Monday, March 23, 2015

ပါဠိ အနက်ကိုမသိပဲ ဘုရားစာရွတ်လျှင် ကုသိုလ် ရ မရ



 (((( ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုး ဘုရားစာတွေရွတ်ကြတယ် ...ပါဠိလိုတွေရွတ်ကြတယ် သဘာဝကျပါရဲ့လား ....
ဘုန်းဘုန်းတို့အကျိုးသင့်အကြောင်းသင့်ဖြေပေးကြပါ ...
လူတွေမှာတောင်လူမျိုးကွဲမပြောနဲ့လူမျိုးတူချင်းတောင် နေရာဒေသကွဲပြားသွားတာနဲ့ ပြောတဲ့စကားကို
မနဲနားထောင်နေရတာ
နတ်တွေဆိုပါဠိပါတ်သားနဲ့ မနီးစပ်တဲ့နတ်တွေဆို ကိုယ်ဆိုလိုတာကိုနားလည်ပါ့မလားဗျာ
ဘုန်းဘုန်းတို့လဲ ဗုဒ္ဓဘာသာကို မခက်ခက်အောင် လုပ်နေတဲ့ထဲမှာပါနေသလား လို့ဗျ
အကယ်၍ နှစ်ဆယ့်လေးပစ္စည်း အစရှိတဲ့ တရားတော်တွေကို မြန်မာလိုနားလည်သွာရင် မျိုးစောင့်ဥပဒေဆိုတာမလိုတော့ဘူးပေါ့
ဘုန်းဘုန်းတို့မှာ ပိဠကတ်သုံးပုံကို ရှင်းလင်းအောင် မြန်မာလိုပြဌါန်းဘို့တာဝန်ရှိတယ်လို့မခံစားရဘူးလား
ဒါလေးလျှောက်ထားမေးမြန်းချင်တယ်
ပရိတ်ရွတ်ဆိုလို့သာရွတ်နေရတယ် ဘာမှန်းမသိဘူး
မြန်မာစာနဲ့ရွတ်ဆိုလို့ရောမရဘူးလား ))))
.
အဖြေပါရှင် ....
.
အနက်အဓိပါယ် မသိပေမယ့်လည်း ဒီတရားတော်တွေဟာ ကောင်းသော အနှစ်သာရရှိသော တရားတော်တွေဖြစ်တယ်ဆိုတဲ့အသိနဲ့ ဓမ္မစင်္ကြာ ပရိတ်ကြီး ပဌါန်း အစရှိတဲ့ ပါဠိတွေကို ကြည်ညိုလေးစားစွာ ရွတ်ဖတ်တာဟာ အကျိုးရှိသလို ကုသိုလ်တရားတွေ ဖြစ်ပွားပါတယ် ...။
.
ဘုရားရှင်ကိုကြည်ညိုတဲ့စိတ်
တရာတော်ကိုကြည်ညိုတဲ့စိတ်တွေရှိနေတဲ့အတွက်
ကောင်းသောသဘော ကောင်းသော အနှစ်သာရကို ဆောင်တယ်ဆိုတာကို သိနေတဲ့အတွက် ကြည်ညိုနေတဲ့အပြင် နှုတ်နဲ့ပါ အဓိပါယ်မသိပါပဲ ကြည်ညိုတဲ့စိတ်နဲ့ ရွတ်တဲ့အတွက် ဓမ္မပူဇာမင်္ဂလာ မြောက်ပါတယ် ... ( အဓိပါယ် သိသလောက် အကျိုးမရောက်သော်လည်း ) မွန်မြတ်တဲ့ ကုသိုလ်ထူးတွေရရှိမှာပါ ။
.
သာဓကတွေပြပါ့မယ် ...
( ၁ ) လက်ရှိ ပွင့်လင်းရာသီတွေမှာ ရွတ်ဆိုကြတဲ့ အသံမစဲ မဟာ ပဌါန်းပူဇော်ပွဲတွေမှာ ဆိုရင် ... ပဌါန်းဒေသနာတော်ဟာ ကျမ်းစာအုပ်ကြီး ၅ အုပ်စာဖြစ်ပါတယ် ... ဒီ ၅အုပ်စာဆိုတာဟာ ... ဘုရားရှင် တာဝတံသာနတ်ပြည်မှာ ဟောတော်မူခဲ့တဲ့ ပဌါန်းဒေသနာတော်ကြီးရဲ့ အစွန်းထွက် မာတိကာလောက် မျှကိုသာ သျှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးမှ တပည့် ၅၀၀တို့ သူတို့ဥာဏ်နဲ့ လက်ခံနိုင်ယုံလောက် အကျဉ်းလေးသာ ဟောထားတာဖြစ်ပါတယ် ။
.
( ၂ ) ကသပ ဘုရားရှင်လက်ထက်တော်အခါက  ကုသိုလ် အကုသိုလ် ကိုမသိကြတဲ့ အပါယ်ဘုံသား လင်းနို့သား ( ၅၀၀ ) ဟာ လှိုဏ်ဂူကြီးတစ်ခုတွင်းမှာနေကြပါတယ် ... တစ်နေ့မှာ တောရဆောက်တည် တဲ့ ရဟန်းတော် တစ်ပါးဟာ ဒီလှိုဏ်ဂူထဲ လာရောက်တရားကျင့်ရင်း အဘိဓမ္မာေးသနာတော် ကို နေ့စဉ် ရွတ်ဆိုပါတယ် ။
ဒီလင်းနို့သာ ( ၅၀၀ ) ဟာ တရားတော်ကိုကြားရတဲ့အခါ စိတ်ကြည်လင်ရပါတယ် ကြည်ညိုတယ် ဆိုရမှာပေါ့ ဒီရဟန်း ဒေသနာတော် ရွတ်ဆိုချိန်တွေမှာ တိတ်ဆိတ်ပြီး ကြည်ညိုနားထောင်နေခဲ့ ပါတယ် ။
ကောင်းကျိုး ဆိုးပစ်တွေကိုမသိပဲ ကြည်ညိုတဲ့အတွက် ဥာဏ၀ိပ္ပယုတ် ( ဥာဏ်မပါတဲ့ ) ကုသိုလ်စိတ်ပါ ... ။
လင်းနို့သား ၅၀၀ ဟာ စုတေတဲ့အခါ ဒီကြည်ညိုစိတ် ပီတိကြောင့် တာဝတံသာ နတ်ပြည်မှာဖြစ်ကြရ ပါတယ် ။
.
ဒီလိုနဲ့ လင်းနို့သား ( ၅၀၀ ) ဟာ ဂေါတမ ဘုရားရှင် လက်ထက်တော် ရောက်တဲ့အခါ သျှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့   တပည့်သား ( ၅၀၀ ) ဖြစ်လာပြီး ... မိမိတို့အတိတ်ဘ၀က နာယူဖူးတဲ့ ပဌါန်းဒေသနာတော်ကြီး နဲ့ အဘိဓမ္မာဒေသနာတော်ကြီး တို့ရဲ့အရသာကို ဦးစွာနာယူကာ ပြည့်ဝစွာ ခံစားကြ ပါတော့တယ် ။
.
( ၃ ) တရံရောအခါ ရဟန်းတစ်ပါးဟာ သစ်တောတစ်ခုတွင်းက ရေအိုင်အနီးမှာ တရားစာ ရွတ်ဖတ်နေ ပါတယ် ... ဒီတရားသံကိုကြားတဲ့အခါ ဖားလေးတစ်ကောင်က ရေအိုင်ပေါ်တက်လာပြီး တရားသံကို နှစ်ခြိုက်စွာ နားထောင်နေ ပါတယ် ..
ဒီအချိန်မှာ နွားကျောင်းသားတစ်ယောက်လည်း ရောက်လာပြီး တရားသံကိုကြားတဲ့အခါ နွားရိုက်တဲ့ တုတ်ကို အမှတ်တမဲ့ ဖားရဲ့ကျောကုန်းပေါ်ထောက်ပြီး တရားကို နှစ်ချြိုက်လာစွာနားထောင်ပါတယ် ...
ကျောကုန်းမှာ တုတ်ထောက် ခံရတဲ့ ဖားလေးဟာ  အဲ့ဒီနေရာမှာပဲ တုတ်စိုက်မိလို့အသက်ပျောက်ပြီး တရားသံကို နှစ်သက်ကြည်ညို မိတဲ့စေတနာကြောင့် တာဝတံသာ နတ်ပြည်ကိုရောက်ရှိပြီး မဏ္ဍုက ဒေ၀ပုတ္တ ( ဖားနတ်သား ) အဖြစ် တခမ်းတနား တန်ခိုးထွားခဲ့ပါတယ်။
.
( ၄ ) ဘုရားရှင်လက်ထက်တော် အခါက
ဂန္ဓာရတိုင်း ဘုရင်ပုက္ကုသာတိ ရယ်  ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ ရယ်တို့ဟာ မိတ်ဆွေတွေပေါ့
တစ်နေ့မှာ ဘုရင် ဗိမ္ဗိသာရ က ကုန်သည် အကြုံနဲ့ သူ့သူငယ်ချင်း ပုက္ကုသာတိ မင်းထံကို ...
 ရောင်း ရင်းရေ ရှေးဗျာဒိတ် တော်တွေအတိုင်း  လောကမှာ ဘုရားရှင် ဆိုတာ ကျုပ် တို့ဒေသမှာ ပွင့်တော်မူပြီ ဘုရားရှင် ရဲ့ခြေအစုံတော် ကို ဖူးခွင့်ရပြီ ဆိုတဲ့ အကြောင်း အကြုံပါးလိုက်တာပေါ့ ..။
.
ဒီအခါမှာ ပုက္ကုသာတိမင်း ဟာ ဘုရားရှင်ဆိုတဲ့ အသံကို ကြားတဲ့ တစ်ခနမှာပဲ  ဘ၀များစွာ က ဖြည့်ဆည်း ခဲ့တဲ့ ပါရမီအရှိန်အဟုန် ကြောင့် နှစ်သိမ့်ခြင်း ပီတိ နှင့်အတူ နိဝရဏဆိတ်ခြင်းကို ဖြစ်ပေါ်လာခဲ့ပါတယ်။
သုခလည်းမဟုတ် ချမ်းသာကို လွန်မြောက်ကာ ဝေဒနာသာရှိသော စတုတ္တဈာန် ကို ရရှိ လာခဲ့တယ်တဲ့။
.
ဝမ်းမြောက်သော ပီတိအဟုန်နဲ့  ဥပက္ခာစိတ်တို့ ဖြစ်ပေါ်လာပြီး၊ လူတို့နှင့် အတွေ့မခံတော့ စကား မပြောတော့ ပဲဘုရား ရှင်ကို  ရည်မှန်း၍သာ နေနေပါတော့တယ်တဲ့  ..။
ပုက္ကုသာတိဘုရင်ကြီးကဲ့သို့ အသံကြားကြားခြင်း၊ ဉာဏ်အလင်းပေါက် သွားသူ တွေလောကမှာရှိခဲ့ပါတယ် ...။
ဘာမှန်းမသိပါပဲ အသံကြားယုံမျှဖြင့် ဥာဏ်အလင်းပေါက်သူ တွေအများကြီးရှိခဲ့ပါတယ် ( ပူက္ကုသာတိမင်းကြီးရဲ့ သနားစရာ အကြောင်းကိုလဲ တင်ပေးပါ့မယ်  )
.
အပေါ်မှာပေးခဲ့တဲ့ ဥပမာတွေကတော့ အဓိပါယ်မသိပဲ မိမိကိုယ်တိုင်ရွတ်ဆိုတာတောင်မဟုတ်သေးပါဘူး ကြားယုံနဲ့ အပါယ်ဘုံသားတွေတောင်  ကုသိုလ်အကျိုးဖြစ်စေတဲ့ သာဓကတွေထဲက အနည်းငယ်ပါ ..
အဓိပါယ်မသိပဲ ရွတ်ဆိုပြီးအကျိုးများတာတွေရေတွက်ပြရမယ်ဆိုရင်ဖြင့် ...
.
( က ) ပရိတ်ကြီးတစ်ဆယ့် တစ်သုတ် အဓိပါယ်မသိပဲ မှန်မှန်ရွတ်ဆိုလို့ သေဘေးမှလွတ်ခဲ့ပုံ
( ခ ) ပါဠိဂါထာတစ်ခုကို အကြိမ်များစွာရွတ်ဆိုခဲ့လို့ ထောင်ကျမယ့်ဘေးမှလွတ်ခဲ့ရပုံ ရန်သူသတ်မယ့်ဘေးမှလွတ်ခဲ့ရပုံ
( ဂ ) ပဌါန်း ( ၂၄ ) ပစ္စည်း ကိုမှန်မှန်ရွတ်ဆိုခဲ့တဲ့အတွက် အရှိန်ပြင်းပြင်မောင်နှင်တဲ့ကား မှောက်စဉ် ကားပေါ်မှ လွင့်စင်ကျပြီး အသက်အန္တရာယ် လွတ်မြောက်ခဲ့ပုံ
စသည် သာဓကတွေသာထုတ်နှုတ်ပြရမယ်ဆိုရင်ဖြင့်
ဇာတ်ဝတ္တုသာဓကမှာ ကျောင်းတိုင်းတွင် ကိုးကြောင်းရေးဆယ်ကြောင်းရေး
စာတိုက်ချင်းယှက်ထွေး၍ မကွေးသာ မဆန့်သာ
ပေါများလှပါပေတော့သည် .... ဆိုတဲ့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ စကားအတိုင်းကုန်နိုင်ဖွယ်မရှိ ပေါများလှပါဘိလို့ဆိုရပေတော့မည်။
.
ဒီတော့ ဘာသာခြားပင်ဖြစ်ပါစေ ... တစ်လောကလုံး သတ်မှတ်ထားတာသိတာက ဗုဒ္ဓသည် ... အနှိုင်းမဲ့မေတ္တာရှင်ဖြစ်သည် ... ဗုဒ္ဓတရားများသည် အေးချမ်းသိမ်မွေ့ခြင်းသဘောကို ဆောင်သည် ဆိုတာကို .... သိနေတဲ့အတွက် ...
မိရိုးဖလာ ဘာသာဝင်ကိုမဆိုထားနဲ့ ... တစ်ခြားဘာသာဝင်တွေတောင် ... လူကောင်း တစ်ယောက်ဖြစ်တယ် ဆိုတဲ့ ... ကြည်ညိုတဲ့စိတ်ထားနဲ့ .. ဘုရားစကား ပါဠိတော်များကို ရွတ်ဆိုပွားများ ရင် အကျိုးများပါတယ်ဆိုတာ သိထားပြီး များများကြီးရွတ်ဆိုပွားများးဘို့တိုက်တွန်းပါတယ်။
.
အဓိပါယ်သိပြီးရွတ်ဆိုလျှင်တော့ တုနှိုင်းမရတဲ့အကျိုးဖြစ်ထွန်ပါလိမ့်မယ်လို့ပြောပါရစေ ...။
.

(((( သရဏဂုံ ရွတ်ဆိုခြင်းဖြင့်ဗုဒ္ဓသာသနာ့ကို သက်ဝင်ယုံကြည်သူဖြစ်နိုင်ပါသလား။ 

ဗုဒ္ဓသာသနာကိုသက်ဝင်ယုံကြည်သူဖြစ်ရန် လိုအပ်သည်များကို

ရှင်းလင်းဆွေးနွေးပေးကြပါရန် ဓမ္မမိတ်ဆွေ ဆရာသမားအပေါင်းတို့ကို ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။)))) 



အဖြေပါရှင် ....
.
တိုတို တုတ်တုတ် ဖြေရရင် ..... ဘုရား တရား သံဃာတော်ကို ယုံကြည်ကြည်ညိုယုံနဲ့ သာသနာတော်ဝင်ပဲ ဖြစ်နိုင်ပါတယ် .....
ဘုရားရှင်ရဲ့ကောင်းမြတ်တဲ့ အစဉ်အလာ အမူအကျင့် မေတ္တာတရား အေးချမ်းမှုလေးလောက်ကိုသိလျှင် ...
ပြီးတော့ ဘုရားရှင်ရဲ့ကောင်းသောလမ်းပြမှုများ
ဘု၇ားတပည့်သာ သံဃာတော်များကို ယုံကြည်မှုလေး ရှိနေတာနဲ့တင် ... သာသနာတော်ဝင် ဖြစ် နိုင်ပါတယ် ...
.
အဲ ... ဒါပေမယ့် ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူ သာသနာတော်ဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကတော့ ... ယုံကြည် ကြည်ညိုယုံနဲ့ မရပါဘူး ....
ဗုဒ္ဓရဲ့အဆုံးအမ ကိုလိုက်နာမှု
လူသားဆန်မှု
ကျင့်ကြံအားထုတ်မှု ...
သူတော်ကောင်းတရား နှင့်ပြည့်စုံမှု  ...
ဗြဟ္မစိုတရားလေးပါနဲ့ပြည်စုံမှု  ...  
ဒါနအခြေခံကစလို့
အာဇီဝဌမကသီလ ဆိုတဲ့ အခြေခံသီလ ဆောက်တည်မှု .... စသည် စသည် အများကြီး လိုက်နာကျင့်ကြံ စရာတွေ ရေးမကုန်အောင်ရှိနေပါတယ်လို့ပဲ ပြောပါရစေ။


ချမ်းမြေ့ကြပါစေရှင် ...






No comments:

Post a Comment