Sunday, August 25, 2013

ဘယ်သူက အိမ်ရှင်လဲ


Ar Zan
 အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။
တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။”
 ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။

အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။

ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။

ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။

Credit ..... ဌေးလွင်ဦး(mmsy)
 ===============================




ဟင် .... ပျူ  မွန် ... မြန်မာ ... ပါဠိ ... ဆိုတဲ့ သမိုင်းဝင်ဘာသာ စကားလေးခုက  ... သူ့လက်ထက်မှ ... ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ ဆိုပြီးဖြစ်ရတယ်လို့ :(  .... မြန်မာစကားကဟိန္ဒူကလာရအောင်ကလဲ .... မြန်မာစကားနဲ့ ဟိန္ဒူစကား .... ဘာမှကို မ ဘာမှ ဘူး .... ဟိန္ဒူစကားနဲ့ အာရဗ်စကားကမှ ... ၄၀% တူနေသေးတယ် ... ခိုးချ ချင်းချရင် .... မွတ်က ဟိန္ဒူဘာသာကို ခိုးချတယ်ဆို ဟုတ်တုတ်တုတ် ... လိမ်ပုံက အဲ့လို ..အိုင်နဲ့ ကျင်းနဲ့ကို လိမ်တာ ... ထားပါတော့... ။

အိမ်ရှင်နဲ့ဧည့်သည်ဆိုတဲ့ အသုံးအနှူံးက ဘာသာရေးနှစ်ခုအတွက်ပါ ... ။

မြန်မာပြည်မှာ ဗုဒ္ဒဘာသာ ထွန်းကားခဲ့တာ ကြာပါပြီ ဘုရားရှင် လက်ထက်တော် ကတဲက ရွေတိဂုံစေတီ ဆိုတာ ရှိနေပါပြီ..

ဗုဒ္ဒဘာသာ ပိုမိုထွန်းကားပြန့်ပွားလာတာကတော့ ပုဂံခေတ် အနော်ရထာမင်းကြီး နဲ့ ကျန်စစ်သား မင်းကြီးတို့အချိန်တွေမှာ ပိုမို တိုးတက်လာပါ တယ် ...

တစ်ချို့ အစ္စလာမ် ဇွတငြင်းတွေက ပုဂံခေတ်ထဲက မြန်မာပြည်မှာ အစ္စလမ်ဘာသာ ရှိနေပြီဆိုပြီး ဇွတ်ပြောနေပေမဲ့ ထင်ရှားသော သက်သေ အထောက်အထားမရှိပါဘူး..

ပုဂံခေတ် ပင်းယ အင်းဝ ညောင်ရမ်းခေတ်စတာတွေမှာ အစ္စလာမ်အကြောင်း တစ်စုံတစ်ရာ မရှိပါ(ဥပမာ ဗလီ ၀တ်ပြုသောအဆောက်အဦးလိုပေါ့ ) ကုန်းဘောင်ခေတ်နှောင်းပိုင်းကြမှ အင်္ဂလိပ်နဲ့ အတူ ပါလာကြတာပါ

ဒါကြောင့် မြန်မာပြည်မှာ ဗုဒ္ဒဘာသာဟာ အိမ်ရှင်ဘာသာ အစ္စလာမ်ဘာသာ ကတော့ ဧည့်သည်ပါ လို့ပြောတာပါ ...။

 နောက်တစ်ခုက ဆော်ဒီလိုတိုင်းပြည်မှာ လူသားအားလုံးဟာ ဒီဂြိုဟ် ကမ္ဘာ မှာ ခရီးသည်တွေပဲ ဒါကြောင့် တစ်ခြားလူတွေ ကိုးကွယ်တဲ့ဘာသာကို လဲလေးစားနေရာပေးပါ ဆိုရင် ရနိုင်မလား...သိချင်ပါတယ်...

တစ်ချို့တွေပြောနေတဲ့ မြန်မာပြည်မှာ ဗုဒ္ဒဘာသာ ရောက်ရှိတာပုဂံခေတ်ကျမှ ဆိုလို့သေချာလေ့လာပါ ... လို့ပဲပြောချင်ပါတယ် .... ပုဂံခေတ် အနော်ရထာမင်း ပိဋကတ်တော်တွေ သွားသယ်လာ တာလေးကြည့်ပြီး ကောက်ချက်ချရင်မှားမှာပေါ့  ...

သမိုင်းမတင်မီခေတ်တွေအကြောင်းးးကို ...သမိုင်းသုတေသီတွေထက်တောင်လေ့လာအားကောင်းတဲ. ... အဲ့ သမိုင်းလိမ် ဦးဌေးလွင်ဦးကို ... ဒေါက်တာဘွဲ.ချီးမြှင့်မှရတော့မယ်ထင်ပါတယ် ...။
====================================

(((((((  မြန်မာနိုင်ငံ ဆိုတဲ့ ဧရိယာထဲမှာ ပေါ်ထွန်းခဲ့တယ် ဘာသာတရား ဆိုတာ မရှိပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာ ဇာတိမဟုတ်၊ ခရစ်ယာန်သည်လည်း မြန်မာဇာတိမဟုတ်၊ အစ္စလာမ်သည်လည်း မြန်မာဇာတိ မဟုတ်၊ ဟိန္ဒူ ဘာသာသည်လည်း မြန်မာဇာတိမဟုတ်- ဘယ်ဘာသာတရားသည်မှ မြန်မာဇာတိမဟုတ်ပါ။ ဘာသာကြီး လေးပါးထဲမှာ စောစီးစွာ ပေါ်ထွန်းခဲ့တဲ့ ဟိန္ဒူဘာသာက မြန်မာပြည်ထဲကို အစောဆုံး ၀င်လာခဲ့ တယ် ))))))

အာရဗ်နိုင်ငံတွေလဲ ...ဒီလိုပဲရှင် ....စပေါ်လာထဲက ဘာသာမရှိပါဖူးးး.... ဘာသာကြီး၎ခုလုံးးးး ...နိုင်ငံ (၄)ခုကသာစခဲ.တာပါ... ဘာသာကြီး (၄)ခုမတိုင်ခင် ...ကမ္ဘာကြီးဟာ ...နတ်နဂါး နတ်ဘုရားး ..ယဇ်ပူဇော် တာတွေနဲ.စခဲ.တာပါ...။

ဟိန္ဒူကလဲသီဝ (သျှီဗား ) နတ်ဘုရားပါပဲရှင် .... ။ ကျမတို.က မဟာလူသား ဂေါတမ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ.  ဆံတော် ကိန်းဝပ် စံပါယ်တော်မူတဲ.ဒေသ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ပါ ...။
မလေးရှားတို. အင်ဒိုနီးရှားတို. ဂျော်ဒန်တို. မွတ်စလင်နိုင်ငံတွေကရော စတည်ထဲက ဘာသာရှိတယ်လို. များ ထင်နေခဲ. လားရှင်...။

အဲ.နိုင်ငံတွေမှာရော တမန်တော်မိုဟာမက် ခြေတောင်ချခဲ.ဖူးလားရှင် ... ကျမတို.ဖလှယ်တာကလွဲလို. မထိခိုက်ကြရအောင်ပါ.... ကျမ ဒီလိုတွေမပြောချင်ပါဖူး .... ကိုယ့်ဘာသာအကြောင်း သမိုင်းတွေ လိမ်နေလို့  .. ကိုယ် နားလည် သလောက်လေး ပြန်ရှင်းပြတာပါ ... သွေးချင်းတွေ မမုန်းချင်ပါဖူး အကို ။
==========================

(((((( ကျနော်မည်သည့်ဘာသာကိုမှ ပုတ်ခတ်ထားတာမပါပါဘူးညီမက အရင်ရောက်တဲ့ ဘာသာကို အိမ်ရှင် အဖြစ်သတ်မှတ်ချင်တာ မဟုတ်လား အကိုကတော့ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာက အရင်ရောက်တယ် ဆိုတာ လက်ခံတယ်ညီမက လက်မခံဘူး ဆိုရင် သမိုင်းသက်သေပြလေ အကိုယုံပေးပါ့မယ်...... ))))

နှစ်ပေါင်း ၂၅၀၀ကျော်သက်တမ်းရှိတဲ့ ရွှေတိဂုံစေတီတောမြတ်ကြီးက လက်ရှိငုတ်တုတ်ကြီးပါရှင် ... ပြီးတော့ ရခိုင်က နှစ်ထောင်ချီနေတဲ့ ဘုရားပုထိုးတွေ .... ပုဂံခေတ် အနော်ရထာလက်ထက်ထဲကိုက မဟာယန ဗုဒ္ဓသာသနာတော် ထွန်းကားတဲ့အထောက်အထား အုတ်ခွက် ဘုရားတွေဘယ်မှာ သွားထား မလဲရှင် ...

ကုလားဆိုတာ အင်္ဂလိပ်တွေမြန်မာနိုင်ငံ့ကို ကျွန်ပြုတော့ ... အင်္ဂလိပ်နဲ့ အတူတူ ပါလာတဲ့ ကုလားတွေ ရှိသလို ... မြန်မာဘုရင်တွေလက်ထက်က ကြေးစား ခေါ်ထားတဲ့ ကုလားကျွန်တွေလောက်သာရှိတာလေ ...ဒါကြောင့် ကျွန်ကုလား ... မယားတောသူဆိုတဲ့ စကားပုံပေါ်လာတာပေါ့အကို ...။
 https://www.facebook.com/photo.php?fbid=167135150118154&set=pb.100004650095040.-2207520000.1371409053.&type=3&theater
 

No comments:

Post a Comment