Monday, December 23, 2013

တခြားအမေးအဖြေများ ( ၁ ) Har Fiz




((((ယခု ကျွန်တော့ အနေနဲ့ ဘယ်သူဘယ်ဝါ ဆို ပြီး နာမယ်မတပ်ပါ လိုင်းပေါ မှာ ရှိတဲ့ မြန်မာလူမျိုး မှန်သမျ ကျွန်တောမေးမယ့် မေးခွန်းကို ဖြေနိုင်ပါသည် ကိုယ့် အလှည့် တုန်းက မေးပြီးလို့ ကောင်းကောင်းမွန် မွန် အဖြေ ပြန်ရင် သူများမေးလာတဲ့ မေးခွန်း ကို လည်း ကောင်းကောင်းမွန် မွန် အဖြေ ပေးစေချင် ပါတယ်။

(((၁။ အသင်တို့ မြန်မာလူမျိုးတွေကိုးကွယ်ရာ ဂေါးဒမ ဘုရားသည် မြန်မာနိုင်ငံမှာပွင့်တာလား နီပေါးလ် နိုင်ငံမှာ ပွင့်တာလား မြန်မာဘုရားလား ကုလားဘုရားလား ဒီဂေါးဒမ ဘုရားက အသင်တို့ရဲ့ မူရင်းဘုရားအစစ်လား?)))

 မြန်မာစာအရေးအသား စကားလုံးရွေးချယ်မှုကိုကြည့်တာနဲ့တင်ဖြေချင်စိတ်ပျောက်သွားတယ်… ဘာကြောင့်များ သူတစ်ပါးကိုးကွယ်ရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မျိုးရိုးအမည်နဲ့ ရိုင်းစိုင်းစွာ ခေါ်ဝေါ်သမုတ်ကြတာလဲလို့… လူသားယဉ်ကျေးမှုကို နားမလည်ကြလို့ပဲလို့ (တစ်နည်း) လူ့ယဉ်ကျေးမှုရှင်သန်ထွန်းကားရာ အသိုင်းအဝန်းမှာ မနေထိုင်ရ မကြီးပြင်းရလို့ပဲလို့ မှတ်ယူလိုက်ပါ
မယ်… ဘာလို့လဲဆိုတော့ ဘုရားရှင်တော်လက်ထက်က မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သူတွေကတောင် ဘုရား
ရှင်တော်မြတ်ကြီးကို မျိုးရိုးအမည်ချည်းပဲမသုံးနှုံးပဲ ရှင်ကြီး (သို့) ရှင်လို့ ရှေ့မှာထည့်သေးတယ်… 
အခုက အဲဒီထက်ကိုပိုပြီးတော့ ရိုင်းစိုင်းဆိုးရွားလွန်းလှတယ်…
ကျုပ်တို့မြန်မာ့ယဉ်ကျေးမှုမှာ မိမိထက်အသက် ဂုဏ်ကျေးဇူး ပညာဥာဏ် အတွေ့အကြုံကြီးမြတ်တဲ့
သူမှန်သမျှကို နာမည်ချည်းသက်သက်ခေါ်ဆိုတာကို ရိုင်းစိုင်းတဲ့အပြုအမူအဖြစ် သတ်မှတ်တယ်… 
ကဲ ခင်များမေးခွန်းကို ဖြေပေးလိုက်ပါ့မယ်…
 ကျုပ်တို့ကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ မြန်မာဘုရားလည်း
မဟုတ် ကုလားဘုရားလည်းမဟုတ်ဘူး… 
ရှင်းရှင်းပြောရရင် လူသားတွေအတွက်ချည်းပဲပွင့်တဲ့ ဘုရားလည်းမဟုတ်ဘူး… သဗ္ဗညုတဥာဏ်တော် ပိုင်ရှင် မဟာလူသားဖြစ်ပေမယ့် လူသားတွေအတွက်ချည်းမဟုတ်ဘဲ လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ရဲ့ ပူဇော်အထူးကိုခံယူတော်မူထိုက်သော၊ သတ္တလောက (လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စသော သတ္တဝါအားလုံး တို့၏ လောက)၊ သင်္ခါရလောက (ပြုပြင်စီရင်တတ်ခြင်းတရားအပေါင်း) နဲ့ သြကာသလောက (သစ်ပင် တော တောင် ရေ မြေ သမုဒ္ဒရာစတဲ့ သဘာဝတရားအပေါင်း အစု) လို့ဆိုတဲ့ လောကသုံးပါးမှာ အတုမရှိသော ဘုရားသခင်ကိုယ်တော်မြတ်ကြီးဖြစ်တာကြောင့် လောကသုံးပါးတို့ရဲ့ အရှင်၊ လူတကာ နတ်၊ ဗြဟ္မာတို့၏ အထွတ်၊ ဘုံသုံးပါးတို့၌ကိုးကွယ်အစစ် သယမ္ဘူဥာဏ်ဖြင့် တရားဥဿုံအလုံးစုံကို ကိုယ်တော် တိုင်သိမြင်တော်မူသော မြတ်စွာဘုရားဖြစ်ပါတယ်…

 မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူသော တရားဒေသနာတော်တွေ ကို မြန်မာပဲကျင့်ကျင့် ကုလားပဲကျင့်ကျင့် နတ်ပဲကျင့်ကျင့် ဘယ်သူကျင့်ကျင့် ချက်ချင်း လက်ငင်း အကျိုးပေးစေ တတ်သောကြောင့် လောက အပေါင်းမှာ တုပြိုင်လွတ်ကင်းတော်မူပါတယ်…  

အခြားတပါးသော ဘုရားဆိုတာတွေလို ငါပြော တာမယုံကြည်မလိုက်နာရင် ငရဲ ဆိုတာမျိုးမဟုတ်ဘဲ ငရဲသွားရာလမ်းကြောင်းကတော့ ဒါတွေပဲ၊ သုဂတိဘုံဘဝသွားရာလမ်းကြောင်းကတော့ဒါတွေပဲ၊ သံသရာမှ လွတ်မြောက်ရာလမ်းကြောင်းကတော့ ဒါတွေပဲဆိုပြီး လမ်းကြောင်းပြသ ဟောဖော်ညွှန်ကြားပြီး နိဗ္ဗာန်မဂ်ဖိုလ်ပို့ဆောင်တော်မူတဲ့ ဘုရားအပေါင်းတို့၏သခင်ကိုယ်တော်မြတ်ကြီးဖြစ်ပါတယ်… 

(အဲ့သလိုပြောရတာလည်း ပြော သင့်ပြောထိုက်လို့ပြောတာဖြစ်ပါတယ်… ကျန်တဲ့ဘာသာတွေလို ကိုယ်မကိုးကွယ်တဲ့ဘုရားကို ကိုး ကွယ်တဲ့ဘုရားရဲ့ တမာန်တော်ယောင်ယောင် နှိမ် ချပြောဆို ယုတ်မာတဲ့စိတ်ထား စိုးစဉ်းမျှမပါဘဲနဲ့ သမ္မာသမ္ဗုဒ္ဓဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ အနက်အဓိပ္ပါယ်အရ ရဲဝံ့စွာပြောခြင်းဖြစ်တယ်)

 ......................................................................................................................
 (((၂။ လူသားများသည် အို ခြင်းနာခြင်းသေခြင်းများဖြင့် ရင် ဆိုင်ရသည် အသင်တို့ ကိုးကွယ်ရာ
ဘုရားသည် လူသားများကဲ့သို့ အို ခြင်းနာခြင်းသေခြင်းဖြင့် ရင်ဆိုင်သွားရသည် စစ်မှန်တဲ့ဘုရား
ဆိုသည်မှာ ထာဝရတည်ရှိနေရမည် လေားက ကို မဖန် ဆင်းမီ ဖန်းစဉ်းပြီးနောက် လေားက
 ကြီးပျက်စီးသွားပြီးနောက်ထိ ရှင်သန်နေရမည် အသင်တို့ ကိုးကွယ်ရာ ဘုရားသည် လူသားများ
ပမာ လေားက သို့ ရောက်ရှိ လာပြီးအချိန် အတိုင်းအတာ တခု ထိနေထိုင်သွားပြီ လူသားများ
ပမာ သေးဆုံးသွားလေသည် ဒါကို ကြည့်ခြင်းအားဖြင့် ဂေါးဒမ သည်ဘုရားမဖြစ်နိုင် လူသား
စစ်စစ်ဖြစ်ပါသည် အသင်တို့ အနေနဲ့ လူသား အချင်းချင်း အဘယ့်ကြောင့် ဦးချ ကိုးကွယ်
ရသနည်း?))) 


အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ တရားတွေဟာ အရာခပ်သိမ်းနဲ့စပ်ဆက်ယှက်နွယ်တဲ့ 
တရားတွေဖြစ်တယ်… အဲဒီ အိုနာသေဘေးတွေကို ကြောက်ရွံ့ကြတဲ့သူတွေက မအို မနာ 
မသေ ဆိုတဲ့အရာတွေကို စိတ်ကူးယဉ်မှန်းဆကြတဲ့အခါမှာ အားကိုးရာတစ်ခုအနေနဲ့ မအို မနာ မသေတဲ့ဘုရားဆိုပြီး စိတ်ကူပုံဖော်ကြခြင်းမျှသာလျှင်ဖြစ်တယ်… လက်ဆုပ်လက်ကိုင် ခိုင်ခိုင်
မာမာပြစရာ တစ်ပြားသားမျှမရှိပါဘဲနဲ့ အကြောက်တရားနဲ့ လိုချင်မှုဖုံးလွှမ်းတဲ့အတွေးအခေါ်
တွေကြောင့် မအို မနာ မသေတဲ့ ကိုးကွယ်ရာအစစ်အမှန်ရှိတယ်လို့ တရားသေဆုပ်ကိုင် အယူ
လွဲကြတယ်… တကယ်တမ်းမှာတော့ အိုခြင်း နာခြင်း သေခြင်းရဲ့အကြောင်းတရားတွေကို မပယ်နှုတ်နိုင်ကြပါဘဲနဲ့ အိုခြင်း နာခြင်း သေခြင်းကနေ ကင်းလွတ်ဖို့မဖြစ်နိုင်တာကို မတွေး
မိကြဘူး…အဲဒီတော့ မအို မနာ မသေတဲ့ ထာဝရတည်နေတဲ့ ကိုးကွယ်ရာတစ်ခုဆိုတာဟာ 
လူသားတွေရဲ့ ကြံစည်စိတ်ကူးမှုကနေတဆင့် ဖန်ဆင်းခြင်းကိုခံလိုက်ရပါတော့တယ်… ကျုပ်တို့မြတ်
စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ မဟာလူသားသုံးလောကထွတ်ထားဖြစ်တာနဲ့အညီ အိုခြင်း
 နာခြင်း သေခြင်းတရားတို့ရဲ့ အကြောင်းတရားတွေကို အလုံးစုံသိတော်မူတာနဲ့အမျှ အဲဒီအကြောင်း
တရားတွေကိုပယ်သတ်ကာ အိုခြင်း နာခြင်း သေခြင်းကင်းမဲ့တဲ့ အသင်္ခတသုညတဓါတ်ဖြစ်တဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကျင့်ကြံပြီး သူတပါးတို့ကိုလည်းအဲဒီကျင့်ကြံမှု နည်းလမ်း
များကို ဟောကြားညွှန်ပြတော်မူခဲ့ပါတယ်… ဒီနေရာမှာပြောလိုတာဟာ ကျုပ်တို့ဗုဒ္ဓဝါဒရဲ့ နိဗ္ဗာန်
ဆိုတဲ့အသင်္ခတသုညဓါတ်နဲ့ ခင်များတို့ယူဆထားတဲ့ သုခဘုံ (နိဗ္ဗာန်ဆိုတဲ့စကားလုံးဟာ ခင်များ
တို့မြန်မာပြည်မှာနေလို့ မြန်မာစကားနဲ့နားရည်ဝပြီးပြောနေတာသာလျှင်ဖြစ်တယ်.. နိဗ္ဗာန်ဆိုတဲ့ စကားလုံးအသုံးအနှုံးကို ခင်များတို့တမာန်တော်တောင် ကြားခဲ့ဖူးမယ်မထင်ပါ) ကွဲပြားပုံပဲ… 
ခင်များတို့ရဲ့ သုခဘုံဆိုတာက ခင်များတို့ဘုရားရဲ့ ဖန်ဆင်းထားတဲ့ သုခအပေါင်းနဲ့ပြည့်စုံတဲ့ဘုံ
မှာ သုခဝေဒနာကိုခံစားစံစားခြင်းမျှသာဖြစ်ပြီး ကျုပ်တို့ရဲ့နိဗ္ဗာန်ဆိုတာကတော့ ကိလေသာ
တရားအပေါင်း၊ ဒုက္ခတရားအပေါင်းနှင့်တကွ ဒုက္ခဖြစ်ရာတရားအပေါင်းတို့ ချုပ်ငြိမ်းကွယ်ပျောက်ခြင်း
မျှသာဖြစ်တယ်.. ဘုံ ဘဝမဟုတ်ဘူး… ကျုပ်တို့က သုခဝေဒနာကိုတောင် ဒုက္ခဖြစ်ရာတရားအဖြစ် 
ရှုမြင်တယ်…

.........................................................................................................................................
 
 (((ဂေါးဒမ သည်ဘုရားမဖြစ်နိုင် လူသားစစ်စစ်ဖြစ်ပါသည်))) 

ဆိုတဲ့နေရာမှာတော့ ခင်များတို့ဟာ မြန်မာစကားကိုတင်ရောထွေးမှုဖြစ်ရုံမက အနောက်တိုင်း
အခေါ်အဝေါ်တွေနဲ့လည်းရောထွေးနေသေးကြောင်း သိသာပါတယ်… ကျုပ်တို့ဗုဒ္ဓဝါဒဘုရား
ဆိုတာနဲ့ အနောက်တိုင်းက God ဆိုတာကို ခင်များတို့က တူနေသယောင်ယောင်ထင်နေကြ
လို့ ဒီလိုစကားမျိုးပြောတာဖြစ်ပါလိမ့်မယ်… 
အဲဒီ God ဆိုတာတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အရာမရှိသလောက် ရှားပါတယ်… ဟိန္ဒူအယူဝါဒက God အချို့ကိုတော့ ဗုဒ္ဓဝါဒက ဗြဟ္မာကြီးတွေအနေနဲ့ လက်ခံခဲ့တယ်… မအို မနာ မသေတော့တာ မဟုတ်ဘူး… လူ့သက်တမ်းထက် အဆပေါင်းများစွာကြာရှည်အောင်နေထိုင်နိုင်ကြတဲ့ ဘုံလောက သားတွေဖြစ်နေလို့သာလျှင် လူသားတွေက မအို မနာ မသေဘဲ အမြဲရှိတယ်ထင်နေကြတာ … လောကသုံးပါးစလုံးကို အကြွင်းမဲ့သိတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ သူတို့ရဲ့ သက်တမ်းဘယ်ရွေ့ဘယ်မျှဆိုတာ သိတဲ့အလျောက် အမြဲရှိတဲ့တရားအနေနဲ့ လက်ခံတော်မမူခဲ့ပါဘူး… မသိတဲ့လူတွေကသာ ထာဝရထင်နေကြတာ…

.......................................................................................................................................

 (((အသင်တို့ အနေနဲ့ လူသား အချင်းချင်း အဘယ့်ကြောင့် ဦးချ ကိုးကွယ်ရသနည်း?)))

ဆိုတာကတော့ လူသားအချင်းချင်းတူပေမယ့် မဟာလူသား သဗ္ဗညုတရွှေဥာဏ်တော်ပိုင်ရှင်
 ဘုန်းတော်အနန္တ ကံတော်အနန္တ ဥာဏ်တော်အနန္တ တန်ခိုးတော်အနန္တနဲ့ပြည့်စုံတော်မူသော သုံးလော
ကထွတ်ထားမြတ်စွာဘုရားရှင်ဖြစ်တော်မူတာကတစ်ချက်၊ လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ရဲ့ ပူဇော်
အထူးကိုခံယူတော်မူထိုက်တာက တစ်သွယ်၊ နိဗ္ဗာန် မဂ်ဖိုလ်ရောက်ရာရောက်ကြောင်း နည်းလမ်းကောင်း
တို့ကိုဟောဖော်ညွှန်ပြသွန်သင်ဆုံးမတော်မူခဲ့တဲ့ကျေးဇူးတော်များကိုထောက်၍ တစ်နည်း… အစရှိသော
 ကျေးဇူးတော်အထွေထွေ ဂုဏ်တော်တွေကြောင့် ကြည်ညိုမြတ်နိုး လွန်ရိုကျိုးစွာနဲ့ ပူဇော်သမှုကိုးကွယ်
ဆည်းကပ်ခြင်းပြုရတာဖြစ်တယ်….

................................................................................................................................................
 
 (((၃။ ဂေါးဒမ သည် ကောင်းတာကို ညွှန်ဤ မကောင်းတာကို တားမြစ်ခဲ့တဲ့ လူသားတဦးမျသာဖြစ်သည် သူ့ပါးစပ်ကနေ ငါသည်ကိုးကွယ်ရာ အရှင်ဘုရား ငါ့ကို အသင်တို့ ဦးချ ကိုးကွယ် ကြပါ လို့ ပြေားသွားပါသလား?)))

 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နှုတ်တော်မှ တိုက်ရိုက်ကြွေးကြော်ခဲ့တဲ့စကားလုံးတွေထဲမှာ
 မဟာဇိန = မာရ်ငါးပါးကိုအောင်မြင်တော်မူ၍ အိုနာသေခြင်း ဒုက္ခတွင်းမှ လွတ်ကင်းရာအမှန် မြတ်
နိဗ္ဗာန်ကို မျက်မှောက်ပြုသော ကြီးမြတ်လှစွာသော အောင်မြင်မှုသခင် ကိုယ်တော်မြတ်
ကြီးဖြစ်ကြောင်း သံသရာဝဋ်စက် ခြားရဟတ်မှ လွတ်မြောက်ရာဖြစ်သောမြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူသောဘုရားရှင်အစစ် ဧကန်ဖြစ်ကြောင်းကြွေးကြော်တော်မူခဲ့တယ်…
 လောကသုံးပါးမှာ ကိုးကွယ်ရာအစစ်အမှန်ဟာ ဘုရားတည်းဟူသောရတနာ တရားတည်းဟူသော
ရတနာ သံဃာတည်းဟူသောရတနာများသာလျှင်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့တယ်… ထို
ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းသည်သာလျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော
အကျိုးကိုဖြစ်စေမယ်လို့လည်း ဟောကြားတော်မူခဲ့တယ်… 

အဲ့.. ဇွတ်အတင်းကြီးငါ့ကိုကိုးကွယ်ပါ ငါ့မကိုးကွယ်ရင် ငရဲရောက်မယ် ငါ့ကိုးကွယ်ပြီးငါ့စကားနားထောင်ရင် နိဗ္ဗာန်ရောက်မယ် လို့တော့မဟောခဲ့ဘူးပေါ့လေ… ဘယ်ဟောမလဲ သူ့ကိုယ်သူယုံကြည်ချက်အပြည့် တရားတော်တို့ကိုယုံကြည်ချက်အပြည့်ရှိတာကိုး.. မှန်းဆရမ်းတုတ်ပြီးဟော ခဲ့တာ တစ်လုံး တစ်လေမှ မပါဘဲကိုး… ကိုးကွယ်သူမရှိမှာကို  ကြောက်လွန်လွန်းလို့ ကိုးကွယ်ပါ ကိုးကွယ်ပါ တစာစာမအော်နေ ခဲ့ပါဘူး…
ငါဟာကိုးကွယ်ရာမဟုတ်ပါဘူးလို့လည်း ငြင်းပယ်တော်မမူခဲ့ဘူး… စဉ်းစားတတ်တဲ့ဦးဏှောက်
ရှိရင်ကွဲကွဲပြားပြားသိလိမ့်မယ်… မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူဟာ ဘုရားစင်စစ်
ဧကန်ဖြစ်ကြောင်း ဝန်ခံဟောကြားတော်မူခဲ့တာရယ် ဘုရား တရား သံဃာရတနာမြတ်သုံးပါး
သည်သာလျှင်ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း ဟောခဲ့တာရယ်ကိုထောက်ရင် မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးဟာ ကိုးကွယ်ထိုက်ရာဧကန်ဖြစ်ကြောင်း ရှင်းရှင်းကြီးပေါ်လွင်နေရဲ့သားက
နဲ့ အထူးအဆန်းလုပ်မေးနေသေးသလားကွယ်… 

ကျုပ်တို့က မဟောခဲ့တာကို အဟောလုပ်ပြီး မယောင်ရာဆီလူးနေတယ်များထင်နေလေရော့သလား… အံ့ကြီးလည်းသြမိပါရဲ့…. လက်ရှိရည်မှန်းကိုး ကွယ်နေတဲ့ စေတီတော်မြတ်များနှင့်တကွ ရုပ်ပွား ဆင်းတုတော်တွေဟာလည်း ရည်စူးရည်မှန်းကိုးကွယ်ရာအဖြစ်ကိုးကွယ်ထိုက်လို့ ရိုသေမြတ်နိုး လက်စုံမိုးကာ ရှိခိုးဦးချကန်တော့ပြီး သက်တော်ထင်ရှားမြတ်ဘုရားကို ကိုးကွယ်ဆည်း ကပ်နေခြင်းဖြစ် ပါတယ်….. သေချာဂဏ စဉ်းစားဆင်ခြင်ကြည့်ပါလေ……

http://www.facebook.com/photo.php?fbid=149781838558936&set=a.142790332591420.1073741829.100005813613385&type=1&theate

No comments:

Post a Comment