Sunday, March 22, 2015

ဘာသာခြားမေးခွန်းများ အင်္ဂုလိမာလ



အလုံးစုံသိမြင်ပါတယ်ဆိုတဲ့ဗုဒ္ဓက အသျှင်အင်္ဂုလိမာလကို ပြောတယ်၊
မင်း သားဖွားရခက်နေတဲ့ ကိုယ်ဝန်သည်မိန်းမဆီကို သွားပြီး“နှမငါသည် မွေးဖွားသောအခါမှစ၍
သေစေလိုသော စေတနာဖြင့် သတ္တဝါတို့ကို သတ်ဖူးသည်ဟု မသိစဖူး၊ ထိုမှန်သော စကားကြောင့် သင့်အားလည်းကောင်း၊ ကိုယ်ဝန်သတ္တဝါအားလည်းကောင်း ချမ်းသာခြင်းသည်ဖြစ်စေသတည်း” လို့ ဆိုစမ်းကွာလို့...
အင်္ဂုလိမာလက ဘုရားကို ပြန်ပြောတယ်။

ဘုရား၊ ကျွန်တော်ကသတ္တဝါအများကြီးကို သေစေလိုတဲ့ စေတနာနဲ့ သတ်ခဲ့ဖူးတယ်လေ လို့ပြန်ပြောတယ်။
ဒီတော့မှ ဘုရားက အေးဒါဖြင့်ရင်“မွေးဖွားသောအခါမှစ၍” ဆိုတဲ့ နေရာမှာ“အရိယာဇာတ်ဝင် ဖြစ်သော အခါမှစ၍” လို့ အစားထိုးပြီးပြောလိုက်ကွာလို့ ပြန်ပြင်မိန့်ကြားတယ်။
(မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ၄- ရာဇဝဂ်၊ ၆-အင်္ဂုလိမာလသုတ်၊ အမှတ် ၃၅၁)

ကဲကျန်တာတွေထားအဲဒါသာကြည့်သူ့တပည့်ကသူ့ကိုပြန်ထောက်ပြနေရတယ်ဗုဒ္ဓရမ်းတုပ်ခဲ့တဲ့
သက်သေတစ်ခုပေါ့ဗျာ။

 ခိုးသားလူသတ်သမားတဖြစ်လဲ ရဟန်းအင်္ဂုလိမာလကို .. ရဟန်းတွေလူတွေအားလုံးက ရဟန္တာဖြစ် သွားတယ်လို့မထင်ကြပါဘူး ... 
မင်းဒါဏ်ကြောက်လို့ ရဟန်းဝတ်တယ်လို့ထင်ခဲ့တဲ့အတွက် မယုံကြည်ကြဘူး ... 
 ဒါကြောင့် ဘုရားရှင်က ရဟန်းရှင်လူ ပရိတ်သတ်အလယ်မှာ .... ရဟန်းအင်္ဂုလိမာလက ... ကံငါးပါးလုံတဲ့အကြောင်းကို သက်သေပြတော်မူချင်တာပါ ...။
ဗုဒ္ဓပြောသလို ... သူကသေစေလိုလို့သတ်တာမဟုတ်ပါဘူး ဆရာခိုင်းလို့ သတ်တာပါ လို့ လိမ်ညာခေါင်းရှောင်ရင် ရသားပဲ .... 
သူဟာ မဂ်ရပြီးသူဖြစ်တဲ့အတွက် ... ကံငါးပါးကို အသက်ထက် တန်ဘိုးထား ထိန်းသိမ်းတယ်ဆိုတာ ရဟန်းအင်္ဂုလိမာလ ပြန်ဖြေတဲ့စကားက သက်သေခံနေပါတယ် ...။  
=============================
ဒါကတော့ ခင်ဗျားတို့ဘုရားက ရဟန်းတွေကို မစင် စားခိုင်းတဲ့ သက်သေတစ်ခုပေါ့ဗျာ ... ကဲ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုရှင်းမလဲ လိမ်ကြပါအုန်း
.
၂၆၈။ တရံရောအခါ ရဟန်းတစ်ပါးကိုမြွေကိုက်၏ အကြောင်းကိုမြတ်စွာဘုရားအားလျှောက်တင်ကြကုန်၏ ...ဗုဒ္ဓက ရဟန်းတို့ ကျင်ကြီးကျင်ငယ် ပြာ မြေညက် စသောဆေးကြီးလေးပါး ကို ပေးစိမ့်သောငှာ ငါခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူ၏။
.
တရံရောအခါ ရဟန်းတစ်ပါးသည် အဆိပ်ကိုသောက်မိ၏ ... မြတ်စွာဘုရားအား အကြောင်းကိုလျှောက်တင်ကုန်၏ ရဟန်းတို့ကျင်ကြီးကိုသောက်စိမ့်သောငှာ ငါခွင့်ပြု၏ ဟု မိန့်တော်မူ၏။
.
၂၆၉။ တရံရောအခါ ရဟန်းတစ်ပါးသည် အိမ်ရှင်မပေးသော ပီယဆေးကြောင့် အနာဖြစ်၏ .... အကြောင်း ကိုလျှောက်တင် ကုန်၏ ရဟန်းတို့ ထွန်သွား၌ကပ်သောမြေကိုသောက်စိမ့်သောငှာ ငါခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူ၏

အင်း .... စာထဲမှာအဖြေက ပါပြီးသားလေ ....  ((( ရဟန်းတို့ ကျင်ကြီး ကျင်ငယ် ပြာ မြေညှက်ဟူသော ဆေးကြီးလေးပါးတို့ကို ပေးစိမ့်သောငှာ ခွင့်ပြု၏ဟု ( မိန့်တော်မူ၏))) ... တဲ့ ....
ရဟန်း တွေက ဒီအိမ်သုံးဆေးတွေသုံးရင် အာပါတ်ဖြစ်လား မဖြစ်လားလျှောက်ထားလို့ ခွင့်ပြုတယ်လို့ မိန့်တော်မူတာပါ။
.
တစ်ကယ်တော့ ... ဗုဒ္ဓက ဆေးမကုပါဘူး ... 
 တောထဲတောင်ထဲမှာတရား ကျင့်ကြံနေတဲ့ ရဟန်းတွေ ... ဖျားနာတဲ့ အခါ အဆိပ်မိတဲ့အခါ ..
အထူးသဖြင့် အရပ်တစ်ပါးကဆေးကို မမှိဝဲချင်ပဲ ...တိုင်းရင်းဆေး ... အိမ်သုံးဆေး 
(((( ဥပမာ မြန်မာမှာလဲရှိပါတယ် ... ၀က်ရူးပျံဆို...နောက်ချေးပြာချ ... ခလေးသူငယ်နာဆို ..မြင်းရဲ့ .ကျင်ကြီးပြာချ ..နှာခေါင်းမှာပွတ် ...ဒါမျိုးတွေပေါ့ ..မျက်စိနာရင် ဆားရည်ကြည်လေး ခတ် .. အင်္ဂလိပ်ဆေး ကတခါတစ်ရံ အသုံးမ၀င်ဖူးလေ ..တိုင်းရင်းဆေးပဲ ... နူးတောင် အကျော တက်တာကအစ အေးငြိမ်း သီတာမှ ))))
ဒီလိုဆေးတွေပဲ ကိုယ်တွေ့မို့ ယုံကြည်ကြတဲ့ အခါမှာ .... ဘုရားရှင်ကို သုံးခွင့်ပြုမပြု အာပတ် သင့် မသင့် မေးတဲ့အခါ .. ဗုဒ္ဓကခွင့်ပြုပါတယ်လို့ပြောတာဖြစ်ပါတယ် ....
.
 ပြီးတော့ကျမ်းဂန်တွေမှာတော့ ကျင်ကြီး ကျင်ငယ် ပြာ မြေညက် ( ၄ ) ခုတွဲတဲ့ဆေးသုံးခွင့်တောင်းတာပါ ...  ကျင်ကြီးဆိုရာ မှာနွားနောက် ကျင်ကြီးတစ်ခုပဲ တွေ့ပါတယ်  ... ဒါကြောင့် တိရစ္ဆာန်လား လူသားကျင်ကြီးလား ... ဒါတွေလဲသေချာ စိစစ်စေချင်ပါတယ်( လူမဟုတ်ပါဘူး တိရစ္ဆာန်ရဲ့ ကျင်ကြီး ကျင်ငယ်ပါ ) ...။
.
 ကျေးဇူးရှင် ... လယ်တီဆရာတော် ဘုရားကြီး ကတော့နွားနောက် ကျင်ငယ်ရည်ကို နေ့စဉ်ဆေးဝါးဖြစ် မှီဝဲတဲ့အတွက် ... အနာရောဂါကင်း၇ှင်းတယ်လို့ ...တည်တောဆရာတော်ရဲ့စာအုပ်မှာဖတ်ရဖူးပါတယ်။
.
ဒါကြောင့် .... ဒီနေရာမှာ ဘာသာခြားတွေအထင်လွဲသလို ဗုဒ္ဓက မစင်စားခိုင်းတယ်လို့ယူရင်မှားမှာပါ.... ဗုဒ္ဓ က သုံးခွင့်ပြုတာပါ .... 
ဗုဒ္ဓကိုယ်တော်တိုင် နေမကောင်းတော့ သမားတော် ဇီဝက က ဆေးကုပေး၇တာပါ ....။
.
ကိုစောဝဏ္ဏ ရဲ့အဖြေပါ  
ဂတိ သစ္စာမြဲရင် နွယ်မြက် သစ်ပင်တွေက အစ ဆေးဖက်ဝင်တယ်လို့ကြားသိရပါတယ်။
 ပြီးတော့ကျင်ကြီး ကျင်ငယ်ဆိုတာ မည်သူရဲ့ ကျင်ကြီး ကျင်ငယ်လို့ဘုရားရှင်မဟောထားပါဘူး။
ဒါကြောင့် ကိုယ်လိုရာဆွဲတွေးပြီးကောက်ချက်ချလို့မရပါဘူး။ 
" ရဟန်းတို့ ကျင်ကြီး ကျင်ငယ် ပြာ မြေညှက်ဟူသော ဆေးကြီးလေးပါးတို့ကို ပေးစိမ့်သောငှာ ခွင့်ပြု၏" ဟု ( မိန့်တော်မူ၏)။
ဒီစကား ကိုသေချာသုံးသပ်ရမယ်ဆိုရင် ရဟန်း သံဃာ တွေက အာပါတ်ဖြစ်လား မဖြစ်လားလျှောက်ထားလို့ ခွင့်ပြု၏ ဟု မိန့်တော်မူတာပါ။ 
ကိုယ်လိုရာဆွဲမတွေးမိဖို့ပဲလိုပါတယ်။ အာဂမယုတ္တိ သဘာဝယုတ္တိ မြင်အောင်ကြည့်ပြီး ကျမ်းညှိစေချင်ပါတယ်။
================================
ကျွန်တော်တို့ ငယ်ငယ် ကြားဖူးတာလေးတွေပါ...ပြီးတော့ စာအုပ်တော်တော်များများ မှာလည်း ရေးထား တာ တွေ့ရပါတယ်... 
အဲအကြောင်းကတော့ နေရဲ့ အ၀န်းက ယူဇနာ ၅၀ ကျယ်တယ်။ လရဲ့ အ၀န်းက ယူဇနာ ၄၅ ကျယ်တယ်လို့ရေးထားတာလေးပါ။
အဲ့ဒါကို ဘာသာရေးနဲ့ဆိုင်တယ့်စာအုပ်တွေ (သေချာတော့ မမှတ်မိဘူး အကိုရ မင်းကွန်းဆရာတော်ကြီးရေးတယ့် မဟာဗုဒ္ဒ၀င် ကျမ်းထည်းမှာတောင်ရေးထားသလားဆိုတာတော့ ကျွန်တော် သေချာမ မှတ်မိဘူး။ 

ဒါပေမယ့် ကျွန်တော် အခုချိန်ထိ ရင်းရင်းနှီးနှီး အမှတ်ရနေတုန်းပဲ။)
ဟုတ်ကဲ အဲဒီမှာ ရထား တယ့်အတိုင်းဆိုရင် ကျွန်တော် စဉ်းစားကြည့်တယ်။ တချို ဆရာတော်တွေ ကျမ်းဂန်တွေ မှာလည်းရေးကြတယ်ဗျ... ပြီးတော ၈ တန်းကျောင်းသားဘ၀ ခတ်ဆစ်မှာလည်း အဓိပါယ်ဖွင့်တယ် တယူဇနာကို (၈) မိုင် (သို့) ၁၂ မိုင် (သို့) ၂၂ မိုင်နဲ့ ညီတယ်လို့ပြောထားတယ် အကိုရ လက်ရှိနဲ့အတော်လွဲနေတယ်
.
ရှင်ပြောတာတွေက .... မဟာစည်ဆရာတော် ဘုရားကြီး ဘာသာပြန်ထားတဲ့ ဝိသုဒ္ဓိမဂ် ဒုတိယတွဲ စာမျက်နှာ ၁၁၃ လောကဝိဓူဂုဏ်တော် အဖွင့်နောက်ဆုံးမှာပါ
.

 လေးကျွန်းတမြင်းမိုရ်အယူဟာ ဘုရားဟောမူရင်းပါဠိတော် ပါဝင်ပါတယ် ... ဒါအမှန်ဆို
(နေယူဇနာ၅၀-အဝန်း လအဝန်း၄၉ ၊ယုဂန္ဓိုရ်တောင် သီတာ၇-တန် စသည့်ဟောပြောရေးသား ချက်များကလည်း ဗုဒ္ဓဝါဒ နဲ့ ပတ်သက်လား မပတ်သက်ဖူးလား ဆိုတာကို ....
ဆရာတော်  အရှင် ဒေါက်တာ နန္ဒမာလာဘိဝံသရဲ့ အဖြေ လေးနဲ့ပဲပြည့် စုံမယ် ထင်ပါ တယ် .....

 လေးကျွန်းတစ်မြင့်မိုရ်အယူအဆသည် ဘုရားဟော မူရင်းပါဠိတော်၌ပင် ပါရှိသည် ဟု ဆိုနိုင်သည်။ အင်္ဂုတ္တရ တိကနိပါတ စူဠနိကာသုတ်ကိုကြည့်ပါ။ဘုရားဟောမူရင်းပါဠိတော် မှာပါဝင် ပါတယ်...။
.

နေ/လ ပမာဏ ယုဂန္ဓိုရ်တောင်၊ သီတာခုနှစ်တန်စသော အချက်များဟာ သြကာသ လောက အကြောင်းဖြစ်၍ (Geography) နှင့် ဆိုင်သည်။ ဗုဒ္ဓမဟောခဲ့သလို .... ဗုဒ္ဓဝါဒနှင့် ပတ်သက်ခြင်းမရှိပါ။ ... တဲ့ရှင်။
.
နူး အမြင်လေးပြောရရင် .... အဌကထာ ဆရာတော်ဘုရားများသည် .... ဗုဒ္ဓဟောတော်မူတဲ့ လေးကျွန်းတစ် မြင်းမိုရ် ကိုထုတ်နှုတ်ပြီး ... ကြားမှာ နေရဲ့ အချင်းယူဇနာ လရဲ့အချင်းယူဇနာတွေ ညှပ်ထည့် တယ်လို့ ... ယူဆရမှာပါ .. ပြီးတော့ နေဟာ ကမ္ဘာထက် အဆပေါင်းများစွာ ကြီးတယ်နော် ...။

.
ချမ်းမြေ့ကြပါစေရှင် ...

No comments:

Post a Comment