Sunday, June 14, 2015

အ င်္ဂု လိ မာ လ




အင်္ဂုလိမာလ ရေးပေးပါလို့ပူဆာနေတဲ့ မောင်လေးညီမလေးတွေအတွက်ပါရှင် .... 
.
★ အရှင်ဘုရား .... မဟာရာဇာ ပသေနဒီကောသလ မင်းကြီး ကြွရောက်လာပါတယ် ....
★ ★ ★ သူဝင်လာပါစေ .... 
★ အရှင်ဘုရားကို ဦးတင် ရှိခိုးကန်တော့ပါတယ် ... 
★ ★ ★ မင်းမြတ် ... မေးလျှောက်လိုတာရှိလျှင် မေးလျှောက် နိုင်ပါတယ် ...
.
★ အရှင်ဘုရား ... တောပုန်းကြီး အဂုင်္လိမာလဟာ ရှောင်တိမ်းနေတာကြာခဲ့ပါပြီ .... ဒါပေမယ့် တပည့်တော် ကြားသိရတာကတော့ ... လူဆိုးကြီးဟာ အရှင်ဘုရားရဲ့ အရိပ်အောက်မှာ ရောက်ရှိနေတယ်လို့ သိရ ပါတယ် ဘုရား ...
.
★ ★ ★ မင်းမြတ် ... အင်္ဂုလိမာလဟာ ကျွန်နုပ်၏ အရိပ်အာဝါသ အောက်မှာ မရှိပါ ....
ရဟန်း အဟိံသက သာ ရှိပါ သည် ... သူဟာပြောင်းလဲသွားခဲ့ပေပြီ .... ။
.
★ အရှင်ဘုရား .... အပြစ်ရှိတဲ့သူဟာ ... နောင်တရပြီလို့ ပြောယုံနဲ့ ... အပြစ်ကလွတ်ရောလားဘုရား ။
ဒီလိုပုဂိုလ်မျိုးတွေကို ခွင့်လွှတ်နေရင် ... တိုင်းပြည်တစ်ခုကို ဘယ်လို အုပ်ချုပ်မလဲ ဘုရား ... ။
.
★ ★ ★ မင်းမြတ် .... သနားခြင်း ဂရုဏာထားခြင်း ခွင့်လွှတ်ခြင်းအားဖြင့် တိုင်းသူပြည်သားကောင်း အင်အားကို တိုးပွားစေ ပြီးတိုင်းပြည်ကို စောင့်ရှောက်နိုင် ပါတယ် .... ။
.
★ ဘယ်လိုဖြစ် နိုင်မှာလဲဘုရား ...
.
★ ★ ★ ဖြစ်နိုင်ပါတယ် မင်းမြတ် ... သနားခြင်း ဂရုဏာထားခြင်း ခွင့်လွှတ်ခြင်းဖြင့် မကောင်းမှုတွေကို တားမြစ်နိုင်ပါတယ် ...
.
★ ပြစ်ဒါဏ်မခံရဘို့ သာသနာဘောင်ဝင်ပြီး သာသနာတော်ကိုခုတုံးလုပ်ပြီး ဟန်ဆောင်တာလဲဖြစ်နိုင်ပါတယ် ။
.
★ ★ ★ ဘယ်နိုင်ငံမဆို နိုင်ငံရဲ့တာဝန်ဟာနိုင်ငံအကြီးအကဲနဲ့ဆက်နွယ်နေတယ် ...
ဥပမာတွေအများကြီး၇ှိတယ်မင်းကြီး .... 
ဘုရင်အများစုဟာ သူတို့မာန်မာနအတွက် စည်းကမ်းကို အကာအကွယ် ယူပြီး လူတွေကိုသတ်ဖြတ်ခဲ့ကြတယ် ... 
ဒါပေမယ့်သူတို့ဟာနောင်တမရခဲ့ကြဘူး ... ဒီလိုနည်းနဲ့ ပြည်သူတွေ ကိုခြိမ်းခြောက် ဘုန်းတန်ခိုးကိုတက်စေကြတယ်။
.
★ ★ အရှင်ဘုရား တပည့်တော်ဟာ လူသတ်သမား အမှန် စင်စစ်တစ်ယောက်ဖြစ်ပါတယ် ... ရက်စက်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ် ... 
ဒါဏ်ပေးသင့်ပါတယ် သေဒါဏ်ဖြစ်ရင်လည်းဖြစ်ပါစေဘုရား ... အပြစ်ဒါဏ်ခံယူရန်အသင့်ရှိပါတယ်ဘုရား ...
အခုတပည့်တော်မှာကြောက်စိတ်ဆိုတာမရှိတော့ပါဘူးဘုရား ... စိတ်မပူပန်တော့ပါဘူး ... ကြောက်ခြင်းမှလွတ်မြောက်နေပါပြီ ...
မင်းမြတ် အသင်ချမှတ်ထားတဲ့ဥပဒေအတိုင်းသာဆောင်ရွက်ပါ ။
.
★ ★ ★ သူဝန်ခံနေပြီမဟုတ်လား မင်းကြီး ... ဘာ့အတွက်နှောင့်နှေးနေတော့မလဲ ... ရဲမက်တွေကို ရာဇ၀တ်သားကို ဖမ်းဖို့အမိန့်ပေး လိုက်လေမင်းကြီး ...။
★ ရဟန်းမြတ် ... တထာဂတ မြတ်ဗုဒ္ဓက သင့်ကို ကယ်တင်ခဲ့လေပြီ ... သင် အပြစ်ဒါဏ်က လွတ်ငြိမ်းပြီ ...
မြတ်စွာသော အရှင်ဘုရား ... လူတွေမှာနောင်တ ရတတ်တဲ့စိတ် ရှိကြတာကို ယနေ့မှာ အရှင်ဘုရားကတပည့်တော်ကို သက်သေပြခဲ့ပါပြီဘုရား ...
ယနေ့စလို့ တပည့်တော်ဟာ နိုင်ငံကို မေတ္တာ ဂရုဏာ ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်နားလည်ခြင်း များနဲ့ အုပ်ချုပ်ပါ့မယ်ဘုရား ... 
တပည့်တော်ကိုသွားခွင့်ပြုပါဘုရား .... ဦးတင်ပါတယ်ဘုရား ။
.
အခန်း ( ၁ )
သူ ....
အင်္ဂုလိမာလ ... သို့မဟုတ် လက်ညှိုးများကို ပန်းကုံးအဖြစ် လည်မှာဆင်မြန်းသူ ... 
.
သူ့ကို လူတွေက လူဆိုးကြီးလို့ ခေါ်ကြတယ် ... တကယ်တော့ သူဟာ ရိုးဖြောင့်တဲ့  သာဝတ္ထိပြည်က ပုရောဟိတ် အမတ်ကြီးရဲ့သား သူဌေးသား လုလင် တစ်ယောက်ပေါ့ ....
.
ဒါပေမဲ့ ဆရာ့စကားကို ဦးထိပ်ထား လိုက်နာခဲ့တဲ့အတွက် တစ်နည်းပြော၇ရင် ဆရာတင်မှားတဲ့အတွက် သနားစရာ သိတ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ် ....
.
သူဟာ လူမှုရေး သိတတ်သူ၊ ကူညီချင်စိတ်ရှိသူ ဆရာကြီးနဲ့ဆရာကတော်တို့ရဲ့ ဝေယျာဝစ္စ ကို မငြီးမငြူ လုပ်ကိုင်ပေးလေ့ရှိသူ ပညာအရာမှာ ထူးချွန်ထက်မြက်သူ ... ဥာဏ်ရည်မြင့်မားသူ .... ဂါရ၀တရားနားလည်သူ .... တက္ကသီလာကျောင်းတော်မဟာမှာ ပညာအတော်ဆုံး ဖြစ်သူ စတဲ့ ကောင်းသတင်းများနဲ့ပျံ့နှံ့လို့  ဒိသာပါမောက္ခဆရာကြီးရဲ့ ကျောင်းတော် မဟာမှာ ကျောင်းသားတို့ အလယ် နာမည်ရခဲ့သူ ဆရာကတော်ရဲ့  အရေးပေးမှု ကို အများဆုံး ခံယူရသူတစ်ယောက်ပေါ့
.
ဒါ့ကြောင့် မလိုမူန်းထားသူ မျက်နှာမရသူ ကျောင်းသားအချို့ရဲ့ရံဖန်ရံခါ ကုန်းတိုက်မှုတွေကို ဒိသာပါမောက္ခဆရာကြီးက နားယောင်ပြီး .... မိမိဇနီးနဲ့ ဖောက်ပြန်နေသူလို့အထင်မှားကာ လက်ညိုးပေါင်း တစ်ရာ ဖြတ်မှ ပညာအကျိုးကိုရမယ် ပညာစောင့်ကိုပူဇော်ခြင်းမည်တယ် ဒါကြောင့် လက်ညှိုးတစ်ထောင် ရမှ ပြန်လာခဲ့လို့ ဆိုပြီး သူ့ကို ဥပါယ်တမျဉ်နဲ့  သူများသတ်လို့ သေစေတဲ့လမ်းကို ပို့လိုက်ပါတော့တယ် ...။
.
ဆရာအရှင်ဗြဟဏကြီးရဲ့စကားက မဟာဗြဟ္မကြီးနှုတ်ထွက်စကား လို့မှတ်ယူထားတာနဲ့အညီ သူဟာ ဆရာရဲ့စကားကိုမြေ၀ယ်မကျ နားထောင်လို့ တောပုန်းကြီးလုပ်ကာ ... လူတွေကိုသတ် လက်ညှိုးတွေဖြတ်ခဲ့တော့တယ် ...
.
ဒီလက်ညှိုးတွေကို နွယ်ကြိုးနဲ့သီတန်းပြီး .... လည်ပင်းမှာ ပန်းကုံးလို သီဆွဲထားလို့ သူ့ကို အင်္ဂုလိ = လက်ညှိုး ... မာလ = ပန်းကုံး ... လက်ညှိုးတွေကိုပန်းကုံးလိုသီ၍ဆွဲသူလို့ နာမည် ပေးကြတာပေါ့...။
.
ဒီလိုနဲ့ ... သူကျင်လယ်ကျက်စားတဲ့ ဇေတ၀န်တောထဲကို မဖြစ်မနေဖြတ်သန်း သွားကြတော့မယ်ဆိုရင် လူများဆိုရင်လဲ တစ်ကြိပ် နှစ်ကြိမ် သံဃာများလဲ တစ်ကြိပ်နှစ်ကြိပ် အစုအသင်းဖွဲ့ပြီး သွားရတော့တယ် ... လူအနည်းငယ်ဖြတ်သွားရင်တော့ တောပုန်းကြီးအဂ်ုလိမာလ လက်တွင်းကျရောက်ပြီး လက်ညှိုးအဖြတ်ခံရပါတော့တယ် ...
.
အတင့်ရဲပြီး ဆိုးရွားလာတဲ့တောပုန်းကြီးဟာ သူကျင်လည်ကျက်စားရာတောထဲမှာ လူတွေဖြတ်မသွားတော့ ရွာနီးချုပ်စပ်တွေဝင်ပြီး လူတွေကိုဖမ်းသတ် ပြီး လက်ညှိုးတွေဖြတ်ပါတော့တယ် ...
.
ပြည်သူတို့လည်း သည်းမခံနိုင်တာကြောင့် ကောသလမင်းကြီးအာ အဂုင်္လိမာလုကို ဖမ်းဆီးရန် ဆူပူတောင်းဆိုကြပါတော့တယ်။ဒါကြောင့် ကောသလမင်းကြီးဟာ သူ့စစ်တပ်နဲ့ အင်္ဂုလိမာလကို တောနင်းရှာဖွေ ကွပ်မျက်ဖို့ အမိန့်ထုတ်လိုက်ပါတော့တယ် ...။
.
အခန်း ( ၂ )
ဗုဒ္ဓ ....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နေ့စဉ်ပြုမြဲအတိုင်း ... ဗုဒ္ဓကိစ္စ ငါးပါးထဲက ... အာရုဏ်တက်ချိန် ... သမာပတ်ဝင်စားရာမှ အထ ... ယနေ့ ကျွတ်ထိုက်သူ ချွေချွတ်ရမယ့်သူကို ဥာဏ်တောနဲ့သုံးသပ်တော်မူတဲ့အခါမှာ .... တောပုန်းကြီးအင်္ဂုလိမာလကို မြင်တော်မူပါတယ် ...
.
ဒီလိုပဲ .....
ပုရောဟိတ်ကြီးရဲ့ဇနီး တောပုန်းကြီးရဲ့ မိခင်ကြီးဟာ လည်း ဘုရင်ကတောနင်းရှာနေပြီဆိုတာ သိတဲ့အတွက် သားအတွက် ရတက်မအေး ...သားလေး ဟာပုန်းအောင်းနေရတဲ့အတွက် အစာရေစာငတ်ရှာမှာပဲဆိုစဉ်းစားပြီး ... သားကို ချော့ခေါ်ရန်စားသောက်ဖွယ်ရာတွေနဲ့ တောထဲသို့ လိုက်သွားပါတော့တယ် ။
.
အခြားတစ်ဖက်မှာလဲ ....
အဂုင်္လိမာလဟာ ဂူထဲမှာပုန်းအောင်းနေရင်း အပြင်ကိုလှမ်းကြည့်ပြီး တွေးတာပေါ့ .... 
အင်း ခုဆို ငါဟာဘုရင့်တပ်ကိုရှောင်တိမ်းနေရတာ ရက်တွေအတော်ကြာခဲ့ပြီ ....
တက္ကသီလာက ဆရာအရှင် ဗြဟ္နဏကြီး သတ်မှတ်ထားတဲ့ တစ်နှစ်ဆိုတဲ့အချိန်ဟာလဲ သဘက်ခါဆိုပြည့်ပြီ ...
လက်ညှိုးတွေကလည်းပြည့်ဖို့ တစ်ယောက်သာလိုတော့တယ် ...
ဟော .... ဟိုမှာ တရွေ့ရွေ့လာနေတာ ဘယ်သူပါလိမ့် ... အော် ... အမယ်အိုတစ်ယောက်ပဲ 
သူဟာ မကြောက်မရွံ့ငါနေတဲ့တောကို ဘယ်လိုသတ္တိနဲ့ အဖော်မပါ တစ်ကိုယ်တည်းလာဝံ့တာတုန်း ...
.
ဟင် ... မိခင်ပါလား .... 
ငါက မိခင်ကိုသတ်ပြီး ငါ့ပညာအကျိုးရဘို့ လုပ်ရမှာလား ... မဖြစ်သေးပါဘူး ...
အင်း .. တစ်ကယ်တော့ မိခင် ဖခင်ဆိုတာ မဟာဗြဟ္မာကြီးဖန်ဆင်းထားတာပဲ ... တစ်လောကလုံးမှာ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးကသာ မိခင်ဖခင်စစ်စစ်ဖြစ်တယ်တဲ့ ...
လူသားမိခင် ရဲ့သားသမီးဆိုတာ ... သူတို့အိုမင်းမစွမ်းရှိရင်သူတို့ကိုပြုစုဖို့ ... မဟာဗြဟ္မာကြီးဆီက တောင်းလို့ ... မဟာဗြဟ္မာကြီးက လက်ဆောင်ပေးထားတာပဲ ... 
ဒါကြောင့် သူတို့ရဲ့ကျေးဇူးမရှိဘူး ... အခုကြည့်စမ်း လက်ညှိုးတစ်ထောင်ပြည့်ဘို့တစ်ယောက်ပဲလိုတော့တယ် ... သတ်မှတ်ထားတဲ့ရက်ကလဲ ပြည့်တော့မယ် ... တိုက်တိုက်ဆိုင်ဆိုင် မိခင်ဟာလဲ တစ်ယောက်ထဲ ရောက်လာတယ် ... 
ဒါဟာ ... မဟာဗြဟ္မာကြီးရဲ့အလိုကျ ဖြစ်မှာပဲ ... သူမိခင်ကိုကောင်းကင်ဘုံပြန်ခေါ်တာပေါ့ ... ငါ့ကိုလဲပညာအကျိုး ..တန်ခိုးတစ်ခုခုပေးတော့မှာ ... ဒါကြောင့်မိခင်ကိုသတ် လက်ညှိုးတွေဖြတ်ပြီး မဟာဗြဟ္မာကြီးကိုပူဇော်ရမယ်။ 
လို့တွေးပြီး မိခင်ကို တရစပ်လိုက်ပါတော့တယ် ....
.
မိခင်လဲ ပြောင်းလဲလွန်းသွားတဲ့သူ့သားကိုကြောင်ကြည့်နေရာက သတိဝင်ပြီး လာရာလမ်းကိုလှည့်အပြေး ....
ရှေ့တူရူကနေ ... အေးချမ်းတဲ့ အပြုံးနဲ့ ... ဒေ၀တာတစ်ပါးလို စွမ်းအားတွေနဲ့ပြည့်စုံပုံရတဲ့ မျက်နှာတော်နဲ့ဗုဒ္ဓကိုမြင်တော့ ... အမယ်အိုဟာ ဗုဒ္ဓရဲ့နောက်ကိုပြေးပြီးပုန်းတော့တာပေါ့ ...
.
★ ★ အဟား .... ရှင်ကြီးဂေါတမပါလား .... မိခင် အသင် လွတ်ရာကိုပြေးပါတော့ မိခင်ကိုကျုပ်မသတ်တော့ဘူး ... ရဟန်းကြီးဂေါတမ လက်ညှိုးတွေနဲ့ပူဇော်ရမယ် ... သူဟာ မဟာဗြဟ္မာကြီးကိုဆန့်ကျင်သူ ... 
.
ဆိုပြီး အဂုင်္လီမာလဟာ မိခင်နောက်ကို မလိုက်တော့ပဲ ဗုဒ္ဓနောက်ကို လက်ညှိုဖြတ်ဖို့ လိုက်ပါ
တော့တယ်။
.
★ ★ ရဟန်းကြီးဂေါတမ ... သင်လွတ်အောင်ပြေးတော့ ... သင့်ကို ကျွန်ုပ်သတ်ရလိမ့်မယ် ...
.
ဗုဒ္ဓကမပြေးတဲ့အပြင် တောပုန်းကြီးရှိရာကို တစ်လှမ်းချင်းလှမ်းလာပြီး သူ့ရှေ့နားအရောက်မှာ ရပ်လိုက်တယ် ...
.
★ ★ ★ သင်ဘာအလိုရှိလဲ အင်္ဂုလိမာလ
.
★ ★ သင့်ရဲ့လက်ညှိုးတွေဖြတ်ပြီး ဆရာအရှင်ကိုဆက်သချင်ပါတယ် ...
.
★ ★ ★ ဒါဆိုဘာလို့အချိန်ဖြုန်းနေရသလဲ ... ဘာလို့နှောင့်နှေးနေမှာလဲ ... သင့်ဆန္ဒအတိုင်း ပြုလော့ အင်္ဂုလိမာလ ... 
. 
★ ★ ဟင် ... အသင်က ကျွန်ုပ်ကိုမကြောက်ဘူးလား ... ကျွန်ုပ်နာမည်ကြား လူသားအားလုံးကြောက်ရွံ့ တုန်းလှုပ်ကြ စမြဲပဲ .... အသင်ကဘာလို့မကြောက်သလဲ ...
..
★ ★ ★ ကြောက်နေသူက သင်သာလျှင်ဖြစ်တယ်ချစ်သား ... 
သင်ကိုယ်တိုင်ယ္ခုကြောက်လန့်ပြီးစိတ်မငြိမ်မသက်ဖြစ်နေတယ် ...
သင့်ရဲ့လူသတ်ချင်တဲ့စိတ်ထဲမှာကြောက်လန့်မှုတွေပါနေတယ် ...
သင့်ဆန္ဒပြည့်ရင်လည်းသင်သတ်ဖြတ်ခဲ့လို့ နောင်တရနေမယ် တစ်ဘ၀လုံး ယူကျုံးမရဖြစ်နေမယ် ... လူတောမတိုးဝံ့ပဲကြောက်လန့်နေမယ်သူဟာသင်ပဲ 
သင်သာလျှင် ကြောက်လန့်ပြီးပုန်းအောင်းနေရတယ် ...
သင်သာလျှင်ကြောက်လန့်ပြီး ...လူ့အသိုင်းအ၀ိုင်းထဲမလာဝံ့ဘူး ...
ဘာကြောင့်လဲသိလား သင်ဟာအကြမ်းဖက်တဲ့ဝါဒကို စွဲကိုင်ထားလို့ပဲ ... ဒီအတွက် သံသရာမှာသင့်ဆီကိုတစ်ကျော့ပြန်ဝဋ်လည်လာလိမ့်မယ် 
သင့်ဆန္ဒပြည့်ဝသွားပြီး လက်ညှိုးအရေအတွက်ပြည့်လျှင်ရော ... သင်လူကြားထဲထွက်ဝံ့သလား အင်္ဂုလိမာလ...
.
★ ★ ရဟန်းကြီး ... သင်ဟာ ကျွန်ုပ်ရဲ့အချိန်တွေကိုဖြုန်းနေတာပဲ ... ကျွုပ်မှာအချိန်မရှိတော့ဘူး ... သင့်လက်ညှိုးတွေဖြတ်ပြီး ... ဆရာအရှင်ဆီ ... သဘက်ခါအရောက်ခရီးပြင်းနှင်ရအုန်းမယ် ... ကဲငါဖြတ်ပြီ ..
ဆိုပြီးရှေ့တိုးလာတယ် ...
.
ဘယ်လိုပဲရှေ့တိုးလာပါသော်လဲ ... သူ့ရှေ့လက်တစ်ကမ်းက ဗုဒ္ဓဆီမရောက်နိုင်ဘူး ... ဗုဒ္ဓက ပြုံးပြီးရပ်ကြည့်နေတော်မူတယ် ... အနောက်မှာမိခင်အိုကြီးကငိုယိုတောင်းပန်လျှက်ပေါ့ ...
.
တောပုန်းကြီး စိတ်တိုသွားတယ် ...
★ ★ ရှေ့တစ်လံမှာရှိတဲ့ ငါ့ကိုရပ်ကြည့်နေတဲ့ ဗုဒ္ဓဆီ ဘာလို့မရောက်ရတာလဲ .... ငါစိတ်လောနေတာလား ... မအိပ်ရတာများလို့ ဇဝေဇ၀ါဖြစ်နေတာလား .... မဟုတ်လောက်ဘူး .....
.
ဒါနဲ့ သူသုတ်ခြေတင်လိုက်တယ် .... မရောက်နိုင်ပြန်ဘူး ...
ပြေးလိုက်တယ် ... ရှေ့တစ်လံကိုမရောက်နိုင်ဘူး ... 
ပိုဒေါသထွက်လာတယ် ... ဓါးကိုမြှောက်ပြီး အားကုန်ပြေးတယ် ... ဗုဒ္ဓနားမရောက်ဘူး ...
သူ အမောတွေဆို့ပြီး မပီမသ ထအော်တယ် ... 
. 
★ ★ ရဟန်းကြီးဂေါတမ ... မပြေးနဲ့ ... ရပ် ...
.
★ ★ ★ ချစ်သား ... ငါမပြေးဘူး ... သံသရာမှာပြေးနေသူဟာသင်ပဲ ... ငါကရပ်နေသူဖြစ်တယ်။
.
အင်္ဂုလိမာလ ချက်ချင်းတုန့်ကနဲရပ်သွားတယ် ... ပါးစပ်မှလဲ မပီမသ ... စကားတစ်လုံးကို အတန်အတန် အတော်ကြာတဲ့ထိ ရွတ်နေတော့တယ် ... 
.
★ ★ ဘုရား ဘုရား .... သံသရာမှာ ... ပြေးနေသူ ... ပြေးနေသူ ... တစ်သံသရာလုံး ... မွေးခြင်း သေခြင်းကြားထဲမှာ ... စုန်ဆန်ကူးလူး ပြေးနေသူ .... ဗုဒ္ဓ ... ဗုဒ္ဓအစစ်။
.
ပြီးတော့ ... မျက်ရည်ပြည့်လျှံတဲ့မျက်လုံးနဲ့ .... မိခင်ကိုတစ်လှည့် ... ဗုဒ္ဓကိုတစ်လှည့်ကြည့်ပြီး ...
. 
★ ★ မယ်မယ် ... အရှင်ဘုရား ... သားတော် ... တပည့်တော် ...ဘာလုပ်ရတော့မှာလဲဘုရား ....
.
အားလုံးကိုမြေကြီးပေါ်ပစ်ချပြီး ... ဗုဒ္ဓခြေဖမိုးပေါ်ဝပ်စင်းလျှက် ... မိခင်ကို ခြေထောက်ကိုဖက်ပြီး ... အားရပါးရင်ုချတော့တယ် ... 
. 
★ ★ ★ ချစ်သား ... အကြမ်းဖက်ဝါဒကိုစွန့်ပါ .... ဘ၀သစ်ကိုစတင်ပါ ....
.
★ ★ ဘယ်လိုဖြစ်နိုင်မှာလဲဘုရား ... 
.
★ ★ ★ သင့်စိတ်ရိုင်းစိတ်ယုတ်မာတွေကိုဖျောက်ခြင်းဖြင့် သင့်စိတ်ငြိမ်းချမ်းလာပါလိမ့်မယ် ... 
.
★ ★ သနားကြင်နာမှုနဲ့ဂရုဏာကိုပေးသနားတော်မူပါဘုရား ... 
.
ဗုဒ္ဓက ဧဟိဘိက္ခူ ... လို့ရွတ်ဆိုလျှက် ရဟန်းပြုပေးလိုက်ပါတယ် ... 
.
★ ★ ★ ချစ်သား ယနေ့ကစလို့သင်ဟာ ... အင်္ဂုလိမာလမဟုတ်တော့ဘူး အဟိံသကဖြစ်သွားပေပြီ ... အဟိံသက ... ဓမ္မလမ်းကြောင်းပေါ်ကိုလျှောက်ပါ ... နိဗ္ဗာန်ကိုရောက်ပါလိမ့်မယ်
.
★ ★ ဦးတင်ပါတယ်ဘုရား ....
.
အသျှင်အာနန္ဒာ ကိုယ်တော်မြတ်မှ ....
★ အရှင်ဘုရား ကျွန်ုပ်နှင့်အတူ ဒီမန္တာန်ကိုရွတ်ဆိုပါ ... တဲ့
★ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
★ ★ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
★ ဓမ္မံ သရဏံ ဂစ္ဆာမိ
★ ★ ဓမ္မံ သရဏံ ဂစ္ဆာမိ
★ သံဃာ သရဏံ ဂစ္ဆာမိ
★ ★ သံဃာ သရဏံ ဂစ္ဆာမိ .....
... 
တောပုန်းကြီးက နောက်က ညင်သာစွာလိုက်ရွတ်ဆိုတယ် ... 
သူ့မိခင်ကလည်း ပီတိမျက်ရည်တွေနဲ့ နောက်က လိုက်ရွတ်ဆိုလျှက် ......
.
ကဲရှင် ... သံသရာမှာ ဘယ်လောက်ကြာကြာ စုန်ဆန်ကူးလူး ပြေးလွှားနေကြ ဦးမှာတုန်း ( နူ နူးကအစ ) .... 
. 
သု ခိ အ တ္တာ နံ ပ ရိ ဟ ရ န္တု ....
.
ချမ်းမြေ့ကြပါစေရှင် ..... 
.
.



No comments:

Post a Comment