Tuesday, December 16, 2014

ပါဏာတိပါတကံ မြောက်ကြောင်း


မောင်လေး ညီမလေးတို့ရေ..ဒီတစ်ခါတော့...ဘာသာခြားတွေမေးတဲ့အတိုအထွာလေးတွေ
တင်ပေးပါ့မယ်....ဒါလေးတွေကလဲ သိသင့်ပါတယ်..... စိတ်ရှည် လက်ရှည် ဖတ်သင့် တာပေါ့နော်.... စာအုတ်တွေ အများကြီးဖတ်တာထက်.... ဒီအနှစ်ချုပ်လေးတွေဟာ ... စာအုတ်ပေါင်းများစွာ စုထားတာ ဆိုရင် ... ဖတ်ရတာ တန်ပါတယ်....။

  ဂေါတမဗုဒ္ဓ က အသက်ကိုမသတ်ဖို့ ဟောကြားခဲ့သောငြားမိမိအသက်ရှင်ဖို့ရာ၊ အသက်ပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ကြောင်း အနှစ် ၈၀ ပတ်လုံး အသက်ရှင်
တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓ ကိုယ်တော်တိုင် သက်သေပါ။ဆိုလိုတာက လူတစ်ယောက်
အသက်ရှုရင် လေထဲက မြောက်များစွာသောသတ္တဝါတွေ သေကြေပျက်စီးကြရပါ တယ်။လူတစ်ယောက်ခြေတစ်လှမ်းလှမ်းရင် မြေကြီးပေါ်က မြောက်များစွာသော ဇီဝရုပ်တွေသေကြေပျက်စီးကြရပါတယ်။ သတ္တဝါတွေ ရဲ့ အသက်ကို မသေကြေစေဘဲ၊
လူတစ်ယောက်ဟာ အသက်ရှင်ဖို့လုံးဝ မဖြစ်နိုင်ပါ။

★ ★ ဒီမေးခွန်းကို မွတ်စလင်လူမျိုး ရဲရင့်သစ္စာမေးထားတာထင်ပါတယ်.....

ဟုတ်ပါတယ်...ဗုဒ္ဓက သူတစ်ပါးအသက်ကို သတ်ခြင်း ( ပါဏာတိ ပါတ) မှရှောင်ကြဉ် ရမယ်လို့ဟောခဲ့ ပါတယ်...။ အဲ့လိုဟောခဲ့ရာမှာ ပါဏာတိပါတာကံမြောက်ကြောင်း အချက်တွေရှိနေပါတယ်...

အဲ့တာတွေကတော့ သတ်မှုကံမြောက်ကြောင်း အင်္ဂါ ( ၅ ) ပါးနဲ့
သတ်မှုကံမြောက် ကြောင်း ပယောဂ ( ၈ ) ပါးပါ ရှင်....

★ ★ သတ်မှုကံမြောက်ကြောင်း အင်္ဂါ ( ၅ ) ပါး
(၁)ပါဏ-သက်ရှိသတ္တ၀ါဖြစ်ခြင်း၊
(၂)ပါဏသညိတ-သက်ရှိသတ္တ ၀ါဟု မှတ်သိခြင်း၊
(၃)ဃာတ စိတ္တ-သတ်လိုသော စိတ်ရှိခြင်း၊
(၄)ဥပက္ကမ-လုံ့လထုတ်ခြင်း၊
(၅)မရဏ-ထိုလုံ့လကြောင့် သေခြင်း။

★ ★ ပယောဂ ( ၈ ) ပါး
ပါဏာတိပါတကံ ဖြစ်နိုင် ခြင်း၏ အကြောင်းတရားမျိုးရှစ်ပါးရှိပါတယ် ....
((( ပါရာဇိကဏ် အဋ္ဌကထာ)))
(၁)ဥဒိဿ ပယောဂ- သတ္တ၀ါကိုရည်မှတ်၍သတ်ဖြတ် ထိုးခုတ်ခြင်း၊
(ကိုယ်တိုင်သတ်ခြင်း)
.
(၂)အနုဒ္ဒိဿ ပယောဂ-သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊ (ဥပမာ စစ်တိုက်ခြင်း)
.
(၃)သာဟတ္ထိကပယောဂ-ကိုယ်တိုင်သတ်ပုတ် ထိုးခုတ်ခြင်း၊
(ကိုယ်တိုင်ရည်စူး ပြီးလက်နက်ဖြင့်သတ်ပုတ်ခြင်း)
.
(၄)အာဏတ္တိက ပယောဂ-သူတပါးကို စေခိုင်းခြင်း၊
(သူတစ်ပါးကိုခိုင်းစေခြင်း)
.
(၅)နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(လက်နတ်ဖြင့် လွှတ်၍ ပစ်၍သတ်ခြင်း)
.
(၆)ထာဝရ ပယောဂ-အမြဲတည်နေ၍သေစေနိုင်သည့် တွင်းတူးထားခြင်းဆေးဝါးအစီအရင် ထားခြင်းစသည့် အရာမျိုး၊
(တွင်း ကျင်း စသည်ဖြင့် ထောင်၍သတ်ခြင်း မြေဖို့သတ်ခြင်း)
.
(၇)၀ိဇ္ဇာမယ ပယောဂ-ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊ ( ဂါထာ မန္တာန်အတတ်ဖြင့် သတ်ခြင်း )
.
(၈) ဣဒ္ဓိမယပယောဂ-မိမိ ကမ္မဇိဒ္ဓိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
( တန်ခိုးဖြင့်သတ်ခြင်း)
.
★ ★ ဒီအချက် ( ၁၃ )ချက် ထဲက ကံမြောက်ကြောင်း ငါးပါးလုံးနဲ့ တိုက်ဆိုင်ပြီး ပရောဂ ရှစ်ပါးထဲက တစ်ပါးပါးနဲ့ နဲ့တိုက်ဆိုင်မှ ... ပါဏာတိပါတ ကံမြောက်ပါတယ်ရှင်...။

'ဒီနေရာမှာ အဏုဇီဝ မိုးမွှားလေးတွေနဲ့ပတ်သက်ပြီးကို zayar myint myat ပြောထား တာလေး ရှိပါတယ် ....
Zayar Myint Myat ဗက်တီးရီးယားပိုး ဆိုသည်မှာ မှီတွယ်၍ ဖြစ်လာသော အရာများဖြစ်သည်, စိတ်နှင့် စေတသိတ်ရှိ သော သတ္တဝါ များ မဟုတ်ပါ , ဆဲလ်များကဲ့ သို့ တွဲဆက်၍ မသွားဘဲ ပြန့်ကျဲ ပွားများသောကြောင့် ပိုးဟု ခေါ်ဝေါ်ခြင်းဖြစ်ပါသည် , အင်းဆက်ပိုးမွှားသာဖစ်ပါသည်, ဆရာဝန်များကို မေးမြန်းစုံစမ်းကြည့်ပါ ။
အထူးသဖြင့် သွားပိုးဆိုတာ ပိုးမဟုတ်ပါ , ဓာတ်ပြုခြင်းတစ်ခုဖြစ်ပါသည်, သွားဆရာဝန်ကြီးများထံ စုံစမ်းနိုင်ပါသည်။
===================================
ဒါဆိုရင် တရားခံတစ်ယောက်ကို သတ်မိန့်ပေးတဲ့တရာသူကြီးက .... ငရဲကျမှာပေါ့ .... ဒါကို ခင်ဗျာတို့ ဘယ်လိုရှင်းမလဲ မရှင်းတတ်ကြတော့ဘူး မဟုတ်လား .... ခင်ဗျားတို့ ဘာသာ ကေ၇ှ့နောက် မညီတာတွေ အများကြီး
.
★ ★ ဘယ်လိုပဲသတ်သတ် .... အပေါ်က အချက် ( ၁၃ ) ချက်နဲ့ ... သူ့သတ်မှတ်ချက် အတိုင်းငြိရင် .... ကံမြောက်ပါတယ် ။
.
နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပေးစိုးမိုးရေးကိုဘာသာရေးနဲ့ရောလို့မရပါဘူး ... ဘာသာရေးနဲ့မဆိုင်ပါဘူး ... 
ရှင်ပြောသလိုဆို .... နတ်ပြည်က နတ်စစ်သူကြီးတွေ ... နတ်မင်းကြီးတွေ ... နတ်စည်းကမ်းတွေကို ချိုးဖောက်ရင် အပြစ်ပေးသူတွေ ....ပြီးတော့ ငရဲပြည်က ငရဲမင်းတွေ ငရဲသားတွေ ... အားလုံး ငရဲကျရ မလိုဖြစ်နေပါပြီ ....
.
ဒီမယ်ရှင် ... လူ့ပြည်မှာ လူတွေလိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာတဲ့သူတွေအတွက်  ဥပဒေတွေ သူဒေသ အလိုက် ရှိတယ် ....
ဒီလိုပဲ ငရဲပြည်မှာ လဲ ငရဲမင်းငရဲသား ရှိတယ် ....
ကောင်းကင်ဘုံမှာလည်းထိုနည်းလည်းကောင်းပဲ .... လူ့စည်း နတ်စည်း ...သူ့ဖာသူလိုက်နာရမယ် ...
မလိုက်နာရင်အပြစ်ပေးခံရတယ်လေ
.
ရှင်တို့မွတ်စလင်တွေမှာလဲ အလာဟ်က အချင်းချင်း ချစ်ကြဘို့ ... မနှိပ်စက်ဘို့ အချင်းချင်းသတ်ရင် ...နှိပ်စက်ရင် မစောင့်ရှောက်ရင် မချစ်ရင် ဟာရမ်းဆိုတဲ့ငရဲဆိုတာတွေ ... ကျိန်ခဲ့တာတွေရှိခဲ့တာပဲ .... ဒီတော့ မွတ်အချင်းချင်း ထောင်ချ နှိပ်စက် သေဒါဏ်ပေးတဲ့ မွတ်စလင်တရားသူကြီးတွေ .... ပလီဆရာတွေ အားလုံးဟာ ငရဲရောက်မလားဖြေကြည့်ပေးလေ ...။
.
ချမ်းမြေ့ကြပါစေရှင် ....
.

No comments:

Post a Comment