Friday, October 18, 2013
သမ္မာကျမ်းစာ အလွဲများ.....
"…ဤကျမ်းတော်သည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။…" (ကျမ်းမြတ်ကုရ်အာန် -အခန်း ၅၊ အပိုဒ် ၄၈)။ (ရှေးကျမ်းတွေကို ထောက်ခံနေရင်တော့ တစ်လွဲဖြစ်ပြီ.. :P )
တိဗက်မှာဘုန်းကြီးဝတ်ခဲ့တဲ့ခရစ်တော်ယေရှု
ယုံကြည်သူများအတွက်
တိဗက်မှာဘုန်းကြီးဝတ်ခဲ့တဲ့
ခရစ်တော်ယေရှု
  - ခရစ်ယာန်တို့၏ ထာဝရဘုရားသည်ယာဂုတ် နှင့် နပန်း လုံးသောကြောင့်ဝိညာဉ် တော်ဘုရားမဟုတ်ပါဘူး။ (ကမ္ဘာဦး ၃၂း၂၃- ၃၂ )
  -  သခင်ဘုရားမှာပုံသဏ္ဌန်ရှိပါတယ်။မျက်စိသည် မီးလျှံ ကဲ့သို့ြ...ဖစ်၏။ခြေထောက်သည်ကြေးဝါအစစ် နှင့်တူ၏။ လက်မှာ လည်းလက်ယာဘက်တွင်ကြယ် ခုနှစ်လုံးကို ကိုင်ထား၏။ ပါးစပ်ထဲတွင် အသွားနှစ် ဖက်ပါသော သံလျက်တစ် ချောင်း ထွက်နေသည်။မျက်စိခုနှစ်လုံးနှင့်ဦးချိုခုနှစ်ချောင်းလည်းပါရှိနေပါ တယ်။ ( ဗျာ - ၁း ၁၂း - ၁၆ ) ( ဗျာ ၅း ၆ )
- ထာဝရဘုရားကဒေါသကြီးတယ်။ အခြားဘုရားတွေကို ပုတ် ခတ်ပြောဆိုတယ်။               
( ထွက်- ၂၂း ၂၄ /၂၃း ၂၄ )
- မေတ္တာဂရုဏာကင်းမဲ့တယ်။ ( တရားဟောရာ- ၇း ၂ )
- အတ္တဆန်တယ်ကိုယ့်လူတွေ အတွက်ပဲကြည့်တယ်( ဆာလံ- ၁၄၇း ၁၉- ၂၁ )
- သူကိုယ်တိုင်လူတွေကိုသတ်တယ်။(ကမ္ဘာ -၃၈း ၇-၁၁ )
- မျက်စိပိတ်ယုံခိုင်းပြီးစုံစမ်းတာမကြိုက်ဘူး။ (မဿဲ-၄းရ )
- ကျိန်ဆဲတတ်သောဘုရားဖြစ်သည်။ ( တ၇ားဟော၇ာ - ၂၈း ၁၅- ၃၅ )( ၅း ၉ )
- သိုးကင်အမဲကင်ကိုကြိုက်တယ်။ ( တော - ၂၈း ၃- ၄ )
- စပျစ်ရည်လို့ခေါ်တဲ့ဝိုင်အရက်ကိုအလွန်ကြိုက်တယ်။ (တောလည်ရာ- ၂၈း ၇၊ ၁၄ )
- ယေရှုဟာ ကားတိုင်မှာ ရက်စက်စွာ အသတ်ခံခဲ့ရသည်။
- ထာဝရဘုရားကို မြင်ဖူးတဲ့သူတွေရှိတယ်။
- မောရှေက သေချာမြင်ဖူးပါတယ်လို့ကျမ်းခံက၀န် ခံထား တယ်။ ( တရားဟောရာ- ၃၄း ၁၁- ၁၂ )
- ဘုရားသခင်ကိုယ်တိုင် မောရှေကို တိုက်ရိုက်တွေ့ဆုံဖို့ ( တောလည်ရာ- ၁၂း ၁၈ ) မှာပြောပါ တယ်။
- အာဒံနှင့်ဧ၀ကို သားရေဖြင့်ဝတ်ရုံကို လုပ်ပြီးခြုံစေပါသည်။ မမြင်ရတဲ့ဝိညာဉ်ဘုရားကဘယ်လိုခြုံပေး သလဲဆိုတာ မစဉ်း စားသင့်ဘူးလား။ ( ကမ္ဘာဦး- ၃း ၂၁ )
- ၀ိညာဉ်သက်သက်သာဆိုတဲ့ ထာဝရဘုရားကဘယ်က လက်ညှိုးထွက်လာတယ်မသိဘူး။ကျောက်ပြားပေါ် မှာလက် ညှိုးနဲ့စာရေးပါတယ် တဲ့။( တရားဟောရာ- ၉း ၁၀ )
- ထာဝရဘုရားဟာလူသားတွေ အတွက် ကောင်းကင် ဘုံနန်းကိုဖန်ဆင်းပါတယ်လို့ဓမ္မဟောင်းကျမ်းမှာ လုံးဝ ဖေါ်မပြပါဘဲနှင့်သားတော်အမည်ခံယေရှုကသူ့ကိုယုံကြည်ရင်ကောင်းကင်ဘုံနန်းကိုပို့မယ် ဆိုတာ ဘယ်လိုလုပ် ပြီးဖြစ်နိုင်မှာလည်းစဉ်းစားစရာဖြစ်နေပါတယ်။
- တစ်ကယ်တော့ကောင်းကင်ဘုံနန်းမှာနေရမဲ့သူတွေဟာ ယောင်္ကျားလည်းမဟုတ်၊မိန်းမပုံသဏ္ဌန်လည်း မရှိကြပါ။ စုံဘက်ခြင်းထိန်းမြှားခြင်းမပြုတတ်ကြပါဘူးတဲ့။ ဒါဆိုရင် ထာဝရပျော်ရွှင်မှုကို ဘယ်လိုခံစားရမယ် ဆိုတာ သင့်ကိုယ် သင်ပြန်မေးပါ။ ( ရှင်လုကာ ၂၀း ၃၅- ၃၆ )
- ထာဝရဘုရားသခင်နဲ့ယေရှုတို့ဟာလူသားအား လုံးအ တွက် မဟုတ်ပါဘူး။ 
( ဆာလံ- ၁၄၇း ၁၉- ၂၀ ) ( မဿဲ ၁၅း ၂၄ , ၁၂း ၃၀ )
- ယေရှုဟာသူကိုမယုံရင်ရန်သူအဖြစ် သတ်မှတ်ပါသည်။ ( မဿဲ- ၁၂း ၃၀ )
- ခရစ်ယာန်ဝါဒဟာဖြင့်အမှားတစ်ခုအတွက် ကောင်းတာ လုပ်ထားသမျှ အားလုံးကို အပြစ် ဖြစ်စေပါတယ်။ ( ယာကုတ်- ၂း ၁၀ )
- လူတွေပေါ်မှာအဆိုးမြင်တတ်ပါတယ်။ စင်ကြယ်ခြင်းမရှိ တဲ့အပြစ်သားအဖြစ်အလွဲမြင်တယ်။
(ဟေရှာယ- ၆၄း ၆)
- နာဇရက်မှယေရှု၏မိခင်မာရိဟာသူ့ရဲ့ဇာတိဖြစ်တဲ့ဘက် လင်းမြို့သို့ယောသပ်နှင့်အတူလူဦးရေ စာရင်းမှတ်ပုံတင်ရန်ထွက်ခွာလာခဲ့ရာဖခင်မပေါ်ပဲကိုယ်ဝန်ရထားတဲ့မာရိကိုအရပ်တကာ နယ်တကာ တို့ကပစ်ပယ်ကျတဲ့အတွက်သူများတွေလို တည်းခိုစရာနေရာမရရှာပါဘူး။ ဒါကြောင့် မာရိဟာယေရှု ကိုနွားတွေထား တဲ့နွားတည်း ထဲမှာပဲမွေးရပါတယ်။
- ယေရှုဟာမာရိဆိုတဲ့ အမျိုးသမီးဗိုက်ထဲကနေ လူသာမန် တွေအတိုင်းမွေးဖွားလာ ရသော်လည်း ရှင်ပြန် ထမြောက်တဲ့အချိန်မှာတော့ ဒီခန္ဓာအရိုးအသားတွေနဲဘဲရှင်ပြန် ထမြောက်ခဲ့ပါတယ်လို့ ( ရှင်လုကာ ခရစ်ဝင်ကျမ်း-၂၄း၃၉) မှာတွေ့ရပါတယ်။ဒီလောက်တောင်တန်ခိုးရှိရင် ဖြင့်အစကတည်းက တန်ခိုးဖြင့် ဆင်းသက်လာခဲ့ပါလား။ သန့်ရှင်းတဲ့ သူကဘာကြောင့် မသန့််ရှင်းတဲ့ဝမ်းဗိုက် လမ်းကြောင်းထဲက ထွက်လာ ရတာလဲ။
- နွားစားကျင်းထဲမှာယေရှုမွေးပါတယ်ဆိုတဲ့အကြောင်းကိုသမန်တော်တွေကအဝေးလယ်ကွင်း တစ်နေရာမှာရှိနေတဲ့ သိုးကျောင်းသားတွေကို သွားပြောပါသတဲ့။ အနီးအနားပတ်ဝန်းကျင်ရဲ့အိမ်တွေကလူတွေကို ဘာကြောင့် သမန်တော်တွေကမပြောရတာ လည်းစဉ်းစားစရာတွေပါ
- ခရစ်ဝင်ကျမ်း(၄ )ကျမ်းနှင့်ပက်သက်လို့ယေရှုရဲ့ရှင်ပြန် ထမြောက်မှုအခန်းတွေဟာတစ်ကျမ်းနှင့်  တစ်ကျမ်းလုံးဝ မတူညီတဲ့အတွက်(၃)ရက်မြောက်မှာရှင်ပြန်ထမြောက်တယ် ဆိုတာလိမ်ညာမှုတစ်ခု သာဖြစ်ပါတယ်။
- ယေရှုရှင်ပြန်ထမြောက်တဲ့ အချိန်မှာသင်္ချီုင်းထဲမှာကျိန်း စက်လျက်ရှိသောအလောင်းများစွာဟာထလာကြပြီးမြို့ ထဲသို့ဝင်ကြတာကိုလူအများကြီးကမြင်လိုက်ရပါတယ်လို့ဆွယ်တရားတွေဟောနေသော် လည်း(သမန်တော်- ၁၀း ၄၀-၄၁) မှာတော့လူတွေကိုထင်ရှားစွာပြတော်မမှုပါ ဘူး တဲ့သက်သေခံများဖြစ်တဲ့ သမန်တော်တွေသာမြင်ရပါတယ်လို့အရှေ့ကျမ်းနှင့်အနောက်ကျမ်းလွန်စွာမှလွဲမှားနေတာကို သိလျှက်နှင့် ဘာကြောင့်မစဉ်းစားတာလဲ။
- ထာဝရဘုရားဟာ သူ့ရဲ့ ပညတ်တရားတော်တွေကို စောင့်ရှောက်ရာမှာ ထပ်ပြီးလည်းမပို ရလျော့ပြစ် တာကို လည်းလုံးဝမလုပ်ဖို့(တရားဟောရာကျမ်း-၁၂း၃၂) မှာအ သေအချာဟောထားပါလျက် နှင့် သားတော်လို့ခေါ်တဲ့ ယေရှုကတော့ဘုရားသခင်ရဲ့ တရားတွေကိုလုံးဝဆန့် ကျင်ပြီးဟောထားပါတယ်။ ဒါကြောင့် ဂျူးဘုန်းတော်ကြီး တွေရဲ့အမျက်ဒေါသနှင့်ယေရှုအသတ်ခံခဲ့ရပါတယ်။ အဲ့ဒီလိုထာဝရ ဘုရားသခင် ရဲ့တရားတွေနဲ့ မတူကွဲပြားတာ ကတော့ယေရှုဟာ၁၈နှစ်လုံးလုံး တိဗက်မှာရှိတဲ့ဗုဒ္ဓ ဘာသာဘုန်တော်ကြီးကျောင်းမှာ ရဟန်းခံသွားလို့ပါ။ သိလိုသူများအတွက် အင်တာနက် website-Dhammadownload.com မှ မြန်မာပြန်ဆိုထားတဲ့ဗုဒ္ဓ ၀ါဒပြဿနာများစာအုပ်မှ မေးခွန်းအမှတ် ၁၂ ကိုဖတ်စေ လိုပါတယ်။
- ကားစင်ပေါ်မှာအသတ်ခံရတဲ့ယေရှုသေခါနီးအချိန် မှာ ဖခမည်းတော်ဘာကြောင့်သားတော်ကိုစွန့် ပစ်ရတာလဲလို့ကြီးစွာသောအသံနှင့်အော်ပြီး သေသွားရှာပါသည်။ ( မာကု -၁၅း ၃၄-၃၅ ) ဒီစကားအရဆိုရင်ယေရှုဟာလူ တွေအားလုံးအတွက် အသေခံသွားတာ မဟုတ်ပဲအသတ်ခံ ရခြင်းသာဖြစ်ပါသည်။
- မသေခင်မှာလည်းယေရှုဟာ သူကြိုက်တတ်တဲ့ ပုံးရည် လို့ခေါ်တဲ့အပြင်းစားအရက်ကိုသောက်ပြီးမှ အသက် ထွက်သွားရှာတယ်။ ( ယောဟန်- ၁၉း ၃၀)
- ယေရှုဟာဗုဒ္ဓဟောခဲ့တဲ့တရားတွေနဲ့အတူဂျူးလူမျိုးဘာသာဝင်တို၏ထာဝရဘုရားသခင်ဟော ထားတဲ့တရားတွေကိုရောမွှေပြီး ငါဟာထာဝရဘုရား ၏သားတော်ပါဆိုပြီး လိမ်တာကတစ်ပြစ်၊ ယုဒရှကာရုတ်လို့ခေါ်တဲ့ ယေရှုရဲ့ တပည့်ရင်းကသစ္စာဖေါက်ပြီးယေရှုနေတဲ့နေရာကိုပြပေး လို့ (မဿဲ-၂၆း၄၇-၅၁ ) စတဲ့အကြောင်းတွေနဲ့အဖမ်းခံ ရပြီးအသတ်ခံရတာပါ။ ယေရှုကိုယ်တိုင်သွားပြီး အသေခံ တာမဟုတ်ပါဘူး။ဒါကြောင့်ယေရှုကအသေခံပြီးလူတွေကိုကယ်တင်တယ်ဆိုတာလုံးဝ မဖြစ်နိုင်ကြောင်းအတွေးအခေါ်ရှိသူတိုင်းစဉ်းစားနိုင်ပါတယ်။တိရစ္ဆာန်တွေတောင် သူများပြောတိုင်းမယုံဘူး၊ ငါဟာမင်းရဲ့သခင်ပါလို့ပြော တိုင်းယုံမယ် ထင်သလား။ ကျွန်ုပ်တို့ကလူသားတွေပဲ ဒီလောက်တော့ စဉ်းစားတတ်ရမှာပေါ့
- ယေရှုဟောပြောခဲ့တဲ့မေတ္တာဂရုဏာတရားတွေဟာ ဗုဒ္ဓ မြတ်စွာဘုရားရဲ့ တရားတွေနဲ့ ဆင်တူနေ တာဟာ၁၈နှစ် လုံးလုံး တိဗက်မှာရှိတဲ့ဗုဒ္ဓဘာသာဘုန်တော်ကြီးကျောင်း မှာ (ဇီဝကရိတ) ဘွဲ့အမည်ဖြင့် သင်္ကန်းဝတ်ပြီးတရားအား ထုတ်သွားလို့ပါ။ အသေးစိတ်ကိုသိလိုလျှင်အနောက်နိုင် ငံများတွင် အရောင်း ရဆုံး စာအုပ်များဖြစ်သည့် The Unknown Life Of Jesus Christ နှင့် The Lost Years Of Jesus ဆိုတဲ့စာအုပ်များကိုအင်တာနက်ဝက်ဘ်ဆိုဒ် www.amazon.com တွင်ဝင်ရောက်ရှာဖွေဖတ်ရှု့နိုင် ပါသည်။
- ယေရှု ဘုန်ကြီးဝတ်သွားခဲ့တဲ့ ၁၈နှစ်ကာလ ကိုသမိုင်း အထောက်အထား နှင့် တိဗက်ဒေသကို ခရစ်တော်ယေရှု မမွေးဖွားခင် ဘီစီ ၂၄၄ မှာအသောကမင်းကြီးစေလွှတ် သောသာသနာပြုအဖွဲ့၉ ဖွဲ့ထဲမှ ဟိမ၀န္တာဒေသလို့ခေါ်တဲ့ နီပေါလ် ၊ ဘူတန် ၊ ဆစ်ကင်း နှင့် တိဗက်ဒေသများသို့ မဇ္ဈိမထေရ် နှင့် အဖွဲ့က ဦးဆောင်တဲ့သာသနာပြုအဖွဲ့သွား ရောက်ခဲ့ပါတယ်။ ဘီစီ ၂၄၄ အရ ယေရှုမမွေးဖွားခင်နှစ် ပေါင်း နှစ် ရာ့လေး ဆယ်ကျော်လောက်ကဆိုတော့ယေရှု ဟာတိဗက်မှာရှိတဲ့ရဟန်းတော်တွေထံမှာတပည့်ခံသွား တာသေချာလှပါတယ်။ သမိုင်းအထောက်အထားနှင့်ပိုမို သိလိုသူများအတွက် မောင်အံ့မဟာဝိဇ္ဖာ ( ဘုံဘေ ) ရေးသားသော ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး စာအုပ်နှင့် ဆရာတော်ဘဒ္ဒန္တကောသလရေးသားတဲ့ ၂၀၁၂ ထုတ် ဗုဒ္ဓ ဘာသာမြစ်ဖျားနှင့်သမိုင်းရှု့ထောင့် စာအုပ်များကိုဖတ်ရှုပါ
- ပထ၀ီအနေအထားအရ ကြည့်မည်ဆိုသော်လည်းတစ် ကမ္ဘာလုံးရဲ့အချင်းဟာမိုင်းပေါင်း ရှစ်ထောင် ရှိပါသည်။ ဂျေရုစလင်(ယေရုစလင်)မြို့ရှိတဲ့ပါလက်စတိုင်းနိုင်ငံ ဟာ အာရှတိုက်ရဲ့အနောက်တောင်ဘက် အရပ်မှာရှိပါတယ်။ ဒီတော့ပါလက်စတိုင်း နိုင်ငံကနေ အရှေ့ဘက်မှာရှိတဲ့ တိဗက်အရပ်ဒေသ အထိကို မျဉ်းဖြောင့်ဆွဲလိုက်လျှင် ပါလက်စတိုင်းနိုင်ငံမှသည် ဂျော်ဒန် ၊ ကူဝိတ် ၊အီရန် ပါကစ္စတန် ၊ အိန္ဒိယနှင့် နီပေါလ် နိုင်ငံများသို့ ရောက်ပါသည်။ နီပေါလ်နှင့်တိဗက်တို့ ဟာလည်းအလွန်နီးစပ်သောဒေသတွေဖြစ် လို့ ယေရှုနှင့်ကုန်သည် အဖွဲ့တွေဟာတိဗက်ဒေသသို့ရောက်အောင် ၄ လ ကြာမျှ အလွန်းပြင်းထန်စွာ ခရီးကြမ်းနှင်ခဲ့ရတယ်ဆိုတာ အလွန် သေချာပါတယ်။ ဒီအကြောင်းအသေးစိတ်ကို အမေရိက တိုက် ချီကာကိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သု့သေတန ပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ် ( ခ်) ရေးသားသော စာမျက်နှာ၆၀၀ကျော်ရှိသောတိမ်မြှပ်နေသော ခရစ် တော်၏ ဟောပြောချက် စာအုပ်ကိုရှာဖွေ ဖတ်ရှုနိုင် ပါသည်။
- ယေရှုဟာဂျူးဘာသာနှင့် ဗုဒ္ဓတရားတော်တွေကိုရောမွှေ ပြီးဟောပြောခဲ့တာကြောင့်ဗုဒ္ဓတ ရားတော်တွေနှင့် တူ တာတွေရှိသလိုမတူတာတွေလည်းရှိနေပါတယ်။
- ယေရှုမှာမွေးနေ့၊မွေးရက်၊ မွေးလ အတိအကျမရှိပါ။
- ကိုယ်တော်ယေရှုဟာ (ရှင်မဿဲ အခန်းကြီး ၁ အရ အာဗြဟံနှင့် ဒါဝိတ် တို့မှ ဆင်းသက်ပေါက်ဖွားလာ ခဲ့ သောကြာင့် ကျမ်းစာအရဆိုရင် အာဗြဟံနှင့်ဒါဝိတ် တို့ဟာ ဣသရေလ အမျိုးတွေရဲ့ အဆက်အနွယ်တွေ ပါ။ ဣသရေလအနွယ်တွေဟာကျွန်မျိုးတွေဖြစ်လို့ကျွန်ဘ၀မှ လွတ်မြောက်ဖို့အတွက် မောရှေ ဆိုတဲ့ပုဂ္ဂိုလ် က ထွက်မြောက်ရာကျမ်း မှာ ဖာရောဘုရင်လက်အောက် မှကယ်တင်ခဲ့ရပါတယ်။ ယေရှုဟာဣသရေလ အနွယ်ဝင် ဖြစ်တဲ့အတွက် ယေရှု ဟာလည်းဘယ်လို အမျိုးနွယ် ထဲက ဖြစ်တယ်ဆိုတာသင်ကိုယ်တိုင်စဉ်းစားနိုင်ပါတယ်။
- ထာဝရဘုရားက တစ်ဦးတည်းသော သားတော်ကိုစွန့် သည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မှု သည်လို့(ယောဟန်-၃း၁၆) မှာပြောသော်လည်း(၀တ်ပြုရာကျမ်း-၂၄း၂၀) မှာတော့အရိုးကိုချိုးရင်းပြန်းချိုးရ မယ်၊သွားကိုချိုး ရင်ပြန်ချိုးရမယ်လို့လက်စားချေတရားကိုဟောပါတယ်။
- ယေရှုကငါဘက်၌မနေသောသူသည်ငါ၏ရန်သူဖြစ်၏တဲ့ မဿဲ-၁၂း၃၀ ။
- ယေရှုက(မဿဲ-၁၀း၃၄)မှာမြေပေါ်သို့ငြိမ်သက်ခြင်းငှာ လာသည်မဟုတ်လို့တရားဝင်ပြောဆိုပါသည်။
- မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုတန်ခိုးဖြင့်ပြု၍လူငါးထောင် ကျော်ကိုဝအောင်ကျွေးနိုင်တဲ့ယေရှုဟာ သူကိုယ်တိုင်ဗိုက်ဆာလို့ သင်္ဘောသဖန်းပင် မှာ သဖန်းသီးမရှိတာကိုရှိ အောင် မလုပ်နိုင်တာကြောင့် ဒေါသကြီးတဲ့ယေရှုဟာ အသက်မရှိတဲ့သင်္ဘောသဖန်းပင်ကိုကျိန်ဆဲပါတယ်။ (မဿဲ-၂၁း၁၉)
https://www.facebook.com/permalink.php?story_fbid=226133864218282&id=100004650095040 
Thursday, October 17, 2013
ခရစ်တော် သမိုင်း
ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း ။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။
(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊  
ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ဆရာတော်အရှင်အရိယဓမ္မ။   ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေးသည်းခံရေး ၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီးခရစ်တော်ဟောပြောထားတဲ့တရားများဟာဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရား များနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းကအမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီး က ဖြေဆိုစေလိုပါတယ်။
(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)
ဆရာတော်။   ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှ ထွက်ခွာပြီး ပျောက်ကွယ် သွားပါ သလဲ ဒကာကြီး။
ဝစ်လဆင်။   ခရစ်တော်ဟာ (၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘ တို့ကို စွန့်ခွာသွားခဲ့ပါတယ်။
ဆရာတော်။   ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။
ဝစ်လဆင်။   ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။
ဆရာတော်။   ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။
ဝစ်လဆင်။   ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူ တကွ နေထိုင်လျက် ရှိပါတယ် ဆရာတော်။
ဆရာတော်။   ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။
ဝစ်လဆင်။   သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။
ဆရာတော်။   ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာ ဝင်ရောက်ကူညီ ဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။
ဝစ်လဆင်။   ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရား သခင်ရဲ့ အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။
ဆရာတော်။   ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလ အတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။
ဝစ်လဆင်။   ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေ အတွက် ကောင်းကင် ဘုံနန်းတံခါး မပွင့် သေးလို့ပါ ဆရာတော်
ဆရာတော်။   ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင် တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။
ဝစ်လဆင်။   ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။
ဆရာတော်။   ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ် က ဖြေနိုင်ပါ့ မလား။
ဝစ်လဆင်။   ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။   "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။
ဝစ်လဆင်။   နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။
ဆရာတော်။   ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက် ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။
ဝစ်လဆင်။   တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။
ဆရာတော်။   ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့ က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။
ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲ ဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြော ချက်များ" (The untold teachings of the Christ by Prof. Goldricke 1925)ဆိုတဲ့ နာမည်နဲ့ စာအုပ် တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။
 ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန် ၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ် အတွင်း   တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မ များ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော် ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။
"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာ အရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း ၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့် ရရှိခဲ့၏။ 
ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -
"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။
တဖန် ကျွန်ုပ်က -
"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။
ထိုအခါ ရေဟူဒီဆရာတော်များက -
"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။
ထိုနောက်တဖန် -
"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူး အရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက် တိုက်ခိုက်၍ ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -
"ဤနေရာကား ယေဟိုးဝါ   ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။
ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကို ရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ 
ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စား ဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့   ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။
ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။
ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -
"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုး အကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ်   ယေဟိုးဝါ ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက် သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသော အသီးကို စားရဘိသကဲ့သို့ ဖြစ်၏"
ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွန်ုပ်သည် အလွန်ဝမ်းသာ အားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။
ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ်   ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင် လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏ ။ 
ထိုအခါ ကျွန်ုပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့် သုံးလိုလှသဖြင့် ကျွန်ုပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဘက်ပြည်သို့   ခေါ်ဆောင် ၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန် လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည် သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်း မှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံ သမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။
ဤတွင် ကျွန်ုပ်က -
"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်း အမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ် ၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရား ကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့ သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"
ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွန်ုပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။
ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ် ထားကြသော ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည်တောင် ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တ မဟာထေရ်   ထံသို့ရောက်ခဲ့၏။ ကျွန်ုပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီး သွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း   လျှောက်ထားနိုင်ခဲ့၏။
ဆရာတော်မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်သည် တိဘက်ဘာသာကို   လေ့လာ ခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွန်ုပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင် အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"
"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော် ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။
သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာ ကျင့် သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။
ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည် ကိုးစားတော် မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာ အားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။
ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေ သတဲ့။ 
ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -
"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ 
ဆရာတော်လိုလားတဲ့အချက်တွေကတော့
(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။
(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။
(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကိုလည်းကောင်း ၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့်   မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် သူတို့၏ မိုက်မှားမှုကို သိမြင်လာအောင်    ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍ သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ အခွင့် လွှတ်ရမည် ဖြစ်၏။
(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။
(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။
(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓါတ်နှင့် ဈာန်အဘိညာဉ်တရားတို့ကို ပွားများပါလေ ။ မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။
(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေ ကာမူ သေ သည် အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများ ကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာ သုခနှင့်   ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။
ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ 
သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင် မှားကာ သင်ကွယ်လွန်ပြီးနောက် သင်ဟောပြောသည့်တရားတို့ထဲမှ 
(၁) ချစ်ခင်ကြင်နာခြင်း၊ 
(၂) ကရုဏာပွားများခြင်း၊ 
(၃) လေးစားခြင်း၊ 
(၄) ဥပေက္ခာ ပြုခြင်း၊ 
(၅) သည်းခံခြင်း၊ 
(၆) အပြစ်မှခွင့်လွှတ်ခြင်း 
(၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ 
ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။
အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေ က ယေဟိုးဝါ ဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေ သာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေ မှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက် ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ ရှုံ့ချပုတ်ခတ်ကြ သတဲ့။
ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက် တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရား များဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန် ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စား လိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ ကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။
ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေ
ကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။
အဲဒီ ပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ် ဘူး ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီးလက်ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက - "ကျွန်ုပ်ကား ထာဝရဘုရား သခင် ယေဟိုးဝါ၏သားတော်ဖြစ်သည်" ဟူသော စကားကိုပြောကာ ရေဟူဒီလူမျိုးတွေနဲ့ ဣသရေလလူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်သို့လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ် ဖတ် လိုက်တဲ့အတိုင်းပဲ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ်။
"ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကိုတီထွင်သည်။ ကျွန်ုပ်သည် ဘုရား တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။ ကျွန်ုပ်သည် အရေတော်ကို ဖြတ်လှီး၍ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်" ဟူသော ခရစ်တော်ရဲ့ သုံး ခွန်းသော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့် ကောက်ယူခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး။ သဘော မပေါက် ကြသေးဘူး။ ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားမလည်ကြသေးဘူး။
အထက်က ဦးပဉ္ဇင်းဟောပြောခဲ့တဲ့ တကယ့်တိကျဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေသာဓက ပြပါဦးမယ်။ ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနားချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့ သိမြင်နိုင်ပါတယ်။
ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား -
"အကယ်၍ သင်၏မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ။ အကယ်၍ တစုံ တယောက်သော သူက သင်၏အသက် ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏ အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံ အပ်သည့် ထာဝရဘုရားသခင်တည်း။ ငါသည် သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏" ဟု အလေးအနက် ဟောပြောတော် မူခဲ့တယ်။
ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ -
"အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏လက်ျာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူ အား သင်၏လက်ဝဲဘက်ပါးကိုပါ ရိုက်ပါစေ။ အစစကိုသည်းခံပါ။ သည်းခံခြင်းသည်သာလျှင်ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏အိမ်နီးချင်းများကို သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အန္တရာယ် မပြုပါနှင့်" လို့ သူ့ရဲ့နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။
ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ဒီတရားနှစ်ခုဟာ တခုနဲ့တခုစပ်လို့ဟပ်လို့မရအောင် ကွာခြားနေ တာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရ ဘုရားယေဟိုးဝါရဲ့ ရန်သူဖြစ် ကြောင်းကို အသိဉာဏ်ရှိတဲ့သူတိုင်းအထင် အရှားနားလည် သဘောပေါက်နိုင် ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရ ဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက်ဖျက်ဆီးနိုင် ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့တယ်။ အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒ ဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ်။
ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်း အကျဉ်းချုပ် သဘော နည်းနည်း ဟောချင်ပါသေးတယ်။ ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာ တယ်ဆိုတဲ့ အဖြစ် အပျက် ကလေးကတော့ တော်တော်ကလေး ဦးနှောက်ကောင်းကောင်းနဲ့ တီထွင် လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ် ဖြစ်တယ်။ ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူကတော့ ပြည့်တန်ဆာ လုပ်စားတဲ့ ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီမက် (ဂ) ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသမီး တယောက်ဖြစ်တယ်။
ယေဟိုးဝါ သက္ကရာဇ် (၃၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ ပွန်တီယပ်(စ)ပစ်လေးက "ခရစ်တော် ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံထားသော ပြန်လည်ရှင်လာခြင်း" ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ 
ဒီစာတမ်း ကတော့ -
"ဘက်သလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင်   သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ   ရောမလူမျိုးတို့၏ဥပဒေအရ ၄င်း အား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန် ဘာသာဝင်တို့အား ခရစ်တော်၏အလောင်းကို မည်သူမျှ တူး ဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့် ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့က တူးဖော်ရွှေ့ပြောင်းပစ်ကြ လိမ့်မည်ဟူသော ကောလဟလ သတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီး မားသော ကျောက်တုံး ကြီး များကို တင်ထားလေ၏။
 ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာ သည် ခရစ်တော်အား တကယ်တမ်းကြည်ညိုသူတယောက် ဖြစ် သည့်အကြောင်းကိုလည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့် သူ၏ အကြောင်း ကိုလည်းကောင်း မသိကြသောကြောင့် သူ့ အား သူတို့ရှေ့တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏။ သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍ သောက်ဟန်ပြုလေ၏။ 
သဘာဝအလျောက် အရက်ကို တပ်မက်ကြသည့် စစ်သည်တော်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကိုပေးလျှင်အားပါးတရ သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန် ပြင်းထန် သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီသောက်ကြ၏။ မိနစ် အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့်အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ၏။
 ရောမစစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏အလောင်း မြှုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ မသိသည့်နေရာသို့ တိတ်တဆိတ်ပြောင်းရွှေ့မြှုပ်နှံ လိုက်၏။ နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာသည် နန်းတော်၊ တရားလွှတ်တော် ၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေးခွ၌ ခရစ်ယာန်ဘာသာဝင်များစွာတို့ကို စုရုံးပြီး "အို ကျွန်ုပ်တို့၏ ယေရှုသခင်အား သက်ဝင် ယုံကြည် ကြသူ အချင်းတို့၊ ကြည့်ကြကုန်လော။ 
 ယေရှုကိုယ်တော်မြတ်၏ ကျက်သရေရှိလှစွာသော ရုပ်သဏ္ဌာန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့" ဟု ဟစ်အော် ကြွေးကြော်ကြလေသည်။
ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်ကြသူတို့က -
"သင်၏ ခရစ်တော်ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား။ သင်တို့သည် လိမ်လည်နေခြင်းသာဖြစ်၏" ဟု ပြန်၍ ပြောကြ၏။
ထိုအခါ မေရီမက်(ဂ်)ဒါလီနာက -
"ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်ယေရှုကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ်လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများကား ခရစ်တော်ကို မြင်ကြရမည်မဟုတ်ချေ။ သင်တို့ အကယ်၍ မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်းများစွာသော လူများအားနှင့်မှ ရွှေ့နိုင်သော ကျောက်တုံးကြီးကို ရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၄င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က မူးမေ့နေ အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း ကြည့်ကြဦးလော့" ဟု ဆိုပြန်၏။
ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင် ဘုံနန်းသို့ ကြွ မြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့အာဏာပိုင်များ၊ ရေဟူဒီလူမျိုး များနှင့် ရောမလူမျိုးတို့ သည် ဆီနိုင်တောင်ထိပ် ပေါ်သို့ တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့် ကျောက်တုံး ကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၄င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။
ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့ အား ရောမအာဏာပိုင်တို့ က ထောင် ထဲ သို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်)ဒါလီနာက သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်သွားကြကြောင်း ပြန်ဖြေကြလေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူဒီများနှင့် ဣသရေလလူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက် ကြ၏။
ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်က အသက်သေ သွားပြီးဖြစ်တော့ ဒီ တန်ခိုးပြာဋိဟာတွေကလည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့ နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ဘူးပေါ့။
ဝစ်လဆင်။   ။တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲ့မှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့်သာဝက ဖြစ်တဲ့ အတွက် သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါ တယ်။ နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော်မဟုတ်ဘဲ ဆရာတော်တို့လို ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ကြောင်း၊ ဈာန် အဘိညာဉ်ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦဖြစ် တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော် ယုံကြည်ပါပြီ ဆရာတော်။
ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက်အလက်တို့ကိုလည်း တပည့်တော် ယုံကြည်ပါ တယ် ဆရာတော်။
ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။
ဗုဒ္ဓ၏ လူ့သမိုင်း
ဗုဒ္ဓ၏ လူ့သမိုင်း 
        လူတော်တော်များများက  လူသမိုင်းနဲ့ပတ်သက်လို့ မေးလေ့ရှိပြီး စိတ်ဝင်းစားတတ်ကြတဲ့“လူဘယ်ကစဖြစ်တာလဲ ?မေးခွန်းကို  ဗုဒ္ဓဟောထားတဲ့ သုတ်တော်တွေ အခြေခံပြီး ဆရာတော်ဦးမာနိတသိရီဘိဝံသ ကလောင်နာမည် ကထိကရဟန်းက “ဗုဒ္ဓ၏ လူ့သမိုင်း”အမည်ရ စိတ်ဝင် စားဖွယ်ရာကောင်းတဲ့ “လူ့သမိုင်း”ဆောင်းပါး ကို ရေးသားထုတ်ဝေ ထားပါတယ်။  ဗဟုသုတပွားတိုးစေရန် မေတ္တာရနံ့စာဖတ်ပရိတ်များအတွက် အခန်းဆက် အပိုင်းလိုက် ဖေါ်ပြပေးသွားပါမည်။
   လူ့သမိုင်းနှင့်စပ်ပြီးအယူကို ဖြောင့်မှန်စွာထားနိုင်သည့် ဒိဌိဇုကမ္မပုညကြိယာ အားနည်းကာ မိစ္ဆာဒိဋ္ဌိဘက်သို့ သက်ရောက်သည့် အယူအဆ အပြောအဆို အရေးအသား တို့ကို မကြာခဏကြားသိ ဖတ်ရှုနေရ၏။ မကြာခင်က သတင်းစာကြီး တစ်စောင်တွင်--
“လူသားမျိုးနွယ်စု၏ မူလအစဖြစ်သည့် အဆင့်မြင့် ပရိုင်းမိတ်များနှင့် အခြား ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေသုတေသနပြုရေး” လှုံ့ဆော်ထား သည်ကိုဖတ်လိုက်ရ၏။
သူတို့၏ အယူအဆမှာ မြန်မာနိုင်ငံ၌ အဆင့်မြင့် ပရိုင်းမိတ်များနှင့် ကျောက်ဖြစ် ရုပ်ကြွင်းများကို တွေ့ရခြင်းကြောင့် “လူသားများ မြန်မာနိုင်ငံမှ စတင်ပေါ် ပေါက်သည်” ဟု ယူဆလိုပြောလိုကြပုံရ၏။ အဓိပ္ပာယ်မှန်က ဤသို့မဟုတ်ပေ။ “ဤဒေသ၌ လူလောက် နီးနီးကြီးတဲ့ မျောက်ကြီးများ၊ သို့မဟုတ် မျောက်လိုသတ္တဝါကြီးများ နေထိုင်ကျက်စားရာ ကြီးကျယ်သောတောကြီးများရှိခဲ့သည့်။ သို့မဟုတ် ဤဒေသသည် သိပ်တောကျ  သည်”ဟု ပြောဆိုရာရောက်နေ၏။
   မှန်၏ ဤဒေသသည် အကယ်၍သာ လူသားများအဖြစ်စော၍ ရှေးဦးစွာ နေထိုင်ခဲ့ကြရိုးမှန်လျှင် ဤဒေသ၌ ဤလို အဟိတ်တိရိစ္ဆာန် သတ္တဝါကြီး များ၏ အရိုးစုတို့ကို အဘယ်မှာ တွေ့ရပေလိမ့်မည်နည်း၊ အဟိတ်တိရစ္ဆာန်တို့၏ အရိုးစုများ တွေ့ရသည်ကို ထောက်ပါက ဤဒေသသည် လူနေနောက်ကျသောဒေသ၊ တောဖုံးကာလ ကြာဖြင့်လှသော ပစ္စန္တရစ်ဒေသဖြစ်ပါသည်-ဟု ပြောရာရောက်နေသည်။
နိုင်ငံခြားအထင်ကြီး
ယခုကာလ မြန်မာတို့သည် နိုင်ငံခြားသားများကို အလွန်အထင်ကြီးကြ၏၊ ဆရာ တင်လိုကြ၏၊ နိုင်ငံခြားသို့သွားရောက် သတင်တန်းတက်ရသည်ကို ဂုဏ်ယူကြ၏။
 မြန်မာနိုင်ငံက သင်တန်းပေးဖို့၊ ကိုယ်က သင်တန်းဆရာဖြစ်ဖို့ စိတ်မကူးကြ။ တစ်နိုင် ငံလုံး လုပ်စားမြေနှင့် ရေချိုပေါလှသည့် မြန်မာနိုင်ငံက ရေမရှိ လုပ်စားမြေ ရှားပါးလှသည့် အစ္စရေးလို နိုင်ငံသို့သွားပြီး စိုက်ပျိုးရေး သင်တန်းတက်ရသည်မှာ ရှက်ဖွယ်ကောင်းလှ၏။
    ထိုအပြင် နေရာတကာ ကမ္ဘာ့အဆင့်မီဖို့ ကမ္ဘာ့အဆင့်မှီဖို့ချည်း လုပ်နေကြ၏။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်ဘာသာနှင့် သင့်လျော်သည် မသင့်လျော်သည်ကို သတိမပြုကြ။ ယခု သေအရက်က ကမ္ဘာ့အဆင့်မှီရုံမက ကမ္ဘာ့အဆင့်ကျော်နေပြီ၊ ရွှေတံ ဆိပ်ကြီးများတောင်ရလို့ ဂုဏ်ယူ မဆုံးဖြစ်နေကြပြီ၊ မြန်မာအမျိုးသမီးများက ဝတ်စား ဆင်ယင်ပုံ ကမ္ဘာ့ရှေ့ဆောင် ဖြစ်နေကြပြီ၊ ဘုရားမှန်း၊ ကျောင်းမှန်း မသိကြတော့။ ဒါကြောင့် ကမ္ဘာ့အဆင့်မီဖို့ တော်ကြပါတော့ဟုတောင်းပန်လို၏။
လုံးဝမဖြစ်နိုင်
ယခုလည်း မြန်မာနိုင်ငံဟာ တောကျလှပါသည်၊ မျောက်ကြီးတွေ နေထိုင်ခဲ့ကြပါ သည်-ဟု ကမ္ဘာကျော်အောင် ပြောလိုနေကြပြန်၏။ မျောက်က လူဖြစ်နိုင်သည် မဖြစ်နိုင် သည်ကို မစဉ်းစားကြ၊ ထေရဝါဒဗုဒ္ဓသာသနာဝင်များ ဖြစ်နေကြပါလျက် တို့ဗုဒ္ဓက ဘယ်လို များ ဟောထားပါလိမ့်ဟု မစုံစမ်း မလေ့လာကြ၊ နိုင်ငံခြားသားစကားကို ဘုရားစကား လောက် မှတ်ထင်နေကြ၏။
    ဤစာရေးသူ ငယ်ငယ်က ပုဇွန်ဆိတ်က ပုဇွန်ထုပ်ဖြစ်သည်-ဟု ထင်ခဲ့မိ၏။ ကြီးမှမဟုတ်မှန်းသိသသည်။ ဘာ့ကြောင့်ထင်ခဲ့မိသတနည်း၊ တူသောကြောင့်ဖြစ်သည်။ မျောက်နှင့်လူ တူသည်မှာ ပုဇွန်ဆိတ်နှင့် ပုဇွန်တုပ်တူသည်ကို မမီပါ။ ပုဇွန်ဆိတ်က ပုဇွန်တုပ်မဖြစ်လျှင် မျောက်က လူမဖြစ်နိုင်ပါ။ နိုင်ငံခြားသားက ကလေးဉာဏ်ဖြင့် ပြောခဲ့ သည်ကို ပညာရှိကြီးစကား လုပ်နေကြ၏။
   ရှေးကမျောက်တွေက လူဖြစ်ခဲ့ရိုးမှန်လျှင် ယခုမျောက်တွေကလည်း လူဖြစ်ရမည်၊ ယခုမျောက်တွေက လူမဖြစ်သည် ကိုထောက် လျှင် ရှေးကမျောက်တွေ လူဖြစ်ခဲ့သည် ဆိုသောစကားအမှားစင်စစ်ဖြစ်၏။
     ထို့ပြင် မျောက်ကလူဖြစ်ပါသည်ဆိုလျှင် မျောက်ကကော ဘာကောင်က ဖြစ်လာသနည်း။ ထို့ကြောင့် မျောက်ကလုံးဝလူမဖြစ်နိုင်။
ဗုဒ္ဓ၏ လူ့သမိုင်း
  ဤဆောင်းပါးကို၁၃၆၆-(၂၀၀၄)ခုနှစ်ကယဉ်ကျေးမှုမဂ္ဂဇင်းမှာဖော်ပြခဲ့၏။ ရည်ရွယ်ထားသည်မှာ ကျမ်းစာတစ်စောင်အဖြစ်သို့ရောက်အောင် ရေး   ရန်ဖြစ်၏။
    ယခု ဤဆောင်းပါးကို စာအုပ်ကလေးအဖြစ် ရိုက်နှိပ်ရသည်မှာ ရွစိရွစိဖြစ်လာသော အဆင့်မြင့် ပရိုင်းမိတ်ဆိုသည်များကို ဖယ်ရှားလို၍ဖြစ် သည်။ ထို့ကြောင့် ဤဆောင်းပါးကို သေချာစွာဖတ်ပြီး ဗုဒ္ဓဟောတော်မူရင်း ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၊ အဂ္ဂညသုတ်၊ စက္ကဝတ္တိသုတ်တော် တို့ကိုပါဆက်လက် ဖတ်ရှုလေ့လာကာ အားနည်းနေသည့် ဒိဋ္ဌိဇုကမ္မ ပုညကြိယာကို ပြန်လည်အားရှိအောင် ထူထောင်ကြပါဟု ပြောဆို မှာကြားလိုပါသတည်း။
ဘုန်းကြီးဦးမာနိတသိရီဘိဝံသ
မတ္တရာသူဌေးကျောင်း
မဟာဝိသုဒ္ဓါရုံတိုက်သစ်
မန္တလေးမြို့၊
၁၃၇၂-ခုနှစ်၊ ပြာသိုလ်လဆန်း ၅-ရက်။
ဗုဒ္ဓ၏ လူ့သမိုင်း
     ဗုဒ္ဓ၏ လူ့သမိုင်းသည် “အရိုင်းမှ အယဉ်သို့ တသမတ်တည်း ရွေ့လျားသည့်ဖြစ်စဉ်” မဟုတ်၊ “အယဉ်မှ အရိုင်း၊ အရိုင်းမှ အယဉ်၊ စုန်ဆန်လှုပ် ရှားနေသည့်ဖြစ်စဉ်မှန်” သမိုင်း သာဖြစ်သည်။
     တစ်နည်းအားဖြင့် အဆင်းအတက် အစုန်အဆန် ၊ ခေါက်တုံ့ခေါက်ပြန် နိယာမ ဖြစ်၏။ ဗုဒ္ဓ၏ လူ့သမိုင်းကို လေ့လာခြင်းဖြင့် ယနေ့ ကမ္ဘာ ၌ နေ့စဉ်ဖြစ် ပျက်နေကြသော ဖြစ်စဉ်တို့သည် အဘယ်တရားတို့ကို အခြေခံ၍ ဖြစ်ပေါ်နေကြသည်၊ အကောင်းအဆိုး နှစ်မျိုးတွင် အဘယ်ဘက်သို့ ဦးလှည့်နေသည်တို့ကို သနိုင်ပေလိမ့်မည်။
အစိုးရသည် ဘယ်အချိန်မှစတင်ပေါ်လာသနည်း၊ ဘာကြောင့်အစိုးဆိုတာ ပေါ်လာရ၊ ရှိနေရသနည်း၊ လူထုနှင့် အစိုးရ မည်သို့ ဆက်သွယ်နေ သနည်းစသည်တို့ကို သိနိုင်ပေလိမ့်မည်။
ထိုလူ့သမိုင်း၏ ရှေ့ပိုင်းကို ဗုဒ္ဓသည် သာတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါဒမာတာ ပြာသာဒ်၌လည်းကောင်း၊ နောက်ပိုင်းကို မာဂဓတိုင်း မာတုလမြို့၌လည်းကောင်း ဟောတော်မူသည်။ သာဝတ္ထိပြည့်၌ ဟောအပ်သော လူ့သမိုင်းဒေသနာသည် “အဂ္ဂညသုတ်” ဟူသောအမည်ဖြင့် လည်းကောင်း၊မာတုလမြို့၌ဟောအပ်သောလူ့သမိုင်းသည် “စက္ကဝတ္တိသုတ်” ဟူသော အမည်ဖြင့်လည်းကောင်း ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၌ ထင်ရှားသည်။
ကမ္ဘာတည်စ
     ဤသြကာသလောကဖြစ်သော ကမ္ဘာကြီးတည်စအခါက စကြာဝဠာတိုက်ကြီးပေါင်း ကုဋေ တစ်သိန်းသည် တစ်ခုတည်းသော ရေပြင်ကြီး သာ ဖြစ်နေသည်။ နေ , လ , နက္ခတ်တို့ မပေါ်ထွက်၊ မလှည့်လည်သေး၊ အရောင်အလင်းမရှိ၊ အမိုက်အမှောင်အတိသာ ဖြစ်လျက် ရှိ၏။ နေ့ ၊ ည၊ ရက်၊ လ ဟူ၍ မရှိသေး၊ သက္ကရာဇ် မပေါ်သေး။
    ထိုကမ္ဘာကြီးတည်စ အမှောင်ခေတ်ကာလတွင် များသောအားဖြင့် အာဘဿရခေါ် ဒုတိယဈာန်ဘုံ ဗြဟ္မာ့ပြည် မှ ဗြဟ္မာကြီးတို့ စုတေကာ ဤလူ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေဖြင့်ရောက်လာ၊ ဖြစ်ပေါ်လာကြ ကုန်၏။
   ကမ္ဘာဦးလူတို့သည် ပုံသွင်အားဖြင့် ယောင်္ကျားတို့၏ ပုံသွင်ကိုဆောင်ယူထားကြ သော်လည်း ယောင်္ကျားအင်္ဂါ မိန်းမအင်္ဂါများ မပါမရှိကြပေ။ မျက်စိ နား၊ နှာ၊ လျှာ ၊ကိုယ် ဟူသော အကြည်ဓာတ်များ  အပြည့်အစုံပါရှိကြသော်လည်း အဆင်း၊ အသံ၊ အနံ့ အရသာ နှင့် အတွေ့အထိတို့ကို တဏှာစိတ်ဖြင့် တွယ်တာခံစားခြင်း မရှိကြ၊ ဗြဟ္မာ့ပြည်မှာတုန်းက လိုပင် နှစ်သက်မှုပီတိဖြင့် အသက်ရှင်ကြကုန်၏။ သူတို့၏ အသက်တမ်းမှာ မည်၍ မည်မျှ ဟု ရေတွက်၍ မရနိုင်အောင် ရှည်လျား၏။ အခြားအလင်းရောင်မရှိသော်လည်း ကိုယ် ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပ လျက်ရှိကြ ကုန်၏။ ကောင်းကင်၌သာ သွားလာ လှည့်လည်နေထိုင်ကြသည်၊ လွန်စွာတင့်တယ်ကြသည်။ အခြားနာမည်များမရှိ၊ “သတ္တဝါ” ဟူသော အမည်တစ်မျိုးတည်းသာရှိသည်။
     ကမ္ဘာဦးလူတို့ ဤသို့နေကြရင်း အဓွန့်ကာလကြာမြင့်လှသောအခါ ရေပြင်ကြီး၏ အထက်၌ ရသပထဝီခေါ်သည့် အရသာနှင့် လွန်စွာပြည့် စုံသော မြေဆီပေါ်လာ၏၊ နို့၏ အထက်၌ မလိုင်တက်လာသကဲ့သို့တည်း။ အရသာမှာ အပြစ်ကင်းသော ပျားလေးရည် အရသာနှင့်တူ၏။
 ထိုရသပထဝီပေါ်၍ ကြာမြင့်လှသောအခါ လျှပ်ပေါ်သော သဘောရှိ သည့် ကမ္ဘာဦးသားတစ်ယောက်သည် “ဤမြေဆီသည် အဘယ်သို့ အရသာရှိ သနည်း”ဟု စူးစမ်းသောသဘောဖြင့် လက်ချောင်းဖြင့်ယူကာ လျက်ကြည့်လေသည်။ ထိုအခါ မြေဆီ ၏ အရသာသည် အကြောပေါင်း ခုနစ်ထောင် ပျံ့နှံ့၍ တည်လေသည်။ ထိုအခါ ထိုလူ၌ မြေဆီ ၏အရသာကို စွဲလမ်းသော တဏှာဖြစ်ပေါ်လာတော့သည်။ အခြားလူတို့လည်း ထိုသူကို အတုယူ ၍ မြေဆီကိုလျက်ကြရာမှ မြေဆီကိုစွဲလမ်းသောတဏှာဖြစ်ကြကုန်၏။
   ထိုနောက် လျက်နေရုံမျှမဟုတ်ကြဘဲ အလုပ်အလွေးပြုကာ စားသုံးကြကုန်သော် ထိုရသတဏှာကြောင့် တောက်ပမြဲ ကိုယ်ရောင် ကိုယ်ဝါတို့ တဖြည်းဖြည်းကွယ်ပျောက် ကုန်တော့၏။    ။
နေ-လ-နက္ခတ်ပေါ်ထွက်
ထိုအခါ သတ္တဝါတို့၏ ကံအားလျော်စွာ နေ-လ-နက္ခတ်တို့ပေါ်လာကြကုန်၏။ ထို့ကြောင့် နေ့၊ ညဥ့်၊ ရက်၊ လ၊ ဥတု၊ နှစ်ဟု ထင်ရှားဖြစ်ပေါ်လာကြ ရလေသည်။  ကမ္ဘာပြုမိုး ရွာသည့် ကာလမှစ၍ ဤ နေ လ နက္ခတ်တို့ ပြည့်ပြည့်စုံစုံ ပေါ်ထွက်လှည့်လည်ရာအချိန်အထိ အဓွန့်ကာလကြီးကို “ဝိဝဋအသင်္ချေယျကပ်”ဟု ခေါ်သည်။
     ကမ္ဘာဦးလူတို့သည် အာဟာရကိုမမှီဝဲဘဲ ပီတိဖြင့်အသက်ရှင်နေထိုင်လာခဲ့ကြရာမှ မြေဆီကို အာဟာရအဖြစ် မှီဝဲလာကြသောအခါ သူတို့၏ သန္တာန်၌ မြေဆီကြောင့်ဖြစ် သော အဟာရဇရုပ်တို့ ဖြစ်ပေါ်လာကြသဖြင့် ထိုသူတို့၏ ကိုယ်သည် ရှေးကလောက် မနူး ညံ့တော့ဘဲ ရုပ်တွေ ကြမ်း လာကြကုန်၏။  အသွင်အပြင်လည်း တဖြည်းဖြည်း ပြောင်းလာကာ တစ်ဦးနှင့်တစ်ဦး ရုပ်သွင်ကွဲပြားလာသည်၊ အချို့က ရုပ်ဆင်းလှ၍ အချို့က ရုပ်ဆင်းမလှ၊ ဤသို့ဖြစ်လာသည်၊ ထိုအခါ ထိုရုပ်အဆင်းကိုစွဲ၍ မာနလည်း ဝင်လာကြတော့သည်။
       ဤသို့ ကမ္ဘာဦးသားတို့၏ သန္တာန်၌  မာနတွေဝင်လာကြ၏၊  မာန ထောင်လွှားမှု များလာသောအခါ ရသပထဝီခေါ် မြေဆီတို့လည်း တဖြည်းဖြည်း ခန်းခြောက်ပျောက်ကွယ်လေတော့သည်။ ဤသို့ ရသပထဝီမြေဆီကို စားသုံးကြရာမှ မြေ ဆီပျောက်သည့် အချိန် အထိကာလ သည် နှစ်ပေါင်း မည်မျှဟု ရေတွက်မရအောင် ကြာမြင့် လှသည့်အဓွန့်ကာလကြီးတစ်ခုပင်တည်း။     ။
မြေလွှာပေါ်
   ထိုသို့ မြေဆီကွယ်ပျောက်သောအခါ ဘူမိပပ္ပဋကခေါ်သော မြေလွှာပေါ်လာရသည်၊ မြေမှ မှိုပေါက်သကဲ့သို့ဖြစ်၏။ ထိုမြေလွှာ၏ အဆင်း သည် ထောပတ်ဆီဦးအဆင်းနှင့်တူ၏၊ ပျည်းငယ်ရည်အရသာကဲ့သို့ချို၏၊ မြေဆီ၏အရသာ မြေဆီ၏နူးညံ့မှုကိုကား မမီတော့ပေ။ ကမ္ဘာဦး လူတို့သည် ထိုမြေလွှာကိုသာ အာဟာရအဖြစ် စားသုံးကြရတော့သည်။ ထိုအခါ ကြမ်းသော အဟာရကို မှီဝဲရသဖြင့် ရုပ်အဆင်းတို့ လည်း ရှေးက ထက်ပို၍ ကြမ်းလာပြီး  တစ်ဦးနှင့်တစ်ဦးလည်း ရုပ်ချင်းပို၍ ကွဲပြားလာကြရသည်။
    သူတို့သည် ရုပ်ဆင်းကို အစွဲပြု၍ မာန်ထောင်လွှားမှုလည်း ရှေးကထက်ပိုလာကြ တော့၏။ ဤသို့ ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာန်ထောင် မှုတွေ ရှေးကထက်ပိုများ လာကြသောအခါ ထိုမြေလွှာတို့လည်း တဖြည်းဖြည်း ခြောက်ခန်းကွယ်ပျောက်လေတော့ သည်။ ဤသို့ ဘူမိပ္ပဋ ကခေါ် မြေလွှာကို စတင်စားသုံးခဲ့ကြရာမှ မြေလွှာပျောက်သည့် အချိန်ထိကာလသည် နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့် လှသည့် အဓွန့်ကာလကြီးတစ်ခုပင်တည်း။
နွယ်ချိုပေါ်
       ဤသို့ မြေလွှာကွယ်ပျောက်သောအခါ ကန်စွန်းနွယ်ပမာ ပဒါလတာခေါ် နွယ်ချိုတစ်မျိုး  သတ္တဝါတို့ ကံအားလျော်စွာ ပေါ်လာသည်။ ထိုနွယ်ချိုသည် အဆင်းအရသာနှင့်ပြည့်စုံ၏။
     သို့သော် မြေဆီမြေလွှာတို့၏ အရသာနှင့်နူးညံ့မှုကိုကား မမီတော့ပေ။ ကမ္ဘာဦးလူတို့သည် ထိုနွယ်ချို ကိုသာ အဟာရအဖြစ် စားသုံးကြရတော့ သည်။ ထိုအခါ ထိုနွယ်ချိုဟုခေါ်ကြသော အာဟာရကို မှီဝဲရသဖြင့် လူတို့၏ရုပ်အဆင်းသည် လည်း ရှေးက ထက် ပို၍ ကြမ်းလာကြ၏။  တစ်ဦးနှင့်တစ်ဦးလည်း ရုပ်အဆင်းကို အစွဲပြု၍ မာန်ထောင်မှုလည်း ရှေးကထက် ပိုလာကြတော့၏။
   ဤသို့ကမ္ဘာဦးသားတို့၏ သန္တာန်၌ မာန်ထောင်မှုတွေ ရှေးကထက်ပိုပိုလာကြသောအခါ ထိုနွယ်ချိုတို့လည်းတဖြည်းဖြည်း ကွယ်ပျောက်လေတော့ သည်။
    ဤသို့ ပဒါလတာခေါ် နွယ်ချိုတို့ စတင်စားသုံးခဲ့ကြရာမှ နွယ်ချိုပျောက်သည့် အချိန် အထိ ကာလသည် နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့်လှသည့် အဓွန့်ကာလ ကြီး တစ်ခုပင်တည်း။
သလေးဆန်ပေါ်
      ဤသို့ နွယ်ချိုကွယ်ပျောက်သေအခါ ဖွဲကြမ်းဖွဲနုမပါ ထင်းမီးဖြင့် မချက်ရဘဲ အဆင်သင့် စားသုံးလို့ရသည့်ဖြူစင်မွှေးကြိုင်လှသော သလေးဆန်များကိုသီးသော သလေးဆန်ပင်များ ပေါ်လာလေသည်။ ကမ္ဘာဦးလူတို့သည် ထိုသလေးဆန်တို့ကိုသာ ညစာ အဖြစ် ညအခါမှ ယူငင်၍ လည်းကောင်း၊ နံနက်စာအဖြစ် နံနက်အခါမှ ယူငင်၍လည်းကောင်း စားသုံးကြရတော့သည်။ ညအခါ ရိတ်ယူအပ်သော သလေးပင်တို့သည် သီးပြီး မှည်းပြီး၊ နံနက်အခါ၌  ရိတ်သိမ်းယူအပ်သော သလေးပင်တို့သည်လည်း  ညအခါ၌ သီးပြီးမှည့်ပြီး ရိတ်သိမ်းစားသုံးရန် အဆင်သင့်ဖြစ်လျက်ရှိ၏။ ရိတ်သိမ်းထားသည့် ရိုးပြတ်ဟူ၍ မရှိပေ။
မှတ်ချက်။   ။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
(ကထိကရဟန်း)
ဗုဒ္ဓ၏ လူ့သမိုင်း(၂)
ယောက်ျား မိန်းမပေါ်
   ဤသို့ သလေးဆန်ကို စားသုံးလာကြရသောအခါ ရုပ်အဆင်းတို့လည်း ရှေးရှေး ကထက် ပိုကြမ်းလာသည်၊ အဆင်းပုံဟန်လည်း ရှေးရှေးကထက် ပိုမိုကွဲပြားခြားနားလာ ကြသည်၊ ထို့ပြင် ကျင်ကြီး ကျင်ငယ်တို့လည်း ဖြစ်ပေါ်လာကြခါ ထိုကျင်ကြီး ကျင်ငယ်တို့ကို စွန့်ရန် အပေါက် များနှင့် ရှေးရှေး လူဖြစ်စဉ်အခါက မိန်းမဖြစ်ခဲ့ကြရသူတို့သန္တာန်၌ မိန်းမ အင်္ဂါရပ်များ ထင်ရှားပေါ်လာ၍ ယောက်ျားဖြစ်ခဲ့ကြရသူ တို့သန္တာန် ၌ ယောက်ျားအင်္ဂါရပ်များ ထင်ရှားပေါ်လာကြတော့သည်။
    ဤသို့ ယောက်ျားမိန်းမ ထင်ရှား ကွဲပြားလာကြသောအခါ တစ်ဦးကိုတစ်ဦး တစိမ့် စိမ့်ကြည့်မိလာကြ၏၊ ထိုသို့ ကြည့်မိဖန်များသောအခါ အချင်း ချင်းတပ်မက်မှုများ ဖြစ်ပေါ်လာကြတော့သည်။ ထို့ကြောင့် မေထုန်မှီဝဲမှုလည်း မလွဲမရှောင်သာ ဖြစ်လာကြရတော့သည်။
   ထို မေထုန်မှီဝဲသူတို့ကို မြင်ကြရသူတို့သည် “သတ္တဝါတစ်ယောက်က သတ္တဝါ တစ်ယောက်ကို အဘယ်ကြောင့် ဤသို့ပြုရသနည်း”ဟု ဆို၍ မြေမှုန့်တို့ဖြင့် ပက်သူတို့က ပက်၊ ပြာဖြင့် ပက်သူတို့က ပက်ကြကုန်၏။ နွားချေးခြောက်တို့ဖြင့် ပေါက်သူတို့ကပေါက်ကြ ကုန်၏။
  နေအိမ်အဆောက်အအုံပေါ်
ယခုအခါ ယောင်္ကျား မိန်းမတို့ အိမ်ထောင်ဖက်ခြင်းကို တရားဝင်အသိအမှတ် ပြုကြ ရုံမက ဂုဏ်ရှိသည်ဟူ၍ပင် ထင်နေကြသော်လည်း ထိုစဉ်အခါက တရားဝင်အသိအမှတ် မပြုကြ“အဓမ္မအမှု”ဟုသာ သတ်မှတ်ကြကုန်၏။ ထို့ကြောင့် တစ်လ နှစ်လတိုင်တိုင် ရွာထဲ လူထဲဝင်ခွင့် မပေးကြ၊ ရွာအပြင် တောအတွင်း လူသူကင်းရာတို့၌သာ ပုန်းခိုနေထိုင်ကြရ ကုန်၏။
    ဤသို့ဖြင့် တစ်စတစ်စ မေထုန်ကိစ္စ နယ်ကျယ်၍ အမြဲပေါင်းသင်းမှု ပြုလာ ကြသောအခါ ထိုကိစ္စကို ဖုံးကွယ်ရန်အတွက် အိမ်အဆောက်အအုံတို့ကို ဆောက်လုပ် နေထိုင်ကြကုန်၏။ ထိုအချိန်မှစ၍ အိုးအိမ်အဆောက်အုံများ ပေါ်လာ ကြရတော့သည်။
   ဤသို့ သလေးဆန်ကို စတင်စားသုံးကြရာအခါမှစ အိုးအိမ်တည်ထောင်သည့် ကာလအထိ နှစ်ပေါင်းမည်မျှဟု ရေတွက်မရအောင် ကြာမြင့်လှသည့်အဓွန့် ကာလ ကြီးတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ဘုံခေတ်မှ ပုဂ္ဂလိကခေတ်သို့
   ထိုအခါ ပျင်းရိသော သဘောရှိသောသူတစ်ယောက်သည် “ ငါသည် သလေးဆန် ကို ညဥ့်အခါ ညစာ၊ နံနက်အခါ နံနက်စာအတွက်ယူလျက် အဘယ်ကြောင့် ပင်ပန်းခံနေ မည်နည်း၊ တစ်ကြိမ်တည်းဖြင့်သာ ညဥ့်စာ နံနက်စာအလို့ငှါ ဆောင်ယူရမူ ကောင်းလိမ့် မည်ဟု” အကြံပေါ်ပြီး သလေးဆန်ကို တစ်ကြိမ်တည်းဖြင့်သာ ညဥ့်စာ နံနက် စာအတွက် ဆောင်ယူလေတော့သည်။
   ထိုအခါ အခြားတစ်ယောက်က “သလေးဆန်ယူရန် သွားကြစို့”ဟု ခေါ်လျှင် တစ်ကြိမ်တည်းဖြင့် သလေးဆန်ကို ညဥ့်စာ နံနက်စာအတွက် ယူခဲ့ ပြီးကြောင်း ပြောဆိုလေသည်။ ထိုအခါ ထိုသူ့ကို အတုလိုက်၍ တစ်ကြိမ်တည်းဖြင့် နှစ် ရက်စာယူကြ၏။ 
   ထိုနှစ်ရက်စာယူသူတို့ကို အတုလိုက်၍ တစ်ကြိမ်တည်းဖြင့် (၄)ရက်စာ ယူကြ၏။ ဤသို့ တဖြည်းဖြည်းသလေးဆန်တို့ကို သိုမှီး၍စားသုံးရန် အားထုတ်လာကြ သောအခါ သလေးဆန်၌ ဖွဲနုဖုံးလာ၏။ ထို့နောက် ဖွဲကြမ်းဖုံးလာ၏။
   စောစောက ရိတ်သိမ်းရာအရပ်မှ ပြနလည်သီးမြဲဖြစ်၍ ရိုးပြန်မရှိခဲ့ဖူးသော်လည်း ထိုအခါ ပြန်လည် သီးနိုင်ခြင်းမရှိတော့ဘဲ ရိုးပြတ်အဖြစ်ဖြင့်သာ တည်ရှိလာကြရတော့၏။ သလေးပင်တို့သည် စိုက်ပျိုး အပ်ရာ အရပ်တို့၌သာ အစုလိုက် ပေါက်ရောက်ဖြစ်ထွန်းလျက်ရှိကြကုန်၏။ ထိုအချိန်မှစ၍ သလေးဆန်ပင်တို့ကို ဘုံဆိုင်ထားခဲ့ကြရာမှ ပိုင်းခြား ခွဲဝေကြရ ကုန်၏။ စိုက်ပျိုးစားသောက်ကြရကုန်၏။
ခိုးမှုပေါ်လာခြင်း
ကမ္ဘာတည်စ အသက်အသင်္ချေယျတမ်းမှစ၍ သတ္တဝါတို့၏ သန္တာန်၌ လောဘ၊ မာန စသော အယုတ်တရားတို့ တဖြည်းဖြည်းချင်း မသိမသာ တိုးပွား တိုးပွားလာကြသဖြင့် အဟာရဘက်ကလည်း တဖြည်းဖြည်း ဆုတ်လာကာ စိုက်ပျိုးရသောခေတ်သို့ ရောက်လာပြီး ဘုံခေတ်မှ ပုဂ္ဂလိကခေတ် သို့ ရောက်လာပြီ။ ထိုသို့ အဟာရဘက်က ဆုတ်လာသည်နှင့်အမျှ သက်တမ်းလည်း တဖြည်းဖြည်းဆုတ်ယုတ်လာရာ အသက် တစ်သိန်းတမ်း သို့ ရောက်ခဲ့လေပြီ။
  ထိုအချိန်တွင် တစ်ယောက်သောသူသည် မိမိ သလေးခင်းတို့ကို စောင့်ရှောက်၍ သူတစ်ပါးတို့၏ သလေးခင်းတို့မှ သလေးစပါးတို့ကို မပေးဘဲယူ၍ စားသုံးလေသည်။ ထိုအခါ သူ့ကိုဝိုင်းဖမ်း၍ “သင်သည် ယုတ်ညံ့သောအမှုကိုပြု၏၊ နောက်တစ်ဖန် ဤအမှု မျိုးကိုမပြုလင့်”ဟု ပြောဆိုကြကုန်၏။ ထိုသူသည် “ကောင်းပါပြီအရှင်တို့” ဟု ဝန်ခံပြီး (၃)ကြိမ်တိုင်အောင် ခိုးယူစားသုံးလေသည်။ ထို့ကြောင့် ထိုသူ့ကို ဖမ်းဆီးကြကာ “သင် သည် ယုတ်မာသောအမှုကိုပြု၏၊ မိမိအဖို့ကိုစောင့်ရှောက်၍ သူတစ်ပါးတို့၏အဖို့ကို မပေးဘဲယူ၏၊
    နောက်တစ်ဖန် ဤမှုမျိုးကိုမပြုလင့်”ဟု ဆိုကုန်လျက် အချို့က လက်ဖြင့် ပုတ်ခတ်ကုန်၏၊ အချို့ကခဲဖြင့်ပေါက်ကြကုန်၏၊ အချို့က တုတ်ဖြင့်ရိုက်ကြကုန်၏၊ ထိုအခါ မှစ၍ အဒိန္နာဒါန ဒုစရိုက်မှုကြီး လောက၌ ပေါ်လာလေပြီ။ သူတစ်ပါးတို့ကို ကဲ့ရဲ့ပြစ်တင်မှု၊ “ကောင်းပါပြီအရှင်တို့ ဟု ဝန်ခံပြီး ဝန်ခံတိုင်းမတည်မှု မုသာဝါဒပေါ်လေပြီ၊ လက်နက်ကိုင်မှု ပေါ်လေပြီ။
  (မုသာဝါဒဆိုသော်လည်း နောင်မခိုးရန် မောင်းမဲပြောဆိုကြသောအခါ “ကောင်းပါ ပြီ အရှင်တို့”ဟု ဝန်ခံပြီး ဝန်ခံတိုင်း မတည်မှုသာ ဖြစ်၏။ ဒုစရိုက်အဆင့်ရောက်သော သမ္ပဇာနမုသာဝါဒကား မပေါ်သေးပါ)
•    သိန်းတမ်းရောက်သော်၊ ခိုးမှုခေါ်၊ ဖြစ်ပေါ်ဒုစရိုက်။
ဗုဒ္ဓ၏ လူ့သမိုင်း-(၃)
အစိုးရပေါ်လာခြင်း
      အယုတ်တရား၊ ဒုစရိုက်တရားတို့သည် တစ်ခါဖြစ်ပေါ်ပြီးနောက် အပြီးသတ်ပျောက်ကွယ် သွားသည်ဟူ၍မရှိ၊ တဖြည်းဖြည်း တိုးပွားလာမြဲ အဖြစ်များလာမြဲ ဓမ္မတာအတိုင်း ခိုးမှုဒုစရိုက်တရားကို တားမြစ်နှိမ်နင်းရန်အတွက် စည်းဝေးတိုင်ပင်ကြရ၏။ လောက၌ အယုတ်တရားတွေ ထင်ရှားဖြစ်ပေါ်လာကုန်ပြီ။ မပေးဘဲခိုးယူမှုထင်ရှားပေါ်လာပြီ။ သူတစ်ပါးတို့ကို ကဲ့ရဲ့ပြစ်တင်မှုပေါ်လာပြီး “ကောင်းပါပြီ”ဟု ဝန်ခံပြီး ဝန်ခံတိုင်း မတည်မှု ပေါ်လာပြီး တုတ်ကိုင်လာကြပြီ။ ထို့ကြောင့်.
(၁) ရှုတ်ချထိုက်သူကို တရားသဖြင့်ရှုတ်ချ၊ ကဲ့ရဲ့ထိုက်သူကို တရားသဖြင့် ကဲ့ရဲ့၊ နှင် ထုတ်ထိုက်သူကို တရားသဖြင့် နှင်ထုတ်သော အကြီးအကဲ တစ်ယောက် တင်မြောက်ကြ မည်။
(၂) ထိုအကြီးအကဲအား သလေးဆန် အဖို့အစုကို ပေးကြမည်ဟု ဆုံးဖြတ်ကြသည်။
ထိုနောက် ဘုရားအလောင်းတော်ကို အကြီးအကဲအဖြစ် တင်မြောက်ကြသည်။ ထိုအကြီး အကဲပုဂ္ဂိလ်သည် လူထုက သမုတ်တင်မြှောက် အပ်သူဖြစ်၍ “မဟာသမ္မတ”မည်၏။ လယ် ယာမြေတို့၏ အရှင်ဖြစ်၍ “ခတ္တိယ”လည်းမည်၏။ လူထုကို နှစ်သက်စေသူဖြစ်၍ “ရာဇာ” လည်းမည်၏။
ဤကားလောက၌ အုပ်ချုပ်သူအစိုးရ ပေါ်လာခြင်းတည်း။
ပုဏ္ဏားအစု
    ထိုသို့ မဟာသမ္မတအစိုးရ ပေါ်လာပြီးနောက် ရှုတ်ချထိုက်သူတို့ကို တရားသဖြင့် ရှုတ်ချ၊ ကဲ့ရဲ့ထိုက်သူကို တရားသဖြင့် ကဲ့ရဲ့၊ နှင်ထုတ် ထိုက်သူတို့ကို တရားသဖြင့် နှင်ထုတ်ကာ အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်လာသောအခါ အချို့သူတို့က “လောက၌ အယုတ်တရား တို့ထင်ရှားဖြစ်ပေါ် ကုန်ပြီ၊ မပေးဘဲ ခိုးယူမှု ထင်ရှားဖြစ်ပေါ်လာပြီ၊ သူတစ်ပါးတို့ကို ကဲ့ရဲ့ ပြစ်တင်မှု ထင်ရှားပေါ်လာပြီ “ကောင်းပါပြီ”ဟု ဝန်ခံပြီး ဝန်ခံတိုင်း မတည် မှုပေါ်လာပြီ။ တုတ်ကိုင်မှုပေါ်လာပြီ၊ ယခုလည်း နှစ်ထုတ်မှု ထင်ရှားဖြစ်ပေါ် လာချေပြီ။ ထို့ကြောင့် ငါတို့သည် ယုတ်ညံ့သော အကုသိုလ် တရားတို့ကို မျှောကြရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်ကြကုန်၏။
  ထိုသူတို့သည် ထိုအယုတ်တရား အကုသိုလ်တရားတို့ကို ပယ်မျှော် ရှောင်ကြဉ်ကြ ကုန်၏။ တောအရပ်၌နေကာ ဈာန်ဝင်စား လျက် ပျှော်မွေ့ကြကုန်၏။ ထိုသူတို့ကို “ဗြဟ္မဏ” ဟု ခေါ်ကြကုန်၏။
ကုန်သည်နှင့် ဆင်းရဲသား
    အချို့သူတို့သည် အိမ်ထောင်ပြုကုန်၍ ကုန်သွယ်နွားမွေး လယ်လုပ်ခြင်းအမှုတို့ဖြင့် အသက်မွေးကုန်၏။ ထိုသူတို့ကို “ဝေဿကုန် သည်”ဟုခေါ်ကြကုန်၏။ ထိုမင်းပုဏ္ဏား ကုန်သည်တို့မှ ကြွင်းကျန်သော လူအများစုကြီးသည် အလုပ်ကြမ်းတို့ဖြင့် အသက်မွေးကြ ကုန်၏ ။ သေးနုပ်သော အလုပ်တို့ဖြင့် အသက်မွေးကြကုန်၏။ ထိုသူတို့ကို “သုဒ္ဒ=ဆင်းရဲ သား”ဟု ခေါ်ကြကုန်၏။
            ဤသို့လျှင် လောက၌ မင်း၊ ပုဏ္ဏား၊ ကုန်သည် ဆင်းရဲသားဟုသော အမျိုးလေးပါး ထင်ရှား ကွဲပြားလာတော့၏။
 သတ်မှုပေါ်
အုပ်ချုပ်သူ အစိုးရပေါ်ပြီး အဒိန္နာဒါန ဒုစရိုက်အမှုကို တားမြစ်နှိမ်နင်းရင်းပင် အဒိန္နာ ဒါန ဒုစရိုက်အမှုများ တိုး၍တိုး၍လာရာ သက်တမ်းလည်း ဆုတ်၍ ဆုတ်၍လာလေတော့ ၏။ ဤသို့ဖြင့် သတ္တမ စကြာမင်း၏သားတော်မင်းတရားလက်ထက်သို့ ရောက်လာ၏။
   သက်တမ်းအားဖြင့်လည်း ရှစ်သောင်းတမ်းသို့ ရောက်လာ၏။ ထိုအချိန်တွင် မင်းထံမှ အရင်းအနှီးမရသဖြင့် လူထုကြီးသည် ဆင်းရဲမှုပို လာလေသည်။ တစ်နေ့သော အခါ အသက်မွေးမှု မလုံလောက်၍ ခိုးရပါကြောင်း ဝန်ခံလေသည်။ ထိုအခါ မင်းတရားက အရင်းအနှီးဥစ္စာကိုပေးပြီး “ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့၊ အမိအဖတို့ကို လည်းလုပ်ကျွေးလော့၊ သားမယားတို့ကို လုပ်ကျွေးလော့၊ အလုပ်အကိုင်ကိုလည်း လုပ်ကိုင်လော့၊ ရဟန်း၊ ပုဏ္ဏားတို့ကိုလည်း ပေးလှူလော့”ဟု ဆုံးမ၍ လွှတ်လိုက်၏။ ထိုခိုးသူလည်း “ကောင်းပါပြီ မင်းတရား”ဟု ဝန်ခံ၍ ဥစ္စာကိုယူပြီး ပြန်လေ၏။
   ဤသို့ ခိုးသူတို့ကို ဖမ်းမိတိုင်း ဥစ္စာပေး၍ မြန်လွှတ်ဖန်များသောအခါ “သူတစ်ပါး ပစ္စည်း ခိုးယူလို့ ဖမ်းမိလျှင် မင်းတရားက ဥစ္စာပေး ၍ ပြန်လွှတ်သတဲ့”ဟု သတင်းပျံ့လေ၏။ ထိုသတင်းကြားသော အချို့သောသူတို့သည် “ငါတို့လည်း ခိုးရမူ ကောင်း၏”ဟု အကြံဖြစ် ၍ ခိုးကြလေ၏။ ထိုသို့ခိုး၍ မိတိုင်းသောသူတို့အား မင်းသည်ဥစ္စာကိုပေး၍ ဆုံးမကာ ပြန်လွှတ်လေ၏။
  ဤသို့ဥစ္စာပေးကာ ဆုံးမ၍ ပြန်လွှတ်ပါလျက် ခိုးမှုတိုးပွားလာသောအခါ ဤသို့သာ ခိုးသူတိုင်းအား ဥစ္စာပေး၍ ပြန်လွှတ်နေပါလျှင် ဤခိုးမှုသည် တိုးပွားနေမည်သာ ဖြစ်သည်။ ထို့ကြောင့် ခိုးသူကိုနှိပ်ကွက်မှဖြစ်မည်၊ အမြစ်ပြတ်အောင် ပြုမှဖြစ်မည်၊ ခေါင်းဖြတ် သတ် မိန့်ချမှ ဖြစ်မည်”ဟု မင်းအား အကြံဖြစ်၏။
   ထို့နောက် ခိုးမှုဖြင့် မိလာသူတို့ကို စစ်ဆေးသောအခါ အသက်မွေးမှု မလုံလောက်၍ ခိုးမိပါကြောင်း ဝန်ခံလေ၏။ ထိုအခါ “ အချင်းတို့၊ ခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်တုတ်လျက် ခေါင်းတုံးရိပ်ပြီးလျှင် အသံပြင်းသော ထက်စည်ကိုတီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့၊ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ မြို့ပြင်ထုတ်၍ ခေါင်းဖြတ် လော့”ဟု အမိန့်ပေးလေတော့သည်။ ထိုအချိန်မှစ၍ ဤကမ္ဘာလောက၌ ပါဏာတိပါတ ဒုစရိုက်ပေါ်လာ၏။ ဓားလက်နက် ပေါ်လာ၏၊ ဤသို့ ခိုးမှုအပြစ်ပြတ်စေရန် သတ်မိန့်ချကာ နှိပ်ကွပ်သော်လည်း ခိုးမှုအမြစ်ပြတ်စေ ရန် သတ်မိန့်ချကာ နှိပ်ကွပ်သော်လည်း ခိုးမှုအမြစ် မပြတ်သည့်အပြင် ဤသို့ဖြစ်လာ၏။
   ဤသတင်းကိုကြားသူအချို့တိုပသည် “ငါတို့လည်း ထက်သောလက်နက်(ဓား)ကို ပြုလုပ်စေပြီး လက်နက်(ဓား)ကို ပြ၍ လုယူကုန်အံ့။ မပေးသူတို့ကို သတ်ကုန်အံ့”ဟု အကြံပေါ်ကာ လုယူမှု ပြုကြကုန်၏။ ရွာကိုဝင်၍ လုယက်ကြကုန်၏။ နိဂုံးကိုဝင်၍ လုယက် ကြကုန်၏။ မြို့ကိုဝင်၍ လုယက်ကြကုန်၏။ လမ်း၌ လုယက်ကြကုန်၏။ မပေးသူတို့ကို သတ်ကုန်၏။ ဤအခါမှစ၍ ဓားပြမှုပေါ်လာတော့သည်။
ဗုဒ္ဓက ဤသို့သုံးသပ်ပြ၏။
    “ရဟန်းတို့၊ ဆင်းရဲသားတို့အား (အစိုးရက) ပစ္စည်းဥစ္စာကို ထုတ်မပေးနိုင်သော်( လူထုစီးပွားရေး မပြေလည်သော်) လူထုအတွင်း၌ ဆင်းရဲမှု ပိုများလာ၏။ လုထုဆင်းရဲမှု ပွားများလာသော် ခိုးမှု ပွားများလာ၏။ ခိုးမှု ပွားများလာသော် လက်နက် ပွားများလာ၏။ လက်နက် ပွားများလာသော် အသတ်သတ်မှု ပွားများလာ၏။ အသက်သတ်မှု ပွားများလာ သော် သတ္တဝါတို့၏ အသက်လည်း ဆုန်ယုတ်လာ၏။ အဆင်းလည်း ဆုတ်ယုတ် လာ၏။ အသက်ရှစ်သောင်းတမ်း အသက်ရှည်သူတို့၏ သားသမီးတို့သည် တဖြည်းဖြည်း အသက်လေးသောင်းသာရှည်ကြကုန်၏။
*ရှစ်သောင်းကာလ၊ သတ်မှုစ၊ မှတ်ကြ ဒုစရိုက်။
မှတ်ချက်။    ။ ဆက်လက်ဖေါ်ပြပေးပါမည်။
(ကထိကရဟန်း)
“ဗုဒ္ဓ၏ လူသမိုင်း”  အပိုင်း(၄)
ကုန်းချောမှုပေါ်
   ဤသို့ ဒုစရိုက်အမှုတွေ လောက၌ ဖြစ်ပေါ် လာသည်နှင့်အမျှ အဆင်းအားဖြင့် လည်းကောင်း၊ သက်တမ်းအားဖြင့် လည်းကောင်း ဆုတ်ယုတ်လာရာ အနှစ်နှစ်သောင်းတမ်း ကာလသို့ ရောက်လာလေ၏။ ထိုအခါ တစ်ယောက်သောသူသည် ခိုးမှုကို လွန်ကျူးလေ၏။ ထိုသူကို အခြား တစ်ယောက်က မင်းထံသွား၍ “အရှင်မင်းကြီး.. ဤမည်သောသူသည် သူတစ်ပါးတို့၏ ပစ္စည်းကို ခိုးယူပါသည်”ဟု ကုန်းချောလေ၏။ ထိုအခါမှစ၍ ဤကမ္ဘာလောက၌ ပိသုဏဝါစာခေါ် ဝစီဒုစရိုက်မှုကြီး ပေါ်လာတော့သည်။
*ပိသုဏဝါစာ၊ နှစ်သောင်းခါ၊ စ, လာ ဒုစရိုက်။
ကာမေသုမိစ္ဆာစာရပေါ်
ဤသို့ဖြင့် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ အသက်တမ်းတစ်သောင်းတမ်းသို့ ရောက်လာတော့၏။ ထိုအခါ၌ကား သူတစ်ပါးပစ္စည်းကို ခိုးယူမှု၊ သူတစ်ပါးအသက်ကို သတ်ဖြတ်မှု၊ တိုက်ခိုက်လုယက်မှု၊ လိမ်ညာမှု၊ ကုန်းချောမှု ဟူသော ဒုစရိုက်တရားတို့ကြောင့် အာဟာရဓာတ်ချို့တဲ့မှုတို့ ပိုမိုဖြစ်ပေါ်လာကာ ရုပ်ဆင်းသဏ္ဌာန်များ သိသိသာသာ ကွဲပြားခြားနားလာ၏။ အချို့သောသူတို့မှာ လှပတင့်တယ် ရှုချင်ဖွယ်ရှိကုန်၏။ အချို့သောသူတို့မှာ အရုပ်ဆိုးအကျည်းတန်ကုန်၏။ ထိုအခါ အဆင်းမလှသူတို့က အဆင်းလှသူတို့ကို တပ်မက်လာကြ၏။ ထို့ကြောင့် သူတစ်ပါးတို့၏ သားမယားတို့ကို ကျူးလွန်ကျင့်ကြံကြကုန်၏။ ထိုအခါမှစ၍ ဤကမ္ဘာလောက၌ ကာမေသုမိစ္ဆာစာရခေါ်သော ယုတ်မာလှသည့် ကာယကံဒုစရိုက်ကြီး ထွန်းကားလာတော့၏။
*ကာမေမိစ္ဆာ၊ တစ်သောင်းခါ၊ ဖြစ်လာဒုစရိုက်။
ဖရုသဝါစာ, သမ္ဖပ္ပလာပ
ဤသို့ တဖြည်းဖြည်း ဆုတ်ယုတ်လာရာ သက်တမ်းငါးထောင်တမ်းသို့ ရောက်လာတော့၏။ ထိုအချိန်တွင် လောက၌ ဒုစရိုက်တရားနှစ်ပါး သိသိသာသာ ပြန့်ပွားနေပြီကို တွေ့ရ၏။ ယင်းတို့ကား မကြားကောင်း မနာသာ ယုတ်ယုတ်မာမာ ဆဲဆိုမှု ဖရုသဝါစာနှင့် အဖျင်းအရွှတ်ပြောဆိုမှု သမ္ဖပ္ပလာပတို့တည်း။
*ဖရုသာ,သမ္ဖပ်၊ ငါးထောင်ကပ်၊ ပေါ်လတ်ဒုစရိုက်။
အဘိဇ္ဈာ, ဗျာပါဒ
လောက၌ ထိုဖရုသဝါစာနှင့် သမ္ဖပ္ပလာပ ဟူသော တရားနှစ်ပါး ပြန့်ပွားလာမှုကြောင့် လူတို့၏ သက်တမ်းသည်လည်း ဆုတ်ယုတ်၊ ရုပ်အဆင်း လည်း ဆုတ်ယုတ်လာကုန်တော့၏။ ထို့ကြောင့် အချို့မှာ သက်တမ်းနှစ်ထောင့်ငါးရာ၊ အချို့မှာ သက်တမ်းနှစ်ထောင်သို့ ရောက်လာ၏။ ထို့ကြောင့် အချို့မှာ အသက်နှစ်ထောင့်ငါးရာရှည်၍ အချို့ နှစ်ထောင်ရှည်သောကာကသို့ ရောက်သောအခါ လောက၌ စိတ်ထားယုတ်ညံ့ မှုနှစ်ပျိုး ဖြစ်ပေါ်ပြန့်ပွားလျက် ရှိလေပြီ။ ယင်းတို့မှာ သူတစ်ပါးစည်းစိမ်ကို မတရားရယူလိုမှု အဘိဇ္ဈာနှင့် သူတစ်ပါး ပျက်စီးသေကြေဖို့ရန် ကြံစည်မှု ဗျာပါဒတို့တည်း။
*နှစ်ထောင့်ငါးရာ၊ သက်တမ်းခါတွင်၊ ဗျာပါ,ဘိဇ္ဈာ၊ ဖြစ်ပေါ်လာ၊ နှစ်ဖြာဒုစရိုက်။
မိစ္ဆာဒိဋ္ဌိ
ဤသို့ဖြင့် သက်တမ်း တဖြည်းဖြည်း ဆုတ်ယုတ်လာရာ တစ်ထောင်တမ်းသို့ ရောက်လာ၏။ ထိုအခါတွင် လှူတာအကျိုးမရှိ၊ ကောင်းမှုပြုလည်း ကောင်းကျိုးမရ၊ မကောင်းပြုမှုလည်း ဆိုးကျိုးမရ၊ နောက်ဘဝမရှိ၊ အမိနှင့်စပ်၍ ကောင်းကျိုးဆိုးပြစ်မရှိ၊ မဖနှင့်စပ်၍ ကောင်းကျိုးဆိုးပြစ်မရှိ စသည်ယူသည့် အမြင်မှားမှုကြီးတစ်ရပ် ပြန့်ပွားလျက်ရှိနေပြီး ထိုအခါမှစ၍ ဤကမ္ဘာလောက၌ မိစ္ဆာဒိဋ္ဌိဟူသော မနောဒုစရိုက်ကြီး ပေါ်လာတော့၏။
*တစ်ထောင်တမ်းမှာ၊ မိစ္ဆာဒိဋ္ဌိ၊ အမည်ရှိ၊ ပေါ်ဘိဒုစရိုက်။
အဓမ္မရာဂါ, ဝိသမလောဘ, မိစ္ဆာဓမ္မ
ဤသို့ လောက၌ မိစ္ဆာဒိဋ္ဌိဟူသော အမြင်လွဲမှားမှုကြီး ပေါ်ထွန်းပြန့်ပွားလာမှုကြောင့် လူတို့သက်တမ်းနှင့် အဆင်းတို့ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာရာ အနှစ်ငါးရာတမ်းသို့ ရောက်လာကြတော့၏။ ထိုအခါ လူ့လောက၌ မကောင်းသောတရား(၃)မျိုးတို့ ဖြစ်ပေါ်လာကြကုန်၏။
ယင်းတို့ကား-
(၁) အဓမ္မရာဂ = အမိ, အဒေါ်, အရီး, ကြီးတော် စသူတို့ပေါ်၌ တပ်မက်စွဲလမ်းမှု။
(၂) ဝိသမလောဘ = မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူး လိုက်စားမှု။
(၃) မိစ္ဆာဓမ္မ = ယောက်ျားချင်း၊ မိန်းမချင်း၊ လိင်တူ ဆက်ဆံမှုတို့တည်း။
*ငါးရာတမ်းမှာ၊ ဖြစ်ပေါ်လာ၊ သုံးဖြာ အယုတ်တရား။
မိစ္ဆာဓမ္မ၊ ဝိသမ၊ အဓမ္မရာဂများ။
ရိုသေမှုကင်း
ဤသို့ အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မဟူသော လွန်စွာယုတ်ညံ့သော တရားများ လူ့လောက၌ ဖြစ်ပေါ်ပြန့်ပွားလာသောအခါ သက်တမ်းနှင့် ရုပ်အဆင်းတို့လည်း ပို၍ပို၍ ဆုတ်ယုတ်လာတော့၏။
ဤသို့ဖြင့် အချို့သူတို့ အနှစ် ၂၅၀-တမ်း အချို့ အနှစ် ၂၀၀-တမ်းသို့ ရောက်လျှင်--
(၁) အမိအပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၂) အဖအပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၃) သမဏတို့အပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၄) ဗြာဟ္မဏတို့အပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။
(၅) အမျိုး၌ ကြီးသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်း ဟူသော အဂါရဝ သဘောတရားတို့ ဖြစ်ပေါ်ပြန့်ပွားလာတော့၏။
*သက်တမ်းနှစ်ရာ၊ ကာလမှာ၊ လူ့ရွာဖြစ်ပုံခင်း။
အမိအဖ၊ သမဏနှင့်၊ ဗြာဟ္မဏဟူ၊ ကြီးသူအပေါ်၊ ကျင့်ဝတ်ချော်၊ မလျောဂါရဝကင်း။
ဒုစရိုက်မျိုးစုံ
သက်တမ်း ၂၀၀-ကာလမှစ၍ လူ့လောကတွင် ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ အပြည့်အစုံ ဖြစ်နေရုံမျှမက အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတို့နှင့် အမိအဖ ရဟန်းပုဏ္ဏား စသူတို့အပေါ်၌ ထားအပ်သော ဂါရဝတရားတို့လည်း ပျက်သုဉ်းခဲ့လေပြီ။ သည်ထက်တိုး၍ဖြစ်စရာ ဒုစရိုက်တရားတို့ မရှိကြပြီ။ ထိုဒုစရိုက်အယုတ်တရားတို့သာ ပို၍ပို၍ကြမ်းလာ ပို၍ပို၍ရမ်းလာဖို့ ရှိတော့သည်။ ဤသို့ ဒုစရိုက် အယုတ်တရားတို့ အဖြစ်များလာသည်နှင့်အမျှ သူ့အသက်သတ်ခြင်း ရှောင်ကြဉ်မှု ပါဏာတိပါတဝိရတီ၊ သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော ကာယသုစရိုက်သုံးပါး၊ လိမ်လည်လှည့်စားခြင်းမှ ရှောင်ကြဉ်မှု မုသာဝါဒဝိရတီ၊ အချက်ပျက်အောင်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်မှု ဝိသုဏဝါစာဝိရတီ၊ ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝါရတီဟူသော ဝစီသုစရိုက်လေးပါး။ သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုခြင်းမှ ရှောင်ကြဉ်မှု အနဘိဇ္ဈာ၊ သူတစ်ပါးမပျက်စီးစေလိုမှု အဗျာပါဒ၊ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဟူသော မနောသုစရိုက်သုံးပါး။
ဤဆယ်ပါးသော သုစရိုက်အကျင့်တရားတို့ ဆုတ်ယုတ်လာကြရကုန်၏။ ထို့ကြောင့် လူတို့၏သက်တမ်းတို့လည်း တဖြည်းဖြည်း ပို၍ပို၍ ဆုတ်ယုတ်လာကာ ၁၀-နှစ်တမ်းသို့ ရောက်လာပေလိမ့်မည်။
ဆယ်နှစ်တမ်း
ထိုဆယ်နှစ်တမ်းကာလာတွင် ၅-နှစ်အရွယ် သူငယ်မသည် အိမ်ထောင်ပြုနိုင်သောအဆင့်သို့ ရောက်နေပေလိမ့်မည်။ “ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ဆား” ဟူသော ကောင်းမြတ်သော အရသာတို့ ကွယ်ပျောက်ပေလိမ့်မည်။ စားသောက်ဖွယ်အာဟာရတို့တွင် လူးထမင်းသည် အကောင်းဆုံးအာဟာရအဖြစ် တည်ရှိပေလိမ့်မည်။ ကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့ လုံးဝဖြစ်ခွင့်မရကြဘဲ အကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့သာ လွန်စွာပြန့်ပွားနေကုန်လိမ့်မည်။ “ကောင်းမှု” ဟူသော အမည်ကိုပင် ကြားရတော့မည်မဟုတ်ပေ။ ယခုအခါ အမိ အဖ ရဟန်း ပုဏ္ဏား လူကြီးသူမတို့အပေါ် ဝတ္တရားကျေပွန်၍ ဂါရဝရှိသူတို့သည် မြင်ကြရ ကြားကြရသူတို့၏ ချီးမွမ်းပူဇော်မှုကို ခံယူကြရကုန်သကဲ့သို့ ထိုအခါ အမိ အဖ ရဟန်း ပုဏ္ဏား လူကြီးသူမတို့အပေါ် မရိုမသေလုပ်သူ အနိုင်အထက်ပြုသူ နှိပ်စက်ညှဉ်းဆဲသူတို့သာ ချီးမွမ်းခံ ဂုဏ်ပြုခံ ပူဇော်ခံကြရပေလိမ့်မည်။
ထိုအခါ မိခင်ဟူ၍လည်းကောင်း၊ မိကြီးမိထွေး အရီးကြီး အရီးလေး ဟူ၍လည်းကောင်း အလေးထား ရှောင်ကြဉ်ကြတော့မည်မဟုတ်၊ ဆိတ် သိုး ကြက် ဝက် ခွေးတို့ကဲ့သို့ ပေါင်းဖက်ကြပေလိမ့်မည်။ ထိုသူတို့သည် အချင်းချင်း “သားကောင်” ဟု အထင်ရောက်ကြပေလိမ့်မည်။ သားကောင်ဟူသောအထင်ဖြင့် ပြင်းထန်ထက်မြက်သော လက်နက်များကို ကိုင်ဆောင်၍ အချင်းချင်း သတ်ဖြတ်ကြသဖြင့် ၇-ရက်ပတ်လုံး သတ္ထန္တရ ကပ်ကြီး ဆိုက်ပေလိမ့်မည်။ သို့သော သတိရှိသော အချို့သောသူတို့သည် ငါတို့ မည်သူ့ကိုမျှ မသတ်ကုန်အံ့၊ ငါတို့ကိုလည်း အသတ်မခံကုန်အံ့ဟု ရှောင်တိမ်းပုန်းအောင်းနေကြသဖြင့် သတ္ထန္တရကပ်မှ လွတ်မြောက်သူတို့သည်လည်း ရှိကြပေလိမ့်မည်။
ထိုဆုတ်ကပ်ကာလ၏ လူ့သမိုင်းဖြစ်စဉ်ကို မဟာဝိသုဒ္ဓါရုံ အဂ္ဂမဟာပဏ္ဍိတ စည်ရှင်ဆရာတော်ဘုရားက ဖော်ပြပါအတိုင်း စပ်ဆိုတော်မူ ထားပေသည်။
*ဝိဝဋ္ဋ္ဋာဌာ၊ ကပ်ဦးခါမှ၊ ဆုတ်လာတုံလတ်၊ အာယုကပ်တွင်၊ သိန်းကပ်ခိုးယူ၊ ရှစ်သောင်းမူကား၊ သတ်သူပေါ်ထ၊ လောင်းသောင်း ကျသော်၊ ပြောကြမုသာ၊ နှစ်သောင်းမှာကား၊ ဝါစာပိသုဏ၊ ကုန်းတိုက်ကြ၏။ ကာမမိစ္ဆာ၊ တစ်သောင်းခါတည်း၊ ဖရုသာ, သမ္ဖပ်၊ ငါးထောင်ကပ်၌ ပေါ်လတ်လူ့ဘောင်၊ မိုက်လုံးပြောင်၏။ နှစ်ထောင်ဗျာပါ၊ အဘိဇ္ဈာတည်း၊ မိစ္ဆာဒိဋ္ဌိ၊ တစ်ထောင်သိလော့၊ ရောက်ရှိငါးရာ၊ သက်တမ်းမှာကား၊ မိစ္ဆာဓမ္မ၊ ဝိသမနှင့်၊ အဓမ္မရာဂေါ၊ ဒလဟောတည်း၊ ရောက်သောနှစ်ရာ၊ သက်တမ်းခါ၌၊ မာတာဒိက၊ ဂါရဝကို၊ စွန့်ကြတုံလစ်၊ တမ်းဆယ်နှစ်၌၊ စွန့်ပစ်ဓမ္မ၊ ရှင်းရှင်းပသည်.. သုံးဝကပ်ကြီး ဆိုက်အံ့သော်။
(ဝိသုဒ္ဓါရုံ ပရမတ္ထသရူပဘေဒနီဆိုရိုး၊ နှာ-၁၀၀။)
တက်ကပ်
ထိုသတ္တန္တရကပ်ကြီးမှ လွတ်မြောက်ခဲ့ကြရသူတို့သည် “ငါတို့သည် အကုသိုလ်တရားတို့ကို ဆောက်တည်ကျင့်ကြံမိကြသဖြင့် ဤသို့ သတ္ထန္တရကပ်ကြီးဆိုက်ကာ များစွာသော အဆွေအမျိုးတို့ ဆုံးရှုံးကြရကုန်၏။ ကုသိုလ်ပြုကြမှ တော်ကြပေလိမ့်မည်” ဟု အကြံဖြစ်ကာ သူတစ်ပါးအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သည့် ပါဏာတိပါတဝိရတီ သုစရိုက်ကို ကျင့်သုံးကြပေလိမ့်မည်။ ထိုကျင့်သုံးမှုကြောင့် အသက် အားဖြင့်လည်းကောင်း အဆင်းအားဖြင့်လည်းကောင်း တိုးပွားလာကြပေလိမ့်မည်။ ဆယ်နှစ်တမ်းရှိ သူတို့၏ သားသမီးတို့သည် အသက်၂၀-ရှည်ကြပေလိမ့်မည်။
ထိုအခါ ပါဏာတိပါတမှ ရှောင်ကြဉ်ကြသဖြင့် ရရှိသည့် အဆင်းလှခြင်း၊ အသက်ရှည်ခြင်းကျေးဇူးကို တွေ့မြင်ကြရသူတို့သည် သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်မှု အဒိန္နာဒါနဝိရတီ၊ သူ့သားမယား လွန်ကျူးပြစ်မှားခြင်းမှ ရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော ကာယသုစရိုက်သုံးပါးကို ကျင့်သုံးကြပေလိမ့်မည်။ ထို့နောက် မုသားပြောခြင်းမှ ရှောင်ကြဉ်မှု မငသာဝါဒဝိရတီ၊ အချစ်ပျက်အောင် ကုန်းတိုက်ခြင်း မှ ရှောင်ကြဉ်မှု ပိသုဏဝါစာဝိရတီ၊ ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ခြင်းမှ ရှောင်ကြဉ်မှု ဖရုသဝါစာဝိရတီ၊ အဖျင်းပြောခြင်း မှ ရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝိရတီဟူသော ဝစီသုစရိုက် ၄-ပါးကို ကျင့်သုံးကြပေလိမ့်မည်။ ထို့နောက် မိမိတို့၏စိတ်၌ ဖြစ်ပေါ်နေတတ်သည့် သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုမှု ရှေးရှုကြံသည့် အဘိဇ္ဈာတရား၊ သူတစ်ပါးပျက်စီးစေလိုသည့် ဗျာပါဒတရား၊ ပေးလှူခြင်းသည် အကျိုးမရှိ စသည် အယူမှားသည့် မိစ္ဆာဒိဋ္ဌိတို့ကို မိမိတို့၏စိတ်မှ ဖယ်ရှားကြပေလိမ့်မည်။
ထို့ပြင် အမိ၊ အဒေါ်၊ အရီး စသူတို့အပေါ်၌ တပ်မက်စွဲလမ်းမှု အဓမ္မရာဂ၊ မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူးလိုက်စားးမှု ဝိသမလောဘ၊ လိင်တူဆက်ဆံမှု မိစ္ဆာဓမ္မတို့ကို ရှောင်ကြဉ်ကြပေလိမ့်မည်။ ထို့ပြင် အမိ အဖ သမဏ ဗြာဟ္မဏတို့အပေါ်၌ ကောင်းမွန်ရိုသောစွာ ကျင့်သုံးမှုပြုကြပေလိမ့်မည်။
ဤသို့ ဒုစရိုက်တရားနှင့် အဂါရဝတရားတို့ကို တဖြည်းဖြည်း ပယ်ရှား၍ သုစရိုက်တရားနှင့် ဂါရဝတရားတို့ကို ကျင့်သုံးလာသည်နှင့်အမျှ ရုပ်ဆင်းအင်္ဂါတို့ ကြည်လင်တင့်တယ်မှု ပိုလာပြီး သက်တမ်းအားဖြင့်လည်း တိုးတက်လာကာ အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်လေးဆယ် အသက်ရှည်ကြပေလိမ့်မည်။ အနှစ်လေးဆယ် အသက်ရှည်ကုန်သောသူတို့၏ သားသမီးတို့သည် အနှစ်ရှစ်ဆယ် အသက်ရှည်ကြပေလိမ့်မည်။ အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အသက်တစ်ရာ့ခြောက်ဆယ် ရှည်ကြပေလိမ့်မည်။
ဤသို့သောနည်းဖြင့် တစ်ဆတိုးသက်တမ်းတက်လာရာ အနှစ်ရှစ်သောင်းတမ်းသို့ရောက်လျှင် ဆာလောင်ခြင်း၊ ထမင်းဆီယစ်၍ ထိုင်းမှိုင်းခြင်း၊ အိုခြင်းတို့သာ အနာရောဂါအဖြစ် တည်ရှိကြပေလိမ့်မည်။ ထိုရှစ်သောင်းတမ်းကာလ၌ အမျိုးသမီးတို့သည် အသက်ငါးရာရောက်မှ အိမ်ထောင်ပြုနိုင်သူ၊ အရွယ်ရောက်သူများ ဖြစ်ကြပေလိမ့်မည်။ ဤသို့သောနည်းဖြင့် တရားကျင့်သုံးမှု ပိုမိုပြုလုပ်လာကြသည်နှင့်အမျှ ဆင်းရဲဒုက္ခတို့ ကင်းလာကာ ချမ်းသာသုခတို့လည်းတိုး၊ သက်တမ်းလည်း ပိုပိုလာကာ အသင်္ချေတမ်းသို့ ရောက်ကြပေလိမ့်မည်။
ဤကား တက်တပ်တည်း။
ဤဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ကပ်ဖြစ်၏။ ဤသို့ ဆုတ်လိုက်တက်လိုက်ဖြင့် အန္တရကပ် ၆၄-ကပ်စေ့လျှင် လူတို့နေရာ ဝိဝဋ္ဋဌာယီ အသင်္ချေယျကပ်တစ်ကပ်ပြည့်၍ တစ်ကမ္ဘာခေါ် မဟာကပ်တစ်ကပ် ပြည့်ပေတော့သည်။
ဘဒ္ဒဤကမ္ဘာ
ဤကမ္ဘာကား ဘုရားငါးဆူအထိ ပွင့်တော်မူသော အမြင့်မြတ်ဆုံး ဘဒ္ဒကမ္ဘာမည်၏။ ဤကမ္ဘာ၌ အန္တရကပ် ၁၅-ကပ်လွန်၍ ၁၆-ကပ်မြောက် ဆုတ်ကပ်၏ ၄-သောင်းတမ်းကာလ၌ ကကုသန္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ ထိုမှဆုတ်ကာ ၁၀-နှစ်တမ်းရောက်၊ ထိုမှတက်ကာ အသင်္ချေတမ်းရောက်လျှင် အန္တရကပ် ၁၆-ကပ်ပြည့်၏။ ထိုအသင်္ချေတမ်းမှ ဆုတ်လာသောအခါ ၁၇-ကပ်မြောက်ဆုတ်ကပ် သို့ ရောက် လာပေတော့သည်။ ထို ၁၇-ကပ်မြောက်ဆုတ်ကပ်၏ အသက်၃-သောင်းတမ်းကာလ၌ ကောဏဂုမ်မြတ်စွာဘုရား ပွင့်တော်မူခဲ့၏။ ဤသို့သောနည်းဖြင့် ၁၈-ကပ်မြောက်ဆုတ်ကပ်၏ အသက် ၂-သောင်းတမ်း၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူ၍ ၁၉-ကပ်မြောက်ဆုတ်ကပ်၏ အသက်တစ်ရာတမ်း၌ ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ပေသည်။ ထိုတစ်ရာတမ်းမှ ဆုတ်လာရာ ယခု ၇၅-နှစ်တမ်းခေါ် ကာလသို့ ကိုယ်တိုင်ရှောက်ရှိ တွေ့ကြုံနေကြရပေသည်။
ဤသက်တမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ထိုမှပြန်တက် အသင်္ချေတမ်းရောက်လျှင် ၁၉ကပ်မြောက် အန္တရကပ်ပြည့်၏။ ထိုမှပြန်ဆုတ်လျှင် ၂၀-ကပ်မြောက် အန္တရကပ်၏ ဆုတ်ကပ်ဖြစ်။ ထိုဆုတ်ကပ်၏ အနှစ်၈-သောင်းတမ်းကာလတွင် သင်္ခစကြဝတေးမင်းကြီးပေါ်၍ အရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူပေလိမ့်မည်။ ထိုမှဆုတ်ကာ ပြန်တက်လာ၍ အသင်္ချေတမ်းသို့ရောက်လျှင် ၂၀-ကပ်မြောက် အန္တရ ကပ်ပြည့်ပေတော့သည်။ ထိုမှနောက် အန္တရကပ် ၄၄-ကပ်ပြည့်မြောက်လျှင် ဤဘဒ္ဒကမ္ဘာ၏ ဝိဝဋ္ဋီဌာယီ အသင်္ချေယကပ်ပြည့်ကာ ဤကမ္ဘာအဆုံးသတ်ပြီး ဘုရား ပစ္စေကဗုဒ္ဓါ စကြဝတေးမင်းတို့ ပွင့်ပေါ်ဖြစ်ထွန်းခြင်းမရှိသည့် သုညကမ္ဘာကြီးများ ဆက်တိုက် ဖြစ်ပေါ် လာပေ လိမ့်မည်။
ဤကား ဗုဒ္ဓ၏ လူ့သမိုင်း ဖြစ်စဉ်တည်း။
တောင့်တချက်
ဤဗုဒ္ဓ၏ လူ့သမိုင်းဖြစ်စဉ်ကို လေ့လာကာ ယနေ့လူ့လောကသည် ဆုတ်ယုတ်နေသလော တိုးတက်နေသလော၊ ဘာတွေတိုး၍ ဘာတွေ ဆုတ်ယုတ်နေသနည်း။ ယနေ့ကမ္ဘာ၌ နေ့စဉ်ဖြစ်ပျက်နေကြသော ဖြစ်စဉ်တို့သည် အဘယ်တရားတို့ကို အခြေခံပြီး ဖြစ်ပေါ်နေသနည်း။ အကောင်း အဆိုးနှစ်မျိုးတွင် အဘယ်သို့ ဦးလှည့်နေသနည်း၊ ဘာကြောင့် အစိုးရဆိုတာ ပေါ်လာရ ရှိနေရသနည်း။ လူထုနှင့်အစိုးရ မည်သို့ ဆယ်သွယ်နေသနည်း၊ အဘယ်ကြောင့် ရာသီဥတုဖောက်ပြန်မှု၊ အာဟာရဓာတ်ချို့တဲ့မှု ဖြစ်ရသနည်း။ အဘယ်ကြောင့် ဆုတ်ကပ် ကာလမှာသာ ဘုရားရှင်များ ပွင့်တော်မူရသနည်း စသည်တို့ကို ဆင်ခြင်စဉ်းစားကာ လူ့လောကကို အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ကြပါစေ။
*ဖြစ်ကာပျက်ကာ၊ ဆုတ်တိုးလာ၊ လောကာနိယမ မှတ်။
တည်ငြိမ်မှုကင်း၊ လှုပ်ရှားခြင်း၊ တက်ဆင်းရှုတ်ယှက်ခတ်။
လောကဖြစ်စဉ်၊ ရှုဆင်ခြင်၍၊ အစဉ်အေးမြ၊ တည်ငြိမ်လှသည့်။
ဓမ္မတစ်မျိုး၊ ဉာဏ်ဝယ်တိုး၊ အဖိုးထိုက်ပြီမှတ်။
မှတ်ချက်။ ဗုဒ္ဓ၏လူ့သမိုင်းဆောင်းပါး ပြီးပါပြီ။
ကထိကရဟန်း
http://yatanavasatemple.ning.com/profiles/blogs/3860373:BlogPost:53254