Sunday, June 16, 2013
သမိုင်းလိမ်ဌေးလွင်ဦးသို့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
((သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။))
ကောင်းလိုက်တာ.... မှန်ပါ့ဗျား... ဒါပေမယ့် သူများကျတော့ အစထိလိုက်ခိုင်းပြီး ကိုယ့်ကျမှ ကိုယ့်ဘက်ကိုယ်ယက်ပြီး ကက်ဆက်ဖွင့်သလိုလုပ်သွားပုံများ လိပ်မျိုးလို့တောင် မနှိုင်းချင်ဘူး.. မြင်းများလိုပဲ... (လိပ်က ကိုယ့်ဘက်ကိုယ်ယက်တာ နည်းနည်းနှေးသေးတယ်...အခုလုပ်ပုံက အမြန်ဆုံးနည်းနဲ့ အသားကုန်ယက်နေတာလေ)
ကဲ သမိုင်းကိုလိုက်ရင် အစထိလိုက်နော်... အဘိရာဇာဆိုတဲ့ သာကီမင်း အန္ဒိယက မြန်မာကိုပြေးလာတာက တကောင်းခေတ်မတိုင်မီက... ထားလိုက်ပါတော့ နှစ်ပေါင်းတစ်ထောင်ကျော်ပေါ့... အဲ...ဒါပေမယ့် အခုလက်ရှိ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်နေတဲ့ ကမ္ဘာ့ပထမဆုံး စေတီတော်... ကြည်ညိုဖွယ်ရာအတိစေတီတော်... ဘုရားရှင်လေးဆူရဲ့ ဓါတ်တော်မွေတော်တွေ ဌာပနာထားတဲ့ စေတီတော်ကြီးကို တည်ခဲ့တာက ဘုရားရှင်တော်ပွင့်ထွန်းပေါ်တော်ဆဲအချိန် အတိအကျပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က.... ဒါဆို အဲဒီစေတီတော်ကြီးကို တည်ထားခဲ့တဲ့ ဥက္ကာလာပမင်းကြီးက မြန်မာနိုင်ငံက မဟုတ်လို့ ဘယ်ကတုန်း... ခင်ဗျားပြောတဲ့ မြန်မာနိုင်ငံကို ကုလားကူးလာပါတယ်ဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း ဘယ်လောက်တုန်းကလဲ... သမိုင်းအထောက်အထားနဲ့ သက်သေပြ... ကျုပ်ပြောတာကို အခု ရွှေတိဂုံစေတီတော်ကြီးကို ပြပြီး ကျုပ်ဘက်ကလည်း သက်သေပြမယ်... ဒါဆို လူမျိုးအရ အိမ်ရှင် ဧည့်သည်ဆိုတာ ရှင်းပြီ... ဒါဆို သာကီမျိုးဟေ့ တို့ဗမာဆိုပြီး ဘာလို့ပြောသလဲ မကပ်နဲ့နော်... (ခင်ဗျားမစဉ်းစားမိလဲ ကျုပ်ကပဲ နည်းပေးတယ် မှတ်လိုက်ပေါ့ဗျာ..) မြန်မာပြည်မှာ မူရင်းရှိနေတဲ့ လူမျိုးတွေရယ် အဘိရာဇာတို့က ဆင်းသက်လာတဲ့ သာကီဝင်နွယ်တွေရယ် တရုတ်တိဘက်က ဆင်းလာတဲ့ တိုင်လူမျိုးတွေရယ်ပေါင်းပြီး ဗမာဆိုတဲ့ လူမျိုးဖြစ်ထွန်းပေါ်ပေါက်လာတာမို့ သာကီမျိုးဟေ့ တို့ဗမာလို့ ကျုပ်တို့က ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်ပါသဗျာ.... ဟဲဟဲ...
ကဲ ဘာသာအရ အိမ်ရှင် ဧည့်သည်ပြောမယ်... ကျုပ်တို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမသာသနာတော်ဟာ နှစ်ပေါင်း ၂၅၀၀ကျော်ပြီ.. ခင်ဗျားတို့ အစ္စလာမ်ဘာသာက ဘယ်အချိန်ကပေါ်တာလဲ... ဘယ်သူက စောလဲ.. စဉ်းစားပေါ့ ဦးဏှောက်ကလေးနဲ့... အဲဒီလို နောက်ကျမှပေါ်တာကိုတောင် ကျုပ်တို့ဆီမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော် ကတည်းက ရှိနေခဲ့တဲ့ သာသနာတော်က အိမ်ရှင်မဟုတ်ဘူးလား... ပြီးတော့ ဘာသာဆိုတာ အယူဝါဒလို့ ခင်ဗျားကပြောတယ်... ဟုတ်သမှ သိပ်ဟုတ်ပေါ့... အယူဝါဒပဲလေ... လက်ဆုပ်လက်ကိုင်မပြနိုင်မှတော့ အယူဝါဒပဲပေါ့... အဲ.... ဒါပေမယ့် ကျုပ်တို့ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တာကတော့ အယူဝါဒသက်သက်မဟုတ်လို့ ဘာသာမဟုတ်ဘူး.. သာသနာလို့ခေါ်ပါသဗျာ.... ဘာသာတွေအတွက် Religion ဆိုရင်လုံလောက်ပါတယ်... ဒါပေမယ့် ကျုပ်တို့ဟာက ဘာသာမဟုတ်ဘူး သာသနာ... အဆုံးအမ... ပြောတာယုံ.... တားမြစ်တာရှောင်ကြဉ်ရုံနဲ့ လမ်းမဆုံးဘဲ ကိုယ်တိုင် ဝိပဿနာတရားတော်ကို လေ့လာရှုမှတ်မှ လမ်းဆုံးနိဗ္ဗာန်ကို ရောက်နိုင်တဲ့ သာသနာတော်ပါ... ဝိဘဇ္ဇဝါဒပါ... ဝေဖန်ဆန်းစစ်လို့ရပါတယ်... ကြိုက်သလို ကြိုက်တဲ့အချိန်စမ်း.... ချက်ချင်းလက်ငင်းအကျိုးပေးတဲ့ သာသနာလို့ခေါ်တဲ့ ဗုဒ္ဓသာသနာတော်ကြီးပါဗျာ.... အယူဝါဒသက်သက်မဟုတ်ရပေါင်... အဲဒီတော့ အိမ်ရှင် ဧည့်သည် ဆိုတာလေးတွေ ဘာသာနဲ့ သာသနာမတူပုံလေးတွေ သေချာသိနိုင်ဖို့အတွက် မြန်မာသမိုင်း မြန်မာစာ မြန်မာစကားတွေကို သေချာလေ့လာလိုက်ပါဦးနော်.... အော် စကားစပ်လို့ ပြောလိုက်ဦးမယ် ခင်ဗျားတို့ဘာသာဝင်တွေ တစ်ချို့က တစ်ခါတစ်လေ အစ္စလာမ်သာသနာဆိုပြီး သာသနာဆို့တဲ့ အဓိပ္ပါယ်မသိပဲ မြန်မာစာ မြန်မာစကားအနက်အဓိပ္ပါယ် သေချာဂဏမသိပဲ စကားလုံးခိုးခိုးသုံးတာလဲ တော်တော်များများတွေ့ရတယ်နော်... အဲဒါလေးတွေကိုလဲ သေချာရှင်းပြလိုက်စမ်းပါဦးဗျာ.... စကားလုံးတစ်ခု သေချာမသိပဲ ခိုးမသုံးပါနဲ့လို့.. ရှက်စရာကောင်းလှပါတယ်လို့.... ဟီးဟီး....
**မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။
ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့ တယ်။ **)
မှားပြီးရင်း မှားပြန်ပေါ့ သမိုင်းကြောင်းကို.... ဟိဟိ.... ဟိန္ဒူဘာသာက အစောဆုံးဝင်ခဲ့တယ်ဆိုတာ ဘယ်သက်သေနဲ့ပြတာတုန်း.... ပုဂံခေတ် အနော်ရထာလက်ထက် သာသနာတော်ဝင်ရောက်လာပုံက အန္ဒိယကနေမဟုတ်ဘူးလေဗျာ.... ခင်ဗျားကလဲ လွဲပြန်ပြီ... မွန်တို့ဌာနီ ရာမည ဆိုတဲ့ သထုံပြည်ကနေလာတာလေဗျာ.... လေးတန်း ငါးတန်းလောက်တုန်းက သမိုင်းကို သေချာမကျက်ဘူးနဲ့တူတယ်.... ဘယ့်နှယ့် ကလေးတောင်သိတာကိုဗျာ... ဖစ်မှဖစ်ရလေခြင်း... ဟားဟား.... ပြီးတော့ အနော်ရထာလက်ထက်လောက်တုန်းကဆို အိန္ဒိယမှာတောင် ဗုဒ္ဒဘာသာနေလိုလလိုထွန်းတောက်နေတုန်းလေဗျာ... သီဟိုဠ်ဆိုမပြောနေပါတော့.... အဲဒီတော့ အဲဒီအချိန်မှာ ဟိန္ဒူဘာသာ အိန္ဒိယကနေ အရင်ဝင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဗျာ... အနော်ရထာမတိုင်ခင်က အရည်းကြီးဝါဒဆိုတာ ဟိန္ဒူလို့ ခင်ဗျားက ပြောချင်တာလား.. ဒါဆို ဟိန္ဒူကိုစော်ကားသလို ဖြစ်ပြီး ခင်ဗျားတို့စစ်မျက်နှာ နှစ်ဘက်ဖွင့်နေရမယ်နော် သတိလည်းထားဦး... ဟိန္ဒူဝါဒမှာ ပန်းဦးဆက်တယ်ဆိုတာ မရှိဘူးလေ..ဟုတ်ရဲ့လား... အဲဒါကြောင့်ပြောတာပေါ့... သမိုင်းကြောင်းလေးတွေ လေ့လာပါလို့...((မင်းကန်စီ))
http://www.facebook.com/notes/အာဇန်း-ဗီလိန်/ဘယ်သူက-အိမ်ရှင်လဲ/526392704085418
ဘယ်သူက အိမ်ရှင်လဲ
by အာဇန်း ဗီလိန် (Notes) on Sunday, May 5, 2013 at 2:47am
အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--
“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။
အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။
ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။
အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။
ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။
ဌေးလွင်ဦး(mmsy)
  • Autumn Mtz အိမ်ရှင်နဲ့ညေ့်သည်ဆိုတဲ့ အသုံးအနှူံးက ဘာသာရေးနှစ်ခုအတွက်ပါ မြန်မာပြည်မှာ ဗုဒ္ဒဘာသာ ထွန်းကားခဲ့တာ ကြာပါပြီ ဘုရားရှင် လက်ထက်တော်ကတဲက ရွေတိဂုံစေတီဆိုတာ ရှိနေပြီ.. ဗုဒ္ဒဘာသာ ထွန်းကားပြန့်ပွားလာတာကတော့ ပုဂံခေတ် အနော်ရထာမင်းကြီး နဲ့ ကျန်စစ်သားမင်းကြီးတို့အချိန်တွေမှာ တိုးတက်လာတယ် တစ်ချို့ အစ္စလာမ် ဇွတ်ညင်းတွေက ပုဂံခေတ်ထဲက မြန်မာပြည်မှာ အစ္စလမ်ဘာသာ ရှိနေပြီဆိုပြီး ဇွတ်ပြောနေပေမဲ့ ထင်ရှားသော သက်သေ အထောက်အထားမရှိပါ.. ပုဂံခေတ် ပင်းယ အင်းဝ ညောင်ရမ်းခေတ်စတာတွေမှာ အစ္စလာမ်အကြောင်း တစ်စုံတစ်ရာ မရှိပါ(ဥပမာ ဗလီ ၀တ်ပြုသောအဆောက်အဦး) ကုန်းဘောင်ခေတ်နှောင်းပိုင်းကြမှ အင်္ဂလိပ်နဲ့ အတူ ပါလာကြတာပါ ဒါကြောင့် မြန်မာပြည်မှာ ဗုဒ္ဒဘာသာဟာ အိမ်ရှင်ဘာသာ အစ္စလာမ်ဘာသာ ကတော့ ညေ့်သည်ပါလို့ပြောတာပါ နောက်တစ်ခုက ဆော်ဒီလိုတိုင်းပြည်မှာ လူသားအားလုံးဟာ ဒီဂြိုဟ် ကမ္ဘာ မှာ ခရီးသည်တွေပဲ ဒါကြောင့် တစ်ခြားလူတွေကိုးကွယ်တဲ့ဘာသာကို လဲလေးစားနေရာပေးပါဆိုရင် ရနိုင်မလား...သိချင်ပါတယ်...တစ်ချို့တွေပြောနေတဲ့ မြန်မာပြည်မှာ ဗုဒ္ဒဘာသာ ရောက်ရှိတာ
    ပုဂံခေတ်ကြမှ ဆိုလို့သေချာလေ့လာပါ ပုဂံခေတ် အနော်ရထာမင်း ဘယ်က နေ ပိဠိကတ်တော်တွေသွားသည်လာတာလဲ...
    အာဇန်း ဗီလိန် **မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။
    ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့ တယ်။ **
    Autumn Mtz အာရဗ်နိုင်ငံတွေလဲ ...ဒီလိုပဲရှင် ....စပေါ်လာထဲက ဘာသာမရှိပါဖူးးး.... ဘာသာကြီး၎ခုလုံးးးး ...နိုင်ငံ (၄)ခုကသာစခဲ.တာပါ... ဘာသာကြီး (၄)ခုမတိုင်ခင် ...ကမ္ဘာကြီးဟာ ...နတ်နဂါး နတ်ဘုရားး ..ယဇ်ပူဇော် တာတွေနဲ.စခဲ.တာပါ...။ ဟိန္ဒူကလဲသီဝ (သျှီဗား )နတ်ဘုရားပါပဲရှင် .... ။ ကျမတို.က မဟာလူသား ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ. ခြေတော် ချခဲ.တဲ. ... ဆံတော် စံပါယ်တော်မူတဲ.ဒေသ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်။ မလေးရှားတို. အင်ဒိုနီးရှားတို. ဂျော်ဒန်တို. မွတ်စလင်နိုင်ငံတွေကရော စတည်ထဲက ဘာသာရှိတယ်လို.များ ထင်နေခဲ. လားရှင်...။ အဲ.နိုင်ငံတွေမှာရော တမာန်တော်မိုဟာမက် ခြေတောင်ချခဲ.ဖူးလားရှင်။ မေတို.ဖလှယ်တာကလွဲလို. မထိခိုက်ကြရအောင်ပါ....။မေဒီလိုတွေမပြောချင်ပါဖူး .... ကိုယ်.ဘာသာအကြောင်းပြောလို. ..ကိုယ်နားလည်သလောက်လေး ပြန်ရှင်းပြတာပါ ... မမုန်းစေချင်ပါဖူး။
    Autumn Mtz အကိုဗီလိန်ရေ ... သမိုင်းမတင်မီခေတ်တွေအကြောင်းးးကို ...သမိုင်းသုတေသီတွေထက်တောင်လေ.လာအားကောင်းတဲ. ... အဲ.ပို.စ်.ပိုင်ရှင်ဦးဌေးလွင်ဦးကို ... ဒေါက်တာဘွဲ.ချီးမြှင်.မှရတော.မယ်ထင်တယ် အကို။
    အာဇန်း ဗီလိန် ညီမလေးမေ နည်းနည်းအားနာမိတယ် ညီမလေးမှတ်ချက်ကိုဖတ်ပြီးတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး
    မကြောက်ပါနဲ့ ဗီလိန်ဆိုတာနဲ့၁ကယ်လူဆိုးကြီးထင်မနေပါနဲ့ 3နာရီလောက်နေမှ ဆရာဌေးလွင်ဦးကို ဒေါက်တာဘွဲ.ချီးမြှင့်ချင်နေတယ်ဆိုတော့ နည်းနည်းတော့ စဉ်းစားစရာပဲ လွတ်တော်မှာအဆိုတ
    င်သွင်းထားလိုက်မယ်နော်.....
    ဆရာဌေးလွင်ဦးအကြောင်းကိုသိချင်ရင် ဒီမှာဝင်ကြည့်ပါ http://islammyanmar.com/
    ၁ခုတော့သတိပေးလိုက်မယ်နော် ဘာသာရေးအကြောင်းကို အယူပြောင်းပေးကြေး ဆွေးနွေးရန် ဆိုတဲ့နေရာမှာတော့
    သူနဲ့ဆွေးနွေးချင်တယ်ဆိုရင်တော့ စာအုပ်တွေများများဖတ်ထားလိုက်ဦး.....
    အာဇန်း ဗီလိန် ကျနော်မည်သည့်ဘာသာကိုမှ ပုတ်ခတ်ထားတာမပါပါဘူး
    ညီမက အရင်ရောက်တဲ့ဘာသာကို အိမ်ရှင်အဖြစ်သတ်မှတ်ချင်တာမဟုတ်လား
    အကိုကတော့ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာက အရင်ရောက်တယ်ဆိုတာ လက်ခံတယ်
    ညီမကလက်မခံဘူးဆိုရင် သမိုင်းသက်သေပြလေ အကိုယုံပေးပါ့မယ်......
    http://www.facebook.com/photo.php?fbid=167135150118154&set=pb.100004650095040.-2207520000.1371409053.&type=3&theater 
    • အာဇန်း ဗီလိန် ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။ အာရာမရုက္ခစေတျာနိ၊ မနုဿာဘယတဇ္ဇိတာ။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။ နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
      ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံ သစ်ပင် စေတီပုတိုးတို့ကို၎င်း တည်ထားကို
းကွယ်ကြကုန်၏။ ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ (ခုဒ္ဒကပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊၁၈၉)
      အထက်ပါ ပါဠိတော်မှာ အနည်းငယ် ရှင်းစရာ ဖြစ်သော စကားလုံးမှာ စေတျာနိ ခေါ် စေတီ ဟူ သည့် စကားလုံးပင် ဖြစ်သည်။ ထိုစကားလုံးသည် တည်ထားကိုးကွယ်ခြင်း ဟု အနက်ကိုပေး သည့် စေတိယျ ဟု ဆင့်ပွားခြင်း ဖြစ်၍- ရုပ်ဝတ္ထု၊ စိတ်ကူးပုံဖွဲ့ အာရုံတည်ဝတ္ထု မှန်သမျှ အကြုံးဝင် ပေသည်။ ထိုသို့- တည်ထားကိုးကွယ်မှု မှန်သမျှအား ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးကင်း သော ကိုးကွယ်ခြင်း မဟုတ်- ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်ကြောင်း ကိုယ်တော်ဂေါတမက ပြောပြသွန်သင်ပြီး ဖြစ်သည်။
      ထိုမျှမက- ကိုယ်တော်သည် သူသက်ရှိထင်ရှား ရှိစဉ်ကပင် ပုဂ္ဂိုလ်ရေး ဆည်းကပ်ကြည်ညို သဒ္ဓါ လွန်မှုအား တားမြစ်ခဲ့ကြောင်း-- ကိုယ်တော့အား ဆည်းကပ်ဖူးမျှော်သော ရှင်ဝက္ကိလိအား ဆိုဆုံးမ ခြင်းဖြင့် ဖေါ်ပြခဲ့လေသည်။
      အလံ ၀က္ကလိ ကိံ ရူပေ၊ ရမသေ ဗလနန္ဒိတေ။ ယော ဟိပဿတိ သဒ္ဓမ္မံ၊ သော မံ ပဿတိ ပဏ္ဍိတော။ အပဿမာနော သဒ္ဓမ္မံ၊ မံ ပဿမ္ပိ န ပဿတိ။
      ဤမှ-- တရားကို မမြင်သော သူသည် ငါ့ကို မြင်သော်လည်း မမြင်သည် မည်၏ ဆိုသော ဆုံးမ စကားမှာ အလွန်ပြောင်မြောက်၍ တရားသဘောအားဖြင့် လေးစား တန်ဘိုး ထားထိုက်သော တ ရားပင် ဖြစ်တော့သည်။ သို့ဖြစ်၍ ထိုမျှ တန်ဘိုး ရှိသော တရားစကားများအား ကျွန်ုပ်တို့ အနေဖြင့် ညီနောင်ဗုဒ္ဓသာသနာဝင်တို့အား ပြန်လည် ဖေါ်ထုတ်ဆွေးနွေးပေးရမည်သာ ဖြစ်သည်။ ထိုသို့ ဆွေးနွေးခြင်းဖြင့် ခံစားမှု မတူညီသော ညီနောင်များအကြား- ခံစားယုံကြည်မှု နီးစပ်နားလည်လာ နိုင်ဘွယ် အကြောင်းရှိ၍- မစူးမစမ်းဘဲ အချင်းချင်း ပုတ်ခတ်နေခြင်းသည် အမုန်းတရားကိုသာ ပွားများလာမည် ဖြစ်တော့သည်။
      Autumn Mtz သူငယ်ချင်းပဲ တော်ကြရအောင်ပါ ... ရန်မဖြစ်ပါရစေနဲ. ... ။ ကျမစိတ်ဝင်စားတာလဲသီချင်း ..သဘာဝအလှ ... ပန်း ... ခုတော. ကိုယ်သိတဲ.အမှန်လေးတွေလိုက်ရှင်းပြမိရင်း ....ဟူးးးးး ... ကောင်းပါတယ် မျှတတဲ. မွတ်စလင်သူငယ်ချင်းအများကြီးရပါတယ်။
      Rosy Chan Shaw I know dis is non of my bussiness but let me say dis that Were I a swan, I would act a swan', Were I a Lion d king of a forest, I would act a lion. There is nothing to argue about it....tx
      Autumn Mtz ***(ကြောက်ရွံထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း အရံ သစ်ပင် စေတီပုတိုးတို့ကို၎င်း တည်ထားကိုးကွယ်ကြကုန်၏။ ထိုသို့ ထိုအရာများအား ကိုးကွယ် ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာတို့အား ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။ (ခုဒ္ဒကပါဌ (၅)ကျမ်းတွဲ ပါဠိတော်- ဓမ္မပဒပါဠိ- ဗုဒ္ဓ၀ဂ္ဂ- အဂ္ဂိ ဒတ္တဗြာဟ္မဏ၀တ္ထု- (မြန်မာများ အများသိ- ဓမ္မပဒ ၁၈၈၊၁၈၉)***
      ဓမ္မပဒပါဠိနိဿယမူတွေမှာ သင်္ဂဇာဆရာတော်ဘုရားကြီးမူနဲ့ မိုးထိဆရာတော်ဘုရားကြီးမူဆိုပြီး နှစ်မူရှိပါတယ်… အဂ္ဂိဒတ္တဗြဟ္မဏဝတ္ထု ကိုတော့ ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့မူက နိဿယျပေးပုံတူညီပါတယ်…အောက်မှာ အပြည့်အစုံဖော်ပြထားပါတယ်…
      မြတ်စွာဘုရားသည် အင်္ဂတိုင်း မဂဓတိုင်းတို့၏အကြား တစ်ခုသော သဲစုတွင် နေတော်မူသောအခါ တပည့်တို့အား တောတောင်ကိုကိုးကွယ်ကုန်လော့ သစ်ပင်ကို ကိုးကွယ်ကုန်လော့- စသည်ဖြင့် ဆုံးမ၍နေလေ့ရှိသော အဂ္ဂိဒတ္တရသေ့ကို အကြောင်းပြု၍ -
      ၁။ ဗဟုံဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိစ။
      အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
      ၂။ နေတံခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
      နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
      ၃။ ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော၊
      စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
      ၄။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
      အရိယဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
      ၅။ ဧတံခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
      ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
      ဟူ၍ ဤငါးဂါထာကို ဟောတော်မူသည်။ အဂ္ဂိဒတ္တရသေ့ တပည့်တစ်သောင်းနှင့်တကွ ဧဟိဘိက္ခု ရဟန္တာဖြစ်လေကုန်၏။
      ဘယတဇ္ဇိတာ၊ ဘေးဖြင့်ထိတ်လန့်ကုန်သော။ မနုဿာ၊ လူတို့သည်။ ဗဟ၊ု များစွာကုန်သော။ ပဗ္ဗတာနိစ၊ တောင်တို့ကိုလည်းကောင်း။ ဝနာနိစ၊ တောတို့ကိုလည်းကောင်း။ အာရာမရုက္ခစေတျာနိစ၊ အရံ,အဓိကရ သစ်ပင်တို့ကို လည်းကောင်း။ ဝေ၊ စင်စစ်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ယန္တိ၊ ဆည်းကပ်ကုန်၏။
      တထာပိ၊ ထိုသို့ဆည်းကပ်ကုန်သော်လည်း။ ဧတံ၊ ဤတောတောင် သစ်ပင်အပေါင်းသည်။ ခေမံ၊ ဘေးကင်းသော။ သရဏံ၊ ကိုးကွယ်ရာသည်။ နဟောတိ၊ မဖြစ်။ ဧတံ၊ ဤတောတောင်သစ်ပင်အပေါင်းသည်။ ဥတ္တမံ၊ မြတ်သော။ သရဏံ၊ ကိုးကွယ်ရာသည်။ နဟောတိ၊ မဖြစ်။ ဧတံ သရဏံ၊ ဤတောတောင် သစ်ပင်ကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသောဆင်းရဲမှ။ နမုစ္စတိ၊ မလွတ်။
      ယောစ၊ အကြင်သူသည်ကား။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ဆည်းကပ်၏။ သော၊ ထိုရတနာသုံးပါးကို ဆည်းကပ်သောသူသည်။
      ဒုက္ခံ၊ ဒုက္ခသစ္စာလည်းကောင်း။ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဖြစ်ကြောင်းဖြစ်သော သမုဒယသစ္စာလည်းကောင်း။ ဒုက္ခဿ စ အတိက္ကမံ၊ ဒုက္ခကိုလွန်မြောက်ရာဖြစ်သော နိရောဓသစ္စာလည်းကောင်း။ အရိယံ၊ မြတ်သော။ အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးရှိသော။ ဒုက္ခူပသမဂါမိနံ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ မဂ္ဂသစ္စာလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မာ၊ ကောင်းစွာ။ ပညာယ၊ မဂ္ဂပညာဖြင့်။ ပဿတိ၊ မြင်၏။
      ဧတံ၊ ဤရတနာသုံးပါးအပေါင်းသည်။ ခေါ၊ အဟုတ်သဖြင့်။ ခေမံ၊ ဘေးမရှိသော။ သရဏံ၊ ကိုးကွယ်ရာမည်၏။ ဧတံ၊ ဤရတနာသုံးပါးသည်။ ဥတ္တမံ၊ မြတ်သော။ သရဏံ၊ ကိုးကွယ်ရာမည်၏။ ဧတံ သရဏံ၊ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ သဗ္ဗဒုက္ခာ၊ ခပ်သိမ်းသောဆင်းရဲမှ။ မုစ္စတိ၊ လွတ်၏။
      Autumn Mtz အဲဒီတော့ သစ်ပင် တော တောင်တွေကို ကိုးကွယ်မှုမပြုဘဲ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကိုသာလျင် ကိုးကွယ်အပ် ကိုးကွယ်ထိုက်ကြောင်း ဟောကြားခဲ့တာပါ…. ဘုရား တရား သံဃာကို ရည်မှန်းတည်ထားတဲ့ စေတီပုထိုးများကို မကိုးကွယ်ထိုက်ဘူးလို့ ဟောခဲ့တာမဟုတ်ပါဘူး… အခုဘာသာပြန်ဆိုချက်ဟာ ဘယ်ပုဂ္ဂိုလ်ပြုစုတဲ့ ဘယ်မူလဲဆိုတာ သိလိုပါတယ်…
      ပြီးတော့ စေတီတည်ထိုက်သူလေးပါးဆိုပြီးတော့လည်း ဟောတော်မူခဲ့ပါတယ်… အဲဒါတွေကတော့ (၁) သမ္မာသမ္ဗုဒ္ဓ= သစ္စာလေးပါး မြတ်တရားကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့် ကိုယ်တော်တိုင်လည်းသိ သူတပါးတို့ကိုလည်း သိစေတော်မူသော ဘုရား (၂) ပစ္စေကဗုဒ္ဓါ= အသီးအခြားပွင့်တော်မူသော ဘုရားငယ် (၃) သာဝက = ဘုရား၏တပည့်သား သံဃာ (၄) စက္ကဝတ္တိ ရာဇာ= စကြဝတေးမင်း ဆိုပြီး လေးပါးရှိပါတယ်… အဲဒီလေးပါးထဲမှာ အမှတ်စဉ် ၂ နဲ့ ၄ တို့က သာသနာတွင်းကာလမှာ မပေါ်ပေါက်နိုင် မပေါ်ပေါက်ကောင်းတာမို့ သာသနာတွင်းကာလမှာ ကျန် နှစ်မျိုးသာလျင် စေတီတည်ထား ကိုးကွယ်ကြပါတယ်… ပြီးတော့ စေတီယဝိနိစ္ဆယကျမ်းမှာ စေတီလေးမျိုးလည်း ဖော်ပြထားပါတယ်… အဲဒါတွေကတော့ အများသိပြီးဖြစ်တဲ့ (၁) ဓါတုစေတီ= ဓါတ်တော် (၂) ဓမ္မစေတီ=တရားတော် (၃) ပရိဘောဂစေတီ = မြတ်စွာဘုရား၏ အသုံးအဆောင် (၄) ဥဒ္ဒိဿစေတီ = ရည်မှန်းကိုးကွယ်အပ်သော ရုပ်ပွားတော် ဆင်းတု ဆိုပြီးတော့ လေးမျိုးပဲဖြစ်ပါတယ်… အဲဒီတော့ ကျုပ်တို့အခုတည်ထားကိုးကွယ် ပူဇော်နေကြသော စေတီတော်များဆိုတာဟာ ဘုရားရှင်အလိုတော်ကျနဲ့ ကိုက်ညီပါတယ်… ကိုးကွယ်ထိုက်ပါတယ်… ဘာသာတိုင်းမှာလည်း အခုလို ရည်မှန်းကိုးကွယ်မှုရှိပါတယ်… အစ္စလာမ်ဘာသာမှာ မရှိဘူးလို့ လုံးဝယတိပြတ် ငြင်းဆိုလို့လည်း မရပါဘူး… ဘာလို့လည်းဆိုတော့ အစ္စလာမ်ဘာသာဝင်တွေဟာ ကန်တော့လို့ရှိရင် မက္ကာဘက်ကိုသာ ဦးလှည့်ကန်တော့ရမယ်လို့ ဆိုထားတာကလည်း အဲဒီအချက်ဟာ အထွတ်အမြတ်ထားရာကို ရည်မှန်းတယ်ဆိုတဲ့ သက်သေသာဓကတစ်ခုပဲဖြစ်ပါတယ်… အဲသလိုပဲ ကျုပ်တို့ကလည်း ကျုပ်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော်တွေ တရားတော်တွေရဲ့ ဂုဏ်တော်တွေ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီးတော့ စေတီတည်ထားကိုးကွယ်ကြပါတယ်… ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းက ဝတ်လဲတော်ကို ဌာပနာပြီး တည်ထားခဲ့တဲ့ ဗြဟ္မာပြည်က စေတီ၊ ဆံတော်ကိုဌာပနာပြီး တည်ထားခဲ့တဲ့ တာဝတိံသာက စေတီနဲ့ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်တို့ဟာ ဘုရားရှင်အလိုတော်နဲ့မကိုက်ညီဘူးဆိုရင် တားမြစ်ခဲ့မှာပေါ့…
      စေတျာနိ ဆိုတဲ့ စကားလုံးကိုတော့ ပါဠိမြန်မာအဘိဓါတ်မှာ ရှာမတွေ့ပါဘူး.. စေတျာဆိုတဲ့ ပုဒ်ကိုပဲရှာတွေ့ပါတယ်… စေတီယ ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲဖြစ်ပါတယ်… ဒါပေမယ့် နှစ်ခုလုံးရဲ့မူရင်းပုဒ်ကတော့ စိတျ ဆိုတဲ့ ပုဒ်နဲ့ ဏျဆိုတဲ့ပုဒ် နှစ်ခုကိုပေါင်းထားခြင်းပဲဖြစ်ပါတယ်… ရိုသေးလေးစား မြတ်နိုးပူဇော်ရာဖြစ်သော လို့ အနက်ဖွင့်ထားပါတယ်…
      ဒီတော့ တောင်တို့ကို၎င်း၊ တောတို့ကို၎င်း၊ အရံသစ်ပင် စေတီပုထိုးတို့ကို၎င်း လို့ ဘာသာပြန်လို့မရပါဘူး… ဆရာတော်ကြီးများ မူအတိုင်းသာ မှတ်ယူပါ… ပြန်ချင်းပြန်ရင် တောင်တို့ကိုလည်းကောင်း တောတို့ကိုလည်းကောင်း အရံသစ်ပင် တို့ကိုလည်းကောင်း စေတီပုထိုးအမှတ်ဖြင့် တည်ထားကိုးကွယ်ကြကုန်၏…. လို့ပဲ ပြန်သင့်ပါတယ်… ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်ပြန်ဆိုထားပါသလဲဆိုတာလေး ညွှန်းစေလိုပါတယ်… ဘာလို့လဲဆိုတော့ မြန်မာစာ မြန်မာစကားမှာ (၎င်း) နဲ့ (လည်းကောင်း) အသံထွက်ခြင်း ဆင်ချင်သလိုလိုရှိပေမယ့် အဓိပ္ပါယ် အင်မတန် ကွာခြားလွန်းလှတာကြောင့်ပါ… ဘယ်လိုပညာရှိများလဲလို့ မှတ်သားချင်လို့ပါ….
      Autumn Mtz ဝက္ကလိထေရ်အပါဒါန်ကတော့ ကျုပ်တို့သာသနာတော်ကြီးရဲ့ သူမတူထူးခြားတဲ့အချက်တစ်ချက်ပဲပေါ့ဗျာ… ကာလာမသုတ္တန်လိုပဲ အတုမရှိတရားတော်ပဲပေါ့… ဘုရားသခင်လို့ ပြောတဲ့သူတွေအားလုံးက သူတို့ကိုပဲ ကြည်ညို ယုံကြည်နေကြဖို့ပဲ ဟောခဲ့ကြတာကို ကျုပ်တို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကြည်ညို ယုံကြည်နေယုံနဲ့အဆုံးမသတ်ပဲ နှိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ အင်္ဂါရှစ်ပါးနဲ့ပြည့်စုံတဲ့ မဂ္ဂင်လမ်းကြောင်းအကျင့်ကောင်းတွေနဲ့ ဝိပဿနာကျင့်ကြံဖို့ကိုသာ ဟောကြားခဲ့ပါတယ်... ဝက္ကလိမထေရ်က တရားမကျင့်ကြံဘဲ ဘုရားရှင်မျက်နှာတော်ကိုသာ ဖူးချင် တွေ့ချင်နေတာကြောင့်ဟောတာပါ… လောကမှ လွတ်မြောက်ရာတစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ ဝိပဿနာတရားတော်တွေကို ကိုယ်တိုင်မှ မကျင့်ရင် ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူးဆိုတဲ့ အင်မတန်သိပ္ပံနည်းလမ်းကျတဲ့ ယုတ္တိဗေဒကျတဲ့ အနှိုင်းမဲ့တရားတော်များသခင် ဖြစ်လို့သာ ဟောတော်မူရဲတာပေါ့ဗျာ…
      တစ်လက်စတည်း ဓမ္မပဒကိုလေ့လာမယ်ဆိုရင် သေချာစေ့စေ့စုံစုံနဲ့ ဆင်ခြင်တုံတရားလေး လက်ကိုင်ထားပြီးလေ့လာပါလို့ပြောချင်ပါတယ်… အပြစ်ရှာရုံလေ့လာမယ်ဆိုရင်တော့ ဗုဒ္ဓရဲ့တရားတော်တွေကိုမလေ့လာပါနဲ့ အချိန်ကုန်ပါတယ်လို့ပဲ ပြောချင်ပါတယ်… ဘာလို့လဲဆိုတော့ သဒ္ဒါ၊ ဆန်း ကျမ်း ဘာနဲ့စမ်းစမ်း အပြစ်ရှာမတွေ့နိုင်လို့ပါဘဲ… အဲဒီတော့ အလကားနေအချိန်ကုန်မခံနေပါနဲ့လို့ပဲ ပြောချင်ပါတယ်… အဲ ကျုပ်ပြောသလို လေ့လာမယ်ဆိုရင်တော့ ကြည်ညိုသဒ္ဒါတရား ပွားများနိုင်ပါလိမ့်မယ်… ဘာလို့လဲဆိုတော့ အနောက်နိုင်ငံသား ဗုဒ္ဓသာသနာဝင်များဟာ သူတို့လေးစားချစ်ခင်တဲ့ သူတွေကို လက်ဆောင်ပေးရာမှာ ဓမ္မပဒအင်္ဂလိပ်စာမူကို အထူးပေးတတ်ကြတယ်… ဘာလို့လဲဆိုတော့ သူတို့သာသနာတော်ကိုဝင်ရောက်လာစေတဲ့ အကြောင်းရင်းက အဲဒီစာအုပ်ဖြစ်လို့ပါပဲ… စစ်မှန်တဲ့တရားတော်ကိုရှာဖွေတွေ့ရှိခဲ့တဲ့… ယုတ္တိကျတဲ့တရားတော်ကို ရှာဖွေတွေ့ရှိအောင် လမ်းညွှန်ပေးတဲ့တရားစာအုပ်အနေနဲ့ သူတို့အလွန်တန်ဘိုးထားတယ်လို့ လေ့လာမှတ်သားဖူးပါတယ်ဗျား…..( မင်းကန်စီ )
No comments:
Post a Comment