Monday, August 19, 2013

ကုရ်အာန်တွင်ဆိုသော ရှင်ဂေါတမအကြောင်း ( ဖြေရှင်းချက် )

အစ္စလာမ်ဘာသာ ပေါ်ထွန်းလာမှာကို ဗုဒ္ဓက နှစ်ပေါင်းတစ်ထောင်ကျော် လောက်ကတည်းက ကြိုတင် ဟော ကိန်းထုတ်ခဲ့တယ်ဆိုတဲ့ ဆောင်းပါးတစ်စောင်ကိုတွေ့တာနှင့် မျှဝေခဲ့ပါတယ်။ အဲဒိလို မျှဝေရာမှာ ကုရ်အန်ထဲ မှာ ဗုဒ္ဓနှင့် ပတ်သက်၍ ဖေါ်ပြထားတာရှိတယ်လို့ ရေးလိုက်ပါတယ်။ ရေးလိုက်ရတဲ့ အကြောင်းရင်းတစ်ခုက ဗုဒ္ဓ ဘာသာလူများစုတွေ နေထိုင်တဲ့ မြန်မာနိုင်ငံက မြန်မာမွတ်စလင်တွေအနေနှင့် ဗုဒ္ဓနှင့် အစ္စလာမ် ဆက်စပ်မှုကို ကြားသိထားသည့်အတိုင်း ရေးလိုက်ခြင်းဖြစ်ပါတယ်။ လူမျိုးနွယ်တိုင်းကို အလ္လာဟ်အရှင်က တမန်တော်များ စေလွှတ်ခဲ့သည်ဟု ကုရ်အန်က ဆိုသည်ဟုလည်း ကြားနာဖူးပါတယ်။ ဗုဒ္ဓကို ကုရ်အန်တွင် ဖေါ်ပြထားသည်နှင့် ပတ်သက်၍လေးစားအပ်သော မိတ်ဆွေကြီးနှစ်ဦး ကမေးခွန်း ထုတ် လာပါတယ်။

ကျနော်သိသလောက်က ဘာသာအသီးသီးမှာ အယူအမြင် ကွဲပြားမှုတွေ ရှိပါတယ်။ အဲဒီအယူ အမြင်ကွဲပြားမှု အပေါ် အခြေခံပြီး ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ဂျူး စသည်တို့မှာ အစ္စလာမ်လိုဘဲ ဂိုဏ်းကွဲများ (Schools) ဖြစ်တည်လျက် ရှိပါတယ်။ တစ်ဂိုဏ်းထဲမှာပင် ဒေသအလိုက် ကွဲပြားမှုတွေ ရှိတတ်ပြန်ပါတယ်။

အခုကျနော် ဖေါ်ပြပေးမည့် အကြောင်းအရာနှင့် ပတ်သက်၍လည်း အစ္စလာမ် ဘာသာရေး ပညာရှင်များတွင် အမြင်မတူညီမှုတွေ ရှိနိုင်ပါတယ်။ ကျနော့အနေနှင့် တွေ့ရှိရခြင်းကို ဗဟုသုတအဖြစ် မျှဝေပေးခြင်းသာဖြစ်ပါ တယ်။ လေ့လာထားတာ ဟုတ္တိပတ္တိမရှိ၍ လေ့လာထားတာကို တင်ပြခြင်း အလျဉ်း မဟုတ်ပါ။ ဘယ်လောက် မှန်တယ်။ မမှန်ဘူး။ ခိုင်မာတယ်။ မခိုင်မာဘူးဆိုတာကို အသေးစိတ် ပိုမိုသိရှိလိုပါက သက်ဆိုင်ရာ အစ္စလာမ် သာသနာ့ ပညာရှင်များကို ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။ မိမိ သိရှိထားသည်များ ရှိပါကလည်း ဖတ်ရှုလိုပါ တယ်။

ဆရာ ဦးမောင်ကို ဂဖာရီ၏ Al-Nahdahပါ ဆောင်းပါးကို (မူလ မိတ္တူက အလွန်ဟောင်းနွမ်းနေပြီး ဖတ်ရန် ခက်ခဲနေသဖြင့်) ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်စာအားနည်းသော မိတ်ဆွေများ အလွယ်သိရှိနိုင်ရန် အဓိကကျသောအချက်အလက်အချို့ကိုမြန်မာပြန်ပေးလိုက်ပါတယ်။

(Allama Yusuf Ali အပါအဝင်) ထင်ရှားကျော်ကြားသော အစ္စလာမ်သာသနာ့ ပညာရှင်များက ဂေါတမဗုဒ္ဓကို Surah Ambiya (21:85-86)နှင့် Surah Sad (38:48)ပါ Zul-Kifl, Man of Kappila (ဇွလ်ကိဖ်လ်, ကပ္ပိလမှ ပုဂ္ဂိုလ်ထူး)အဖြစ် သတ်မှတ် ဖေါ်ပြကြပါတယ်။ Maulana Manazir Ahsan Gilaniက Sabe-inသည် ဗုဒ္ဓဘာသာနိုင်ငံကို ရည်ညွှန်းသည်ဟု ဆိုခဲ့သည်။ Maulvi Abdul Haq Vidhyarthi နှင့် အခြားသြဇာကြီးမား သော အစ္စလာမ်သာသနာ့ ပညာရှင်အများအပြားက ဗုဒ္ဓမိန့်ကြားခဲ့သော နောက်ပွင့်တော်မူမည့် Ari-Metteya ဘုရား(မိမိ၏ ရန်သူကိုပင် မေတ္တာတရား ကြီးမားစွာ ထားနိုင်သောသူ) ဆိုသည်မှာ ကျွန်ုပ်တို့၏ နောက်ဆုံး တမန်တော်ကိုရည်ညွှန်းခြင်းသာဖြစ်ကြောင်းရှင်းလင်းဖွင့်ဆိုကြသည်။

အချို့ပညာရှင်များက Surah At-Tin(95)ကို သဖန်းပင်ဟု ပြန်ဆိုရာတွင် ဗုဒ္ဓနှင့် အခြားသူတော်စင်များ တရား အားထုတ်သောဗောဓိညောင်ပင်ကိုလည်းဆိုလိုနိုင်ကြောင်းဖွင့်ဆိုကြသေးသည်။

လေးစားစွာဖြင့်

အောင်တင်
အောက်တိုဘာ ၁၁၊ ၂၀၁၀

Copy from: http://myanmarmuslimhands4u.blogspot.com/2011/04/blog-post_4370.html

http://islaminmyanmar.blogspot.com/2012/09/blog-post_11.html 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

ဖြေရှင်းချက်....

မင်းကန် စီ

 ((((Allama Yusuf Ali အပါအဝင်) ထင်ရှားကျော်ကြားသော အစ္စလာမ်သာသနာ့ ပညာရှင်များက ဂေါတမဗုဒ္ဓကို Surah Ambiya (21:85-86)နှင့် Surah Sad (38:48)ပါ Zul-Kifl, Man of Kappila (ဇွလ်ကိဖ်လ်, ကပ္ပိလမှ ပုဂ္ဂိုလ်ထူး)အဖြစ် သတ်မှတ် ဖေါ်ပြကြပါတယ်။ Maulana Manazir Ahsan Gilaniက Sabe-inသည် ဗုဒ္ဓဘာသာနိုင်ငံကို ရည်ညွှန်းသည်ဟု ဆိုခဲ့သည်။ Maulvi Abdul Haq Vidhyarthi နှင့် အခြားသြဇာကြီးမား သော အစ္စလာမ်သာသနာ့ ပညာရှင်အများအပြားက ဗုဒ္ဓမိန့်ကြားခဲ့သော နောက်ပွင့်တော်မူမည့် Ari-Metteya ဘုရား(မိမိ၏ ရန်သူကိုပင် မေတ္တာတရား ကြီးမားစွာ ထားနိုင်သောသူ) ဆိုသည်မှာ ကျွန်ုပ်တို့၏ နောက်ဆုံး တမန်တော်ကို ရည်ညွှန်းခြင်း သာဖြစ်ကြောင်းရှင်း လင်းဖွင့်ဆိုကြသည်။)))


ကျုပ်တို့သာသနာတော်မှာ အရိမတ္တေယျမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်တော် မူမယ်လို့ပဲ ဟောထားခဲ့တာမဟုတ်ဘူးလေကွယ်…. အရိမတ္တေယျမြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ ဘယ်လိုဘယ်ပုံပေါ်ပေါက်တော်မူမယ်ဆိုတာက အစ ဟောကြားတော်မူခဲ့ပြီး မည်သည့် ဂုဏ်တွေနဲ့ပြည့်စုံ  မယ်ဆိုတာပါ အတိအကျပါပါသကွယ်….. အရိမတ္တေယျမြတ် စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူ့ကိုယ်သူခေါင်းဖြတ်ပြီးပေးလှူခဲ့တဲ့ကုသိုလ်တော်ကြောင့် မြတ်စွာဘုရားရှင်ရဲ့ အထက်မှာ တိုင်လေးခုပါတဲ့ ရတနာကျောင်းတော် သဏ္ဍန်အမိုးထီးတော်ဟာ အမြဲတစ္ဆေလိုက် ပါပြီး နေရောင်မခ မိုးပေါက်မကျရအောင် လိုက်ပါနေမယ်…. အရိမတ္တေယျဘုရားရှင် ကိုယ်တော်မြတ် ကြီးကြွ ချီတော်မူတဲ့ ခြေလှမ်းတိုင်းမှာလည်း ပဒုမ္မာကြာပွင့်တွေဟာ မြေပြင်မှသူ့အလိုလိုပေါ် ထွက်ပြီး ခြေတော်အစုံကို ခံယူတော်မူမယ်လို့ ဟောထားခဲ့တယ်… ကဲ ဘယ်မှာလဲ မိုဟာမက်မှာ အဲဒီလိုအချက်အ လက်ထူးတွေ…. ဟားဟားဟား အလိုလိုရတနာကျောင်းတော် လိုက်မိုးပေး ဖို့နေနေ သာသာ အမြဲတမ်းထီးလိုက်မိုးပေးမဲ့သူတောင်ရှိလို့လား….. ဘုရားရှင်တို့မည်သည် ကိလေသာဟူ၍ ဝါသနာနှင့်တကွအကြွင်းမဲ့ပယ်သတ်တော်မူပြီးမှဖြစ်ပါတယ်ဆိုတာကို အဲဒီလို မယားပေါင်း သောင်းခြောက်ထောင် နဲ့လူက တို့ဘုရားဖြစ်ချင်သေး သလားကွယ်… . ဖြစ်ချင်သပ ဆိုရင်တော့ တို့သာသနာထဲဝင် ဘုရားရှင်ကိုဖူးတွေ့နိုင်အောင်အရင်ကြိုးစား… ပြီးမှ ဘုရားဆုသာ ပန်ပေရော့…..  အဲ…. အဲလိုမျိုးဆိုရင်တော့လည်း ဒီလိုဘာသာတစ်ခု ထူထောင်ဖြစ်မှာတောင် မဟုတ်လောက် ပါဘူးလေ… အတင်းရော ဇွတ်ရော အဓမ္မရောကို ဆွဲတူနေတော့တာပဲ… တို့မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီး အနှိုင်းမဲ့လောကသစ္စာတရားတော်ဖြစ်တဲ့ အနတ္တဝါဒ ကို ဟောကြားဖြန့်ဝေတော် မူတယ်… ထာဝရဆိုလို့ နိဗ္ဗာန်ကိုတောင် မသုံးနှုံးဘူး… နိဗ္ဗာန်ဆိုတာ အငြိမ်းဓါတ်သက်သက် သာလျှင်ဖြစ် တယ်…. အဲဒီလိုဘုရားရှင်ကိုယ်တော်မြတ်ကြီးက ထာဝရတည်နေပါတယ်ဆိုတဲ့ ဖန်ဆင်းရှင်ရဲ့ တမန်တော်ဖြစ်ပါဦးမလား…. အဲဒီလိုကိုယ့်ကိုကိုယ် ဖန်ဆင်းရှင်ပါလို့ လေကြီးနေတဲ့ သတ္တဝါ သာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ နဖူးတွေ့ဒူးတွေ့ကြုံကြိုက်လိုက်ရရင် သဗ္ဗေဓမ္မာအနတ္တာ၊ သဗ္ဗေသင်္ခါရာအနိစ္စာဆိုတာတွေကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူလိုက်လို့ သဘောပေါက်နားလည်ပြီး မှားပါပြီလို့ ဝန်ချတောင်းပန်သွားမှာသေချာတယ်…. ဘုရားရှင်လက် ထက်တော် ကလည်း ပကဗြဟ္မာကြီးဟာ သူ့ကိုယ်သူဘုံစဉ်တွေလျှောကျနေမှန်းမသိဘဲနဲ့ မြဲလှပြီထင်ပြီး သူကတော့ ထာဝရပါလို့ အခုလိုပဲ ခပ်တည်တည်နဲ့ ဘာမသိညာမသိရမ်းဖြီးခဲ့သေးတာပဲလေ…. အတုမဲ့ပရမေ အစစ်ဖြစ်တဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တော့ သူလည်း အရှုံးပေးရပြီး အမှားကိုဝန်ခံ ရတော့တာပဲ မဟုတ်လား….. အခုလည်း ဖန်ဆင်းရှင်ဆိုတာကြီး အဲဒီဘဝရောက် သွားပါဦးမယ်ဗျာ…. စွတ်ပြီးတော့ အရမ်းကာရောကို မတူချင်စမ်းပါနဲ့….



 Autumn

((((((Allama Yusuf Ali အပါအဝင်) ထင်ရှားကျော်ကြားသော အစ္စလာမ်သာသနာ့ ပညာရှင်များက ဂေါတမဗုဒ္ဓကို Surah Ambiya (21:85-86)နှင့် Surah Sad (38:48)ပါ Zul-Kifl, Man of Kappila (ဇွလ်ကိဖ်လ်, ကပ္ပိလမှ ပုဂ္ဂိုလ်ထူး)အဖြစ် သတ်မှတ် ဖေါ်ပြကြပါတယ်။ Maulana Manazir Ahsan Gilaniက Sabe-inသည် ဗုဒ္ဓဘာသာနိုင်ငံကို ရည်ညွှန်းသည်ဟု ဆိုခဲ့သည်။ Maulvi Abdul Haq Vidhyarthi နှင့် အခြားသြဇာကြီးမား သော အစ္စလာမ်သာသနာ့ ပညာရှင်အများအပြားက ဗုဒ္ဓမိန့်ကြားခဲ့သော နောက်ပွင့်တော်မူမည့် Ari-Metteya ဘုရား(မိမိ၏ ရန်သူကိုပင် မေတ္တာတရား ကြီးမားစွာ ထားနိုင်သောသူ) ဆိုသည်မှာ ကျွန်ုပ်တို့၏ နောက်ဆုံး တမန်တော်ကိုရည်ညွှန်းခြင်းသာဖြစ်ကြောင်းရှင်းလင်းဖွင့်ဆိုကြသည်။))))))
 
ဖြစ်ရလေရှင်.... ဆရာတပည့်နှစ်ယောက်ကလဲတစ်ယောက်တမျိုးပါလားးး
ကိုအောင်တင်ရေ..ရှင်တင်တဲ့ပိုစ့်မှာတောင်.... လေးလုံးမကွဲဖူးနော်... ဂေါတမဘုရားရှင် လိုလို အရိမေတ္တယျ ဘုရာရှင်လိုလို.... ဘာအကြောင်းကိုလိမ်ချင်တာလဲရှင်....

ကဲ Surah Ambiya (21:85-86)  ကိုအရင်ဖတ်ကြည့်ရအောင်ရှင်  နော်

http://islamicstudies.info/maarif.php?sura=21&verse=85 

သေချာလဲပြန်ဖတ်ကြပါအုန်းရှင်.... ရှင်တို့ရဲ့ ( Surah   Al.Ambiya (21:85-86)) မှာ....ဘာရေးထားသလဲ ဆိုတာလေ ...ဘာလို့ညှိမရတာကို မတူတူအောင် လိုက်ညှိနေတာလဲရှင် ... အဲ့မှာပြောထားတာက 
Isma'il  , Idris  နဲ့ Dhul-Kifl  တို့၃ယောက်ဟာ... မေတ္တာတရားထားနိုင်သောသူမို့လို့ အလာဟ်က ရွေးချယ်သောသူပါတဲ့ရှင်.... ကဲပြစမ်းပါအုန်းရှင်..ဘယ်နားးး မှာ ကပ္ပိလ၀တ်ရဲ့ လူဆိုတာ ရှိလဲလို့လေ..... 
ပြီးတော့နောက်တခု      Surah Sad 38;48 ကိုကြည့်ရအောင်ပါ.....

(Surah Sad 38;48 ) ( Y.Ali) commemorate Isma'il , Elisha and Zulkifl; Each of them was of the company of the good.
38.48: (picktall)  And made mention of  Isma'il , Elisha and Zulkifl; All are of the chosen.

သူပြောထားတာက....  Isma'il , Elisha and Zulkifl; တို့က မေတ္တာတရားထားနိုင်သူမို့ ...သူတို့ သည်အလာဟ်လွတ်တဲ့သူတွေကျိန်းသေဖြစ်ရမည်တဲ့.... အလာဟ်မှာလွဲလို့ဘယ်သူမှမသိနိုင်တဲ့..။

ရှင်ပြတဲ့ကျမ်း၂ခုလုံးမှာ.... မြတ်ဗုဒ္ဓနဲ့ပတ်သက်တာ...ဘာမှ..မဘာမှ ယုံတင်မကပါဖူး.... ကျမ်း၂ခုညွန်တာ အဲ့ကျမ်း ၂ခုက လူနာမည်တောင်.... အပေါ်တမျိုးအောက်တမျိုးလွဲနေသေးတာပါလား...။ ကိုယ့်ကျမ်းလဲ ကိုယ်ပြန်ကြည့်ပါအုန်းရှင်... လုံးလားပြားလားဆိုတာ... အလည်ကလူနာမည်က  အီလီးရှာ ဖြစ်လိုက် အစ်ဒရစ် ဖြစ်လိုက်.... တစ်ကယ်ပါပဲ...ကျိန်းသေတာကတော့... ကျမ်းရဲ့အကျယ်မှာရော..အကျဉ်းမှာ ပါ မြတ်ဗုဒ္ဓအကြောင်းမပါပါရှင်... အင်ဒီးယားနဲ့ဆင်တာဆိုလို့..မူဂျာဟစ်အကြမ်းဖက်အဖွဲ့အကြောင်းပဲ ပါတာပါ... သေချာပြန်ဖတ်အုန်းရှင်... ကိုယ်ကျမ်းစာကိုကိုယ်... သူများတွေကလိုက်ရှင်းပြနေရရင် မဟုတ်သေးဖူးနော်....


နောက်တစ်ခု.... ဦးဌေးလွင်ဦးရေးခဲ့တဲ့... ကိုယ်တော်မူဆာသည် ဂေါဏဂုဏ်ဘုရားလား 

 http://islamsasana.blogspot.com/2008/05/blog-post_9505.html

ဆိုတဲ့ပိုစ့်မှာ ရောဒီပိုစ့်မှာပါ ပါတဲ့  ဌေးလွင်ဦးးက ရေသဖန်းပင်ပြောပြီး ကိုအောင် တင်က ဗောဓိပင် လို့ ပြောတဲ့  At.Tin ( 95 ) ဆိုတဲ့ အပင်ကိုပြောပါရစေရှင်....ဒီအပင်ကို..  ဒီအာရာဗ် နိုင် ငံတွေ မှာ... အက် တိင်းန်.... လို့ခေါ်ပြီး.... ဒီအပင်ရဲ့ အသီးကိုကျတော့ တိင်းန် ( TINN) လို့ခေါ်ကြပါ တယ်... အခုလိုနွေရာသီတွေမှာ... အရမ်းပေါပါတယ်... ယောက်ျားတွေ အတွက် ဟိုမုန်းအားကောင်းစေတယ်... အပူစင်တယ်လို့ပြောပါတယ်.. တမန်တော် အကြိုက်ဆုံး အသီးပေါ့... ယောက်ျားလေးတွေ အရမ်းစားကြ ပါတယ်... ဦးဌေးလွင်ဦး လိမ်တဲ့ ရေသဖန်းလဲ မဟုတ်သလို ဦးအောင်တင် ရမ်းပြောတဲ့ ဗောဓိ ပင်လဲမဟုတ် ပါဖူးရှင်....  သဲကန္တာရ တဇောင်းပင် နဲ့တဇောင်းသီးပါ.. ပုံပါတစ်ခါထဲတင်ပေးလိုက်ပါတယ်.. ကြိုက်တဲ့ အာရာဗ်ကို မေးပါ... အဲ့တာ တိင်းန် လို့အော်ပြောလိမ့် မယ် ပြီးရင် ငါတို့အရမ်းကြိုက်တယ် ယော က်ျားတွေ အတွက်ကောင်းတယ်လို့ပြောပါလိမ့်မယ်...။




ကိုယ်တော် မူဆာဟာရေမျောပြီးး ရေသဖန်းပင်မှာ ချိတ်နေတာတွေ့လို့
ပြီးတော့ ဂေါဏဂုဏ် ဘုရားရှင်ကလဲ ရေသဖန်းပင်အောက်မှာပွင့်လို့ ဆွဲညှိပလိုက်တာကတော့
မူဆာဟာ... ဂေါဏဂုဏ်ပါတဲ့ရှင်...တော်လိုက်တဲ့ဌေးလွင်ဦးး..လက်ဖျားကိုခါရော...။

No comments:

Post a Comment