★ ★(၂) အပုညာဘိ သင်္ခါရ
အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။
.
★ ★(၃) အာနဉ္ဇာဘိ သင်္ခါရ
.
★ ★(၃) အာနဉ္ဇာဘိ သင်္ခါရ
အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ တို့ဖြစ်ပါတယ် ။
.
ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (၀ါ) သတ္တ၀ါ၏ ကာယ၊ ၀ါစာ၊ ဥာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။
.
သင်္ခါရတရားဖြစ်ကြောင်း ကံ ( ၄ ) ပါး ရှိပါတယ်
ကံ ( ၄ ) ချက် ပေါ်မူတည်ပြီး ဖြစ်ပျက်တာပါ ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ရဲ့ အတိုချုပ်ပေါ့
.
★( ၁ ) ဒိဌဓမ္မ ဝေဒနိယ ကံ

ချက်ချင်းလက်ငင်း အကျိုး ပေးသောကံ
.
★( ၂ ) ဥပ ပဇ္ဇဝေဒနိယ ကံ
.
★( ၂ ) ဥပ ပဇ္ဇဝေဒနိယ ကံ
ဒုတ်ယဘ၀မှာ အကျိုး ပေးသော ကံ
.
★( ၃ ) အပရာပရိယ ဝေဒနိယ ကံ
.
★( ၃ ) အပရာပရိယ ဝေဒနိယ ကံ
ချက်ချင်းလက်ငင်း ယခုဘ၀ရော ၊ နောင်ဘ၀မှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘ၀မှသည် ကံပိုင်ရှင်
ထိုလူသား နိဗ္ဗန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည့်ကံ
.
★( ၄ ) အဟောသိကံ
ထိုလူသား နိဗ္ဗန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည့်ကံ
.
★( ၄ ) အဟောသိကံ
ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ.
ဖျက်ဆီးခြင်း ခံလိုက်ရသော တို့ဖြစ်သည်။
.
(((( မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘ၀ကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ ))))
.
((((( ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်ငြားလည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။ သို့သော် ငရဲမှလွတ်သောအခါ ၀ိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်ဟု အဆိုရှိပါသည် ။ ))))))
.
★ ★ ★၄။ မစ္စုမာန်

ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘ၀အား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။
.
လူတွေအားလုံးဟာ မွေးဖွားခြင်း အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရတာပါ
ဒီအကြောင်း ( ၄ ) ပါးကတော့
.
★ ★(၁) အာယုက္ခယ
.
လူတွေအားလုံးဟာ မွေးဖွားခြင်း အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရတာပါ
ဒီအကြောင်း ( ၄ ) ပါးကတော့
.
★ ★(၁) အာယုက္ခယ
အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
.
★ ★(၂) ကမ္မက္ခယ
.
★ ★(၂) ကမ္မက္ခယ
ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
.
★ ★(၃) ဥဘယက္ခယ
.
★ ★(၃) ဥဘယက္ခယ
အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )
.
★ ★(၄)ဥပစ္ဆေဒက
.
★ ★(၄)ဥပစ္ဆေဒက
အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) …တို့ဖြစ်ပါတယ်။
.
မည်သို့ဆိုစေ သေခြင်းကို သတ္တ၀ါတို့ ကြောက်ကြသည်။ကြောက်ရခြင်းမှာလည်း
သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်ပါသည်။
.
★ ★(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။

★ ★(၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊
★ ★(၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊
.
★ ★(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊
★ ★(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊
.
★ ★(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း တို့ဖြစ်ပါသည်။
★ ★(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း တို့ဖြစ်ပါသည်။
.
★ ★ ★၅။ ခန္ဓမာန်
★ ★ ★၅။ ခန္ဓမာန်
ရဟန္တာမဖြစ်မီ အတွင်းကာလမှာ အဘိသင်္ခါရကံတို့ရဲ့ စီမံချက်အရ ဘ၀သစ်ဖြစ်ရလတ္တံ့သော ခန္ဓာငါးပါးတို့ကို အောင်နိုင်သောမာန်ကို ခန္ဓမာရ်လို့ ခေါ်တာပါ
.
ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ်ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည်အမှန်ပင်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ်ဖြစ်သည်ကို သိမြင်အောင်နိုင် သောမာန် ခန္ဓမာရ် ဟုခေါ်ခြင်းပါ ။
..
ဒီလောက်ဆိုမာရ်ငါးပါးအကြောင်း နဲနဲသဘောပေါက်ပြီထင်ပါတယ် ....
.
ချမ်းမြေ့ကြပါစေရှင် ...

No comments:
Post a Comment