Wednesday, January 7, 2015

ခရစ်ယန်တရားဟောဆရာလူလိမ်တစ်ယောက်ပြောတဲ့ ... ယနေ့တိုင် ဘယ်ဗုဒ္ဓဘာသာ ဆရာတော်ဘုန်းကြီးများမှ မဖြေနိုင်သည့်မေးခွန်း


မောင်လေးညီမလေးတို့ရေ .... ခရစ်ယန်တရားဟောဆရာလူလိမ်တစ်ယောက်ပြောတဲ့ ...
ယနေ့တိုင် ဘယ်ဗုဒ္ဓဘာသာ ဆရာတော်ဘုန်းကြီးများမှ မဖြေနိုင်ကြ၍ ဗုဒ္ဓတရားစစ်မဟုတ်ဟု ငြင်းရုံသာ တတ်နိုင်ကြသည့် မေးခွန်းတဲ့ ...။

ဆရာကြီးဦးသာဒင်ကမေးသော်လည်း ဆရာတော်ဥက္ကဌ မဖြေနိုင်၍ ချန်ထားခဲ့သော ဗုဒ္ဓ၏ ဖြစ်စဉ်။
★ ★ အသျှင် ဥက္ကဌ မဖြေတာက ဖြေစရာမလိုတော့လောက်အောင်ပေါကြောင်ကြောင် နဲ့ ပညာမဲ့မေးခွန်းဖြစ်နေလို့ပါ ...
.
ယနေ့တိုင် ဘယ်ဗုဒ္ဓဘာသာ ဆရာတော်ဘုန်းကြီးများမှ မဖြေနိုင်ကြ၍ ဗုဒ္ဓတရားစစ်မဟုတ်ဟု ငြင်းရုံသာ တတ်နိုင်ကြသည်။ ဒါဖြင့် တရားစစ်မှာ ဘယ်လိုလဲဆိုရင်လည်း မဖြေနိုင်ကြပါဘူး။ တရားစစ်မရှိသော ဗုဒ္ဓဘာသာဟု ပြောရမလို ဖြစ်နေသည်။
★ ★ အင်း ... ဆရာတော်တွေကိုအသာထား ... မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ခလေးလူကြီးအားလုံး ၀ိုင်းဟား မယ့်မေးခွန်းဖြစ်နေတာ လဲ ပြောအုန်းလေ .... ကုယ်မေးတာတွေလဲကိုယ်ပြန်ကြည့်ပါအုန်း ရှင် ...။
.
“..တုသိတာနတ်ပြည်၌ စည်းစိမ်ဖြင့်ပျော်မွေ့ပြီး ကာမဂုဏ်အရ၊ နတ်သမီးတစ်ဖက်ငါးရာနဲ့ ထင်တိုင်း ကျဲသောင်းကျန်းနေတဲ့ ဘုရားအလောင်းဆိုကြတဲ့ သေတကေတုနတ်သားကို တခြားနတ်တွေကလူ့ပြည်မှာ လူအဖြစ် ဆင်းသက် မွေးပါတော့လို့ တောင်းပန်မှ မယ်တော်မာယာရဲ့ ဗိုက်ထဲဝင်ပြီး ပဋိသန္ဓေယူသတဲ့”
★ ★ဒုက္ခပါပဲရှင်  ...  နတ်ပြည် ဘယ်နှစ်ထပ်ဆိုတာကိုရောသိရဲ့လားရှင် .... နတ်ပြည်တွေထဲမှာ သုတိသာ နတ်ပြည် ဆိုတာ ဘယ်လိုနတ်ဘုံမျိုးလဲဆိုတာရော သိရဲ့လား .... ကျမတို့သာသနာတော် က ပေါက်လွှတ် ပဲစားရေးထားပြီး .... အလိမ်ပေါ်တိုင်း ပြင်နေတဲ့ သာသနာတော်မဟုတ်ပါဘူးရှင် .... ဖတ်ကြည့်ရှင် ....
.
★ ★ ★ ★တုသိတာ
.
ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ကျက်သရေတို့နှင့် ပြည့်စုံကြ၍
နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်နေကြသော နတ်တို့၏ စံရာဘုံ ဖြစ်သည်။
ထိုဘုံ၌ဖြစ်ကြသောနတ်တို့သည် အမြဲမပြတ် ရွှင်မြူးနှစ်သက်ပျော်ပါးနေကြရသောကြောင့်
တုသိတာနတ်ဘုံဟု ခေါ်သည်။ 
.
သန္တုဿိတာနတ်မင်းသည် အကြီးအကဲနတ်မင်း ဖြစ်သည်။
ဘုရားအလောင်းများသည် ဤနတ်ဘုံ၌ စံလေ့ရှိသည်။ 
ဗုဒ္ဓဘုရားအလောင်းသည် ဘုရားမဖြစ်မီ တဘဝ၌ တုသိတာနတ်ပြည်၌ "သေတကေတု"မည်သောနတ်မင်း ဖြစ်လေသည်။
ဘုရားအလောင်း၏ မယ်တော် စသည့် သူတော်ကောင်းပုဂ္ဂိုလ်များ စံရာ နတ်ပြည်လည်း ဖြစ် သည် .... တဲ့ရှင် ....
သူတော်ကောင်းတွေနေတဲ့ တရားကျင့်ရာဘုံပါ ...။
.
နောက်နောင် .... ဘာသာတိုင်းကို မိမိဘာသာလို မသတ်မှတ်ဖို့မေတ္တာရပ်ခံပါရစေ ...
.
ဒါကြောင့်လည်း အထူး သဖြင့် ဒီဇာတ်တော်မျိုးက တလင်တမယားစနစ်ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့မကိုက်ဘူး မူစလင်တွေအတွက်ဖြစ်ရမှာ။
★ ★ မွတ်စလင်မတွေ ... ခရစ်ယန်မတွေထက် အဆ တစ်ထောင် သစ္စာရှိပါတယ် ... အိမ်တွင်းပုန်း ဆိုတာတွေက မွတ်စလင် အမျိုးသမီးတွေကလာတာပါ ... ။
.
မြန်မာ့ ယဉ်ကျေးမှုအရ မကိုက်ညီကြတော့ ဆုပန်တဲ့အချိန်မှာ နောင်တမလွန် ဆိုတဲ့အတွေးနဲ့ “နတ်ဖြစ်ရင် နတ်ချမ်းသာ”ဟု ဆုခြွေဆုပန်တော့ပြုနေကြလေ့ရဲ့။ အားကျစရာအဖြစ် ကလေးတွေကိုလည်း ရိုက်သွင်းနေကြလေရဲ့။
★ ★လူကြီးမိဘတွေ ဘဘုန်းတွေက သားသမီးမြေးဖြစ်တွေ ဒကာ ဒကာမတွေကို ဒီလိုပဲဆုပေးတာ ရိုးရာ ဓလေ့ပါ  ... လူဖြစ်လျှင် လူချမ်းသာ ...နတ်ဖြစ်လျှင်နတ်ချမ်းသာ ... နတ်မှာအမျိုးမျိုးရှိတာ ရှင်တို့လို အန္ဓဗာလတွေ ဘယ်သိမှာတုန်းရှင် ...။ ခရစ်ယန်ဖာသာတွေလဲ ဆုပေးတတ်ကြပါတယ် ...။
.
ပြီးတော့လည်း ပဋိသန္ဓေယူတဲ့နေ့က ၀ါဆိုလပြည့်နေ့တဲ့။ အခါကြီးရက်ကြီးလည်းမရှောင်ဘူး ဒါကို ဆေးပညာအရ ဘာညာဆိုပြီးလည်း လုပ်ပြန်ကြလေရဲ့။ ကဲပါ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ လဲမရှောင်ဘဲ မေထုန်ပြု ပြီးကာမလွန်ကျူးကြပြန်လေရဲ့။ မျိုးဥကြွေတာတွေကိုလည်း ဆရာဝန်တွေအသိပါ။ မသိသူများအတွက်တော့လည်း လိမ်ညာမှုကရှိနေပြန်သေးရဲ့။
★ ★ ဗုဒ္ဓဘာသာပေါ်ဖို့မပြောနဲ့ ... ဘုရားလောင်းတောင် မမွေးသေးဘူးလေကွယ်  ... ၀ါဆိုလပြည့်နေ့က ဘယ်လိုလုပ် အခါကြီး ရက်ကြီးဖြစ်ရတာလဲရှင် .... ဘယ်ဘာသာရဲ့ အခါကြီး ရက်ကြီးလဲ .... ပြောပြပါရှင်။
.
★ ★ ★ ★ ၀ါဆိုလပြည့်နေ့ဆိုတာ ... ဘုရားရှင် သုတိသာ နတ်ပြည်ကနေ စုတေတဲ့နေ့ မို့လို့ ဘုရားရှင် စံလွန်တော်မူမှ ... အခါကြီးရက်ကြီးလို့ သာသနာတော်ဝင်တွေက သတ်မှတ်တဲ့နေ့ပါ  ... ဗုဒ္ဓဘာသာမပေါ်ထွန်းခင် ၀ါဆိုလပြည့်နေ့ကိုအခါကြီးရက်ကြီးလို့ ကြိုသတ်မှတ်တယ်လို့ ဘယ်ကျမ်းမှာပါလဲရှင် ...။
.
အဲ့နေ့မှာ မေထုန်ပြုတာ သုဒ္ဓေါဓနအလွန်လား မယ်တော်မာယာအလွန်လားမသိ။ ၀ါဆိုလပြည့်နေ့မှာ သန္ဓေတည်သော ဗုဒ္ဓသည် သာမန်ထက်ထူးသော တဏှာလွန်ကျူး၊ ကာမဘီလူးလူလွန်ဖြစ်ကြောင်း ထင်ရှားသည်။
★ ★ အင်း .... ပြည့်တန်ဆာ တစ်ကာနဲ့ ဖြစ်နေတဲ့ လူလိမ်တစ်ယောက်နဲ့ ဗုဒ္ဓနဲ့မှားနေပုံပါပဲရှင် ... ကျန်းမာရေးကောင်းတဲ့ ဥဏှောက်နဲ့ ဖတ်ပါလို့ပဲပြောပါရစေ ...။
.
ပြိင်ဘက်ကင်းတဲ့ ဗုဒ္ဓ၀င်အဖြစ်တွေ ကျောက်ကွင်းအရေးတော်ပုံမှာဆရာကြီးဦးသာဒင် ပြောတဲ့အခန်းမှာ ဖတ်နိုင်ပါ တယ်။အသေးစိတ်ဖတ်နိုင်ပါတယ်။
★ ★ ကဲ ... ဘယ်လောက် ရူးကြောင်ကြောင်နိုင်တဲ့အမေးတွေလဲဆိုတာ သိလောက်ပြီ ထင်ပါတယ် ... သျှင်ဥက္ကဌ မပြောနဲ့ ... မူလတန်းက ဗုဒ္ဓဘာသာဝင် ခလေးတွေတောင် ဟားတိုက်မယ့်  မေးခွန်းတွေဖြစ်နေ ပါတယ်ရှင် ...။
.
ချမ်းမြေ့ကြပါစေရှင် ...
.

No comments:

Post a Comment