Monday, June 3, 2013

ရသေ့ ရှစ်မျိုး


 
 
ရသေ့ ရှစ်မျိုး
********


“သားမယားနှင့်နေရတဲ့ ရသေ့မျိုးလည်း ရှိသလားဘုရား”

“ရသေ့ဆိုတာ ဗုဒ္ဓသာသနာတော်အတွင်းသားမဟုတ်ဘူး၊
သာသနာပပုဂ္ဂိုလ်တွေဆိုတော့ သူတို့စိတ်ထင်ရာ ကျင့်ကြံနေကြတဲ့ ပုဂ္ဂိုလ်မျိုးကွယ့်၊ ဒါကြောင့်သားမယားနှင့်နေရတဲ့ ရသေ့မျိုးလည်းရှိတယ်၊
အလွန်ခြိုးခြံစွာကျင့်တဲ့ ရသေ့မျိုးလည်းရှိတယ်၊
သုတ္တနိပါတ် အဋ္ဌကထာ (ပ) ၃၁၀-မှာဆိုလျှင် ရသေ့ ရှိမျိုးရှိကြောင်း ပြထားတယ်ကွယ့်”


“ရသေ့ ရှစ်မျိုးဆိုတာလည်း အမိန့်ရှိပါဦးဘုရာ့”


ရသေ့ ရှစ်မျိုးက -

(၁) သပုတ္တဘရိယရသေ့ = သားမယားနှင့်နေရတဲ့ ရသေ့၊

(၂) ဥဉ္ဆာစရိယရသေ့ = ကောက်သင်းကောက်စားသော ရသေ့၊

(၃) အနဂ္ဂိပက္ကိကရသေ့ =ဆန်စသည် အလှူခံပြီး ချက်စားသော ရသေ့၊

(၄) အသာမပါကရသေ့ = ဆွမ်းခံစားတဲ့ ရသေ့၊

(၅) အသ္မမုဋ္ဌိကရသေ့= သစ်ခေါက်ခွာပြီး ထောင်းစားတဲ့ ရသေ့၊

(၆) ဒန္တဝက္ကလိကရသေ့ = သွားဖြင့် ကိုက်ခွာစားတဲ့ရသေ့၊

(၈) ပဏ္ဍုပလာသိက ရသေ့ = အလိုအလျောက်ကြွေကျတဲ့ အသီးအပွင့်များကို စားတဲ့ ရသေ့

အားလုံးရှစ်မျိုးရှိတယ်။



ကောက်နုတ်ချက်
~~~~~~~~~~
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၆၆) - သာဝိတ္တီဆန်း
https://www.facebook.com/notes/ye-win-tun/ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ-အမေးအဖြေများ-အမှတ်စဉ်၁၆၆-သာဝိတ္တီဆန်း/367152376686187

No comments:

Post a Comment