Tuesday, January 7, 2014

သမိုင်း မရှိသူတို့၏ မဇ္စရိယ စိတ် အထားဆုံးအရာ သို့မဟုတ် ရွှေတိဂုံစေတီတော်သမိုင်း


သူငယ်ချင်းတို့ရေ ....
ရွှေတိဂုံစေတီတော်သမိုင်းကို ... ကျမတို့ဗုဒ္ဓဘာသာဝင်တွေထက်တောင် နှိုက်နှိုက်ချွတ်ချွတ်သိပြီး .... သူတို့ကိုယ်တိုင် မဖစ်နိုင်ပါဖူးဆိုပြီး  ဝေဖန် ကျမ်းညှိထားကြတာလေး တင်ပေး ချင်ပါတယ် ....

နောက်ဆုံး ... ဘယ်လိုပြောရမလဲဆိုတော့  .... သမိုင်း ... မျိုးရိုး ... ဇစ်မြစ် ... အထောက်အထား ဘာတစ်ခုမှ ချပြစရာ မရှိသူများကို ကိုးကွယ်သူ ... လူ့အန္တများ၏ .... မနာလို ..၀န်တိုမှုများ ..လို့ပဲ ကောက်ချက်ချ ပြပါရစေတော့ ရှင် ....

သူများဘာသာ ကို ပုတ်ခတ်စော်ကား ထားတဲ့ ဗုဒ္ဓဘာသာဆိုဒ် ကိုရှာပါဆိုရင် ... တော်တော် ရှားတာပါ ... မရှိသလောက်ပါ ... ဒါပေမယ့် ... ခရစ်ယန်နဲ့ မွတ်စလင်တွေဟာ .... တော်တော် ဆိုးဆိုး ရွားရွား ပါပဲ ..ဆိုဒ်တွေအများကြီးနဲ့ကို ... ဗုဒ္ဓသာသနာတော်မှာ .. သမိုင်းရှိနေတာ ကို .. မလိုလားပဲ .... သမိုင်းမဟုတ်ပါဘူး ဆိုပြီး .... အတင်းရော ... အဓမ္မ သမိုင်းကိုဖျောက်နေကြတာ စိတ်ပျက်စရာပါ ...

ခုနောက်ဆုံးသိလာရတာကတော့ ... ဌေးလွင်ဦးအပါအ၀င် ..မွတ်စလင် ဘလော့ ( ၂၀ ) ကျော် အားလုံး ဟာ ... ခရစ်ယန်ဆိုဒ်တစ်ခုကနေ ... အားလုံးကို ကူးယူပြီး .... သူတို့ရေးသယောင် ... တင်ထားကြတာပါ ...။

http://alinpay.blogspot.com/2012/12/blog-post.html ( ဒါက ငါ့အလုပ်က ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့ လို့ပြောတဲ့ မွတ်စလင်ရဲ့ဆိုဒ် ၂၀၁၂ ကပါ )
http://vinisya.blogspot.com/2010/03/blog-post_4.html ( ဒါကတော့ မူရင်းခရစ်ယန်ဆိုဒ် ၂၀၀၉ ခုနှစ်ကပါ )

သူငယ်ချင်းတို့ကိုယ်တိုင်ပဲ သွားဖတ်ကြည့်ကြပါတော့ ....
ပိုစ့်အရမ်းရှည်နေတာကြောင့် .... စေတီတော်သမိုင်းကိုပဲ တင်ပေးလိုက်ပါတယ်...။

ကျမ်းစာတောင် ကိုယ်ပိုင် မရှိပါပဲ မောရှေရဲ့ ဓမ္မဟောင်းကျမ်းကို လိုတိုးပိုလျှော့ ထားကြ တဲ့ ကိုရွှေမျိုးအစစ် တွေလို့ နှစ်ဖွဲ့လုံးကို ပဲ ခေါ်ဖို့ကောင်းနေပါပြီ ...။

တစ်ကယ်တော့ ... ရွှေတိဂုံစေတီတော် သမိုင်းကို ပြောတော့မယ်ဆိုရင် ... သာကီနွယ်ဘွား ... မြန်မာများရဲ့ သမိုင်းကို ... ချန်လှပ်ထားလို့ မရစကောင်းပါဘူး ...။

................................................................................................

**သမိုင်း မရှိသူတို့၏ မစ္စရိယ စိတ် တွေအတွက် (သို့မဟုတ်) ရွှေတိဂုံစေတီတော် သမိုင်း**

 ဂေါတမမြတ်စွာ ဘုရားရှင် လက်ထက်တော်မတိုင်ခင် နှစ်ပေါင်း တစ်ထောင်လောက် က၊ ယ္ခုအိန္ဒိယပြည်မြောက်ပိုင်း နိပေါနိုင်ငံရဲ့ တောင်ပိုင်းမှာ တိုင်းကြီး (၁၆ ) တိုင်း နဲ့ ပြည်ကြီး( ၂၀ ) ရှိခဲ့တယ် ....

အဲဒီတိုင်းကြီး ၁၆ တိုင်းထဲမှာ ကောလိယ၊ဒေ၀ဒဟ နဲ့ ကပိလ၀တ်တိုင်းတွေ မှာ သာကီဝင်အမျိုးအနွယ်တွေ အခြေချနေထိုင်ပြီး ၊ ပဉ္ဖာလရဇ် တိုင်း မှာတော့ များသောအားဖြင့် အမျိုးနိမ့်တဲ့ သူတွေနေကြတာပေါ့ ၊ ဒါကြောင့် ရှေးလူကြီးတွေကမသွားသင့်မသွားအပ်တဲ့ အရပ်ကို ပဉ္စာလရာဇ် အရပ်လို့ခေါ်တာပေါ့...။ ခုနူးရောက်နေတဲ့ နေရာလိုပေါ့ ... ။

 ဒါနဲ့ တစ်နေ့မှာ ပဉ္ဖာလရဇ်တိုင်းကိုအစိုးရတဲ့မင်းက -ကောသလတိုင်းကို အစိုးရတဲ့မင်း ဆီကို အမျိုးချင်းဆက်လို တဲ့အတွက် သမီးကညာတောင်းလာတယ်။ ဒါပေမယ့် ကောလိယ မင်းက ဇတ်နိမ့်သူတွေဆီမှာ သမီးကညာမဆက်သ ချင်တဲ့အတွက် မချေမခံပြန်ပြောလိုက်တာပေါ့ .... အဲ့ဒီမှာ နှစ်နိုင်ငံ စစ်ဖြစ်ကြပါလေရော။

 စစ်ပွဲမှာ ပဉ္ဖာလရဇ်တိုင်း ကနိုင်တယ် - ကောသလတိုင်း က ဘုရင်စစ်ရှုံးခဲ့တယ် ။ ဒီအခါမှာ အဲဒီထဲက ကပိလ၀တ်ပြည်က မင်းတပါးဖြစ်တဲ့ အဘိရာဇာဟာ နောက် လိုက်တွေနဲ့ အရှေ့အရပ်ကို ထွက်ပြေး တိမ်းရှောင်လာတာ အခုမြန်မာနိုင်ငံ ဘက်ရောက် လာပြီး .... မန္တလေးမြို့ ရဲ့ အထက် ဘက်မိုင် ၁၆၀ လောက်အကွာ ဧရာဝတီဖြစ်ရဲ့ လက်ဝဲဘက်အရပ်မှာ တကောင်းပြည်ကို တည်ထောင်ပြီးနေ ထိုင်တယ်၊ တကောင်းမင်းဆက်ပေါင်း ၃၃ ဆက်ရှိပြီးနှစ်ပေါင်း (၁၀၀၀ ) လောက် နန်းစံသွားခဲ့ပါတယ်။

အဘိရာဇာမင်းနတ်ရွာစံတော့ သားတော်ကံရာဇာကြိးနဲ့ ကံရာဇာငယ် ညီအကို နှစ်ယာက် ကထီးနန်းလုကြတယ်၊ စစ်တိုက်မယ်လုပ်တော့ မူးကြီးမတ်ရာတွေက စစ်မတိုက်ကြပါနဲ့ ပြည်သူတွေထိခိုက်မယ် ဥာဏ်ပညာစွမ်းရည်ပြိုင်ကြပါ ။ မဏ္ဌပ် တဆောင်ကို ညတွင်းချင်း အပြီးဆောက်နိုင်တဲ့ သူက ထီးနန်းကို ယူပါ လို့ပြောတော့၊ မင်းနှစ်ပါး စလုံး သဘောတူပြီး မဏ္ဌဆောက်ကြတယ်။ ညီငယ်ဖြစ်သူ ကံရာဇာငယ်ကသစ်ငယ်ဝါးငယ်တွေနဲ့ ဆောက်တော့ညတွင်းခြင်းပြီး သွားတယ် အကိုကြီးဖြစ်တဲ့ကံရာဇာကြီးက သစ်ကြီးဝါးကြီးတွေနဲ့ ဆောက်တော့ ညတွင်းခြင်းမပြီးလို့ရှုံးသွားခဲ့တယ်။

 သူလဲ သူ့ ကတိအတိုင်း နိုင်ငံကထွက်ပြီး ဧရာဝတီမြစ်ကိုစုန်ဆင်းသွားတယ်၊ ကလေးမြို့  အထက်နားက ချင်းတွင်းမြစ်ဆုံရာ အရပ် ကလေးဝ ကိုရောက်တော့ ၊ ကလေးတောင်ညို ကို( ရာဇဂြိုလ် ) သမုတ်ပြီး ၆လ စိုးစံခဲ့တယ်၊ နောက် အနီး အနားက ပျူ ကမ်းယံ ၊ သက် တို့က မင်းလျာတောင်းခံ လာတဲ့အတွက် သားတော် မုဒုစိတ္တ ကို အုပ်ချုပ်ခိုင်း ထားခဲ့တယ်။

 ကံရာဇာကြီး (သူကိုယ်တိုင်) ကတော့အောက်ဘက်ကို ဆက်လက်စုန်ဆင်းပြီး ဓည၀တီ အရပ်မှာ ထီးနန်း ဆိုက်နေလိုက်ပါတယ် ၊ အဲဒီ ပထမ တကောင်းမင်းဆက် (၃၃ ) ဆက်မြောက်ဖြစ် တဲ့ ဘိန္နကရာဇာလက်ထက်မှာ နန်ချိုနယ်ကရှမ်းတွေ လာရောက် ဖျက်ဆီး လို့ ပထမ တကောင်းပြည်ကြီး ပျက်စီး သွားခဲ့ရတယ် ။

 အဲဒီ ပထမတကောင်းမင်းဆက်က သာကီဝင်မင်းဆက်တွေဟာ အုပ်စု ၃ စုကွဲသွားကြတယ်

ပထမ အုပ်စုကတော့ မြန်မာနိုင်ငံ အရှေ့ဘက်ကိုထွက်သွားကြပြီး ရှမ်း( ၁၁ ) ခရိုင် ကို တည်ထောင်ပြီး နေကြတယ်။

ဒုတိယအုပ်စုကတော့ ကံရာဇာကြီး သွားရာဒေသဖြစ်တဲ့ ပျု ကမ်းယံ သက် တို့အရပ် မှာ သွားပေါင်းပြီးနေထိုင်ကြတယ်။

တတိယအုပ်စုကတော့ ဘိန္နကရာဇာ မိဘုရားကြီးနဲ့ အတူ ပျက်သွားတဲ့ တကောင်းမှာ ဘဲဆက် ပြီနေထိုင်ကြတယ်။

ဒုတိယ တကောင်းမင်းဆက်မှာ အာလုံးမင်းဆက် (၁၇ ) ဆက်ရှိခဲ့ပါတယ် အဲဒီအချိန်မှာ အိန္ဒယပြည် မဉ္ဖိမဒေသ မှာ ဘုရားပွင်တော်မူနေပြီ ၊သက္ကရာဇ် ၁၀၃ ခုကျော်ပြီပေါ့ .....

(((  ရွှေတိဂုံစေတီတော်အစ ပေါ့  )))

 ဒုတိယ အုပ်စုဖြစ်တဲ့ ကံရာဇာကြီး သွားရာဖြစ်တဲ့ ပျူ ကမ်းယံ သက်တို့အရပ်မှာ တိုင်းပြည်တွေ ထူထောင်နေကြတယ် ဆိုတာကနေ ဆက်ရမှာ  ...

ပျူ ကမ်းယံ သက် တို့နေတဲ့ ဒေသတွေက .... ဘယ်ဒေသတွေလဲ ဆိုရင် မြန်မာနိုင် ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေဖြစ်တဲ့ ဒဂုံလို့ခေါ်တဲ့ ဥက္ကလာပတိုင်း သီဟဒီပ ကျွန်း လို့ခေါ်တဲ့ သံလျင်(ကျောက်တန်းမြို့ ) ရခိုင် ဓည၀တီ ဝေသာလီ ဆိုတဲ့ တိုင်းပြည်တွေ ပြီးတော့ သုဝဏ္ဏဘုံမိလို့ခေါ်တဲ့ ( သထုံ )  ပြီးတော့ မုတ္တမ ဆိုတဲ့နေရာ တွေမှာ ရခိုင် လူမျိုး မွန်လူမျိုး ကရင်လူမျိုး တွေအဖြစ်နဲ့ ထီးတွေ နန်းတွေ ကြငှါန်းတွေနဲ့တိုင်းပြည် ထူထောင်ပြီထီးနန်းစိုက်နေကြတာပေါ့...။

 အဲ့ဒိအချိန်မှာ တုသိတာနတ်ပြည်က ဘုရားလောင်း သေတကေတု နတ်သားဟာ ... အချိန်ကျပြီ လူတွေကို ကယ်တင် ဖို့ လူ့ပြည် ဆင်းရ မယ် ဆိုပြီး နတ်ပြည်ကနေ စုတေ တဲ့အချိန်မှာပဲ .... နတ်ပြည်မှာ နတ်သဘင်အစည်း အဝေးခေါ်ပြီး ... လူ့ပြည်မှာ အရင်ပွင့်တော်မူပြိးတဲ့ ဘုရား သုံးဆူရဲ့ ဓါတ်တော်တွေကို စုစည်းပြီးစေတီတစ်ဆူ တည်ကြဘို့ စီစဉ်ကြတာပေါ့ အဲဒီစေတီတည်ဘို့အတွက် သိကြားမင်း ဦးမာဃ ကိုတာဝန်ပေးလိုက်တယ် ... ဒါနဲ့ သိကြားမင်းကလဲ လူ့ပြည်မှာ ဘုရားဒကာလိုက်ရှာနေတာ၊ ဘုရားရှင်တွေရဲ့ ဓါတ်တော်ကို ဋ္ဌာပနာပြီးစေတီ တည်နိုင် တဲ့ အရည်အချင်းရှိသူ ဆိုလို့ တယောက်မှရှာလို့မတွေ့ခဲ့ဘူး တဲ့။

 အဲဒါ နဲ့ နောက် ဆုံးတော့ ဥစ္စာရင်လို ဥစ္စရင်ခဲ ဆိုသလို သူကိုယ်တိုင် မယ်လမုနဲ့ပေါင်းလို့ရတဲ့ သားယောက်ျားလေး ကိုဘုရားဒါယကလုပ်ခိုင်းရမှာဘဲဆိုပြီး- လူ့ပြည့်ကို ကိုမာဃ အနေနဲ့ ဆင်းလာပြီး မယ်လမုကို သူ့မွေးစားဖခင် ရသေ့ကြီး ဆီမှာ လာတောင်းတယ်။မယ်လမုနေတဲ့နေရာက နောင်အခါမှာ ဒဂုံလို့ခေါ်တဲ့ ဥက္ကလာပမြို့ဖြစ်လာမယ့် လမု ပင်တွေပေါတဲ့ ဒေသမှာပေါ့။

ဦးမာဃနဲ့မယ်လမုမှ သားယောက်ျားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် .... ခလေးက မွေးလာကတည်းက သူ့တစ်ကိုယ်လုံးကုဋ္ဌနူနာတွေ ပါလာသတဲ့။

အဲဒီလို ခလေးမှာ အနာတွေပါလာတော့ရသေ့ကြိးကလဲတတ် နိုင်သလောက် ကုပေးပါတယ်-ဒါပေမဲ့မပျောက်ဘူး-ဒီတော့ ရသေ့ကြိးက မင်းကလေးဟာဖြင့် သိကြားမင်း ဆင်းကှု မှပျောက်မှာထင်ပါရဲ့ ´ ဆိုပြီး ညည်း လိုက်တာပေါ့ ...

ရသေ့ကြီး ညည်းနေ တဲ့အသံကို သိကြားမင်းကြိးကြားသွားတော့ မနေနနိုင်တော့ ပဲ ဆေးဆရာ အသွင် ဖန်ဆင်းပြိး ဆင်းလာ ရတော့ တာပေါ့....

သိကြားမင်းကြီးက ဘယ်လိုကုသလဲ ဆိုတော့ခလေးမှာရှိတဲ့ အနာတွေပေါ် ကိုခြေထောက်နဲ့ သာသာလေးဖိလိုက် တယ်ဆိုရင်ပဲ အနာတွေက အလွှားလိုက် ကွာကျကုန်တယ်တဲ့ .... ငယ်ထိပ်နားရောက်တော့ မယ်လမုက ငယ်ထိပ်ကလေး ကတော့ နင်းလိုက် ရင်ပြားသွား ပါ့မယ် ချန်ထား ပါလို့ပြော တော့ ငယ်ထိပ် ကလေးတော့ မနင်းပဲ ချန်ထားလိုက်တယ် ဒါကြောင့် ငယ်ထိပ်မှာ အနာမပျာက်ဘူး

သူ့ကို  အမြဲပဲ ငယ်ထိပ် ဦးခွံလှပ်ပထားရလို့ ဦးခွံလှပ်ပမင်းသားလို့ ခေါ်ရင်း ကာလရွေ့လျောလာတော့ ဥက္ကလာပ မင်းသားလို့ခေါ်ကြ တာပေါ့။

 နောက်တော့ ရသေ့ကြီးက ဒီကလေးဟာ ဘုန်းကံကြီးတဲ့ ခလေးဖြစ်တယ်ဆိုပြီး၊ အရွယ်ရောက်လာတော့မြို တည်ပြိးထီးနန်ုးအုပ်ချုပ် မင်းလုပ်စေတယ်၊ ဘုရင်ဖြစ်လာတော့ ဥက္ကလာပမင်းကြီးလို့ခေါ်တယ်တဲ့။  သူအုပ်ချုပ် တဲ့တိုင်းပြည်ကို ဥက္ကလာပတိုင်းပြည် လို့ခေါ်တာပေါ့ အဲဒါအခု ( ဒဂုံ - ရန်ကုန် ဆိုတာ အရင်တုန်းက ဥက္ကလာပ တိုင်းပြည်ပေါ့ ) ဥက္ကလာပမြို့ တည်ပြီးလို့ ထီးနန်းအုပ်ချပ် မင်းလုပ်နေတဲ့ အချိန်ဟာ မဟာသက္ကရဇ် ၁၀၃ ခုနှစ် မဇ္ဓျိမတိုင်းမှာဘုရားပွင့်နေပြီ ပေါ့...။

 အဲဒီတုန်းက ဥက္ကလာပမင်းကြီးရဲ့  နိုင်ငံတော်အတွင်း ပါဝင်တဲ့ အသိဉ္စနမြို့မှာ သုဝဏ္ဏလို့ ခေါ်တဲ့ မွန်သူဌေးကြီးတစ်ဦးရှိတယ် အဲဒီသူဌေးကြီးမှာ တပုဿနှင့် ဘလ္လိက ဆိုတဲ့သာှးနှစ်ယောက် ရှိတယ်၊ တနေ့ကျတော့ ညီနောင်တို့ဟာ ကုန်တွေကို သင်္ဘောနဲ့ တင်ဆောင်ပြီး မဇ္ဈိမဒေသကို ကုန်ရောင်းသွားကြတယ် ။

 မဇ္ဈိမဒေသဆိုတာ့ မြတ်စွာဘုရားပွင့်တော်မူတဲ့အရပ်ပေါ့.... မဇ္ဈိမဒေသ ပင်လယ်ဆိပ်ကမ်း သို့ ရောက်တဲ့ အခါ သင်္ဘော ပေါ်မှာ ပါလာတဲ့ ကုန်တွေကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ပြီး နေရာ အနှံ့ ကုန်တွေကို လှည့်လည်ရောင်း ချကြတယ် ဒီလိုနဲ့ တဖုဿ ဘလ်္လိက မွန်ကုန်သည်ညီနောင်အဖွဲ့ဟာဗောဓိပင်အနီးကို ရောက်လာကြတယ်...။

 ဒီလိုနဲ့ တောထဲမှာ ခေတ္တနားနေတုန်း ရှေးဘ၀က ဆွေမျိုးတော်စပ်ခဲ့ဘူးတဲ့ရုက္ခစိုးနတ် ကြီးကကိုယ် ထင်ပြပြိး- အမောင်တို့ရောက် ရှိနေ တဲ့ မဇ္ဈိမဒေသမှာ သုံးလောက ထွဋ်ထားရှင်တော် မြတ်ဘုရားပွင့်တော်မူပြီ.....
ယ္ခု လင်းလွန်းပင်ခြေရင်းမှာ သီတင်း သုံးစံတော်မူနေတယ် အမောင်တို့သွားရောက် ဖူးမျှော်ကြလော့ လို့ တိုက်တွန်းလမ်းညွှန် လိုက်တယ်တဲ့။

ကုန်သည်ညီနောင်တို့ဟာ မြတ်စွာဘုရားရှင်ကို မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှဲ့  ပူဇော်သက္ကာရပြု ပြီးတဲ့အခါမှာ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏံ ဂစ္ဆာမိ ဆိုတဲ့ “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကြတယ် အဲဒီတုန်း က“ဘုရားရတနာ၊ တရားရတနာ” ဆိုတဲ့ “ရတနာနှစ်ပါး”သာပေါ်ထွန်းပြီး သံဃာရတနာမ ပေါ်ပေါက်ခဲ့သေးတဲ့အတွက် ညီနောင် နှစ်ပါးဟာ ရတနာနှစ်ပါးအား သာဆည်းကပ်ပူဇော်ခဲ့ကြရတာပါ ။

 ဗုဒ္ဓ၀င်သမိုင်းကိုပြန်ကြည့်လျှင်ဂေါတမ ဘုရားရှင်လက်ထက်မှာ တဖုဿနှဲ့ ဘလ်္လိက ကုန်သည် ညီနောင်တို့ဟာ အထူးခြားဆုံး ဘုရားရှင်ကို ပထမဆုံး ဆွမ်းကပ်ရ သူနှဲ့  ပထမဆုံး “ဒွေဝါဓိက”သရဏဂုံ တည်သူတွေဖြစ်ကြပါတယ်။

 တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ဟာဘုရားရှင်ကို ဆွမ်းကပ် လှူပူဇော်ပြီး “အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရ ကိုးကွယ်ဆည်းကပ် ပူဇော်နိုင် ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုခုအားပေးသနားတော် မူပါ ဘုရား” လို့လျှောက်ထား လိုက်တော့ “ကောင်းပြီးချစ်သားတို့လို့ ” မိန့်တော်မူပြီး ဦးခေါင်းတော် ကိုသပ်ပြီးပါလာတဲ့ ဆံတော်မြတ် (၈)ဆူကို ကုန်သည် ညီနောင်တို့ ကို ပေး သနားတော် မူလိုက်ပါတယ်။

 တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ ဟာ ၀မ်းမြောက်ပီတိ အပြည့်နှင့်ဗုဒ္ဓ ဘုရား ရှင်၏ ဆံတော်(၈)ဆူကို သင်္ဘောနှင့် ပင့်ဆောင်ပြီး ဥက္ကလာပတိုင်းပြည်သို့ ပြန် လာခဲ့ကြတယ် ။

တဖုဿနှင့် ဘလ်္လိကကုန်သည်ညီနောင်တို့ ပင့်ဆောင်လာ တဲ့မြတ်စွာဘုရားရဲ့ ဆံတော် ရှစ်ဆူကို ဥက္ကလာပမင်းကြိးက ကြီးကျယ်ခန်းနားတဲ့ မဏ္ဍကြိးဆောက်လုပ်ပြီး ဗိုလ်ခြေတစ်ထောင်နဲ့ အတူဆိပ် ကမ်းကနေဆီးကြိုလက်ခံယူတယ်၊ အဲဒီဆိပ် ကမ်းနေ ရာ မှာ ဘုရားရဲ့ ဆံတော်ခေတ္တ သီတင်းသုံး ဆံပယ်တော် မူတဲ့အတွက် ဆံတော် နှစ်ဆူ ကို ဋ္ဌာပနာပြီး စေတီတဆူ တည်ခဲ့ပါတယ်၊ ဗိုလ်ခြေတစ်ထောင် နဲ့ ဆံတော်ကို ဆီးကြိုပြီး စေတီတည်ဆောက်တော့ ဗိုလ်ခြေတစ်ထောင်နဲ့ တည်တဲ့အတွက် ဗိုလ်တစ်ထောင် စေတီ ရယ်လို့ အမည်တွင် လာခဲ့တယ်။

 ဥက္ကလာပမင်းကြီးက ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်ကို ဋ္ဌာပနာပြီးစေတီတည်ဘို့ အတွက် သင့်တော်တဲ့ နေရာကို လိုက်လံရှာဖွေတဲ့ အခါမှာ ပညာရှိတွေကို ဘယ်လို မှ မေးမရ ရှာမရ တဲ့အတွက်  ဒေသခံနတ်မင်းကြီးတွေထဲက အသက် အရှည်ဆုံး စတု မဟာရာဇ်အနွယ် ရုက္ခစိုးနတ်မင်းကြီးက သိကြားမင်းနဲ့နတ်တွေအားလုံးကို ပင့်ဖိတ် စုဝေးစေပြီး အဖြေရှာတဲ့အခါမှာ “သိင်္ဂုတ္တရ ကုန်းတော်” ကိုတွေ့ရှိခဲ့ပါတယ်၊

 နတ်နဲ့ သိကြားတွေ စုဝေးတိုင်ပင်ပြီး အဖြေရှာတဲ့နေရာကို အမှတ်တရဖြစ်အောင် စုလေစေတီ ဆိုပြီးစေတီတစ် ဆူတည်ထားခဲ့တယ်။

 အခုရန်ကုန်မြို့ တော်ခန်းမ ရှေကဆူးလေစေ တီနေရာပေါ့ ၊ အဲနေရာမှာ နတ်တွေ အား လုံးမေးမြန်းတိုင်ပင်တော့မှ အရင် ပွင့်တော် မူပြီးဖြစ်တဲ့ဘုရားသုံးဆူရဲ့ တို့ရဲ့ ဓါတ်တွေမွေတော်တွေဖြစ်တဲ့....

 ၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်

 ၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှရရှိသည့် ကောဏဂမန မြတ်စွာ ဘုရားရှင်၏ ရေစစ်တော်

 ၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာ ဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်

 ၄..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ် (၈)ဆူအား .....

 မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ကျောက်ဖျာ အခင်းအကာ များ ပြု လုပ်၍ သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်မှာအနက် ၄၀၄ တောင်အကျယ် ၄၄ တောင် ရှိတဲ့ဥမင်လိုဏ်ခေါင်း တစ်ခုတူးပြီး ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့ပါ တယ်။ ဒါကြောင့် နှစ်စဉ် တပေါင်း လပြည့်နေ့ ကိုရွှေတိဂုံဘုရားပွဲ ဆိုပြီးကျင်းပပေး တာပေါ့....။

 ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီး က စောင့်ရ သည်ဟု မှော်ဓော ရာဇာဝင်သမိုင်း ရွှေတိဂုံသမိုင်း၊ နှင့် အခြား ပညာရှိတို့က ဆိုကြပါတယ် ...။

 စေတီတော်စတည်တုန်းက ဥာဏ်တော်ဟာ ( ၄၄ ) တောင်ဘဲမြင့်ပါတယ်၊ အရင်တုန်းကစေတီတော်ကို “တိဂုမ္ဗစေတီတော်” လို့ဘွဲ့ချီမော်ကွန်း ထိုးခဲ့ပါတယ် “တိဂုမ္ဗစေ တီတော်”ဟာ ဂေါတမဘုရားရှင်ရဲ့  သာသနာတော်မှာ ပထမဦးဆုံးမြတ်စွာ ဘုရား သက်တော်ထင်ရှားရှိစဉ် တည်ထား ခဲ့တဲ့စေတီဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ “စေတီ အစ ရွှေတိဂုံက” သာသနာ အစ မြန်မာက လို့ခေါ်နိုင်တာပါ....။

No comments:

Post a Comment