Wednesday, December 24, 2014

ဘု၇ားမဖြစ်မီဘု၇ားဖြစ်၇န် နတ်သား စောင်းလာတီးပါသလား




မောင်လေးညီမလေးတို့ရေ .... မနေ့က နူးရဲ့ပိုစ့်လေးတစ်ခုမှာ ....
နူးက အဌကထာကိုပါယ်တယ် .... မောက်မာတယ် ... အဌကထာကို ပါယ်တယ်ဆိုပြီးအဌကထာကို အရမ်းကိုးကားတယ် .... တတ်ယောင်ကားလုပ်တယ် ... ဘာတွေလဲမသိပါဘူး ... လာပြောပါတယ်။
.
★ ★ တစ်ကယ်တော့ ...အဌကထာ ဆိုတာဟာ ဘုရားဟောတွေကို လူအများသိမြင် နားလည် လွယ်ကူစေဖို့ အကျယ်ချဲပြီးပြန်ရေးပေးထာတာပါ ...
အဌကထာ ဆရာတော်ကြီးတွေသာ မပြန်ခဲ့ရင် ... ခက်ခဲနက်နဲတဲ့ ဗုဒ္ဓတရားတော်တွေကို .... သိခွင့်ရမှာ မဟုတ်သလို .... ဒီဆရာတော်ကြီးတွေကျေးဇူးကကြီးမားလှပါတယ် ....
.
★ ★ နူးက ပိုစ့်တစ်ခုကိုတင်တော့မယ်ဆိုရင် ...
၁... ကျမ်းကိုးတွေကိုအစင်အကြယ်ရှာပါတယ် ....
၂.... ပြီးရင် ကျမ်းညှိပါတယ် ( ကျမ်းတတ်ဖို့လွယ်တယ် ... ကျမ်းညှိဘို့ခက်တယ်တဲ့ရှင် ) ...
၃.... ပြီးရင် အာဂမ သဘာဝ ယုတ္တိနဲ့ယှဉ်ပါတယ် ....
၎.... ပြီးရင် ဗုဒ္ဓဟောတဲ့ ငါ၏တရားတော်တွေကို စစ်တော့မယ်ဆိုရင် ...တရားချိန်ခွင်ဆိုတဲ့ မဟာပဒေသတရား လေးပါးနဲ့ ညှိပြီးမှ .... မိမိကိုယ်တိုင် ထပ်ပြီးချင့်ချိန် ... သေချာတော့မှ ထပ်စီစ်ပြီး ယုံပါ ... ဒါဟာ ငါဘုရားဟောတဲ့တရားလို့ပြောတိုင်း မယုံပါနဲ့ဆိုတဲ့စကားအတိုင်း ... ထပ်ညှိပါတယ် ....
၅.... နောက်ပြီး နိုင်ငံတစ်ကာ ဗုဒ္ဓဆိုဒ်တွေမှာဝင်ဖတ်ပြီး သူတို့ဟောတာတွေနဲ့ထပ်ညှိပါတယ် ....
.
အားလုံးဘ၀င်ကျပြီး ဘာသာခြားတွေပါ ... အထွန့်တက်စရာ တစ်စက်မှ မရှိအောင်ပြည့်စုံသွားမှ ပိုစ့်တင်ပါတယ် ....
.
★ ★ ဒါကြောင့် ... တစ်ချို့ စောဒကတက်စရာဖြစ်တဲ့ ... ဘုရားရှင်ကို ကြည်ညိုလွန်ပြီး လွန်လွန်ကြူးကြူး ဖွဲ့ဆိုထားတာလေးတွေကိုတော့ ... အားလုံးနဲ့ညှိပြီး မယူသင့်တာ ကိုနူးကမယူပါဘူးရှင် ....
.
ဘာလို့လဲဆိုတော့ ...ဗုဒ္ဓရှင်တော်မြတ်ဟောတော်မူတဲ့ တရားတော်တွေကို မှန်ကန်ကြောင်း သိပ္ပံပညာက လာပြီး ထောက်ခံ ၀န်ခံနေချိန်မှာ ... တစ်ချို့အကြောင်းအရာလေးတွေက ... ဘုရားရှင်ကို တန်ခိုးရှင်လိုလို ဖန်ဆင်းရှင်လိုလို ထင်ယောင်ထင်မှားဖြစ်စေလို့ပါ ...
.
ဥပမာအနေနဲ့ အောက်က မောင်လေးတစ်ယောက် မေးထားတာလေးကို ဖြေပေးထားတာလေး ဖတ်ကြည့်စေချင်ပါတယ် ...
(((( ဖတ်ပြီးရင် ကျမပိုစ့်တွေဆက်တင်သင့်လား မတင်သင့်ဘူးလား ဆိုတာကို ရှင်တို့ပဲ ဆုံးဖြတ်ကြပါ ))))
==================================
★ သိဒ္ဓတ္ထမင်းသား ဘုရားမဖြစ်မီ ဘုရားအဖြစ်ရန် ကျင့်ကြံအားထုတ်နိုင်ဖို့ အတွက် နတ်သားက စောင်းတီးပြသည် ဆိုတာ မှန်ပါသလား ခင်ဗျာ သိသောသူများအားလုံး ကို ဖြေပေးစေချင်ပါတယ်

★ တချို့ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒါကို အမှန်လို့ ထင်နေသောသူများ ရှိပါတယ်
အားလုံး ဗဟုသုတ တိုးပွားစေရန် သိတဲ့သူများ ဖြေပေးကြဖို့ မေတ္တာရပ်ခံပါတယ်
( လင်းလင်း )
.

★ ★ ( ဒီလိုသာ နတ်သားက ဘုရားကို လမ်းပြတတ်နေရင် နတ်သားတွေ အားလုံး ဘုရားတွေ ဖြစ်ကုန်ပြီပေါ့ရှင် )
.
★ ★ အိန္ဒိယ ကျမ်းတွေမှာတော့ ... အိန္ဒိယသူ ကချေသည်လေးတွေက သျှီဝနတ်ကွန်းမှာ ပူဇော်ဖို့ တောထဲမှာပန်းလာခူးကြရင်း ... သီချင်းဆိုကြပါတယ်တဲ့ .... ဘယ်လိုဆို လဲဆိုရင် ....
.

တင်လွန်းတဲ့ကြိုး ပြတ် စောင်းသံထွက်ပြေးပေါ့
လျှော့လွန်းတဲ့ ကြိုး ... အ ... စောင်းသံသေပါပေါ့
မလျှော့ မတင်း စောင်းသံကို ညှင်းပါကွယ်
လူတွေ ဘ၀င်ခိုက်အောင် တို့ ကပြပါ့မယ် ....
.
ဒီလိုဆိုပြီးတောလမ်းတစ်လျှောက် အမှတ်တမဲ့ ကခုန်သွားတာကို သပြေပင်ရင်း ထိုင်ပြီးတရားကျင့်နေတဲ့ ဗောဓိသတ်ရဲ့နားထဲ ဒီသီချင်းသံ ပဲ့တင်ထပ်သွားပါတယ် ....
ဒီအခါ ဗုဒ္ဓက ခေါင်းမော့ကာ ဆိုတယ် ....
.
★ ★ ★ လူမိုက်သည် ပညာရှင်ကိုသင်မြဲ
ငါသည်လဲ ဂီတမယ် ဆိုသလို
တင်းလွန်းလျှင်ပျက် ... လျှော့လွန်းလျှင်ပက် တဲ့
ငါ့ရဲ့စောင်းကြိုးတင်းလွန်းခဲ့ပြီထင်ရဲ့
ငါသည် အတ္တ မာန တွေကြောင့် တင်းလွန်းခဲ့ပြီ ...
ငါအခု သစ္စာရဲ့ အလင်းတန်းအစကို မြင်မှ မျက်လုံးတွေဝါးပြီ
ငါပြတ်ရတော့မှာပါလား ... ငါသေလိမ့်
အလိုအပ်ဆုံးအချိန်မှာမှ ငါ့ခွန်အားလျှော့ပြီပ...
လူသားတွေလိုတဲ့ အကူမျိုး ငါရမှဖြစ်မယ် ...
ငါ့ဘ၀က လူအားလုံးရဲ့မျှော်လင့်ချက် ပ ....
.
★ ★ ဒုက္ကရစရိယာ ကျင့်နေတဲ့ ... ဗောဓိသတ်က ... ဒီသီချင်းလေးကိုကြားတဲ့အခါမှာ ... အသိဝင်လာတာလို့ရေးထားပါတယ် ...
.
★ ★ ဒါပေမယ့် သီဟိုလ်နဲ့ မြန်မာ ကျမ်းတွေမှာတော့ ... ဘုရားမဖြစ်မီ ဘုရားဖြစ်ရန် ပဉ္စသိင်္ခ နတ်သားကစောင်းလာတီးပြီး ... ဒီလိုကျင့်ကြံရတယ်လို့ လမ်းပြသလို ရေး လိုက်တဲ့ အခါ ...
.
★ ★ ဘုရားရှင်က ဘာမှမသိလို့ နတ်တွေက နိဗ္ဗာန်ရောက်အောင် ... အလယ်အလတ် လမ်းစဉ်ကို လိုက်ဖို့တစ်ဖက်လှည့်နဲ့ လမ်းပြသလိုဖြစ်သွားပါတယ် ...
နတ်သိကြားတွေကပဲ ဘုရားရှင်ကို လမ်းပြတဲ့ ဆရာလိုလို အဓိပါယ် သက်ရောက် သွားတာပါ ....
.
★ ★ ဒီအခါမှာ ဆရာမကူ သရမ္ဘူ ဥါဏ်တော်နဲ့ ထိုးထွင်းသိမြင်တော် မူသော မြတ်စွာ ဘုရားဆိုတဲ့ ... စကားဟာ ဘာသာခြားတွေ အမြင်မှာ .... ရှေ့နောက် မညီ သလိုဖြစ် သွားပါတယ် ....
တစ်ကယ်တော့ ပညာရှိအများစုဟာ ပညာမဲ့ဆီကနေ ပညာရတတ်ပါတယ် ...
(((( နူးဖတ်ဖူးတာ သိတာကို ပြောပြတာဖြစ်တဲ့အတွက် .... ယူသင့်တာကိုယူ မယူသင့်ရင်မယူပါနဲ့ရှင် ))))
.
While he that bore the sitar thrummed and twanged
His threads of brass, and she beside him sang —
.
“Fair goes the dancing when the sitar’s tuned;
Tune us the sitar neither low nor high,
And we will dance away the hearts of men.
The string o’erstretched breaks, and the music fl ies;
The string o’erslack is dumb, and music dies;
Tune us the sitar neither low nor high.”
.
So sang the nautch-girl to the pipe and wires,
Fluttering like some vain, painted butterfl y
From glade to glade along the forest path,
Nor dreamed her light words echoed on the ear
Of him, that holy man, who sate so rapt
Under the fi g-tree by the path. But Buddha
Lifted his great brow as the wantons passed,
And spake:
.
“The foolish ofttimes teach the wise;
I strain too much this string of life, belike,
Meaning to make such music as shall save.
Mine eyes are dim now that they see the truth,
My strength is waned now that my need is most;
Would that I had such help as man must have,
For I shall die, whose life was all men’s hope.”

(((( Sir Edwin Arnold .... ))))
.
ကိုယဉ်ထွေးဖြေထားတာလေးလဲ ဖတ်ကြည့်ပါ ....
Yin Htwe
ပညာမဲ့ သည် ပညာ ရှိအား သင်အံ့ .,
ငါ၏ အကျင့် တို့သည်လွန်ခဲ့၏ .,
တင်းလွန်းသောကြိုးပျက် ၍
လျှော့ လွန်းသောကြိုးတို့သည်ပက်၏
ရှေးမဆွ က ငါသည် အတ္တ မာန
လောဘ တို့ကြောင့် တင်းခဲ့၏
ခုငါ ပျက်ရခြေတော့မည် ။
ဟု ဆင်ခြင်မိ၏
.. အဲ့မှာ ဝိတက်ဝိစာရ ပြည့်စုံ၍ ပ..ဈာန် နိုးထခဲ့၏ .. ပါတဲ့ဗျာ
ပဉ္စသိင်္ခ နက်သားက ဘုရားထက်သိသလိုတော့ မလုပ်ပါနဲ့ ခင်ဗျာ။
.
ချမ်းမြေ့ကြပါစေရှင် ....
.

No comments:

Post a Comment