Monday, June 24, 2013

မြန်မာအစ တကောင်းက (ဆရာမဒေါ်မေကျော.ရှင်းအားခရက်ဒစ်ပေးပါသည်။)

ကလေးတို.ရေ -

“ မြန်မာအစ တကောင်းက ” ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းလေးကို အမြန်ရေးပေးပါလို.တိုက်တွန်းလာကြပေမဲ့အလုပ်လေးတွေများနေလိုနောက်
်ကျသွားရခြင်းဖြစ်ပါတယ်။
ကလေးတို.ရေ----
ဟိုးရှေးက နှောင်းခေတ်ပညာရှင်တွေဟာ တူရာတူရာစုပေါင်းကာ လေ့လာကြ
ပြီး အမည်ပေးခဲ့ကြပါတယ်။ တိဘက်မြန်မာအုပ်စုလို. ခေါ်ရမယ့် ချီအင်
အနွယ်ဝင်တွေဟာ အုပ်စုငယ်လေးတွေအလိုက် ရေကြည်ရာမြက်နုရာ လွင်ပြင်
မြစ်ဝှမ်းဒေသများသို.ရွှေ.ပြောင်းခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ - ထောင်
လောက်မှာအုပ်စုကိုခေါင်းဆောင်တစ်ယောက်ဦးဆောင်ပြီးရွှေ.ခဲ့ကြတယ် ။ မြန်မာလို..
ခေါ်တွင်မယ့်သူတွေဟာ ဘီစီ( ခရစ်မပေါ်မီ) အနှစ် ၈၀၀(လွန်ခဲ့တဲ့ နှစ်ပေါင်း၂၈၀၀)ခန်.ကမြန်မာနိုင်ငံတွင်းသိုမေခမြစ်နဲ.တပိန်မြစ်ကြောင်းမှတဆင့်ဧရာ
ဝတီမြစ်ဝှမ်းဒေသကိုဝင်ရောက်လာကြတယ်လို.ဆိုပါတယ်။ ရွှေလီနဲ. ဧရာဝတီ
ီမြစ်တို.ပေါင်းဆုံရာ တကောင်းတစ်ဝိုက်မှာအခြေချနေထိုင်ခဲ့ကြတယ်လိုလည်းသိရပါ
တယ် ။ ဒါ့ကြောင့် ပညာရှင်များက “ မြန်မာအစ တကောင်းက” လို.ဆိုကြခြင်း
ပဲဖြစ်ပါတယ်။

R.L.Somi က သူရဲ့ A Cultural Study of Burmese Era စာအုပ်ရဲ့ စာမျက်နှာ ၁- မှာ
“ တကောင်းဒေသတွင် ခတ္ထိယ သကျ သာကီဝင်တို.လာေ၇ာက်အခြေချ
နေထိုင်မှုကိုခိုင်မာစေသောအချက်မှာ တကောင်းနှင့်တစ်ဆက်တည်း သာကီဝင်
ကံရာဇာကြီးတို.ရောက်ရှိ မြို.ပြ တည်ထောင်သော ရခိုင်တွင် ခနှစ်သက္ကရာဇ်ကို
ဘိုးတော် အဉ္ဖနမင်းကြီး၏ အဉ္ဖနသက္ကရာဇ်ကိုသုံးစွဲခဲ့ခြင်းပင်ဖြစ်သည်”. ဟုဖေါ်
ပြထားပါတယ်။
ထိုစာပေများအရ တကောင်း သည် ရောမခေတ်ဦးကပင် တည်ရှိနေပြီ ဟု ယူဆရ
ပါသတဲ့ ။ မြန်မာ့သမိုင်းကို လေးလေးနက်နက်လေ့လာပါက တကောင်း
မတိုင်မီကပင် မြန်မာတို.ဒီမြေမှာအခြေကျနေပြီဖြစ်ကြောင်းသိရမှာဖြစ်ပါတယ်။

တိဘက်မြန်မာတို.သည် ဧရာဝတီမြစ်ဝှမ်းဖြစ်သော တကောင်းကိုနှစ်သက်
်ကြကာအခြေချခဲ့ကြပါတယ်။ ထွန်ယက်စိုက်ပျိုးရေးအတတ်ပညာကိုကျယ်ပြန်.
စွာအသုံးချခဲ့ကြတယ်။ ဆန်စပါးအထွက်တိုးလာတယ်။ ကျွဲ နွားမွေးမြူကြတယ်။
ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးလာကြပြီး အိုးလုပ်ငန်းအတတ်ပညာ တိုးတက်
်လာသလို အဝတ်အထည်ရက်လုပ်လာကြပါတယ်။
အချို.သော တိဘက်မြန်မာတို.က ဧရာဝတီမြစ်ကိုကျော်ကာ အရှေ.မြောက်
်ဘက်ရှိ ချင်းတောင်တန်းဆီသို.ရှေ.ရှုသွားပြီး အချို.ရခိုင်ဒေသအထိသွား
ကြပါတယ်။ ကချင်-ချင်း-ရခိုင်သက်လူမျိုးတို.တောင်တန်းဒေသမှာအခြေချ
ကြတယ်။
ရှေးခေတ် မဇ္ဈိမသားတို.က ရှေးခေတ်မြန်မာများကို “ဗြဟ္မာ”ဟု ခေါ်ခဲ့ကြတယ်။
“ဗြဟ္မာ”မျိုးနွယ်များနေထိုင်ရာဒေသိကု “ဗြဟ္မပုတ္တရ မြစ်” ကြီးစီးဆင်းနေ
တဲ့အတွက် သူတို.ကို“ဗြဟ္မာ”ဟု ခေါ်ခြင်းဖြစ်ပါသတဲ့။ အရှေ.ဘက်အုပ်စုဝင် မွန်
်ခမာလူမျိုးတို.ကလည်း မြန်မာလူမျိုးများကို “ဗြဟ္မာ” သို.မဟုတ် ဗရုမ်းဟု လေး
လေးစားစားခေါ်ခဲ့ကြတယ်လို.ဆိုပါတယ်။
မြန်မာများရဲ့ နယ်ပယ်မှာလည်း ကျယ်ဝန်းလှတယ်လို.သိရပါတယ်။ ဒီ “ဗြဟ္မာ”
လူမျိုးဆိုတဲ့ အခေါ်အဝေါ်မှ “ ပရုမ်း - ဗရုမ်း - ဗရမ်း - ဗရမာ - ဗမာ - မြန်မာဖြစ်
လာရပါတယ်။ “ဗြဟ္မာ”ဟူသောအခေါ်မှာ အာရိယန်လူမျိုးများအးတွက် “ကိုးကွယ်
ရာဘုရား” ဟု ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူတို.အလွန် အလေး
အနက်ထားသောမြန်မာများကို “ဗြဟ္မာ”ဟု ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ဗမာနှင့်
ပျူ ကို အဓိပ္ပါယ်တူတယ်ခိုလည်း ပညာရှင်များကဆိုပါတယ် ။
အဲဒီ“ဗြဟ္မာ”အုပ်စုကြီးဟာ ခရီးဆက်ခဲ့ကြပြန်တယ် ။ အခုနီပေါနိုင်ငံတည်ရှိရာကို
ရောက်လာပြီး ဟိမဝန္တာတောင်ခြေကိုပတ်ပြီး ခရီးဆက်ကြတဲ့“ဗြဟ္မာ”လူမျိုးတွေကို
သက္ကများ” လို.ခေါ်ပြန်တယ် ။ “သက္ကများ”ဆိုတာ လွန်စွာစွမ်းဆောင်နိုင်သူများ-
လွန်စွာရဲဝံ့သတ္တိကောင်းသူများ”လို.အဓိပ္ပါယ်ရပါတယ်။ သူတို.ဟာ စွမ်းရည်သတ္တိ
အပြည့်ရှိသူများဖြစ်သလို တောအထပ်ထပ်တောင်အသွယ်သွယ်ကိုကျော်ဖြတ်လာ
ကြတဲ့အတွက် သူတို.ကို သက္ကလူမျိုး-သကျလူမျိုးလို.ခေါ်ရာမှ “သာကီဝင်မျိုး” ဖြစ်
လာပါတယ်။ဒါ့ကြောင့်“ သကျ ခေါ် သာကီဝင်မျိုးတို.သည် တိဗက်မြန်မာမြန်မာမျိုးနွယ်
စုအဖွဲ.ဝင်ဖြစ်သည်” ဟု ကမ္ဘာ့လူမျိုးနွယ်စုကြီးမှ ပညာရှင်များက လက်ခံလာ
ခဲ့ကြပါတယ်။
ကလေးတို.ရေ --ဒီလိုတိတိကျကျသိရပြန်တော့ တို.များ မြန်မာလူမျိုးတွေ ဟာ “ဂေါတမဗုဒ္ဓ”
မျိုးနွယ် “သာကီဝင်”တွေဆိုတာ သိရပြီး အထူးကိုဂုဏ်ယူနိုင်ကြ ပါပြီ ။

“သာကီဝင်တို.ရဲ့ ဒေဝဒဟပြည်” နဲ.“ ကပိလဝတ်ပြည်” တည်ထောင်ကြပုံကို နောက်တစ်ပါတ်မှနော် ။

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ဆရာကြီး ဦးလှသိန်းထွဋ်ရဲ့ “ဗုဒ္ဓနှင့် မြန်မာလူမျိုး” စာအုပ်မှ လူငယ်လူရွယ်များ သဘောပေါက်နား
လည်စေရန် ပြန်လည်ရေးသားဖေါက်သယ်ချ တင်ပြလိုက်ခြင်းသာပါ ။

ကလေးတို.ဆရာမ

http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:114340 

No comments:

Post a Comment