Monday, December 16, 2013

ခရစ်ယန်တရားဟောဆရာ လူလိမ်တစ်ယောက်၏ ဗုဒ္ဓကဘုရားရှိခိုးပါတဲ့


ဂေါတမသည်ဘုရားရှိခိုးကြောင်းကို ပိဋကတ်တို့ကပြခြင်းကြောင်း ။ ။

ဂေါတမသည်၊ ဗောဓိညောင်ပင်အောက်သို့ရောက်ပြီးနောက် ၊ မြက်ခင်းနေရာမှာထ၍ ၊ မတ်တပ်ရပ်ရှိခိုးပြီးလျှင် ၊ မမှိတ်သောအနိမိဿစက္ခုဖြင့် ၊ ခုနှစ်ရက်ပါတ်လုံးဘုရားရှိခိုးကြောင်းကို ၊ ပါရာဇိကာဏ်အဌကထာကျမ်းတွင်တိုက်ရိုက်ဖွင့်ပြသည်မှာ ။ ။ ဗုဒ္ဓရူပံပဿန္တော သတ္တဒီဝသနီအက္ခီပူဇံနာမအကာသိ ။ ။အနက်ကား ၊ ဗုဒ္ဓရူပံ ၊ ဘုရားရှင်၏ဗျာဒိတ်ရူပါရုံကို ၊ ပဿန္တော ၊ ကြည့်ရှုလျှက် ၊ သတ္တဒီဝသနီ ၊ ခုနှစ်ရက်ပါတ်လုံး ၊ အက္ခီ ၊ မမှိတ်သောမျက်စိဖြင့် ၊ ပူဇံနာမ ၊ ပူဇော်ခြင်းအမှုကို ၊ အကာသိ ၊ ပြု၏ ။ ။ဤကဲ့သို့ပိဋကတ်ကျမ်းဂါန်တို့၌ ၊ ဂေါတမသည် ဘုရားရှိခိုးကြောင်းကို ပြပါလျှက်နှင့် အမှန်ကို မယုံကြည်လိုသော သူတို့ကိုယ်တိုင်ကလည်း ပိဋကတ်ကိုမစစ်ဆေးဘဲနှင့် ၊ လွှဲရှောင်၍ပြောကြသည်မှာ ၊ ဂေါတမသည်ဘုရားရှိခိုးသည်မဟုတ် ။ ညောင်ပင်နှင့်ပလ္လင်ကိုသာရှိခိုးသည်ဟူ၍ ငြင်းဆိုကြသည်များမှာ ၊ မစဉ်းစား ပြောဆိုခြင်းဖြစ်သည် ၊ အဘယ့်ကြောင့် ဆိုသော် ၊ ၎င်းညောင်ပင်နှင့် မြက်ခင်းနေရာ ပလ္လင်သည် ၊ ဂေါတမ အတွက်အဘယ်အရာများ ကျေးဇူးပြု၍ ရှိခိုးစရာအကြောင်း ရှိပါသနည်း ။ ညောင်ပင်နှင့် မြက်ခင်းနေရာသည် ဂေါတာမထက်ပင် သာနေလို့လား ဤကဲ့သို့ဂေါတမ ဘုရားရှိခိုးကြောင်းကို ပိဋကတ်ကျမ်းတို့က ပြဆိုသောကြောင့် ။ ဂေါတမထက် ကြီးမြတ်တော်မူသော ဘုရားသခင်ရှိကြောင်းကို သိစေဘို့ရန်စစ် ဆေး၍ ပြလိုက်သည် ၊ ထိုကဲ့သို့ပိဋကတ်က ဂေါတမသည် ၊ ဥာဏစက္ခုအားဖြင့် ၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကိုကြည့်ရှု၍ ၊ ဘုရားသခင်ရှိကြောင်းကို သိ၍ ရှိခိုးကြောင်းကို ပြဆိုပါလျှက်နှင့် အဘယ့်ကြောင့် ဗုဒ္ဓဘာသာဝင်များသည် ရှင်ဂေါတာမထက် ကြီးမြတ်သော ဘုရားအား မကိုးကွယ်ကြဘဲ ဂေါတာမအား ကိုးကွယ်ကြသနည်း... ဂေါတမ ရှိခိုးသောကြောင့် သူတို့သည် ရှိမခိုးဘဲနေကြလေသလော ၊ ရှင်တော်ဂေါတမက ထိုဘုရားသခင်အား ရှိမခိုးခဲပါက သူတို့သည် ရှိခိုးကြပေလိမ့်မည်လော ။ (စဉ်းစားရစရာပင် ဖြစ်လာခဲ့သည်.) ရလဒ်အဖြေမှာ နအဖနဲ့ ငနာဂတုံးဘုန်းကြီးများပင် ဖြစ်သည်။ သူတို့သည် ဤဘာသာတရားအား အားပေးအားမြှောက်ပြုလျှက် မဟုတ်တာကို အဟုတ်လုပ် အဟုတ်ကို ငြင်းပယ်၍ ဒီဘာသာတရားအား မခိုင်ခိုင်အောင် တည်ဆောက်နေကြတယ်ဆိုတာ မိတ်ဆွေတို့ တွေ့ရမှာ ဖြစ်ပါတယ်.....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 အသောကမင်းကြီးက ကာဠနဂါးမင်းကို ဘုရားလေးဆူတို့အသွင် ဖန်ဆင်းပြခိုင်းပြီး ခုနစ်ရက်လုံး မမှိတ်သောမျက်စိဖြင့် ပူဇော်တာကို ပြတဲ့ ပါဠိ စာသား ပါရှင် ... ဘယ်လို ယုတ်ညံ့တဲ့ အတွေးအခေါ် အကြံတွေနဲ့ တ၇ားတော်တွေကို ဒီလိုဘာသာပြန်ပလိုက်ပါလိမ့် ။ ဒုက္ခပါပဲရှင်..။

ပါဠိ ကတော့ ကူးတာဆိုတော့မှန်ပေမယ့်  အနက်က လုံးဝကို မှားနေပါတယ်။ 
 ပါရာဇိကဏ် အဋ္ဌကထာ စာမျက်နှာ ၃၃ မှာပါ ပါတယ်။
 မူရင်းပါဠိမှာ 
ဗုဒ္ဓရူပံ ပဿန္တော သတ္တ ဒိဝသာနိ အက္ခိပူဇံ နာမ အကာသိ။ 

ဗုဒ္ဓရူပံ - မြတ်ဗုဒ္ဓဆင်းတုတော်ကို၊ 
ပဿန္တော- ရှု့လျှက်၊ 
သတ္တ ဒိဝသာနိ- ခုနှစ်ရက်တို့ပတ်လုံး၊ 
အက္ခိပူဇံ နာမ- မျက်စိ၏ ပူဇော်ခြင်းမည်သည်ကို၊ 
အကာသိ-ပြု၏ ...... လို့အဓိပါယ်ရပါတယ် .... 
 ဒီပါဠိရဲ့ ဆိုလိုရင်းက-တတိယသင်္ဂါယနာတင် သိရီဓမ္မာသောက မင်းကြီးက ဘုရားရှင်ကို ဖူးမြင် ချင်တဲ့ အတွက် တစ်ကမ္ဘာပတ်လုံး အသက်ရှည်တဲ့ ကာဠ နဂါးမင်းကြီးကို မြတ်သောနေရာမှာ နေစေပြီး မြတ်ဗုဒ္ဓရဲ့ ပုံတူကို ဖန်းဆင်းခိုင်းပါတယ်။ အဲဒီ နဂါးမင်းကြီး ဖန်တီးတဲ့ နိမ္မိတ ရုပ်ပွားတော်ကို ခုနှစ်ရက်ပတ်လုံး ဖူးမျှော်ပြီး နေတာကို ရှင်းပြတာ ဖြစ်ပါတယ်။ 

(((((အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏ ။သူဗုဒ္ဓဘာသာ ဖြစ် လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်း အဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏ ။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ် တွင် ယူဇနာ ငါးရာကျယ်ဝန်းသော မဉ္ဖေရိက နဂါးဘုံတွင်နေသောကြောင့် ... ဟု   ။  အရှင် ကောဝိဒ (ယော) ... ရဲ့ ကာဠ နဂါး ရှိ မရှိ ဆိုတဲ့ ပိုစ့်လေးမှာ ဖတ် မှတ် ဖူးပါတယ်)))) 

မြတ်စွာဘုရားကို ကိုးကွယ်တယ်ဆိုတာ သူတော်ကောင်းတရားတွေ လောကရဲ့ အမှန်တရား သစ္စာတရားတွေကို ကို ရှာဖွေလမ်းပြပေးတဲ့ အနှိုင်းမဲ့ မဟာလူသား ဗုဒ္ဓအနေနဲ့ ကိုးကွယ်တာပါ၊ ဘုရားရှင်ကိုယ်တော်တိုင်ကလဲ သူ့ကို ယုံပါ၊ ကိုးကွယ်ပါ ဆည်းကပ်ပါ လို့ တစ်ခါမှ မဟောခဲ့ပါဘူး။ 
ကမ္မံ သတ္တေ ၀ိဘဇတိ- သတ္တ၀ါတွေကို ကံတရားက ဖန်တီးတယ်လို့ ပဲ ဟောခဲ့ပါတယ်။
လူတိုင်းဟာ ကိုယ်သွားရမယ့် ဘုံကိုကိုယ်တိုင် ဆောက်လုပ် ဖန်တီးယူနေတာပါလို့ ဟောခဲ့ပါတယ်။
ဒါကြောင့် ဗောဓိပင်အောက်မှာ မြတ်ဗုဒ္ဓ ဆုတောင်းခြင်း လုံးဝ မရှိခဲ့ပါဘူး၊ 
ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ-စတဲ့ ဂါထာတွေနဲ့ ဥဒါန်းကျူးရင့်တာပဲ ရှိပါတယ်။ 
ဆုတောင်းစရာလဲ မလိုတော့ပါဘူး။ နောက်ဆုံး  ပရိနိဗ္ဗာန်ဝင်စံတဲ့ ဘ၀ပါ။

ဗုဒ္ဓဘာသာ ၀င်များသည် မိမိထက်  သီလ၊ သမာဓိ၊ပညာဂုဏ် ပြီးတော့ အသက် ဂုဏ် သိက္ခာ ဝါ သိက္ခာကြီးမြတ်သူများကိုသာ ရှိခိုးလေ့ရှိပါတယ်။ 
ကျမတို့ရဲ့  မြတ်ဗုဒ္ဓဆိုတာ
အဂ္ဂေါဟ မသ္မိံ လောကဿ
ဇေဋ္ဌောဟ မသ္မိံ လောကဿ
သေဋ္ဌောဟ မသ္မိံ လောကဿ
စသည်ဖြင့် ကြုံးဝါး မြွက်ဆိုတော်မူ ခဲ့တာပါ ....။
 

အဂ္ဂေါဟ မသ္မိ- ငါသည် လောကသုံးပါးတို့တွင် အမြတ်ဆုံးဖြစ်၏။
  ဇေဋ္ဌောဟ မသ္မိ-ငါသည် လောကသုံးပါးတို့တွင် အကြီးကဲဆုံးဖြစ်၏။
 သေဋ္ဌောဟမသ္မိ- ငါသည် လောကသုံးပါးတို့တွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။ 
အယမန္တိမာ ဇာတိ- ဤပဋိသန္ဓေသည် ငါ့အဖို့ နောက်ဆုံးပဋိသန္ဓေဖြစ်၏။ 
နတ္ထိဒါနိ ပုနဗ္ဘဝေါ- ယခုအခါ၌ ငါ့အဖို့ရာ တဖန်ဘဝသစ် ဖြစ်ရခြင်းမရှိတော့ပြီဟု ကြွေးကြော်တော်မူခဲ့တာကို ကြည့်ခြင်းအားဖြင့် မြတ်ဗုဒ္ဓဟာ ဘယ်ဘုရားသခင်ကိုမှ ရှိခိုးစရာ အကြောင်းမရှိပါဖူး။


ဒီတော့ ... ပါဠိတော် ကို ကိုယ်လဲမသိပါပဲ ကိုယ်လိုချင်သလို ဘာသာပြန်  ခလေးတွေအမြင်မှားအောင်  ဒီလောက် အထိ မယုတ်ညံ့သင့်ပါဘူး ...။ ကိုယ်နဲ့မတူ ကိုယ်လိုက်မမှီတိုင်း ဒီလို ပါဠိတော်တွေကိုရှောက်ကူး ... ကိုယ်ကြိုက် သလို ဘာသာ လိမ်ပြီးပြန်ပြ ... ပြီးရင်စော်ကား ... ခလေးတွေထင်ယောင်ထင်မှားဖြစ်အောင် လုပ်တဲ့ အတွက် .... ဘုန်းကြီးလို့ အသက်ရှည် ပါစေ ... ရှင်နဲ့ ရှင့်မယား သားသမီးအားလုံး အနာမျိုး ၉၆ ပါးကင်း ပါစေရှင် ...  ငြိမ်းချမ်းတဲ့ တမန်တော်ကြီးရဲ့ ... သားတော်တွေ ရဲ့ငြိမ်းချမ်းရေး အပြုအမူတွေ အတွက် ... ကမ္ဘာက အော့နှလုံးနာနေတဲ့ ... မိုဟာမက်ရဲ့ ဂုဏ် ... ရှင်တို့ဘာသာရဲ့ဂုဏ်တွေ ဒိထက်မက ထွန်းလင်းတောက်ပ ပါစေရှင်။

http://alinpay.blogspot.com/2012/12/blog-post_6176.html 


No comments:

Post a Comment