Monday, February 10, 2014

ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ ( ၁ )










ဘာသာခြားတစ်ယောက် ဆိုဒ်ကပါ ....
ဗုဒ္ဓဘာသာများအတွက် အမြင်မရှင်းသည့်မေးခွန်းများ ( ၁ ) ဆိုတာကို ဖြေပေးတာပါ ....

(((((( ဂေါတမ ဘုရားအလောင်းတော်ပါရမီဖြည်.စဉ်နောင်တော ဘုရားတွေနဲ.မဆုံတဲ. ဘ၀တွေမှာ ဘုရားလောင်းက မည်သည်. ဘာသာ ကိုးကွယ်သနည်း- အထောက်အထားလေးနဲ.ဖြေပေးစေချင်ပါသည်။ )))))

ဘုရားရှင်းက သူ့ကိုတောင်မကိုးကွယ်မဆည်းကပ်ခိုင်းပါဖူး ... သူ့အဆုံး အမ အတိုင်းသာ လိုက်နာစေခဲ့တာပါ... ဒါကလည်း သူ့ အကျိုးတစ်စက်မှမပါပါဘူး...

သက်သေအနေနဲ့ ပြောပြပါ့မယ် ... ဘုရားရှင်ကိုယ်တော်မြတ်အနားက မခွာနိုင်ပဲ ဘုရားရှင်ကို တစ်စိမ့်စိမ့်ကြည့် ရိုသေနေတဲ့ .... ဘာအားထုတ်ကျင့်ကြံမှုမှမလုပ်တဲ့ .... ၀က္ကလိရဟန်းတော်ကို ဆုံးမတော်မူခဲ့တာသက်သေတစ်ခုပါ ... ( ဗမ္မပဒ ပါဠိအဌကထာ ၂၅ ဘိက္ခုဝဂ်၊ ၀က္ကလိထေရ၀တ္ထု )

ဒါဆိုရင် မြတ်စွာဘုရားရှင်ဟာ ပုဂ္ဂိုလ်ကိုကိုးကွယ်စေသူမဟုတ်ပဲ ၀ါဒ အဆုံး အမနောက် ကိုသာ လိုက်စေချင်သူဆိုတာ ပေါ်လွင်ပါတယ်.. .

အလောင်းတော် နုစဉ် ကာလတွေ မှာတော့ ဘုရားရှင်တော်တွေနဲ့မတွေ့ခဲ့ရရင် မိစ္ဆာဒိဌိဖြစ်နိုင်ပါတယ်...
ဘုရားရှင်နဲ့တွေ့တာတောင် မိစ္ဆာာဒိဌိဖြစ်ခဲ့ကြောင်း ယစ်ထုတ်ကြီးဇာတ်တော် သက်သေရှိနေပါတယ်...

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

((((( ဂေါတမသည် ဘုရားအဖြစ် ဆုပန်ရာတွင် ဘုရားကိုလည်း ဖူးတွေ့မှ ဆိုသောကြောင့် ဦးဆုံးဘုရားသည် အဘယ်ဘုရားထံမှာ ဆုပန်ခဲ့သနည်း ။ )))))

ဟုတ်ကဲ့ပါ .... ဘုရားလောင်းများပါရမီဖြည့်ခဲ့တဲ့ ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်း ကာလမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်းဟာ ... စုစုပေါင်း (၅၁၂၀၂၈) ဆူရှိပါတယ်။

( ၁ ) ပါဠိလို စေတောပဏိဓာနခေတ် လို့ ပြောလို့ရတဲ့ စိတ်နှင့် ဘုရားဖြစ်ရပါလို၏လို့ ရည်မှန်းကျင့်ကြံ တဲ့ (၇) သင်္ချေအတွင်း ဘုရားပေါင်း (၁၂၅၀၀၀) ဆူ ပွင့်ခဲ့ပါတယ်။

( ၂ ) ပါဠိလို ဝါစာပဏိဓာနခေတ်လို့ခေါ်တဲ့ နှုတ်ဖြင့် ဆုတောင်းခဲ့တဲ့ (၉) သင်္ချေအတွင်း ဘုရားပေါင်း (၃၈၇၀၀၄) ဆူပွင့်ခဲ့ပါတယ်။

( ၃ ) ပါဠိလို ကာယာဝါစာပဏိဓာနခေတ်လို့ခေါ်တဲ့ လူအများသိတဲ့ ကိုယ်ရော နှုတ်ပါ ဆုပန် ပါရမီဖြည့်ခဲ့တဲ့ ကာလ((((ဘုရားတစ်ဆူဆူက ဘယ်ခေတ်ဘယ်ကာလမှာ ဘယ်လိုအမျိုးဘယ်လိုနေရာမှာ ဘယ်လိုအမည်နဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မယ်လို့))
ဗျာဒိတ်ပေးခံရပြီးမှဘုရားဖြစ်တဲ့ကာလ ကိုခေါ်တာပါ )))) အတွင်းမှာတော့ ဘုရားအဆူပေါင်း (၂၄) ဆူသာ ပွင့်ခဲ့ပါတယ်။ အဲဒီ ပါရမီဖြည့်စဉ် ကမ္ဘာပေါင်း သင်္ချေ (၂၀) နှင့် တစ်သိန်းမှာ ပွင့်ခဲ့တဲ့ ဘုရားအဆူပေါင်းက (၅၁၂၀၂၈) ဖြစ်လို့ သဗ္ဗုဒ္ဓေဂါထာမှာ ဘုရား ငါးသိန်းဆိုတာ ထည့်သွင်းထားတာပါ..။

ဒီတော့ ပထမဆုံး ( ၇ ) သင်္ချေ မှာ ပွင့်ခဲ့တဲ့ ဘုရား ( ၁၂၅၀၀၀ ) ဆူ ဟာ မိမိကိုယ်တိုင်စိတ်နဲ့ ဘုရားဖြစ်ရပါလို၏လို့ ရည်မှန်းကျင့်ကြံ ခဲ့တာပါ....။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

((((( ရုပ်၊ နံ မရှိဆိုသော ရူပ ဘုံ၊ အရူပဘုံမှ ရုပ်မှရှိ၊ နာမ်မရှိသည်ကို အဘယ့်ကြောင့်သတ္တ၀ါဟု သက်မဲ့ကို သုံးသနည်း။ သက်မဲ့သည် သတ္တ၀ါ မဟုတ်။ အကြောင်းပြချက် ခိုင်လုံစွာနှင့်ဖြေကြားပေးပါ။ )))))

ဖြစ်ရတယ်ရှင် ... ဦးစောမောင်ကသူ့ကိုသာသနာပိုင်ပေးတာကို မယူပဲခရစ်ယာန် ဘာသာ ကိုပြောင်းတဲ့အ တွက်လိုက်ဖမ်းလို့ ဒုက္ခသည်ဖြစ်ရတာပါဆိုတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်ကြီးက ... ရူပ ၊ အရူပ ဗြဟ္မာတွေကို သက်မဲ့လို့ ဘယ်လိုစိတ်ကူးနဲ့များပြောလိုက်တာတုန်း ဟင် .....

အရူပ ဗြဟ္မာဟူသည်မှာ ကိုယ်ကာယ မရှိ၊ ကြားနိုင်, မြင်နိုင်သော သဘောတရားမျှသာရှိပြီး ..... အရူပဗြဟ္မာများကား နာမ်တရားချည်းသာ ရှိကြောင်း ... ။ ရူပဗြဟ္မာသည် ရုပ်ရောနာမ်ပါရှိပြီး ပသာဒအားဖြင့်သာ စက္ခုနှင့်သောတ နှစ်မျိုးတည်းရှိကြောင်း၊ လည်း မှတ်သားမိပါသည်။

ဗြဟ္မာတို့၏သက်တမ်း .....

ဗြဟ္မာတို့၏သက်တမ်းများသည်.အလွန်ရှည်လျားကြသည့်အတွက်.အသင်္ချေယျကပ်.မဟာကပ်...တို့ဖြင့်တိုင်းတာကြ၏ ။

ကပ်တို့သည်..(၁ ) အာယုကပ်.( ၂ ) အန္တရကပ်. ( ၃ ) အသင်္ချေယျကပ် ( ၄) မဟာကပ်..ဟူ၍လေးပါးရှိ၏ ။

ထိုလေးပါးတို့တွင်.သတ္တ၀ါတို့၏သက်တမ်းအသီးသီးကို...အာယုကပ်...ဟုခေါ်၏ ။

လူတို့၏သက်တမ်းဖြင့်.အသင်္ချေယျတမ်းမှဆယ်နှစ်တမ်း.ဆယ်နှစ်တန်းမှအသင်္ချေယျတမ်းအထိ.ရှည်ကြာသောကာလ

ကို....အန္တရကပ်....တစ်ခုဟုခေါ်၏ ။

အန္တရကပ်....၆၄ ကပ်သည်..အသင်္ချေယျကပ်...တစ်ကပ်နှင့်ညီမျှ၏ ။

အသင်္ချေယကပ်လေးကပ်သည်...မဟာကပ်တစ်ကပ်.( ၀ါ ).တစ်ကမ္ဘာနှင့်ညီမျှ၏ ။

ဗြဟ္မာတို့၏ သက်တမ်းများမှာ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်၊ ကမ္ဘာဖြင့်သာ တွက်ရသည်။

ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာ သုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ၊
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ၊ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဇိုလ်နှင့် အသညသတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ၅-ဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အသီးသီး သက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၀၀၀၀ အသီးသီး ရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ၀ိတ္တတူပေါသထ သုတ်တို့၌ ဟောကြား ထားပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(((( လူသားအစ ဗြဟ္မာက ဆိုက ဗြဟ္မာအစ ဘယ်ကပါလဲ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် ဖြေကြားပေးပါ။ ))))

အဲ .... အဲ့ဒါ က ဗုဒ္ဓဘာသာအယူအဆမဟုတ်ပြန်ဖူး ....
ဟိန္ဒ္ဒူ ကမ္ဘာတည်ကျမ်း မှာပါတာလို့ထင်ပါတယ် ... အဲဒါတွေကို သီဟိုဠ် မှာ သံဃာယနာတင် တဲ့အချိန်မှာ.. သီဟိုဠ်ဟာ အိန္ဒိယရဲ့ ယဉ်ကျေးမှု လွှမ်းမိုးမှု ကိုခံခဲ့ရတယ် .. အဲဒီအတွက် ဗုဒ္ဓဘာသာ နှင့် အိန္ဒုမြစ်ဝှမ်းဒေသက ကျမ်းတွေနဲ့ရောယှက်တဲ့ ယုံကြည် မှုတွေရှိနေတယ်လို့ယူဆရမှာပါ - - -

နောက်ပြီး ၅၅၀ ဇတ်နိပါတ်....ဆိုတာကလဲ ... သီဟိုဠ် ဆရာတော်တွေက ဗုဒ္ဓလက်ထက်တော် ခေတ်အခါက ဟိန္ဒူဒေသ ပြီးတော့ သီဟိုဠ် ဒေသ က ဒဏ္ဍာရီပုံပြင် တွေကို ... သီဟိုဠ်သားတွေက.. ဇာတ်လမ်း အသွင်ပြန်ရေးခဲ့ကြတာပါ ။

တစ်ခါတစ်ရံလဲ ....မြတ်ဗုဒ္ဓက သတ္တ၀ါတစ်ဦး တစ်ယောက် ကိုဆုံးမ ရင်ထင်သာ မြင်သာ ရှိအောင်လို့ - - ဥပမာ ပေးပြီး ဆုံးမတဲ့ အဖြစ်အပျက် လေးတွေရှိခဲ့ပါတယ်.. ( ၅၅၀ ) နိပါတ်တွေထဲက ဗုဒ္ဓအဟောလား ... သီဟိုဠ် ဆရာတော်တွေ ထပ်ဖြည့်တဲ့ ဆုံးမစာ ဒဏ္ဍာရီ သက်သက်လားဆိုတာ .... ခွဲခြားလို့လွယ်ပါတယ်...။

ဒါကြောင့်သာ .... တိုင်းမသိ ဗာရာဏ မင်းမသိ ဗြဟ္မဒတ် ဆိုတဲ့ တကားပုံလေးတောင်တွင်ကျန်ခဲ့တာပေါ့...။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

((((( ကံတရားအတိုင်း လူသည် ခံနေရပါက အရင်ဦးဆုံးကံမရှိမီ အဘယ်က ကံရောက်လာပါသနည်း။ )))))

စင်္ကြာဝဠာ အနန္တ ..... သံသရာဆိုတာအစ အဆုံးး အစွန်းမထင် အနန္တလို့ ... မြတ်ဗုဒ္ဓဘုရားရှင် ကဟောခဲ့ပါတယ် ....။ ပြီးတော့ ဗုဒ္ဓက သေးနုတ် သိမ်ဖျင်း ပြီးလော ကီ လောကုတ္တရာအကျိုး ကိုမဲ့စေတဲ့ မေးခွန်းတွေ ..... သံသရာ လွတ်မြောက်ရာ လမ်းကြောင်းနဲ့ မဆိုင်တဲ့မေးခွန်းတွေကို မဖြေခဲ့ပါဖူး ....(ဧကောဓမ္မော) ...

ဒီတော့ ... မသိလို့မဖြေတာလို့ပြောစရာ ဖြစ်နေပါအုန်းမယ် .... တစ်ခါတစ်ရံမှာ ... မေးသူရဲ့ ... ပါရမီဟာ .... ဖြေမယ့်အဖြေကို နားလည်နိုင်မယ့် ဥါဏ်စဉ် ကျင့်ကြံမှု မပြည့်ဝရင်.... ဖြေလို့မရနိုင်ပါဖူး .... ။ ဆိုလိုတာ ဥါဏ်မမှီရင်ဖြေလို့မရပါဘူး... ၇ဟန္တာတွေကျ ပြန်တော့ .... မေးစရာကိုမလိုတော့တာပါ...။

ဥပမာ ... ( ၃ ) တန်းအောင် ခလေးတစ်ယောက်က .... အာခီမိဒီးစ် နိယာမ .... နယူတန်သီအိုရီ ...တွေကို မေးတဲ့အခါ ...ဆရာဟာဘယ်နည်းနဲ့မှဖြေနိုင်စွမ်းမရှိသ လိုပါ .... အနဲဆုံးးး (၈)တန်းတော့ အောင်သင့်တာပေါ့...။ ခွဲစိတ်ပါရဂူဘွဲ့မရပဲနဲ .... ( ၅) တန်းအောင်လောက်က.... သူကိုယ်တိုင်နှလုံးအစားထိုးခွဲစိတ်ချင်ပါတယ်ဆိုရင်.... ဆရာလက်မှိုင်ချရမှာပါ...။ တစ်ချို့ကိစ္စတွေ က ကိုယ်တိုင်သိအောင်လုပ်ရမှာ ပါ.... ဖြေလို့မရနိုင်ပါဘူး။

ချမ်းမြေ့ကြပါစေရှင် .....

No comments:

Post a Comment