Wednesday, October 9, 2013

လူသား ညီနောင်ကိုမျိုးဆက်သို့ (၁)


 Ye Yint Thitsar

https://www.facebook.com/notes/ye-yint-thitsar/%E1%80%9C%E1%80%B0%E1%80%9E%E1%80%AC%E1%80%B8-%E1%80%8A%E1%80%AE%E1%80%B1%E1%80%94%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%86%E1%80%80%E1%80%B9%E1%80%9E%E1%80%AD%E1%80%AF%E1%82%95-%E1%81%81/1459064690985287?comment_id=218430&offset=0&total_comments=30

ကျွန်တော်ရေးတဲ့ status တစ်ခု နဲ့ပတ်သက်ပြီး လူသားညီနောင် ဗုဒ္ဓဘာသာဝင်
FB Figure တစ်ဦးဖြစ်တဲ့ ကိုမျိုးဆက် ဟာ တုန့်ပြန်ရေးသားခဲ့ပါတယ်။မိမိယုံကြည်
ရာ ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားရေးရဲရုံမက၊ တစ်ဖက်သားအပေါ်လေးလေးစားစား
တန်ပြန်ရေးသားတဲ့ ကိုမျိုးဆက် ကို လှိုက်လှဲစွာလေးစားမိကြောင်း ပြောကြားအပ်
ပါတယ်။ ကိုမျိုးဆက်တန်ပြန် ရေးသားခဲ့တဲ့ status နဲ့ပတ်သက်ပြီး ပြန်ကြားဖို့ရာ
ကျွန်တော့် မှာ တာဝန်ရှိသွားတဲ့ အတွက် ကျွန်တော်ပြန်ကြားရေးသားပါ့မယ်။ ဒီလို
ရေးသားရာမှာ အခြေအနေ အနေအထားအရဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းတွေကို ပါ
ကိုးကားရေးသားရမှာ ဖြစ်ပါသောကြောင့်၊အကယ်၍များ ကျွန်တော့်ရေးသားချက်
တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာ ယုံကြည်မှုတွေ နဲ့ ဖီလာဆန့်ကျင်နေ
မယ်ဆိုရင်သဘောထားကြီးစွာ နားလည်ပေးဖို့နဲ့ ကျွန်တော့် အကိုးအကားတွေ
မှားယွင်းကြောင်းထောက်ပြနိုင်သူရှိရင် အမှားပြင်ဆင်ရန် အသင့်ရှိနေမှာဖြစ်ကြောင်း။

အောက်မှာ Quote လုပ်ပြထားတာ ကျွန်တော်ရေးခဲ့တဲ့ status ပါ။

"မွတ်စ်လင်မ်တွေနွားသတ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အော်ဟစ်နေ
သူများ၊ အမဲသားငါး မစားရဘူး၊ အမဲသားငါးမလှုရဘူးလို့ ဂေါတမဗုဒ္ဓ
ကိုယ်တော်တိုင် သက်သေပြထားတဲ့တစ်ချက် ပိဋကတ်တော်ထဲ ကထုတ်ပြ
နိုင်ရင် ကျွန်တော် ရဲရင့်သစ္စာ က ထေရဝါဒ ဗုဒ္ဓဘာသာကိုမဆိုင်းမတွ
ကူးပြောင်းပါ့မယ်။ မပြနိုင်ရင်တော့ အော်ဟစ်မနေကြနဲ့ပေါ့။ ဘယ်နှယ်
လဲခင်ဗျ?"

ကိုမျိုးဆက်ရဲ့ တုန့်ပြန်ရေးသားချက် တွေကို ကျွန်တော် တစ်ချက်ချင်းစီ
quote ပြီး ပြန်ကြားပါ့မယ်။ ရှုစားတော်မူကြပါ ခင်ဗျား။

ကိုမျိုးဆက်ရေး-"ကိုရဲပြောတဲ့ အချက်မှာ Logical Fallacy ၁ချက် ကို
စတွေ့ရတယ်။(၁) အသက်သတ်ခြင်း (မွတ်ဆလင် တို့အစဉ်အလာအား
ဖြင့် နွားဖြင့်ပူဇော်ခြင်း)(၂) အသားစားခြင်း (အမဲသားငါး မစားရဘူး ၊
မလှူ၇ဘူး လို့ပြောထားရင်)အဲ့မှာ မတူတာက နွားနဲ့ ပူဇော်ဖို့နွား ကို
သေဆုံးစေရတာနဲ့ အမဲသားငါးကို(စားသုံးခြင်း၊ လှူခြင်း) ဟာ ထပ်တူ
ပြုလို့ မရတာပဲ။"ပြန်ကြားချက်။ ကိုမျိုးဆက် က အထက်ပါ နှစ်ချက်
ကို ယှဉ်ပြပြီး၊ logical fallacy ၁ ချက် ကို တွေ့ရကြောင်းရေးသားထား
ပါတယ်။ "အသက်သတ်ခြင်း" နဲ့ "အသားစားခြင်း" ကို ထပ်တူပြုလို့
မရကြောင်းလည်းဆိုထားပါသေးတယ်။ယဉ်ကျေးတဲ့ လူသားတွေဟာ
သတ္တဝါတစ်ကောင်ကောင် ရဲ့ အသားကို အဲဒီသတ္တဝါ သေပြီးမှသာလျှင်
စားသုံးလေ့ရှိကြပါတယ်။ အရှင်လတ်လတ် သတ္တဝါအသားကိုလှီးစား
သူတွေဟာ ရှိနိုင်သော်ငြား၊ ဗုဒ္ဓဘာသာရှုထောင့်အရကြည့်ကြည့်၊
အစ္စလာမ်ဘာသာ ရှုထောင့်အရကြည့်ကြည့် ယဉ်ကျေးသူတွေလို့
သတ်မှတ်မရနိုင်ပါ။ ယေဘုယျအားဖြင့် ဆိုရလျှင်၊ သတ္တဝါ တစ်ကောင်
ကို သတ်ပြီးမှ/သေပြီးမှ အဲဒီ သတ္တဝါရဲ့ အသားကိုစားသုံးကြတာ ဖြစ်တဲ့
အတွက် "အသတ်သတ်ခြင်း" နဲ့ "အသားစားခြင်း" တို့ဟာ logical fallacy
မဟုတ်ဘဲ၊ logically theoretically practically proven FACT သာဖြစ်
ကြောင်းပါ။ သို့သော် ခြွင်းချက်တစ်ချက်တော့ ရှိပါတယ်။ ကိုမျိုးဆက်
ကိုယ်တိုင် က သတ္တဝါအရှင် ရဲ့ အသားကို အဲဒီ သတ္တဝါ ရှင်နေတုန်း
စားသုံးတတ်သူဖြစ်မယ် ဆိုရင်တော့၊ ကိုမျိုးဆက် အမြင်နဲ့ ကြည့်ရင်၊
"အသက်သတ်ခြင်း" နဲ့ "အသားစားခြင်း" တို့ဟာ ဘယ်လိုမှ မပတ်သက်
တဲ့ အတွက် logical fallacy ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

အစ္စလာမ်ဘာသာဝင် တွေ ရဲ့ အီဒုလ်အသွဟာနေ့မှာ နွား၊ကျွဲ၊ဆိတ်၊သိုး၊
ကုလားအုတ် သတ္တဝါတွေ ကို သတ်ဖြတ်ခြင်းဟာ "ပူဇော်ခြင်း" ဖြစ်တယ်
လို့ကိုမျိုးဆက် က အထောက်အထားမဲ့ ရမ်းဆရေးသားထားပါတယ်။
အဲဒီလိုသတ်ဖြတ်ခြင်း ဟာ "ပူဇော်ခြင်း" ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်
တို့ရဲ့ကျမ်းစာကနေ အထောက်အထားပြဖို့ ကိုမျိုးဆက်မှာ တာဝန်ရှိသွား
ပါတယ်။"ပူဇော်ခြင်း" ဟုတ်မဟုတ်၊ ဆင်ခြင်နိုင်ဖို့ရာ ကုရ်အာန်ကျမ်းလာ
ကျမ်းပိုဒ်တစ်ပိုဒ် ကို တင်ပြပေးပါရစေ။"အလ္လာဟ်အရှင်မြတ် အထံတော်
သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏အသားများသည် အလျင်းရောက်ရှိ
သည် မဟုတ်ပေ။ ထိုနည်းတူစွာယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေး
များသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့ ၏
ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော
အကျင့်သီလသည်သာလျှင်ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။
......"(၂၂း၃၇)

ကျွန်တော်တို့ ရဲ့ ကိုးကွယ်ရာ အရှင်ဟာ လိုလားတောင့်တခြင်းမှ ကင်းစင်
တော်မူပါတယ်။ လူသားများ ကို မှီခိုအားထားခြင်းမှ ကင်းစင် တော်မူပါတယ်။
ကျွန်တော်တို့ က ကိုးကွယ်ရာ အရှင်ကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်
ကျွေးမွေးနေစရာမလိုပါ။ ပန်း၊ရေချမ်း၊ ဆက်ကပ်စရာ မလိုပါ။ နံနက်စောစော
ထမင်း၊ ဟင်း၊ ကောက်ညှင်းပေါင်း၊ အီကြာကွေး၊ စမူဆာ စသဖြင့် ပူဇော်ရန်
မလိုပါ။ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆီမီး ထွန်းညှိ ပူဇော်စရာမလိုပါ။ ရေချိုး
ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာထုံမွှမ်း ပူဇော်ခြင်း မလိုအပ်ပါ။
တကယ်တော့ ကုရ်ဘာနီပြုခြင်းဆိုတာ အမိန့်နာခံခြင်း၊ စွန့်လွှတ် အလှုပြုခြင်းပါ။
ကိုးကွယ်ရာ အရှင်ကို လှုရတာ မဟုတ်ဘဲ၊ ကိုးကွယ်ရာ အရှင်ရဲ့ အမိန့်ကိုနာခံပြီး
လူသားတွေ ကို လှုရတာပါ။ ကျွဲ၊နွား တို့ ကို သတ်ဖြတ်ပြီး ရလာတဲ့ အသား
ဘယ်နှစ်ပုံ ကို စင်မြင့်မှာတင်၊ ကိုးကွယ်ရာအရှင်ကို ပူဇော်ပသ ရတာမျိုးလုံးဝ
မရှိပါ။ လူမျိုး၊ ဘာသာ အယုတ်အလတ်မရွေး ကို လှုရတဲ့ အလှုတစ်မျိုးပါ။
ကျွန်တော် ပြောတာကို ကိုမျိုးဆက် သံသယရှိမယ်ဆိုရင်အဲဒီ နေ့ကျရင်
ကုရ်ဘာနီပြုတဲ့ မွတ်စ်လင်မ်တစ်ဦးအိမ် ကိုသွားရောက်ပြီး အသားလိုချင်ကြောင်း
တောင်းခံကြည့်ပါ။ လူမျိုး ဘာသာမရွေး ပေးကမ်းကြောင်း မျက်တွေ့လက်တွေ့
မြင်ရမှာဖြစ်ပါတယ်။

ကိုမျိုးဆက်ရေး-"အမဲသားငါးကို စားသုံးတာကို မတားမြစ်ပါ။ ဒါပေမယ့် သတ်ခြင်း
ကိုတားမြစ်ပါတယ်။ သတ်တဲ့သူ တယောက်မှ မရှိလို့ ရောင်းမည့်သူမရှိရင်လဲ ကိုယ့်
ဝမ်းအတွက် သူတပါးအသက်နဲ့ မဖြည့်ရပါ။ အခြေခံ ဒသနကသူလဲ ကိုယ့်လို အသက်
ရှင်ချင်သူ...ကိုယ်လဲ သေရမှာ ကြောက်သူ။ဒါကြောင့် ကိုယ်ချင်းစာစိတ်နဲ့ သူများဘဝ
ကို မဖျက်ဆီးဘူး ဆိုတဲ့ အခြေခံပါ။"

ပြန်ကြားချက်။ ဒီနေ့ ဒီခေတ်သမယ၊ အသက်သတ်လွတ်စားသုံးခြင်းဟာ ဗုဒ္ဓဝါဒ
ဖြစ်သယောင်ယောင် ဟောပြောခံယူကျင့်သုံး နေကြတဲ့အချိန်၊ အမဲသားငါး စားသုံးခြင်း
ကို ဗုဒ္ဓ က မတားမြစ်ခဲ့ကြောင်း ကိုမျိုးဆက်ကိုယ်တိုင် က ဝန်ခံရေးသားလိုက်တဲ့
အတွက် အလွန်ပီတိဖြစ်မိပါတယ်။အမှန်တရား တစ်ရပ်ကို အတင်းပိတ်ဆို့ငြင်း၊
ကျားကျားမီးယပ်လုပ်သူတွေထဲ မပါဝင်တဲ့ ကိုမျိုးဆက် နဲ့ သိကျွမ်းခွင့်ရတဲ့ အတွက်
လည်းဂုဏ်ယူမိပါတယ်။

ဗုဒ္ဓဘာသာမှာ သတ်ခြင်းကို တားမြစ်ကြောင်း ကိုမျိုးဆက်ဆိုထားပါတယ်။ ဟုတ်ပါတယ်၊
ဗုဒ္ဓ က သတ်ဖြတ်ခြင်းကို တားမြစ်ခဲ့တာအမှန်ပါ။ သို့သော် ကျွန်တော့် status မှာရေးထား
တာ က ဒီလိုပါ။"ဂေါတမဗုဒ္ဓကိုယ်တော်တိုင် သက်သေပြထားတဲ့တစ်ချက် ပိဋကတ်တော်
ထဲ ကထုတ်ပြနိုင်ရင်....."ဆိုလိုတာက ဂေါတမဗုဒ္ဓဟောခဲ့တာကိုထား၊ လက်တွေ့လုပ်ဆောင်
ပြခဲ့တာ ရှိရင် ထုတ်ပြပါလို့။ အသတ်မသတ်ရလို့ ဟောခဲ့ပြီး၊ ကိုယ်တော်တိုင် က တော့
ပန်းထိမ်သည်သား စုန္ဒကပ်တဲ့ ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးတော်မူခဲ့တယ်။ (ကိုးကား-
မဟာပရိနိဗ္ဗာနသုတ်) ဂေါတမဗုဒ္ဓ နေရာမှာ သာမန်လူတစ်ဦးဆိုရင်တော့၊ စုန္ဒဆွမ်းကပ်
တဲ့ ကိစ္စကို ဒီနေရာ မှာ အထောက်အထားအဖြစ် ပြဖို့မသင့်ပါ။ သို့သော် သဗ္ဗညုတ
ဥာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဗုဒ္ဓဟာ စုန္ဒ က ဆွမ်းစားဖိတ်စဉ် ကတည်း က ဝက်ပျိုသား
နဲ့ ဆွမ်းကပ်မယ်ဆိုတာ သိတော်မူခဲ့မှာပါ။ မိမိကြောင့် သတ္တဝါ တစ်ကောင်ရဲ့ အသက်သေ
မှာကို သိတော်မူခဲ့ရဲ့သားနဲ့ မတားမြစ်ခဲ့ဘဲ (သို့မဟုတ်) သစ်သီးဆွမ်း၊ အသက်လွတ်ဆွမ်း
သာကပ်ပါဟု မိန့်တော်မူခဲ့ခြင်း မရှိခဲ့ဘဲ၊ ဖိတ်ကြားမှု ကို လက်ခံခဲ့ခြင်းဟာ အမဲသားငါး
သတ်ဖြတ်လှုနိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေပါ။လိုအပ်ပါက သတ္တဝါ
အသက်ကို သတ်ဖြတ်နိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေ နှစ်ခု ပိဋကတ်
သုံးပုံ ကနေ ထပ်မံထုတ်နှုတ်ပြပါ့မယ်။

၁။ ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ် ၂၇၀-၂၇၁ဂေါတမဗုဒ္ဓ နဲ့ အမ္ဗဋ္ဌလုလင် တို့ အပြန်အလှန်
ပြောဆိုရင်း၊ တစ်ချက်မှာ ဂေါတမဗုဒ္ဓ ရဲ့ အမေးစကား တစ်ခုကို အမ္ဗဋ္ဌလုလင် က မဖြေကြား
ဘဲ၊ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဂေါတမဗုဒ္ဓသုံးကြိမ်တိုင်တိုင် မေးပြီး၊ အကယ်၍ ဘုရားက
သုံးကြိမ်တိုင်တိုင် မေးမြန်းတာကို မဖြေကြားဘဲ နေလျှင်၊ အဲဒီလူရဲ့ ဦးခေါင်းဟာ အဲဒီနေရာ
မှာပဲ ခုနှစ်စိတ်ကွဲ မှာ ဖြစ်ကြောင်း ခြိမ်းချောက်မိန့်တော်မူခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြား
မင်းဟာ ဘီလူးအသွင်ဆောင်ပြီး သံတူ ကြီးစွဲကိုင်၊ မေခွန်းဖြေဖို့ ပျက်ကွက်ရင် ခေါင်းကို
ခုနှစ်စိတ်ကွဲ အောင် ထုသတ်ဖို့ အထက်ကောင်းကင်မှာ ရပ်နေခဲ့ပါတယ်။ မေးခွန်းလေး
မေးတာ မဖြေတာကို တောင် ဦးခေါင်း ခုနှစ်စိတ် ခွဲသတ်ဖို့ ဂေါတမဗုဒ္ဓ က ကြံရွယ်တော်
မူခဲ့ပါတယ်။ အကယ်၍ အမ္ဗဋ္ဌ လုလင်ကသာ မေးခွန်း ကို မဖြေခဲ့ရင်၊ ဦးခေါင်း ခုနှစ်စိတ်
ကွဲသေပွဲဝင်ခဲ့ရမှာပါ။

၂။ အောင်ခြင်းရှစ်ပါးကို ကြားဖူးမှာပါ။

မာရံ ယက္ခံ ဂဇံ စောရံ ၊စိဉ္စမာဏဉ္စ သစ္စကံ ။နာဂံ ဗကံ ဇိနော ဇိနိ ၊ဟောတု မေ ဇယမင်္ဂလံ ။

ဆဋ္ဌမမြောက် အောင်ခြင်းဟာ "သစ္စက ပရဗိုဇ်ကို အောင်တော်မူခြင်း"ဖြစ်ပါတယ်။
မူလပဏ္ဏာသ၊ စူဠှသစ္စကသုတ် ၊ ၃၅၇ ကို လေ့လာကြည့်ပါ။ အဲဒီမှာလည်းပဲ၊ ဂေါတမဗုဒ္ဓ
မေးတဲ့ မေးခွန်းကို သစ္စက ပရဗိုဇ် က မဖြေတော့ ဦးခေါင်းခုနှစ်စိတ်ကွဲ ရမယ်လို့
ဂေါတမဗုဒ္ဓ က ခြိမ်းချောက် တော်မူခဲ့ပါသေးတယ်။ ဆိုလိုတာ က အသက်ဟူသမျှ
မသတ်ရလို့ဟောကြားခဲ့သော်ငြား လက်တွေ့မှာတော့ ဂေါတမဗုဒ္ဓဟာ လိုအပ်လာ
လျှင်တော့ အသက်ကိုသတ်ဖို့ အထိအသင့်ရှိခဲ့ကြောင်းပါ။

 ဂေါတမဗုဒ္ဓ က အသက်ကိုမသတ်ဖို့ ဟောကြားခဲ့သောငြား၊ မိမိအသက်ရှင်ဖို့ရာ၊
အသက်ပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ကြောင်း အနှစ် ၈၀ ပတ်လုံး အသက်ရှင်
တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓ ကိုယ်တော်တိုင် သက်သေပါ။ဆိုလိုတာက လူတစ်ယောက်
အသက်ရှုရင် လေထဲက မြောက်များစွာသောသတ္တဝါတွေ သေကြေပျက်စီးကြရပါတယ်။
လူတစ်ယောက်ခြေတစ်လှမ်းလှမ်းရင် မြေကြီးပေါ်က မြောက်များစွာသော ဇီဝရုပ်တွေ
သေကြေပျက်စီးကြရပါတယ်။ သတ္တဝါတွေ ရဲ့ အသက်ကို မသေကြေစေဘဲ၊
လူတစ်ယောက်ဟာ အသက်ရှင်ဖို့လုံးဝ မဖြစ်နိုင်ပါ။

ဆက်ရန်-လူသား ညီနောင်ကိုမျိုးဆက်သို့ (၂)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Autumn Mtz အပေါ်က ပြောထားတဲ့ရှင်တို့ဘာသာအကြောင်းတော့မသိတဲ့အတွက် စိတ်မ၀င်စားပါရှင်.... ကိုယ့်သာသနာတော်နဲ့ပတ်သက်တာကိုပဲ... ကျမရဲ့မောင်ညီမလေးခလေးတွေ ရှင့်စကားကြောင့်သို့လော သို့လောမဖြစ်ရလေ အောင် ရှင်းပြပါ့မယ်..... 

(((( ဆိုလိုတာက ဂေါတမဗုဒ္ဓဟောခဲ့တာကိုထား၊ လက်တွေ့လုပ်ဆောင်ပြခဲ့တာ ရှိရင် ထုတ်ပြပါလို့။ အသတ်မသတ်ရလို့ ဟောခဲ့ပြီး၊ ကိုယ်တော်တိုင် က တော့ပန်းထိမ်သည်သား စုန္ဒကပ်တဲ့ ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးတော်မူခဲ့တယ်။ (ကိုးကား-မဟာပရိနိဗ္ဗာနသုတ်) ဂေါတမဗုဒ္ဓ နေရာမှာ သာမန်လူတစ်ဦးဆိုရင်တော့၊ စုန္ဒဆွမ်းကပ်တဲ့ ကိစ္စကို ဒီနေရာ မှာ အထောက်အထားအဖြစ် ပြဖို့မသင့်ပါ။ သို့သော် သဗ္ဗညုတဥာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဗုဒ္ဓဟာ စုန္ဒ က ဆွမ်းစားဖိတ်စဉ် ကတည်း က ဝက်ပျိုသားနဲ့ ဆွမ်းကပ်မယ်ဆိုတာ သိတော်မူခဲ့မှာပါ။ မိမိကြောင့် သတ္တဝါ တစ်ကောင်ရဲ့ အသက်သေမှာကို သိတော်မူခဲ့ရဲ့သားနဲ့ မတားမြစ်ခဲ့ဘဲ (သို့မဟုတ်) သစ်သီးဆွမ်း၊ အသက်လွတ်ဆွမ်းသာကပ်ပါဟု မိန့်တော်မူခဲ့ခြင်း မရှိခဲ့ဘဲ၊ ဖိတ်ကြားမှု ကို လက်ခံခဲ့ခြင်းဟာ အမဲသားငါးသတ်ဖြတ်လှုနိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေပါ။လိုအပ်ပါက သတ္တဝါအသက်ကို သတ်ဖြတ်နိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေ နှစ်ခု ပိဋကတ်သုံးပုံ ကနေ ထပ်မံထုတ်နှုတ်ပြပါ့မယ်။))))) 


****ကြည့်ရတာကိုယ်တိုင်မရေးပဲ တနေရာရာတစ်ယောက်ယောက်ဆီကကူးလာပုံပဲ....... 
ဟုတ်ကဲ့ ^^^^ ဘုရားရှင်ကို ကြိုဖိတ်တယ် ..... ၀က်ပျိုကို..... စုန္ဒကိုယ်တိုင်သတ်တယ်.... ပြီးတော့ကပ်တယ်.... ဆိုတဲ့ ကျမ်းကိုးလေး တစ်ချက်ပြ ပါရှင် ^^^^^ ဘုရားရှင်ကိုဆွမ်းစားဖိတ်တယ် ဆိုတာကို ရှင်က ခုခေတ် နဲ့ နှိုင်းပြီးပြောထားပုံပဲ... ဘုရားရှင်လက်ထက်တော်က ဆွမ်းစားလာပင့်တယ် လိုက်သွားပါတယ်...ကြိုဖိတ်တဲ့အလေ့ အထမရှိတတ်ပါဘူး..ဘုရားရှင်မရှိရင်...လက်ျာရံ လက်ဝဲရံ ကိုယ်တော်တွေကြွကြပါတယ်..... ကိုယ်လိုချင်တဲ့ရဟန်းကိုရွေးခွင့်မရှိပါဘူး...... တစ်ခါတစ်ရံဘုရားရှင်ကိုယ်တော်တိုင်က သင့်တော်တဲ့ရဟန်းကို လွှတ်ပေးတာတွေရှိပါတယ်... သူကိုယ်တိုင်က အကျိုးအကြောင်းနဲ့ဆီလျှော်တဲ့ အချိန်ကျတဲ့ သူတွေ ဆွမ်းပင့်တာလက်ခံတာရှိပါတယ်... တန်ဆောင်မုန်းလမှာလုပ်တဲ့မဟာဒုတ်သာမဲနှိုက်၇တာပါ ဆွမ်းဖိတ်ဖို့မဲပေါက်တဲ့ မဟာဒုတ် အကြောင်းဖတ်ဖူးမှာပါ....သူ့ဆီက ... မင်းညီမင်းသားတွေ ကရွှေငွေအသပြာတွေပုံပေးပြီး ဘုရားရှင်ကိုဆွမ်းကပ်ခွင့် ကိုတောင်းကြတာပါ.... ဒီတော့ စုန္ဒကဆွမ်းစားလာပင့်တယ်.... လိုက်သွားတယ်.... ဆွမ်းဘုန်းမယ့်အချိန်မှာ..သူပြုံးခဲ့တယ် ... ဒီဝက်ပျိုသားကိုစားရင် သူဝမ်းလျှောမယ် ခန္တာ၀န် ချရမယ်.... ပြီးတော့လွန် ခဲ့တဲ့ဘ၀ တစ်ခုမှာသူဆေးဆရာဖြစ်တုန်းက.... ၀မ်းလျှောစေခဲ့တာပြန်မြင်တယ်.... ဒီဝဋ်က သူပေးဆပ်ရမယ့်နောက်ဆုံးဝဋ်လေ(ကျမတို့ဘာသာမှာ ၀ဋ်မှာအမြဲ ငရဲမှာ အပ တဲ့ ) ဒါကြောင့်သူဘုန်းပေး ခဲ့တယ်...... သူကိုယ်တိုင် ဒုက္ခချုပ်ငြိမ်းရာကိုလို ချင်လို့ရှာခဲ့သလို... အချိန်တန်ပြီ နောက်ဆုံးဝဋ်ကြွေးဆပ်ရမယ့် အချိန်လဲရောက်ပြီ.... .ကြွေးကျန်မရှိတော့တာကို .... ဘုရားရှင်ကသေမှာကြောက်လို့ ရှောင်စရာလား......ဘုရားရှင်ကို ကြိုဖိတ်တယ် ..... ၀က်ပျိုကိုစုန္ဒကိုယ်တိုင်သတ်တယ်.... ပြီးတော့ကပ်တယ်ဆိုတစ်မျိုးပေါ့..... အကိုမျိုးချစ်ပြောသလိုပါပဲ ( ၁ )စားဖို့သတ်တယ် ( ၂ ) လှူဖို့သတ်တယ် ( ၃ )စားဖို့ဝယ်တယ် ( ၄ ) လှူဖို့ဝယ်တယ် ဒီလေးချက်ကို သေချာနားလည်အောင်လေ့လာပါရှင်... ( ၃ ) ( ၄ ) ကဗုဒ္ဓဘာသာဝင်တွေ လက်ခံတဲ့အသားပါ..ဘုရားဟောနဲ့ညီပါတယ် ဘုရားရှင်လဲလက်ခံပါတယ်လို့ပဲပြောပါရစေ။
 Ye Yint Thitsar အေးဆေးနေပါဗျာ ခင်ဗျား အသိပညာအဆင့်လေးနဲ့ပေါက်တတ်ကရလာရေးမနေပါနဲ့။ သိပ်သိနေတယ်ဆိုရင် ကိုမျိုးဆက် ကို ဆက်သွယ်ပြီး ကူညီလိုက်ပါ။ ခင်ဗျား စရေးကတည်း က အမှားကိုရေးတာ စုန္ဒ က တစ်ရက်ကြိုတင်ဖိတ်တာ၊ နောက်ရက် မှ ဂေါတမဗုဒ္ဓ ကိုယ်တော်မြတ် ကြီးနဲ့တပည့်ရဟန်းတော်တွေ က ဆွမ်းသွားဘုဉ်းပေးတော်မူတာ။ ခင်ဗျား ဒါလေးတောင်မသိဘဲ ဝင်ယောင်နေတယ်။ Autumn Mtz ပြီးတော့ ဝဋ်တွေဘာတွေ လာလုပ်နေတယ်။ ခင်ဗျားရေးထားတာကနေကျွန်တော်နောက်ထပ်အစတွေ ဆွဲထုတ်လိုက်ရင်........အေးဆေးနေပါဗျာ သူက ရွှီးရုံတင်မက၊ ကျွန်တော့် ကို ပါ စွတ်စွဲလိုက်သေးတယ်။ သူများရေးတာကို ကူးရေးတာတဲ့လေ။ သူက FB မှာ ဆရာသမား အထာကိုင်ပြီး စာသာရေးနေတာရဲရင့်သစ္စာ ဘာလဲဆိုတာ သိပုံတောင်မရဘူး။

Autumn Mtz အားလုံးကိုတစ်ခုချင်းရှင်းပေးမယ်နော်... အလုပ်မှာမို့... ကျမရှင်းပြီး... ရှင်တို့ဖြေရမယ့်အလှည့်မှာသာ မပြေးကြပါနဲ့..အကိုမျိုးဆက်ဖြေပြီး တုန်းကလဲရှင် တို့ကြက်ပျော်ငှက်ပျောက်ပျောက်ကုန်တာ...။

Storm Rider ကျောကော့ချင်လို့ ၀င်ခံပေးနေတာ၊ ပြီးမှသတ်တ၀ါနဲ့လက် နက်မမျှပါလားကို ရဲရင့်ရယ်လို့ ဘေးကလူဝင် သနားပေးရမယ့်အပေါက်၊ အမြဲပြေးတာသူတို့၊ လား..လာချည်သေး၊ ငပြူးကပြန်ပြဲရတယ်လို့

Ye Yint Thitsar ကြိုဆိုတယ်ဗျာ။ ခင်ဗျားသာ သေချာစဉ်းစားပြီးမှ ရှေ့တက်လာနော်။ကျွံသွားရင် ဆေးမှီမှာ မဟုတ်ဘူး။ လောလောဆယ် ခင်ဗျားရွှီးထားတဲ့အချက် ကို ဝန်ခံလိုက်ဦး။

Autumn Mtz ကျမမေးထားတဲ့ကျမ်းကိုးလေး...တချက်ပေးပါရှင်.... ^^^^ ဘုရားရှင်ကို ကြိုဖိတ်တယ် ..... ၀က်ပျိုကို..... စုန္ဒကိုယ်တိုင်သတ်တယ်.... ပြီးတော့ကပ်တယ်.... ဆိုတဲ့ ကျမ်းကိုးလေး တစ်ချက်ပြ ပါရှင် ^^^^^

Ye Yint Thitsar ကြိုဖိတ်လားမဖိတ်လားသိချင်ရင် မဟာပရိနိဗ္ဗာန ဖတ်ကြည့်လေ။ ကျမ်းကိုးက ၁၈၉။ စုန္ဒ ကိုယ်တိုင်သတ်တယ်လို့ ကျွန်တော်ရေးထားလား? စာကိုသေချာလည်း ဖတ်ပါဦး။ စုန္ဒ ကိုယ်တိုင် ကပ်တယ်ဆိုတာလည်းမသိဘူး ဟုတ်လား?ဒါနဲ့များ အားလုံး ကို ရှင်းမယ်လုပ်နေသေးတယ်။

Ye Yint Thitsar မဟာပရိနိဗ္ဗာနသုတ် က တိပိဋက ဘယ်နေရာမှာရှိတာလဲ ဆိုတာရောသိလား? မထင်ပါဘူးဗျာ သိမယ်လို့။

Storm Rider ဒိုးပါဗျာ..အာရုံနောက်တယ်၊ သိပ်ရှင်းချင်သပဆိုရင် မျိုးဆက်ကိုပဲ ကူပြီးအရင်ရှင်းပေးလိုက်ဦး၊

Ye Yint Thitsar ဒီမှာ ဆက်ရေးချင်ရင် မသိဘဲ ရမ်းရွှီးထားတာကို ဝန်ခံ။ မဟုတ်ရင်တော့ဝေးဝေးသွားနေ။ ဟုတ်ပြီလား Autumn Mtz

Ye Yint Thitsar ဘာသာရေးဝင်ဆွေးနွေးလို့ အဆင့်ရှိသူလားမှတ်တယ်။ wall ပေါ်သွားကြည့်တော့မှ တစ်ပါးဘာသာသာသနာ ကို စော်ကားထားတာတွေချည်းပဲ။အောက်တန်းစားဗုဒ္ဓဘာသာဝင် အမျိုးသမီး ပေါ့ဟုတ်လား။ ဖြစ်နိုင်ရင်လာ မမန့်နဲ့သိလားဗျ။ ခင်ဗျား လို အောက်တန်းစား ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေ ဆိုရွံလွန်းလို့။

Autumn Mtz ((((((( ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ် ၂၇၀-၂၇၁ဂေါတမဗုဒ္ဓ နဲ့ အမ္ဗဋ္ဌလုလင် တို့ အပြန်အလှန်ပြောဆိုရင်း၊ တစ်ချက်မှာ ဂေါတမဗုဒ္ဓ ရဲ့ အမေးစကား တစ်ခုကို အမ္ဗဋ္ဌလုလင် က မဖြေကြားဘဲ၊ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဂေါတမဗုဒ္ဓသုံးကြိမ်တိုင်တိုင် မေးပြီး၊ အကယ်၍ ဘုရားကသုံးကြိမ်တိုင်တိုင် မေးမြန်းတာကို မဖြေကြားဘဲ နေလျှင်၊ အဲဒီလူရဲ့ ဦးခေါင်းဟာ အဲဒီနေရာမှာပဲ ခုနှစ်စိတ်ကွဲ မှာ ဖြစ်ကြောင်း ခြိမ်းချောက်မိန့်တော်မူခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြားမင်းဟာ ဘီလူးအသွင်ဆောင်ပြီး သံတူ ကြီးစွဲကိုင်၊ မေခွန်းဖြေဖို့ ပျက်ကွက်ရင် ခေါင်းကိုခုနှစ်စိတ်ကွဲ အောင် ထုသတ်ဖို့ အထက်ကောင်းကင်မှာ ရပ်နေခဲ့ပါတယ်။ မေးခွန်းလေးမေးတာ မဖြေတာကို တောင် ဦးခေါင်း ခုနှစ်စိတ် ခွဲသတ်ဖို့ ဂေါတမဗုဒ္ဓ က ကြံရွယ်တော်မူခဲ့ပါတယ်။ အကယ်၍ အမ္ဗဋ္ဌ လုလင်ကသာ မေးခွန်း ကို မဖြေခဲ့ရင်၊ ဦးခေါင်း ခုနှစ်စိတ်ကွဲသေပွဲဝင်ခဲ့ရမှာပါ။ )))))) 

ဒီဗုဒ္ဓ၀င်မှာ ပါတဲ့ အတိုင်း ဗုဒ္ဓကိုယ်တော် တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို အထောက်အထားအ ခိုင်အလုံနဲ့ပြောနိုင်ပါ သလား ၊ အခိုင်အလုံပြနိုင်ပါသလား။ အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသအဋ္ဌကထာကို မြန်မာလိုပြန်ပြီး ရေးထား တဲ့ ကျမ်းပါ ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ် ရဟန်းတော်သာ ဖြစ်ပါတယ်´´။ 
``နာလာဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ်ရ ဟန်းတော် အရှင်မဟာနာမ ဆိုသူက ရေးသားခဲ့တာပါ။ အဲ့ဒီစာတွေနဲ့ တစ်ချို့ အဋ္ဌကထာ ၊ ဋီကာတွေ ကို တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ ကျည်းသဲလေး ထပ်ဆရာတော် က (ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့ပါတယ် ၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတ ဥဒါနဒီပနီ) တို့ ဆိုတာတွေလည်း ရှိပါသေးတယ်။ အဲ့ဒီကျမ်းက စကားတွေကို ဖတ်ပြီး ဗုဒ္ဓဘုရားဟော တာပါ ဆိုပြီး ဝေဖန် ရင်တက်တက်စင်မှားမှာပေါ့...။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေးဆရာတွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို စေ့စေ့စပ်စပ်သေသေချာ ချာ မလေ့လာခဲ့ပဲ သူတစ်ပါး ဘာသာ ကို ရှုံ့ချချင်ဇောနဲ့ ရေးထားတယ်ဆိုတာ ပြရာရောက်ပါလိမ့်မယ်။ ခုနောက်ပိုင်းတွေမှာ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင် တစ်ခြားဘာသာဝင်တွေ ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအ စစ် ၊ ဘယ်ဟာကနောက် စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူးပြောင်း ခဲ့ကြတာ တွေ အများကြီး ရှိပါတယ်....။ 

`` စိန္တိတံ သတ္တသင်္ချေယံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ သောတတ္တကီ ကျမ်းတွေ ထဲမှာပါတာ ၊ ပိဋကတ်တွေထဲမှာ ပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိပါက်တော်(၁၂)ပါးတို့ ဆိုတာ တာဝတိသာနတ်ပြည် ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ ၊ ဘုရားဟောမဟုတ်ပါ ဘူး။ သစ္စက ပုရပိုက်နှင့် ဗုဒ္ဓဟာ အနတ္တ၀ါဒ ကိစ္စ မေးတာ သစ္စက အားလုံးကို ၀န်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မ ဆိုင်ပါဘူး ´´ ။ 

ဒီတော့ ဘုရားဟောဆိုတာတွေမှာ...ဘုရားရှင်က ဘယ်နေရာ...ဘယ်တုန်းက...ဘာအကြောင်းကြောင့်.. ဘယ်သူ့ကို ဘယ်လိုဟောခဲ့တယ်ဆိုတာ...အတိအကျပါပါတယ်..... ဘုရားရှင်ပရိနိဗ္ဓန်ပြုပြီး နောက်ပိုင်း ရဟန်းတွေစာရေးဆရာတွေက.... ကြည်ညိုလွန်ပြီး ... လွန်လွန်ကြူးကြူးဖွဲ့ထားတာတွေနဲ့ ဘုရားဟောအစစ်တွေကိုခွဲခြားဝေဖန်စေချင်ပါတယ်.... ။

Ye Yint Thitsar သွားစမ်းပါ အောက်တန်းစား ဗုဒ္ဓဘာသာဝင်အမျိုးသမီးရာ။ ငါရေးထားတာတွေ က အဋ္ဌကထာ က မဟုတ်ဘူး။ မူလပိဋက က။ အဲဒါကို အဋ္ဌကထာက ဘာဖြစတယ်ညာဖြစ်တယ် လာရောကြိတ်နေတယ် အရှက်မရှိစွာ။

Autumn Mtz ကျမကတော့ ကျမတို့သာသနာတော်နဲ့ပတ်သက်တာကို... အမြင်လွဲနေတာတွေဖြေပေးတာပါ...ရှင်တို့ဆဲတာရှငိတို့အကြောင်းပါ...ကျမဝေါမှာသွားကြည့်ပါ... ကျမကိုယ်တိုင်ဘယ်ဘာသာကို မှမစော်ကားဖူးပါရှင်.... သူငယ်ချင်းတွေလာ Tag ထားတာဖြစ်မှာပါ... ကျမလောလောဆယ် သူကျမတို့သူငယ်ချင်း ( ၄ )ယောက်နဲ့နေပါတယ်... ၂ယောက်ကမွတ်ပါ.. ၂ယောက်ကကျမနဲ့ခရစ်ယန်ပါ.... ကျမကသူငယ် ချင်းတွေနဲ့တူတူ စီအမ်း လုပ်သလို.. အသားအစ်မှာလဲ . .နှစ်စဉ်တစ်ယောက် ၁၀၀စီစုပြီး သူငယ်ချင်းအလှူကို ရှယ်ပါတယ်... အွမ်မရာသွားမယ့် ဘာသာရေးကျောင်းသားလေးတွေကို.. ငွေနဲ့ ၀တ်စုံအဖြူတွေကအစ လှူပါတယ်... သူတို့ယူလာပေးတဲ့ ဇမ်ဇမ်ရေကို ကျမကျောက်ကပ်ကောင်းဖို့ဆိုပြီးသောက်ပါတယ်... ဒီတော့ရှင်ပြောသလို ကျမက အောက်တန်းစား ဗုဒ္ဓဘာသာဝင်ဆိုတာ ရှင်တို့ဘုရားသ္ခင်အလိုတော်နဲ့ ရှင့်အလိုတော်အရ လက်ခံပါ့မယ် ( ရှင့်ပစပ်ကထွက်တာသည်လဲ ရှင်တို့ဘုရားသ္ခင်အလိုတော်အရပါ... ရာဘိဟ်ဟူယူစ္စတူ..ဘုရားစောင့်ရှောက်မှာပါ)။

Ye Yint Thitsar သွားစမ်းပါ အောက်တန်းစာမလေးရယ် နင့်ကို ငါဆဲနေတာမဟုတ်ဘူး။နင်နဲ့ထိုက်တန်သလို သညာပြု ခေါ်နေတာ။ နင့်ဘာသာ အကြောင်း မဟုတ်တာလည်းမရေးဘူး။ နင့် wall ပေါ်မှာနင်ကိုယ်တိုင် မရေးထားပေမယ့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်တွေတင်ထားတာတွေ ကို share ထားတယ်လေ အောက်တန်းစားမရယ်။နင့်ဟာနင် မွတ်စလင်နဲ့နေနေ ဘယ်သူနဲ့နေနေ စိတ်မဝင်စားဘူး။အကောင်းဆုံး က ဒီကနေ သွားလိုက်ပါ။ ရွံလွန်းလို့။




Autumn Mtz ဟုတ်ကဲ့ အောက်တန်းစားဆိုတာ.... ရှင်ဆုံးဖြတ်တာထက်... အခုပိုစ့်ကိုဖတ်နေသူတွေဆုံးဖြတ်ပါစေ......ပြီးတော့ဘာသာတိုင်းရဲ့ . .အောက်တန်းကျမှုမကျမှုကိုလဲ ကမ္ဘာကဆုံးဖြတ်ပါစေ။ ချမ်းမြေ့ပါစေ...ရှင်ေ၇းတာအးလုံးရှင်းပြီးပါပြီ.... ။ အခုလောလောဆယ်.... ရှင်မဲပြီး... မိန်းမတစ်ယောက်...အမှန်ရှင်းပြတာကိုဆဲနေ..ရမ်းနေတာ... အကိုမျိုးဆက်က... ၀င်ရှင်းမယ်မထင်ဖူးရှင်... ဘာလို့လဲဆို...ဒါဘုရားဟောမဟုတ်လို့ပါ...။ ဆက်မမန့်တော့ပါရှင်။



Ye Yint Thitsar အရှက်မရှိတဲ့ လူလိမ် လူညာ အောက်တန်းစားဗုဒ္ဓဘာသာဝင်နောက်ဆုံးတော့လည်း အယုတ်အညံ့တို့ထုံးစံအတိုင်းပြေးပြီ။ နင့်ကိုမဲနေတာမဟုတ်ဘူး။နင့်ကိုရွံတယ် ပြောတာတောင် နင် က ဆက်ရေးနေလို့ ဒီလောက်ရေးဖြစ်သွားတာ။ ငါ ကြေညာထားပြီးသား ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေငါ့post အောက်မှာ ဝင်မမန့်နဲ့လို့။ မပတ်သက်ချင်လို့။ နင့်လို အောက်တန်းစားဗုဒ္ဓဘာသာဝင် မိန်းမဆို ရွံပါရွံတာ။ ဘာသာကို အောက်တန်းကျတယ်လို့ ငါဘယ်တော့မှ မပြောဘူး။ လူ ကို ပြောနေတာ အောက်တန်းစားလို့။

Ye Yint Thitsar ငါ လူကောင်း ကို ထိုက်သလိုဆက်ဆံတယ်။ နင့်လို အောက်တန်းစားမျိုးကို လည်း တန်သလိုဆက်ဆံတယ်။ ဂေါတမဗုဒ္ဓ က ဒုဿီလ ရဟန်းကိုဓမ္မသဘင် ကနေ မောင်းထုတ်တာ ကြားဖူးတယ်မလား? အေး အဲဒီလိုပဲအောက်တန်းစားဗုဒ္ဓဘာသာဝင် လူလိမ်မရဲ့။

Dean Wct ရဲရင့်သစ္စာ ဆိုတာ အခြောက်ကြီးပါ ဆိုတာတော့သိပါ့..ဟိုတစ်ခါ..ဘလော့သွားတာ မှတ်မိသေးလား ဗျ.. မြန်မာပြည်မှာ ဘယ်ဘာသာက အိမ်ရှင်လဲဆိုတဲ့အကြောင်းကို ခင်များ တင်ထားတုန်းက ခင်များဆီမှာ လာမန့်တုန်းရှိသေးတယ် ကျုပ်ကိုဘလော့သွားတာလေ.. ဟက်ဟက်

Ye Yint Thitsar အခုလဲ မင်းကို block မယ်အောက်တန်းစားဗုဒ္ဓဘာသာဝင်လေးရယ်။မင်းလိုကောင်တွေ အာရုံနောက်လို့။

 ဘုရားရှင်နှင့် အမ္ဗဋ္ဌလုလင်တချိန်က ပေါက္ခရသာတိ ပုဏ္ဏားဆရာကြီး၏ တပည့်ကြီးတဦးဖြစ်သူ ဝေဒပါရဂူ၊ အမ္ဗဋ္ဌလုလင်သည် မိမိဆရာကြီး၏ စေခိုင်းချက်အရ မြတ်စွာဘုရားအား ဘုရားစစ် ဟုတ်-မဟုတ် စုံစမ်းရန် ဘုရားရှင်သီတင်းသုံး တော်မူရာ ကောသလတိုင်း ဣစ္ဆာနင်္ဂလရွာကြီးအနီးရှိ ဣစ္ဆာနင်္ဂလတောအုပ်သို့ အခြားပုဏ္ဏားလုလင်အပေါင်းနှင့် အတူ သွားရောက်ခဲ့သည်။ ဘုရားရှင်ထံမှောက် ရောက်သည့်အခါ အမ္ဗဋ္ဌလုလင်သည် ဘုရားရှင်အား နှုတ်ဆက်စကားပြောပြီး ထိုင်နေတော်မူသော မြတ်စွာဘုရားနှင့် မတ်တတ်ရပ်လျက်၎င်း၊ ထိုင်လျက်၎င်း အမှတ်တရ စကားကို အနည်းအပါး ပြောကြား၏။ 

ထိုအခါ ဘုရားရှင်က အမ္ဗဋ္ဌ-သင်သည် ထိုင်လျက်၊ ရပ်လျက်ပင် ထိုင်နေသည့် ငါဘုရားနှင့် စကားပြောသကဲ့သို့ အသက်အရွယ်ကြီးရင့်ကြ ဆရာ့ဆရာဖြစ်ကြသည့် ပုဏ္ဏားကြီးများနှင့်လဲ အဲဒီလိုပဲ စကားပြောဆိုပါသလော-ဟု မေးတော်မူလိုက်သည်။

 ဒီလိုမပြောပါ အရှင်ဂေါတမ၊ ဇာတ်နိမ့်ဖြစ်ကြ၊ မည်းညစ်ကြ၊ ဗြဟ္မာရဲ့ ခြေဖမိုးမှ ပေါက်ဖွားလာကြတဲ့ ဦးပြည်းရဟန်းတို့နှင့် စကားပြောသည့်အခါမှသာ ယခု အရှင်ဂေါတမနှင့် ပြောသလိုပင် ဖြစ်ပါတယ်-ဟု အမ္ဗဋ္ဌက ပြောဆိုသည်။ 

အမ္ဗဋ္ဌ သင်ဟာ ဒီကိုလာရင်းကိစ္စကိုသာ နှလုံးသွင်းပါ။ အို လုလင်တို့၊ အမ္ဗဋ္ဌဟာ အကြားအမြင်နည်းပါး၊ မယဉ်ကျေး မလိမ္မာသူ ဖြစ်နေလျက်နဲ့ သူ့ကိုယ်သူ အကြားအမြင်များသူ လိမ္မာယဉ်ကျေးသူတို့ မှတ်ထင်နေတယ်။ ဒီလို ဖရုသ၀ါစာ စကားမျိုးကို ပြောဆိုတဲ့အတွက် မလိမ္မာ မယဉ်ကျေးသည်မှလွဲပြီး ဘာမျှ အကြောင်းမရှိ-ဟု မြတ်စွာဘုရားက မိန့်ကြားလိုက်၏။ 

ထိုအခါ အမ္ဗဋ္ဌသည် ဆတ်ဆတ်ခါ နာသွားကာ-အရှင်ဂေါတမ၊ သာကီဝင်မင်းမျိုးသည် ခက်ထန်ကြမ်းထန်းတယ်။ သဘောထားနုကြတယ်။ စကားလဲ များကြတယ်။ ဇာတ်နိမ့်တွေဖြစ်လျက်နဲ့ ပုဏ္ဏားတွေကို မရိုသေကြ၊ အလေးမပြုကြ၊ မပူဇော်ကြ၊ မတုပ်ဝပ်ကြ၊ ဇာတ်နိမ့်ဖြစ်တဲ့ သာကီဝင်မင်းတွေရဲ့ ဒီအပြုအမူမျိုးဟာ မသင့်တော်လွန်းပါ-ဟု ဇာတ်နိမ့်စကားဖြင့် ရှုတ်ချပြောဆိုသည်မှာ သုံးကြိမ်တိုင်ဖြစ်သည်။ 

ထိုအခါ ဘုရားရှင်က-အမ္ဗဋ္ဌ သင့်ရဲ့ အမျိုးအနွယ်ကို ပြောစမ်းပါ-ဟု မိန့်တော်မူရာ အမ္ဗဋ္ဌက အကျွန်ုသည် ကဏှာယန အမျိုးအနွယ် ဖြစ်ပါသည်-ဟု ပြန်ပြော၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရားက သာကီဝင်မင်းမျိုးသည် သြက္ကာကမင်းကြီး၏ သားတော်၊ သမီးတော်များဖြစ်၍ အမျိုးမြတ်ပုံနှင့် ကဏှာယနပုဏ္ဏားမျိုးသည် သြက္ကာကမင်းကြီး၏ ဒိသာမည်သော ကျွန်မမှ မွေးသော ကဏှအမည်ရှိသူ၏ သားစဉ်မြေးဆက် အမျိုးအနွယ်များဖြစ်၍ ယုတ်ညံ့ကြောင်းတို့ကို အထင်အရှားဖြစ်ခဲ့သည့် အတိတ်လူ့သမိုင်းအနေဖြင့် ဖော်ထုတ်ဟောကြားတော်မူသည်။ 

ထို့နောက် အမ္ဗဋ္ဌလုလင်အား အမ္ဗဋ္ဌ-အကြောင်းယုတ္တိရှိသည့် မေးခွန်းကို ငါမေးမည်။ သင်မဖြေချင်ပေမဲ့လဲ ဖြေရမယ်။ အမ္ဗဋ္ဌ-အသက်အရွယ်ကြီးရင့်ကြ၊ ဆရာ၊ ဆရာ့ဆရာတွေ ဖြစ်ကြသည့် ပုဏ္ဏားများ ပြောဆိုသည်ကို သင်ဘယ်လိုကြားဘူးသလဲ၊ ကဏှအနွယ်ဝင်များဟာ ဘယ်ကစပြီး ဖြစ်လာသလဲ။ ကဏှအနွယ်ဝင်များရဲ့ ရှေးဦးယောက်ျားကား ဘယ်သူလဲ-ဟု မေးတော်မူရာ အမ္ဗဋ္ဌမှာ မဖြေဘဲ ဆိတ်ဆိတ်နေ၏။ နှစ်ကြိမ်မြောက် မေးလည်း မတုန်မလှုပ်။ မဖြေဘဲ ငုတ်တုတ်ထိုင်နေ၏။ 

ဘုရားရှင်က တတိယအကြိမ် ထပ်မံမေးမှသာ အမ္ဗဋ္ဌက ....အရှင် ဂေါတမ မိန့်တော်မူသည့်အတိုင်းပင် အကျွန်ုပ် ကြားဖူးပါ၏။ကဏှအနွယ်တို့ သည် ထိုကျွန်မ၏ သား ကဏှမှစ၍ ဖြစ်ကြပါ၏။ ထိုကျွန်မ၏သားသည်ပင် ကဏှအနွယ်ဝင်တို့၏ ရှေးဦးပုဂ္ဂိုလ်ဖြစ်ပါသည်-ဟုလျှောက်ထားရှာရပေသည်။ 


(((( ကြားက သိကြားမင်းပါလာတာက ဗြဟ္မဏ၀ါဒီတွေ ထိုးထည့်ပေးတာပါ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး ))))

Ye Yint Thitsar အရှက်မရှိတဲ့ အောက်တန်းစားဗုဒ္ဓဘာသာဝင် မာတုဂါမ က
ဒီလောက် နှင်ထုတ်နေတာ တောင် မသွားဘူး ဟုတ်လား။
ဒီ ကုလားကြီး နဲ့တော်တော်ပတ်သက်ချင်နေတယ် ဟုတ်လား။


Autumn Mtz ထားပါတော့ .... ရှင်တို့ကကျမတို့ဘာသာသမိုင်းကို..... မဟုတ်တာတွေပြောလို့. .ကျမတို့ကအေးချမ်းစွာရှင်းပြတယ်... ဆဲတာတစ်လုံးမပါဖူး.... ရှင်တို့ဘာသာကိုလဲမစော်ကားဖူး...ရှင်တို့သာသူများဘာသာအရင်စော်ကားတယ်... အေးအေးချမ်းချမ်းရှင်းပြတယ်..ရှင်းပြသူကို..ဆဲတယ်..ကမ္ဘာအအေးချမ်းဆုံးဘာသာလို့လက်ခံထားတဲ့...ဗုဒ္ဓဘာသာဝင်တွေကို.... ကမ္ဘာ့ဒုစရိုက်အများဆုံး ..အကြမ်းဖက်ဆုံးဆိုပြီးတစ်ကမ္ဘာလုံးကလက်ခံထားတဲ့ ...သူများဘာသာကိုလိုလံအပုတ်ချနေတဲ့သူတွေက... .အောက်တန်းစားဗုဒ္ဓဘာသာဝင်တွေ လို့ခေါ်ရတယ်လို့ရှင်.... အခုရှင့်ပိုစ့်မှာ... အစအဆုံးဖတ်လိုက်ပါ... ဘယ်သူကစော်ကားတာလဲ... ဘယ်သူကသူများဘာပုတ်ခတ်တာလဲ..... သူတို့စော်ကားတာကိုအေးအေးချမ်းချမ်းပြန်ဖြေတာကို.... ဘယ်သူက ၀င်ဆဲနေတာလဲ.... (((((ဒါဟာဒီလူဟာ သူ့ရဲ့မွတ်စလင်ဆိုတဲ့ ကမ္ဘာကလက်ခံထားတဲ့ယုတ်ညံ့ပါတယ်ဆိုတဲ့ အယူကိုထပ်လောင်းအားဖြည့်ထောက်ခံနေတာ.... ဒါဟာမွတ်စလင် လို့ခေါ်တယ် ))) ကျမရေးတာ ကျမကွန်မန့်တာ.... ကျမဘာသာကိုမတရားရေးလို့ရှင်းပြနေတာ....လိမ်တာတစ်ခုမှမပါဖူး..ရိုင်းတာမပါဖူးးး....ဒါဟာကျမ သာသနာတော်တာဝန်ကိုကျမယူတာ..... ရှင်သူများဘာသာ မကောင်းကြောင့်ကိုမတင်ရင်ကျမလာ ရှင်းပြစရာမလိုဖူး.....။ရှင်တို့ပြောချင်သလောက်ပြောပါ...ဆဲချင်သလောက်ဆဲပါ... ... ဒါမွတ်စလင်တွေဆိုတာလူတွေအားလုံးမြင်ပါစေ...တွေ့ပါစေ...ဖတ်ရပါစေ....ရှင်တို့မွတ်စလင်ချင်းလဲ.. ဒီလိုပုတ်ခတ်စော်ကားတာတွေဟာ... အလာဟ်ရဲ့သင်ပြမှုဆိုပြီး... ၀ိုင်းဝန်းဝင်ဆဲကြပါစေ.... ဂုဏ်ယူပါတယ်မွတ်စလင်ဘာသာဆိုတာကို...။

Ye Yint Thitsar  အောက်တန်းအလွန်ကျသော၊ လိမ်လည်သော၊ အရှက်မရှိသော
Autumn Mtz ဆိုသည့် ဗုဒ္ဓဘာသာဝင် မာတုဂါမ အား နှင်ထုတ် block လိုက်ပါသည်။
ကျွန်ုပ် ၏ status အောက်တွင် လာမန့်သည့် ရိုးသားဖြောင့်မတ်သော
ဗုဒ္ဓဘာသာဝင်များအား အစဉ်အမြဲလေးစားစွာ ဆက်ဆံမည်ဖြစ်
ပြီး အောက်တန်းကျသော ဗုဒ္ဓဘာသာဝင် များကို မူ ခွေးဝဲစား
အား နှင်ထုတ်သကဲ့သို့ နှင်ထုတ်မည် ဖြစ်ပါသည်။



Autumn Mtz  ခွေးဝဲစားဆိုသည့်အဓိပါယ်မှာ... သူတစ်ပါးအိမ်သို့ဂျောင်ဂျိုဂျောင်ကြားး...  အိမ်သာကြို အိမ်သာကြား .... ထရံအကြိုအကြားများမှ ခိုးဝင်သော ခွေးများကိုသာ ခွေးဝဲစားဟုခေါ်ဆိုပါကြောင်း။

No comments:

Post a Comment