Tuesday, October 1, 2013

ရဲရင့်သစ္စာမေးခွန်းများ

မွတ်စ်လင်မ်တွေနွားသတ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အော်ဟစ်
နေသူများ၊ အမဲသားငါး မစားရဘူး၊ အမဲသားငါးမလှုရဘူးလို့ ဂေါတမ
ဗုဒ္ဓကိုယ်တော်တိုင် သက်သေပြထားတဲ့တစ်ချက် ပိဋကတ်တော်ထဲ က
ထုတ်ပြ နိုင်ရင် ကျွန်တော် ရဲရင့်သစ္စာ က ထေရဝါဒ ဗုဒ္ဓဘာသာကို
မဆိုင်းမတွ ကူးပြောင်းပါ့မယ်။ မပြနိုင်ရင်တော့ အော်ဟစ်မနေကြနဲ့ပေါ့။
ဘယ်နှယ်လဲခင်ဗျ?

People who are shouting "Muslims are killing cows bla bla bla"....
I, Ye Yint Thitsar will convert to Theravada Buddhism without
hesitation if anyone could extract a single piece from Pitaka
in which the Ven Gautama Buddha himself proved that meat and
fish should not be eaten, should not offer meat and fish charity
by killing. If cannot show, do not keep on shouting. How about this? 
==========================================================
သူမေးကထဲက မေးခွန်းကြီးကအမှားကြီးလေ....  အမဲသားမစားရဘူး ... အမဲသားငါးမလှူရဘူးလို့ ... ဘုရားရှင်မှမဟောခဲ့တာ... ပါဏာတိပါတာ ကံ ဆိုတာ..... ဘယ်လိုနည်းနဲ့ပဲသတ်သတ်... ပါဏာတိပါတာ ကံမြောက်ကြောင်း ( ၅ ) ပါးနဲ့ ၊ ပယောဂ ( ၈ ) ပါးနဲ့ ပြည့်စုံ ပါက ငရဲကြီးပါတယ်ရှင်...။
အသားမစားဖို့ တားမြစ်ထားခြင်း မရှိပါဘူး....။ မိမိစားဖို့ ဒါမှမဟုတ် .... လှူဖို့အတွက် မသတ်ရတာပါ ...စားဖို့ လှူဖို့ဝယ်တာကိုတားမြစ် မထားပါဘူး...။
ပါဏာတိပါတ အင်္ဂါ၅-ပါး။

သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊၎င်းင်းအင်္ဂါ ၅-ပါးတို့နှင့် ပြည့်စုံက ထိုသိက္ခာပုဒ်ပျက်၏ ။

(၁)ပါဏ-သက်ရှိသတ္တ၀ါဖြစ်ခြင်း၊


(၂)ပါဏသညိတ-သက်ရှိသတ္တ ၀ါဟု မှတ်သိခြင်း၊

(၃)ဃာတ စိတ္တသတ်လိုသော စိတ်ရှိခြင်း၊

(၄)ဥပက္ကမ-လုံ့လဉပခြင်း၊

(၅)မရဏ-ထိုလုံ့လကြောင့် သေခြင်း။

ပါဏာတိပါတ၏ပယောဂမျိုး၈-ပါး။ ။ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်းတရားမျိုးရှစ်ပါး၊ ပါရာဇိကဏ် အဋ္ဌကထာမှ။

(၁)ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍သတ်ဖြတ် ထိုးခုတ်ခြင်း၊

(၂)အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊

(၃)သာဟတ္ထိကပယောဂ-ကိုယ်တိုင်သတ်ပုတ် ထိုးခုတ်ခြင်း၊

(၄)အာဏတ္တိက ပယောဂ-သူတပါးကို စေခိုင်းခြင်း၊

(၅)နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊

(၆)ထာဝရ ပယောဂ-အမြဲတည်နေ၍သေစေနိုင်သည့် တွင်းတူးထားခြင်းçဆေးဝါးအစီအရင် ထားခြင်းစသည့် အရာမျိုး၊

(၇)၀ိဇ္ဇာမယ ပယောဂ-ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ (၈) ဣဒ္ဓိမယပယောဂ-မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။

ဒါက အသတ်သတ်ခြင်းနဲ့ ပတ်သတ်လို့ တင်ပြတာပါ...
နောက်ပြီး သတ်တာနဲ့ စားတာ လှူတာ မတူပါ...ဒီတော့ တွဲထားတယ်ဆိုထဲကိုက ကိုယ်လိုချင်သလို အသုံးချထားတယ် ဆိုတာ သိသာလှပါတယ် ခင်ဗျားး...
 "ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ" ဆိုတာ "သတ္တဝါတို့၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အား မပြုလုပ်ပဲ ရှောင်ကြဉ်မည်ဟုသော သိက္ခာပုဒ်အား ထိန်းသိမ်းစောက်ရှောက်ခြင်း" ဖြစ်ပါတယ်။ သတ္တဝါဆိုတာ နွားမှ မဟုတ်ပါဘူး။ သက်ရှိသတ္တဝါတွေ အားလုံးကို ဆိုလိုတာ ဖြစ်ပါတယ်။ သီလ တစ်ပါးပေးပြီး တားမြစ်ထားတာ ဖြစ်ပါတယ်။

ရဟန်းတို့၌ ဥဒ္ဒိဿမံသ ခေါ် ရည်၍ သတ်သောအသားကို သိလျက်၊ မြင်လျက်၊ ယုံမှားလျက် စားလျှင် အပြစ်ရှိသည်။ ဥဒ္ဒိဿမံသ ဆိုသည်မှာ မိမိအတွက် ရည်ရွယ်သတ်သောအသားမျိုး ဖြစ်သည်။ ရဟန်းတော်များအဖို့ ထိုအသားကို မိမိအတွက် ရည်ရွယ်၍သတ်ကြောင်း သိလျှင်၊ မြင်လျှင်၊ ကြားသိလျှင်၊ ယုံမှားသံသယရှိလျှင်ပင် မစားရပေ။ စားလျှင် ၀ိနည်းတော်အရ အာပတ်သင့်ပြီး အပြစ်ရှိပါတယ်။ အကယ်၍ မဆင်မခြင်ပဲ စားခဲ့သော် ထိုရဟန်းသည် သံရည်ပူ သံရည်ခဲတွေကို စားနေသည်ဟု ပြင်းပြင်းထန်ထန် ဆုံးမထားပါတယ်။

လူပုဂ္ဂိုလ်များ၌ကား ထိုကဲ့သို့ ဥဒ္ဒိဿမံသအတွက် အပြစ်မရှိပေ။ မိမိကိုယ်တိုင် သတ်ခြင်း၊ သတ်မည်ဆိုသည်ကို သဘောတူခြင်း၊ သတ်ရန် တိုက်တွန်းခြင်း၊ နှိုးဆော်ခြင်း၊ အရိပ်အမြွက်ပြခြင်း မျိုးပြုခဲ့လျှင်ရှိသော် အပြစ်ရှိသည်။ ၄င်းမှလွတ်လျှင်ကား မိမိအတွက် သတ်သည်ဟု မြင်ကြားသင်္ကာ ရှိစေကာမူ စား၍ အပြစ်မရှိပါ။ သတ္တဝါတွေရဲ့အသားကို မစားရဘူးလို့ မပြောပေမယ့် အဲ့ဒီ့အချက်တွေဖြင့် ကိုက်ညီတယ်ဆိုရင် မစားသင့် မစားအပ်ဘူးလို့ ဆုံးမထားပါတယ်။

မလှူအပ်သော အလှူ (၁၀) မျိုး...

(၁) မဇ္ဇဒါန - မူးယစ်စေတတ်သော သေရည်သေရက် လှူခြင်း။
(၂) သမဇ္ဇဒါန - ပွဲလမ်းသဘင် စသည်အားဖြင့် လှူခြင်း။
(၃) ဣတ္ထိဒါန - မေထုန်မှုပြုရန် မိန်းမ လှူခြင်း။
(၄) ဥသဘဒါန - မေထုန်အမှုပြုရန် နွားလား ဥဿဘ စသည် လှူခြင်း။
(၅) စိတ္တကမ္မဒါန - ကာမဂုဏ်စိတ် ဖြစ်စေရန် စာပန်းချီကားချပ် လှူခြင်း။
(၆) သတ္ထဒါန - သတ်ဖြတ်ညှင်းဆဲရန် တုတ်၊ ဓား လက်နက် လှူခြင်း။
(၇) ၀ိသဒါန - သေလိုက သေစေရန် အဆိပ်ကို လှူခြင်း။
(၈) သင်္ခလိကဒါန - လက်ထိပ်၊ သံခြေကျဉ်းကို လှူခြင်း။
(၉) ကုက္ကုဋ သူရကဒါန - သတ်ဖြတ်စားသောက်ရန် ကြက်၊ ဘဲ၊ နွား၊ ဝက်၊ ငါး၊ ပုဇွန် စသည် လှူခြင်း။
(၁၀) တုလာကူဋ မာနကူဋဒါန - ရောင်းဝယ်ရာ၌ စဉ်းလဲ ကောက်ကျစ် ရန် မမှန်သော တင်း၊ တောင်း၊ အလေး၊ ချိန်ခွင် အတိုင်းအတာ လှူခြင်း။ အထက်ပါ လှူခြင်းမျိုး မလှူအပ်ဘူးလို့ ဆုံးမထားပါတယ်။
ကိုရဲပြောတဲ့ အချက်မှာ Logical Fallacy ၁ချက် ကို စတွေ့ရတယ်။

(၁) အသက်သတ်ခြင်း (မွတ်ဆလင် တို့အစဉ်အလာ အားဖြင့် နွားဖြင့်ပူဇော်ခြင်း)

(၂) အသားစားခြင်း (အမဲသားငါး မစားရဘူး ၊ မလှူ၇ဘူး လို့ပြောထားရင်)


အဲ့မှာ မတူတာက နွားနဲ့ ပူဇော်ဖို့နွားကို သေဆုံးစေရတာနဲ့ အမဲသားငါးကို (စားသုံးခြင်း၊ လှူခြင်း) ဟာ ထပ်တူပြုလို့ မရတာပဲ။

အမဲသားငါးကို စားသုံးတာကို မတားမြစ်ပါ။ ဒါပေမယ့် သတ်ခြင်း ကို တားမြစ်ပါတယ်။ သတ်တဲ့သူ တယောက်မှ မရှိလို့ ရောင်းမည့်သူမရှိရင်လဲ ကိုယ့် ဝမ်းအတွက် သူတပါးအသက်နဲ့ မဖြည့်ရပါ။ အခြေခံ ဒသနက သူလဲ ကိုယ့်လို အသက်ရှင်ချင်သူ...ကိုယ်လဲ သေရမှာ ကြောက်သူ။ ဒါကြောင့် ကိုယ်ချင်းစာစိတ်နဲ့ သူများဘဝကို မဖျက်ဆီးဘူး ဆိုတဲ့ အခြေ ခံပါ။

Cross Question က ဒါဖြင့် သူများရောင်းတာ ဘာလို့စားသလဲ။

-ရောင်းသူသည် သူ့ငွေအကျိုးအမြတ်အတွက် အကုသိုလ်ကိုယူပါတယ်။
-ကိုယ့်အတွက်ကြောင့်ဒီသတ္တဝါ ကို သူ သတ်တာမဟုတ်ပါ။
-ဝယ်သူမရှိရင် သတ်သူဘယ်ရှိမလဲ ဆိုသော်လဲ အမှုဟာ ကျူးလွန်သူလက်ထဲမှာ ရှိပါတယ်။
-ဝယ်တန်ကောင်းရဲ့ဆိုတဲ့ မတိကျမှုသာရှိပါတယ်။
ဒီတော့ ဈေးမှာလာရောင်းတာကို 'ကြုံလို့ ဝယ်ရင်'ပြသနာမရှိ။

သို့သော် မနက်ဖြန်အသားစားမယ်။ ဒီည အကောင်ထွားထွားသတ်ပါစေ လို့ စိတ်ဇောဖြစ်နေရင် အကုသိုလ်ပါ။

ဗုဒ္ဓဝါဒမှာ အသားစားခြင်းရှောင်ခြင်းဟာ အဓိက မဟုတ်ပါ။ ကိုယ့်ပါးစပ်ကြောင့် သတ္တဝါ တကောင် ဘဝ မပျက်စီးရေးသည်သာလျှင် အဓိက ဖြစ်တယ်။

အသားမက အရွက်ပဲစားစား ဒါကို စွဲလမ်းစိတ်ကြီးနဲ့သာယာနေလျှင် စိတ်စင်ကြယ်မှု အတွက် မကောင်းလို့ သွန်သင်တယ်။

အချုပ်အားဖြင့် စိတ်စင်ကြယ်ဖို့ နေထိုင်ရင်း သူတစ်ပါး ကိုယ့်ကြောင့် ဒုက္ခမဖြစ်အောင် ကိုယ်ချင်းစာ စိတ်နဲ့ကျင့်သုံးခြင်းသည်ဗုဒ္ဓရဲ့ လောကနေနည်းနဲ့ ထွက်မြောက် နည်း အခြ ခံပဲ ဖြစ်ပါတယ်။

အပေါ်က အဆိုကတော့ Premise 1 နဲ့ 2 မှာ ကို ဟန်ချက်လွဲနေလို့ Logical Fallacy ထဲ ဝင်သွားပါတယ်။
Logical Fallacy ဆိုတာကို ထပ်ဖွင့်ပါမယ်။

(1) Sacrifice "cow" for holy purpose (Premise ---1) : Action---> Killing a cow.

(2) Eating meat and/or offering meat is not prohibited in Buddhism (Premise 2): Action---> Eating/Offering


အဆို (၁) မှာ သတ္တဝါဟာ မုချ သေ ရမယ်။

အဆို (၂) မှာ အသားစားခြင်း၊ အသားလှူခြင်း ကိစ္စဟာ "သတ်ဖို့" (ဧကန်မုချ )မလိုဘူး။ သတ်ကို သတ်မှ ဒါနမြောက်မယ်ဆိုထားတာမဟုတ်။ သတ်ကိုသတ်ပြီး လှူမှ ဒါန မြောက်မယ်ဆိုရင်တော့ ဒီ (1) n (2) ကို ချိတ်ပြောတာက သဘာဝကျပါတယ်။

အသားစားခြင်း၊ လှူခြင်းကို ဆက်ချဲ့လိုက်ရင်

-စားဖို့သတ်တာ
-လှူဖို့သတ်တာ
-စားဖို့ ဝယ်တာ
-လှူဖို့ ဝယ်တာ

အဲ့လို ဆက်မြင်လို့ရမယ်။ ဘယ်နည်းနဲ့ပဲ သတ်သတ်..သတ်ခြင်းသည် အပြစ်မုချဖြစ်ပါတယ်။

စားဖို့ဝယ်တာမှာတော့ အပေါ်က ရှင်းခဲ့သလိုပါပဲ။ ကိုယ့်အတွက်ရည်ရွယ်ပြီးသတ်တာမဟုတ်တဲ့အတွက် ကိုယ့်မှာ Responsibility ထွက်မလာဘဲ သတ်သူမှာသာလျှင် တာဝန်လုံးလုံးရှိပါတယ်။

-မည်သူ့အတွက်သတ်သည်လို့ ရည်ရွယ်ချက်မရှိခြင်း
-မည်သူလာဝယ်ပါမည်လို့ ရည်ရွယ်ချက်မရှိခြင်း

-လာဝယ်မည့်သူတစ်ဦးတစ်ယောက်မျှ မရှိသည်လဲဖြစ်နိုင်ခြင်း

စတဲ့ အနေအထားတွေကို ဆင်ခြင်လိုက်ရင် Responsibility ဆိုတာဟာ ရှင်းလင်းသွားမှာပဲဖြစ်ပါတယ်။

-လူတစ်ဦးတစ်ယောက်အတွက်သတ်တယ်ဆိုရင်
-လူတစ်ဦးတစ်ယောက် ဝယ်နေကျမို့သတ်တယ်ဆိုရင်

ဒါတွေဟာ အပြစ်မကင်းကြောင်း၊ မစားအပ်တဲ့အသားဖြစ်ကြောင်း ဆုံးမပြီးသားဖြစ်ပါတယ်။

အဆို (၁) အရ ပြုမူခြင်းပြ သည် သတ်ဖြတ်ခြင်း ဖြစ်ပြီး

အဆို (၂)သည် စားသုံးခြင်းဖြစ်ပါတယ်။

အဆို(၂)မှာ စားသုံးခြင်းဆိုတာသည် သတ်ဖြတ်ခြင်းနဲ့ တိုက်ရိုက်ထပ်တူမကျတဲ့အတွက် Premise ခေါ် ကနဦးအဆိုလွဲချော်ပြီး အတွေးအခေါ်ပိုင်းလွဲမှားကောက်ယူခြင်း ခေါ် Logical Fallacy ဖြစ်တယ်လို့ ဆိုတာပါ။
 

No comments:

Post a Comment