Sunday, December 21, 2014

ဒေါ်မြင့်မြင့်ခင်ဖေ အတွက်


မောင်လေးညီမလေးတို့ရေ ...
နူးးက ငယ်ငယ်လေးထဲက ကိုရင်လေးတွေ ရဟန်းတွေကို စူးစူးနစ်နစ် တွယ်တာခဲ့ရတဲ့ အကြောင်းရင်း ရှိခဲ့တယ် ...
နူးငယ်ငယ်က အိမ်မှာဆွမ်းခံကြွတဲ့ ကိုရင်လေးတွေ ရဟန်းပျိုလေးတွေရှိကြပါတယ် ... နူးတို့ ဆင်းရဲ လွန်းတာ သိရက်နဲ့ သံယောဇဉ်တွေ ပဲ တွယ်ပြီး ဆွပ်းခံကြွကြတာပါ ... ဒါ့အပြင်မေမေကတစ်လတစ်ခါ အာရုံဆွမ်းတာဝန်ယူသေးတာ ...
တစ်ခါတစ်လေ ကိုယ်တော်တွေ ဆွမ်းခံကြွလာချိန်ထိ ဆန်မရှိလို့ထမင်းလေးတောင် မတည်ရသေး ပါဘူး ဖေဖေကလဲလေငန်းသမားဆိုတော့ ခနခန ဗိုက်ကဆာတတ်တယ်လေ ...
ဒီလိုနေ့တွေ ဆို ကိုယ်တော်တွေရော ...ကိုရင်လေးတွေပါ ကိုယ်တစ်ခြမ်းသေ အိပ်ယာထဲလဲနေ တဲ့ဖေဖေ့ကို  သူတို့ဆွမ်းတွေစွန့်သွားတယ် ယပ်တောင်ကြားထဲမှာ ဖွက်ထားတဲ့ ၀တ္တုငွေလေးတွေ ကို မေမေ့လက်ထဲ အတင် ထိုးပေးသွားတယ်  ... ဒီအခါမှာ နူးတို့တွေဆန်လေးဆီလေးဝယ် ချက်စားကြ ရဘူးပါတယ် ။နူးးငယ်ဘ၀တစ်ဆစ်ချိုးရဲ့ ကျေးဇူးရှင်တွေဆိုလဲမမှားပါဘူး ...။
.
ဒီကိုယ်တော်လေးတွေကပဲ သူတို့အသက် ( ၂၀ )ပြည့်တော့ နူးတို့လဲပြန်အဆင်ပြေလာချိန်ပေါ့ မေမေ့ကို ဒကာမကြီးရဟန်းခံပေးပါ ရဟန်းအမလုပ်ပါ ဆိုပြီး တောင်းပန်ကြပြန်တယ် ...
.
သူတို့လေးတွေ ကိုရင် ဘ၀တွေတုန်းကလဲ ... ညနေ ဆွမ်းဂျိုင့်လာပေးတဲ့အချိန် တွေဆို ... အပေါ်ထပ် မှာမေမေ့ ကိုချောင်း ... ပြီးရင်ညီအစ်မ သုံယောက် ကိုရင်ကိုမီးဖိုထဲခေါ် ... တံခါးပိတ် ငပိရေနဲ့ထမင်းနဲ့ကိုဇလုံကြီးနဲ့နယ် ... ဇွန်းတွေတပ် တခစ်ခစ်နဲ့ လုစားကြတယ် ... သိတ်ပျော်ခဲ့တာပေါ့ ... အဖေဂီလာနကြီးနဲ့ လူတွေ အပယ်ခံရချိန်တွေမှာ သူတို့က နူးတို့မောင်နှမတွေ အတွက် အားအင်တွေ ပါပဲ ...
.
ကိုရင်ဘ၀ကနေ ရဟန်းဖြစ်တော့လဲ တစ်ကယ့်သိက္ခာရတွေလို စာအံပြန်တယ် ... ရင့်ကျက်လာတာနဲ့အမျှ ၀ိနည်းတွေကို လိုက်နာလာတယ် ... အကြီးတန်းအောင်တဲ့အချိန်မှာတော့ အတော်လေးကို ရင့်ကျက် လာကြတယ် ... အရင်လို နူးတို့နဲ့မီးဖိုထဲခိုးမစားတော့ဘူး ... မေမေလှူတဲ့ငွေကိုလဲ ဒကာမကြီး ကုသိုလ် ရအောင်ဆိုပြီး တန်ဘိုးရှိတဲ့နေရာမှာသုံးခဲ့ကြတယ် ။
.
ဒီလိုတွေကြောင့် နူးက ရဟန်းတွေ ကိုရင်တွေကို သိတ်ချစ်တယ် ... သူတို့တွေကိုမြင်တိုင်းငယ်ဘ၀က သူတို့တွေ စွန့်ကြဲတာလေးကိုသတိရတယ် .. မေမေ့မှာလဲဒီခံစားချက်ရှိနေခဲ့တယ် ဒါကြောင့်မို့အိမ်ကို ဆွမ်းရပ်ချင်ပါတယ်ပြောသမျှ ကိုယ်တော်တွေကိုသူမငြင်းဆန်ခဲ့ဘူး ... အတတ်နိုင်ဆုံး လှူပါတယ် ။
.
၂၀၀၃ ခုနှစ်လောက်တုန်းက နူး ရန်ကုန်ကိုပြန်ဖြစ်တယ် ... တစ်နေ့မှာအိမ်ကို မူးနေတဲ့ရဟန်းတစ်ပါး အလှူလာခံတယ် ... နူးမေးတယ် ဘာလို့ရဟန်းဝတ်တာလဲ ... ဘာလို့မူးရတာလဲ ... သူကပြောတယ် နေစရာ စားစရာ မရှိလို့ဘုန်းကြီးဝတ်ရပါတယ်တဲ့ ... ဒါဆိုနေစရာစားစရာရ တာတောင် ဘာလို့မူးရတာလဲ  ဆိုတော့ ... သူကငိုပြီးပြောတယ် ...
သူ့မှာသမီးလေးတစ်ယောက်ရှိတယ် ... အိမ်ထောင်ကျနေတယ် ကိုယ်ဝန်ကြီးနဲ့ သူ့သမက်က ပိုးထိပြီဆေးရုံရောက်နေတယ် သမီးကလဲ နေ့စေ့ လစေ့ မွေးစရိတ်မရှိဘူး ...ယောက်ျားကလဲဆေးရုံမှာ တဲ့။
.
နူးဖျတ်ခနဲသတိရသွားတယ် ..ဖေဖေလေဖြတ်ခါစတုန်းက ... နူးက ၅တန်း ဖေဖေကရန်ကုန်ဆေးရုံကြီး မှာ မေမေ ကလဲ ... ကိုယ်ဝန်ပျက်ကျလို့ တောင်ဥက္ကလာဆေးရုံမှာ ... နူးတို့မောင်နှမတွေပဲအိမ်မှာ ကျန်ခဲ့တာ ညီမအငယ်ဆုံးလေးက တစ် နှစ် ကျော်နှစ်နှစ် ...
.
ဒါနဲ့ဆေးကုစရိတ် ... အရင်းအနှီးလေးပေးလိုက်တယ် နောက်ကတိတစ်ခုတောင်းလိုက်တယ် လိုတာရှိရင် အတတ်နိုင်ဆုံးပေးပါ့မယ် ...ဒါပေမယ့် ကျမပေးတာလေးတွေအတွက် ... ကျမကို တစ်ခုခုလုပ်ပေးပါ... တရားထိုင်တိုင်း အမျှဝေတိုင်း ကျမအဖေ နောင်ဘ၀ဆက်တိုင်း ခုလို အိပ်ယာထဲ နေရတဲ့ ဘ၀ မရောက်ပါစေနဲ့ ဆိုတာလေးပဲ ဆုတောင်းပေးပါလို့ပြော လိုက်တယ် ။
.
( ၂ )လလောက်ကြာတဲ့အချိန်မှာစိတ်သစ်လူသစ်နဲ့ ရဟန်းအိုကြီး ကျမကိုလာတွေ့တယ် ... သူ့သမီးလေးလဲမွေးကင်းစခလေးလေးနဲ့ ပါလာတယ်  ... တစ်ကယ့်ကို ရဟန်းကောင်းတစ်ပါးလို ဖြစ်နေတာတွေ့ရတယ်  ... တရားလဲထိုင်တယ် နူးအတွက် ဆုတောင်းပေးတာတွေကိုလဲပြောပြတယ် ... ကျမပျော်လိုက်တာ မပြောပါနဲ့တော့။
.
ဒီတော့ ကျမပြောချင်တာက ကျမတို့ဗုဒ္ဓဘာသာဝင်တွေ ရဟန်းတွေကို လှူတယ်ဆိုတဲ့နေရာမှာ ရာချီတဲ့ အဓိပါယ် ဖွင့်ဆိုချက်တွေ အများကြီးရှိနေပါတယ် ....
တစ်ချို့က အလှူဆိုပြီးလှူတယ်
တစ်ချို့က သံဃာ့ဂုဏ်တော်တွေကိုရည်မှန်းပြီးလှူတယ်
တစ်ချို့က သြော်ငါတို့ဘုရားရှင်ရှိစဉ်တုန်းကလဲ ဒီလိုပဲသင်္ကန်းဝတ်ပြီး ဆွမ်းခံကြွတာပဲ ဆိုတဲ့ မှန်းဆပြီး ပီတိနဲ့ လှူုတယ် ...
တစ်ချို့ကလဲ သာသနာတော်ရဲ့အနှစ်ဖြစ်တဲ့ အလှူခံပုဂ္ဂိုလ်ရှိမှ အလှူမြောက်တယ်ဆိုတဲ့အတိုင်း အလှူခံ ပုဂ္ဂိုလ်ကိုလှူတယ် ...
တစ်ချို့ကလဲ သံဃာကို ဆွမ်းလောင်းလိုက်တဲ့အချိန်နဲ့ ဦးချလိုက်တဲ့အချိန် ဆုပေးသံကြားလိုက်တဲ့ အချိန်လေးမှာ လက်ရှိဖြစ်နေတဲ့ ဒုက္ခတွေပြသနာတွေမေ့လျော့သွားပြီး အေးချမ်းမှုပီတိလေးရသွားတယ် ... ဒီလိုကုသိုလ်လေးကိုသာဓုခေါ်ချင်တယ် နှလုံးသားထဲသိမ်းချင်တယ် ဒီလိုသဘောတွေနဲ့လှူကြတာပါ ...။
မနေ့က စတေးတပ်စ်လေးတစ်ခုဖတ်မိတယ် ....ဘာရေးထားလဲဆိုတော့ ... 
.
ဒီနေ့ အိမ်မှာ နေ့စဉ် ဆွမ်းခံကြွနေတဲ့ ကိုယ်တော်ကို မဘသက လား လို့ မေးကြည့်တယ်။ မဟုတ်ဘူးဆိုလို့ ဆွမ်းဆက်လောင်းပါမည် တဲ့ ....။
ကျမအတွက်ကနေ့စဉ်မြတ်စွာဘုရားဟောတဲ့တရားအတိုင်းနေနေတာမို့ကုသိုလ်တွေချည်း ပြည့်နေပါတယ် ကိုယ့်လောက်မှတရားမရှိတဲ့သူတွေကိုဆွမ်းမလောင်းပဲ ကိုယ့်ထက်တရားပြည့်တဲ့သူကိုပဲ စည်းကပ်ချင် တာပါ တဲ့လားရှင် ....။
ရင်နာလိုက်တာ ...   .
ဘုရားရှင်မဟောခဲ့တဲ့ ဒီလိုယုတ်ညံ့တဲ့စကားလုံးတွေ အယူအဆတွေကို  ဘယ်လိုပါးစပ်မျိုးနဲ့ ထွက်ဝံ့ တာတုန်းရှင် ...
ဘဘဦးအောင်သင်းလို နိုင်ငံတော်က လူကြီးလူငယ်လေးစားရတဲ့ လူကြီးနာယက တစ်ယောက် ကို ကလိမ်ကကျစ် သူခိုးပါလို့စွပ်စွဲ  ဂျောက်ချ နေရာလုပြီးမှ ၇လာတဲ့စည်းစိမ်တွေနဲ့ အစွမ်းကုန် မောက်မာပြီး  Donar တွေအကြိုက် ငွေအတွက် သာသနာတော် ကိုချနင်းတယ်လား  သံသရာနဲ့လောင်းကြေး ထပ်ဝံ့ တယ်လား အန်တီ ...။
ဒီလိုလုပ်တဲ့ ဒီလိုယုတ်မာခဲ့တဲ့ ရှင်က ၇ှင့်လောက်တောင် တရားမရှိသူကိုမလှူဘူးဆိုတော့ ... ကျမတောင်အတော် စဉ်းစားရခက်သွားပါပြီ ...။
.
အေးလေ ရှင်ကပြောအားရှိတာပေါ့ ... သားသမီးတွေကိုလဲ ဥရောပလိုနိုင်ငံတွေမှာ တစ်လ ကို တစ်ယောက် ဒေါ်လာ သောင်းချီ အကုန်ခံကျောင်းထားဒေါက်တာ ဘွဲ့တွေ ရအောင် သံသရာနဲ့ ရင်းပြီး ပျိုးထောင်ပေးနိုင် တဲ့စံပြမိခင်ကြီးကိုး ....
.
သာသမီးတွေကို ဥရောပလိုနိုင်ငံမှာ အဆင့်မြင့်မြင့် ချမ်းချမ်သာသာ နေနိုင်စားနိုင်အောင် ငွေတွေ ထားစရာ မရှိအောင် အလျှံပယ် ထောက် ပံ့ နိုင်တဲ့ စံပြမိခင်ကြီးကိုး .... ပြောပေါ့ရှင်
ရှင်လက်ရှိ ရှင်ပိုင်ဆိုင်နေတာတွေအားလုံးဟာ က ထာဝရ မဟုတ်ပါဘူး အန်တီ တစ်ဘ၀ ထဲစံဘို့ အတွက်လဲ ဖြစ်သွားချင်ဖြစ်သွားနိုင်ပါတယ် ... ရှင့်ကိုဒီလောက်မောက်မာစေတဲ့ စည်းစိမ်တွေဟာ ... ဘယ်ကလဲ ဘာအတွက်လဲ ... ရှင်ဘယ်နှစ်ကြိမ်စဉ်းစားမိလဲဟင် .... တစ်ခုတော့သိထားပေးပါ ရှင် ...
.
ရဟန်းဆိုတာ .... 
၁။ သင်္ကန်းကို ၀တ်ရုံထားတယ် ဆောင်ထားတယ် 
၂။ ဘုရားရဟန္တာလို ဦးပြည်း အသွင်ကို ဆောင်ထားတယ် 
၃။ ရဟန်းအစစ်မဟုတ်သော်တောင်မှ သူ့ကိုယ်သူ ရဟန်းလို့ ၀န်ခံထားတယ် 
၎။ အပြစ်ကိုပင်ကျူးလွန်သော်လည်း ရတနာသုံးပါးကို ဆည်းကပ်သူဖြစ်တယ် 
၅။ လူအများနဲ့ထွေးရောယှက်တင် နေခွင့်မရှိ  အိမ်မှာမနေဘဲ ကျောင်းမှာနေတတ်တယ် 
၆။ သာသနာတော် တည့်တံ့မှုကို လိုလားတယ် 
၇။ ဘုရားရှင်ရဲ့တရားတော်ကို ဟောတတ်တယ် 
၈။ တရားတော်ကို အမှိပြုနေတယ် 
၉။ သမ္မာဒိဌိ အယူမှန်ရှိတယ် 
၁၀။ တစ်လကို နှစ်ကြိမ် အခြားရဟန်းများ ဥပုသ်ပြုလျှင် လိုက်ပါတတ်တယ်။ 
ဒီအချက် ( ၁၀ ) ချက်နဲ့တင် သာမန်လူတွေထက်စင်ကြယ်နေပါပြီ .... လှူကောင်းပါတယ်ရှင် ...။


http://tharafi.blogspot.com/search/label/%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B8%20%E1%80%80%E1%80%AF%E1%80%AD%20%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%81%BE%E1%80%80%E1%80%B6%E1%80%81%E1%80%B2%E1%82%94%E1%80%85%E1%80%A5%E1%80%B9%E1%80%80%20%E1%80%94%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%95%E1%80%AF%E1%80%B6%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%BD

No comments:

Post a Comment