Wednesday, October 12, 2016

မု သာ ၀ါ ဒ ကံ ေ မြာ က်ေ ကြာ င်း



မောင်လေးညီမလေးတို့ရေ ..... မောင်လေးတစ်ယောက်လာမေးထားတဲ့ မုသာဝါဒကံမြောက်ကြောင်း အချက်လေးတွေတင်ပေးလိုက်ပါတယ် ... ဘာသာခြားတွေလဲ မေးနေကျ အမေးပါပဲ ...
.
★ အမ ဘုရားရှင်က မိန်းမတစ်ယောက်ကို လူမသေတဲ့အိမ်က မုန်ညင်းစေ့ယူလာင် သင့်သားကို အသက်ပြန်ရှင်အောင်လုပ်ပေးမယ် လို့ပြောခဲ့တာဟာ မုသာဝါဒကံမြောက်လား ... သူများမထိခိုက်အောင် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လိမ်ရင်ရော ... မုသာဝါဒကံမြောက်လားအမ ....
.
★ ★ မုသာဝါဒကံမြောက်ကြောင်း ကို အရင်ရှင်းပြပါ့မယ် .... မုသာဝါဒ ကံမြောက် မမြောက် အင်္ဂါ ( ၄ ) ရပ်နဲ့ညှိရပါတယ် ....
.
(၁) မဟုတ်၊ မမှန်သော လီဆည်သော အကြောင်းအရာ ဖြစ်ခြင်း။
(၂) လူတစ်ဖက်သားကို အကျိုးယုတ်စေလိုသော စိတ်စေတနာ ရှိခြင်း။
(၃) မဟုတ် မမှန် စကားကို ပြောလည်းပြောခဲ့ခြင်း
(၄) လိမ်လည်သည့်အတိုင်း သူတစ်ပါးတို့ ယုံကြည်သွားခြင်း
.
အထက်ပါအင်္ဂါ ( ၄ ) ရပ်နှင့်ညီညွတ်မှသာ မုသာဒါဒ ကံမြောက်တာပါ ...
.
★ ★ သို့သော် သူတစ်ပါး အကျိုးစီးပွားပျက်မှ မုသာဝါဒကံ မြောက်တယ်လို့ ယူဆလို့လဲမရပြန်ပါဘူး
.
သူတစ်ပါး အကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးစည်ဖြစ်စေ၊ လိမ်ပြောတာနဲ့ ကို မုသာဝါဒကံ မြောက် ပါတယ် ......။
.
သူတစ်ပါး အကျိုးစီးပွား ပျက်စီးလျှင် အကုသိုလ်ကြီးမည်။ မပျက်စီးလျှင် အကုသိုလ် သေးမည် ဒါလောက်ပဲ ကွာခြားတာပါ ဒါ့ကြောင့် ဗုဒ္ဓက .....
.
★ ★ ချစ်သား ရာဟုလာ မုသားကိုရယ်စရာ အဖြစ်ပင် မပြောအပ်၊
အဘယ်ကြောင့်ဟူမူ .... မုသားပြောတတ်သောသူသည် လောကတွင် ... သူမလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့် ပင်ဖြစ်သည်တဲ့ ...
.
( ရာဟုလာ လောဝါဒ သုတ် )
.
- မုသားစကား၊ ပြောဆိုငြားမူ၊
- စကားမပီ၊ သွားမညီတည်း၊
- ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
- ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
- မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
- လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊
.
ရှောင်ကြဉ် အပြန်အကျိုးတည်း။ ဆိုတဲ့အတိုင်း မုသားပြောဆိုတတ်သူသည် ...
.
၁။ စကားမပီမသ ဖြစ်တတ်သည်။
၂။ သွားများ မညီမညွတ် ပေါက်တတ်ခြင်း
၃။ ပါးစပ်က အပုပ်နံ့ ထွက်ခြင်း
၎။ ခန္ဓာကိုယ် ခြောက်ခန်းတတ်ခြင်း
၅။ ဣနြေ္ဒဖောက်ပြန်တတ်ခြင်း
၆။ သြဇာအာဏာ ကင်းတတ်ခြင်း
၇။ နှုတ်လျှာကြမ်းတမ်းတတ်ခြင်း
၈။ အရှက်တရားမဲ့ လျပ်ပေါ် လော်လီတတ်ခြင်း စတဲ့အကျိုးတွေခံစာရတတ်ပါတယ် ....
.
★ ★ ★ ဒီတော့ မုသာဝါဒ ကံမြောက်ကြောင်းမှာ အကျိုးယုတ်စေလိုတဲ့စိတ် စေတနာ ရှိတာလဲ ပါပါတယ်...
မှားသောစကား ကိုပြောဆိုခြင်းကို မုသာဝါဒလို့ အဓိပါယ် ဖွင့်ရမှာပါ....
မှားသောစကားဆိုတဲ့အဓိပါယ်ကလဲ .... အကျိုးယုတ်စေတဲ့စကားပါ ...
မုသာဝါဒမှာ အကျိုးရှိအောင် လိမ်ညာလို့မရပါဘူး....
.
ဒါကြောင့် မှားသောစကားဆိုရာမှာ အကျိုးရှိစေမယ်ဆိုတာမျိုး မရှိဘူးလို့ မှတ်ယူလို့လည်း ရပါတယ်...
သမုတိ ပရမတ် နယ်နှစ်နယ်ခွဲပြောလို့လည်း ရပါတယ်....
.
★ ★ ဒီနေရာမှာ မုသာဝါဒ နဲ့ ပရိယာယ် မတူပုံကိုလည်း သတိထားသင့်ပါတယ် ....
.
ဘုရားရှင် ကိုယ်တော်မြတ်က ပရိယာယ်သုံးပြီးတော့ ကျွတ်သင့်ကျွတ်ထိုက်သူတွေကို ချွတ်ခဲ့တာမျိုးလည်းရှိပါတယ်....
.
ဥပမာ သေတော့မယ့်ရောဂါဖြစ်နေတဲ့ လူနာတစ်ယောက်ကို စိတ်အားမကျအောင်လို့ သက်သာသွားမှာပါလို့ ပြောတာဟာ မုသာဝါဒမဟုတ်ဘဲ ပရိယာယ်ဖြစ်ပါတယ်။
.
ဒါကြောင့် ဘုရားရှင်က လူမသေတဲ့အိမ်က မုန်ညင်းစေ့ရနိုင်ရင် မင့်သား အသက်ရှင်အောင် ကုနိုင်ပါလိမ့်မယ်လို့ မိန့်ခဲ့တာ ဟာ ကိသာဂေါတမီကို သူ့လို့ မပူဆွေးဘူးတဲ့အိမ် မိသားစုဝင်တွေ မသေဘူးတဲ့အိမ် သေခြင်းတရားဆိုတာ အချိန်မရွေး ဖြစ်နိုင်တယ် အားလုံးပူဆွေးနေကြရတယ်ဆိုတဲ့ အမှန်တရားကို မိမိကိုယ်တိုင်သိအောင် သွားရှာခိုင်းတာပါ။
.
မောင်လေးညီမလေးတို့ .... အဓိကသတိချပ်ရမှာက .... ဗုဒ္ဓ မိန့်တော်မူခဲ့တဲ့အတိုင်း ... ငါးပါးသီလမှာ ... မုသာဝါဒကံဟာ အဆိုးဆုံးနဲ့ .... အနိမ့်ကျဆုံးကံဖြစ်တဲ့ အားလျှော်စွာ .... မုသာဝါဒကို လွယ်လွယ် ကျူးလွန်တတ်သူဟာ .... လောကမှာ သူမလုပ်ဝံ့တဲ့ ... သူမလုပ်ရဲတဲ့ အကုသိုလ်ဆိုတာ မရှိတော့ပါဘူး .... မုသာဝါဒကျူးလွန်သူတွေမှာ လူ့ကျင့်ဝတ်ဆိုတာ မရှိတော့ပါဘူး ... ဒါကြောင့်မုသာဝါဒကို အဓိက ရှောင်ကြပါလို့ ... ပြောပါရစေရှင် ....
.
ချမ်းမြေ့ကြပါစေရှင် ....
.
.

No comments:

Post a Comment