Sunday, January 26, 2014

★★★ ရေ အကျိုး


မောင်လေးညီမလေးတို့ရေ ....
နူးတို့က လေလောဆယ် စေတုတ္တရာဝန်းကျင် ရွာစဉ်တွေမှာ ရေတွင်းရေကန် တူးနေကြတာဆိုတော့
ရေတွင်းရေကန် တူးရခြင်းအကျိုးကတော့ထွေထွေထူးထူး ပြောစရာမလိုလောက်အောင်ပဲ ... လက်ရှိဘ၀ အပါယ်တံခါး ပိတ်စေတဲ့အလှူဆိုတာ သိပြီးဖြစ်မှာပါ ...။
ဒီတော့ ... ရေအကျိုးလေးကို ... အဖွဲ့ခလေးတွေကိုလဲသိစေချင်တာနဲ့ ... တင်ပေးလိုက်တာပါ ...။

ရေအကျိုး ၁၀ ပါးဆိုတာကြားဖူးကြမှာပါ.....
ရေအကျိုး ၁၀ ပါးကိုဘယ်လို ရေးထားသလဲဆိုတော့ ...
စင်ကြယ်သန့်ရှင်း ၊
 ကျော်စောခြင်းနှင့် ၊
သင်းပင်းခြွေရံ ၊
လျှင်မြန်သွားလာ ၊
ရေဆာမွတ်ခြင်း မရှိကင်း ၊
မယွင်းခန္တာ သက်ရှည်ရာ၏ ၊
ဝဏ္ဏအဆင်း လှခြင်းတစ်ဖြာ ၊
လွန်ချမ်းသာ ၊

 ကြီးစွာခွန်အား ၊
 ကြီးမားပညာ ၊
ထိုဆယ်ဖြာသည် ကြည်စွာရေ၏ အကျိုးတည်း ..... တဲ့
.
((((လျင်မြန်သန့်ရှင်း ကျော်စောခြင်းနှင့် လွတ်ကင်းမွတ်သိပ် မဆိတ်ခြံရံ ဒီဃံသက်ရှည် ရုပ်ရေဆင်းလှ သုခခွန်အား ပညာများ ဆယ်ပါးရေလှူကျိုး)))) .... လို့လဲ မှတ်ရ လွယ်အောင် ရေးကြ ပါတယ်။

ဒီရေအကျိုး ဆယ်ပါးဟာ ပိဋကတ်တော်က တိုက်ရိုက် သီးသန့်လာတဲ့ အကျိုးမဟုတ်ပါဘူး 

(သဒိသံ ပါကံ ဇနေတိ) ဆိုသလို တူသောအကျိုးပေးခြင်း ၊ အကြောင်းနှင့် တူသောအကျိုးကိုပေး တယ်ဆိုတဲ့ .... ကမ္မဿကတာ သမ္မာဒိဌိ အယူအရ ... ရှေးဆရာတော်ကြီးများဟောခဲ့တဲ့ .... ရေအကျိုးဖြစ်ပါတယ် ....။ ကျမ်းဂန်လာရေအကျိုးများကို စုပေါင်းပြီး ရေအကျိုး (၁၀)ပါး လို့ရေးထားတယ် လို့လဲမှတ်ယူလို့ရပါတယ်...။
 

ဒီတော့ ကျမ်းဂန်လာ ရေအကျိုး .... မရှိဖူးလားဆိုတော့ ... အများကြီး ရှိပါတယ် ... ဒီအကျိုး တွေထဲက  နူးပြောပြမယ့်အကြောင်းကတော့ .... ထေရီအပါဒန် ပါဋိတော်လာ ဥဒကဒါယိကာ ထေရီမ အကြောင်းလေးပါ ...။
.

အခန်း ( ၁ ) 
.
★★★ အင်း ... ဘုရားရိပ် တရားရိပ်က တစ်ကယ်အေးမြပါလား .... အမောကိုပြေသွားတာပဲ ... 
ကြည့်စမ်း ... သံဃာတွေ စာအံသံလောက် ကြည်နူးစရာကောင်းတဲ့အသံ ... ငါ့ဘ၀မှာမရှိဘူး ... 
.
ဟင်း ... တွေးနေလို့မပြီးသေးပါဘူး ... အိမ်မှာ အဘက အိပ်ယာထဲမှာ ... ငါရေများများ ရောင်းနိုင်မှ ... အဘအတွက် ဆေးဖိုး ၀ါးခလေးရမှာ ... 
.
★ သူမက ... ဒီဘဒ္ဒကမ္ဘာ မတိုင်ခင် ( ၉၁ )ကမ္ဘာထက်က ... ဗန္ဓုမတီ ဆိုတဲ့ မြို့ကြီးတစ်မြို့ က .... ရေရောင်းပြီးအသက်မွေးရတဲ့ ရေသည်မလေး ပေါ့ ...
သူဟာ ဆင်းရဲလွန်းတော့လေ ... သူ့ဘ၀ ရှေ့ရေး လောကုတ္တရာ အရေး မတွေးနိုင်ရှာဖူးတဲ့ ... 
အဲ့ဒိ အချိန်တုန်းက အခုနူးတို့အချိန်လို သာသနာတော်နဲ့ ကြိုကြိုက်နေတဲ့အချိန်ဆိုတော့ ... စည်ပင်တာပေါ့ ... ဒီနေ့တော့ ကောင်မလေး သံဃာတော်တွေသီတင်းသုံးတဲ့ ကျောင်းအနီးရေလာရောင်းနေတယ်တဲ့ ...
.

★★★ ဟော ... သံဃာတွေ ဆွမ်းခံကြွလာပါလား .... 
.
★ ကောင်မလေး ကဗျာကယာ လမ်းဘေးပြေးဆင်းပြီး မြေကြီးပေါ်မှာထိုင်လို့ ... သံဃာတန်းကို ပျာပျာသလဲ ဦးချလိုက်တယ် .... သံဃာတော်တွေကြွသွားတာ မျက်စိတဆုံးကြည့်ပြီး .... စိတ်ထဲကနေ 
.
★★★ ငါလဲပဲ သံဃာတော်တွေကို ဆွမ်းလောင်းချင်လိုက်တာ ... ဟင် ... ဘယ်လိုဖြစ်နိုင်မှာတုန်း ... ငါကိုယ်တိုင်တောင် သူများအိမ်ကထမင်းကျန် ဟင်းကျန်တွေ လိုက်တောင်း ပြီး မိဘတွေကိုကျွေး ... ကျန်တဲ့ မ၀ရေစာလေးကို အသက်ရှင်ဖို့အတွက် စားနေရတာပဲလေ ...
.
လို့တွေးပြီး ... သူ့ဘ၀ကိုသူဝမ်းနဲလို့ တစ်ယောက်ထဲ ရေရွတ်ပြီး ... မျက်ရည်တွေကျလာတယ် .... ပြီးတော့ တစ်ယောက်ထဲ တတွတ်တွတ်ဆက်ပြောနေပြန်တယ် ...။
.
★★★ သြော် ကုသိုလ်မျိုးစေ့ စိုက်ပျိုးဖို့ အမြတ်ဆုံး လယ်မြေဖြစ်တဲ့ သာသနာတော် နဲ့လဲကြုံကြိုက်နေတယ် ....

ဗုဒ္ဓရဲ့ တပည့်သား သာသနာ့ဝန်ထမ်း သံဃာတော်တွေ ဆိုတာနဲ့ ကြုံကြိုက်နေတာတောင် ... 
ငါ့မှာ ဘာမျိုးစေ့မှ မချနိုင်ခဲ့ပါလား .... 
မျိုးစေ့ မချနိုင်သလို ... ငါ့မှာ မျိုးစေ့လဲရှိမနေခဲ့ပါလား ... အကုသိုလ် ကြီးလိုက်တာ ... ဆင်းရဲ မွဲတေနေ တာကလဲ  ကုန်းကောက်စရာမရှိပါလား ...။
.
★ နောက်တော့ ...သူမကျေနပ်ပြန်ဖူး ... ဆက်စဉ်းစားပြန်တယ် ... 
.
★★★ မဟုတ်သေးပါဘူး ... ဒါသဘာဝမကျဘူး ... 
လှူဖွယ် မျိုးစေ့ ၀တ္ထုဆိုတာ .... ရွှေမှလား ... ငွေမှလား ...သင်္ကန်းမှလား ... ဆွမ်းမှလား ... ၀တ္ထုမှလား ... ဒါတွေရှိမှ ကုသိုလ်ဆိုတဲ့မျိုးစေ့ ဆိုတာကို စိုက်ပျိုးနိုင်မှာလား ... ဟွန့်
မဖြစ်နိုင်ဖူး ... လောကမှာ ... အလှူခံပုဂ္ဂိုလ်ရယ် ... 
ဒါန ဆိုတဲ့ ... ပြင်းပြစွာ လှူချင်တဲ့ စိတ်ရယ် ... ဒီနှစ်မျိုးသာပြည့်စုံပါစေ ... 
သန့်ရှင်း စင်ကြယ်တဲ့ ဘယ်အလှူဝတ္ထုကို လှူလှူ ... အလှူဒါနဆိုတာ မြောက်တာပဲ ... မဟုတ်လား။

★★★ ဒီတော့ အခု အလှူခံ သံဃာတော်တွေ ရှိနေတယ် ... 

ငါ့မှာလှူလိုတဲ့စိတ်လဲ ပြင်းပြစွာ ရှိနေတယ် ... 
အလှူဝတ္ထု မရှိတာနဲ့ .... ငါ့ဘ၀မှာ ဒါန ဆိုတာဆိတ်သုန်းရမှာလား ... 
အလှူဝတ္ထု .... လှူဖွယ်ဝတ္ထု ... ငါ့မှာဘာလှူနိုင်တာရှိလဲ .... စဉ်းစားစမ်း ... စဉ်းစားစမ်း ... အဟားးးး

★★★ သိပြီ ... ငါခပ်နေတဲ့ရေ ... 

ဟုတ်တယ်လေ ... ရေဟာ အလှူဝတ္ထုမဟုတ်ရင်ဘာလဲ ...
 ရေဟာ အလှူ ၀တ္ထု စစ်စစ်ပဲ .... 
ငါရေလှူမယ် ... ငါဒီနေ့ကစပြီး ရေလှူမယ် .... ဟေးးးး 
.
★ ကောင်မလေး အပျော်လွန်ပြီး လမ်းမမှာ သီချင်းတကြော်ကြော်ဆို ကခုန်လို့ .... ပြေးထွက်သွားတော့ တယ်  ...
အဲ့ဒီနေ့ကစလို့ ... မနက်စောစော အလုပ်မ၀င်ခင် အာရုံတက်တာနဲ့ ... သံဃာတော်များရေသပ္ပါယ်တဲ့ ... ရေချိုးအိမ်ထဲ နေ့စဉ် ရေလှူသတဲ့ ...။
.
★ ဒီလို လှူဖူးတဲ့ ကောင်းမှုအကျိုးကံကြောင့် ... သူဟာ ဂေါတမ ဘုရားရှင်လက်ထက်မှာ ... အာသဝေါ ကုန်ခမ်း ရဟန္တာမဖြစ်ပြီး ကျွတ်တမ်းဝင်စံရပါတယ်တဲ့ ... 

သူဟာ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိည ရဟန္တာမ အဖြစ်နဲ့ ကျွတ်တမ်းဝင်စံရတာပါ။
.
ပဋိသမ္ဘိဒါပတ္တ ဆဠာဘိည၊ ဆိုတာ ၊ ပဋိသမ္ဘိဒါဥာဏ် (၄ )ပါး နှင့် အဘိညာဉ် ( ၆) ပါး ရတဲ့ သူပေါ့ ...
ပဋိသမ္ဘိဒါဥာဏ် (၄ )ပါး ဆိုတာက ...
(၁)အတ္ထပဋိသမ္ဘိဒါ ဥာဏ်= အနက်အဓိပ္ပါယ် သို့မဟုတ် အကျိုးတရားကို ခွဲခြမ်းစိတ်
ဖြာ၍ သိသော ဥာဏ်။
(၂) ဓမ္မပဋိသမ္ဘိဒါဥာဏ်=  အကြောင်းတရားကို ခွဲခြမ်းစိတ်ဖြာ၍သိသောဥာဏ်။
(၃) နိရုတ္တိပဋိသမ္ဘိဒါဥာဏ်= ဝေါဟာရဘာသာစကား အစုံကို ခွဲခြမ်းစိတ်ဖြာ၍ သိ
သောဥာဏ်။
(၄) ပဋိဘာနပဋိသမ္ဘိဒါဥာဏ်= ပြဆိုခဲ့ပြီးသော ပဋိသမ္ဘိဒါသုံးမျိုးကို ခွဲခြမ်းစိတ်ဖြာ၍ အကျယ်
သိသောဥာဏ်။
အဘိညာဉ် ( ၆ ) ပါးကတော့
(၁) ဒိဗ္ဗစက္ခု အဘိညာဉ် ... လောကသုံးပါးကို သုံသပ်သိမြင်နိုင်သောဥါဏ်
(၂) ဒိဗ္ဗသောတ အဘိညာဉ် .... မိမိကြားလိုသမျှကို ကြားနိုင်သောဥါဏ်
(၃) ပရစိတ္တ၀ိဇာနန အဘိညာဉ် ...
သူတစ်ပါးစိတ် အကြံကိုသိနိုင်စွမ်းသောဥါဏ်
 (၄) ဣဒ္ဓိဝိဓ အဘိညာဉ် ၊ တန်ခိုးဖန်ဆင်းနိုင်စွမ်း
(၅) ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ် ၊ ရှေးရှေးဘ၀ကိုသိနိုင်စွမ်း
(၆) အာသ၀က္ခယ အဘိညာဉ် ၊ ကိလေသာ အာသဝေါကုန်ခမ်းတဲ့ အရဟတ္တမဂ်ညာဏ် တို့ဖြစ်ပါတယ်။
.

ထေရီမဟာ ... သူ့ရဲ့အတိတ်ဘ၀ကိုကြည့်လိုက်တဲ့ အခါမှာ ရေလှူရတဲ့ ကုသိုလ် ကံကြောင့် ရဟန္တာမဖြစ်ခင် ရတဲ့ အကျိုးတွေကို မြင်ခဲ့တယ်တဲ့.... သူမြင်ခဲ့ ရခဲ့တဲ့ အကျိုးတွေ ကို ... ဘယ်လိုပြောခဲ့လဲဆိုတော့ 
.
★ ငါဟာ တာဝတံသာနတ်ဘုံကိုရောက်ရတယ်
နတ်သမီးတစ်ထောင်တို့တွင်အမြတ်ဆုံးဖြစ်တယ်
နတ်သမီးအားလုံးတို့ကို အာယု ၀ဏ္ဏ သုခ ယသ အဓိပတေယျ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဌဗ္ဗ ဆိုတဲ့ အကြောင်း တရား ဆယ်ပါးတို့ဖြင့်လွှမ်းမိုးရတယ် ...
ငါးကျိပ်သော နတ်မင်း တို့ရဲ့ မိဖုရား ၊နှစ်ကျိပ်သော စကြ၀တေးမင်းတို့ရဲ့မိဖုရားကြီးဖြစ်ခဲ့ရတယ်

★ရေလှူသောဘ၀မှစပြီး အပါယ် လေးပါးမလား၊ 

လူ့ဘ၀နှင့်နတ်ဘ၀မှာသာ ကျင်လည် ခဲ့ရဖူးတယ် ၊ 
မည်သည့်ဘ၀ မည်သည့်နေရာတွက်မဆို ငါ ရေလိုလျှင် ချက်ချင်း ရခဲ့တယ် .... 
မိုးမရွာတဲ့အရပ် ..
ကျိုက်ကျိုက်ဆူပူပြင်းတဲ့အရပ်မှာ ငါမဖြစ်ခဲ့ဖူးဘူး ...
ငါ့ကိုယ်မှာ ပူလောက်ခြင်း အိုက်စပ်ခြင်း မြူ အညစ်အကြေး မဖြစ်ခဲ့ ဘူး ...

★ ရေလှူခဲ့ဖူးလို့ ငါ့ရဲ့စိတ်ဟာ ဘ၀ ဘ၀တိုင်း အလွန်စင်ကြယ်ခဲ့တယ် ... 

ယုတ်မာတဲ့စိတ် မဖြစ်ခဲ့ဘူးဖူး ...
ယ္ခုအခါ ဒီကောင်းမှုကြောင့် အာသဝေါကုန်ခမ်း ရဟန္တာမ ဖြစ်ခဲ့ရလေပြီ
လို့ဟောကြားခဲ့ပါတယ် ...။

ဒါကတော့ ထေရီအပါဒါန်ကျမ်းလာ ရေလှူရသော အကျိုးတရားများဖြစ်ပါတယ် ....
.
ချမ်းမြေ့ကြပါစေရှင် .....
.

.

No comments:

Post a Comment