Saturday, August 17, 2013

ကိုယ်တော်မူဆာသည် ဂေါဏာဂုံ မြတ်စွာဘုရားလော ( ၁ )

မောင်လေးညီမလေးတို့ရေ ဒီတစ်ခါတော့ ဘာသာခြား ဦးဌေးလွင်ဦး ရေးတဲ့ ( ဂျူးတမန်တော် ဓမ္မဟောင်းကျမ်းပိုင်ရှင် ) မူဆာသည် ဂေါဏာဂုဏ် မြတ်စွာဘုရားလော ဆိုတဲ့ပိုစ့်လေးကို ရှင်းထားတာလေး တင်ပေးလိုက်ပါတယ်...။
သူများဘာသာကို မဆဲ မပုတ်ခတ် ဒေါသမကြီးပဲဖတ်ကြရအောင် နော်။

http://islamsasana.blogspot.com/2008/05/blog-post_9505.html

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

((((((ကိုယ်တော်မူဆာကို သမ္မွာကျမ်းစာတွင် မောရှေဟု ရေးသားပြီး၊ ကိုယ်တော်သည် အစ္စရေးလ် လူမျိုးများအတွက် ပွင့်ပေါ်သော ဉာဏ်စဉ်တော်ဆောင် (ရစူလ်) တစ်ပါး ဖြစ်ပေသည်။
.
ဂျူးလူမျိုးများသည် ထိုစဉ်က ပါဠိဘာသာစကားဖြင့် ဂေါဏဟုခေါ်သည့် နွားကို သရဏဂုံတင်ကိုးကွယ်နေခဲ့ပေသည်၊
ထိုသို့သော ကိုးကွယ်မှား ထဲမှ ကျွတ်လွတ် စေရန်နှင့် ပရမတ်ဘုရားရှင်အား သာသဏရဂုံတည် ကိုးကွယ်ကြရန် ကိုယ်တော် က ဆောင်ကြည်းပေး ခဲ့ သည်))))))
.
ဟုတ်ကဲ့ပါ အကို ….
ဂေါဏ ဆိုတဲ့နွား တွေကိုးကွယ်မှုကို ကျွတ်လွတ်စေတဲ့ အတွက် မူဆာသည် ဂေါဏဂုဏ်ဖစ်သည် လို့ဆိုရင်တော့ ... သူကိုဂေါဏဂုဏ်လို့ပဲထားလိုက်ပါ .... ကျမတို့သာသနာတော်မှာ အဲ့နာမည် မကြားဖူးပါဘူး။
.
ဗုဒ္ဓ ကျမ်းဂန် စာပေလာ ကျမတို့ဘုရားရှင် နာမည်က ကောဏာဂုံ ပါ ရှင်
မူရင်းအမည်က ကောဏာဂမန ဖြစ်ပါတယ် ။
ဂေါဏ ဆိုတဲ့ နွားနဲ့ပတ်သက်တဲ့ စာလုံး တစ်လုံးမှ မပါ ပါဘူးရှင်။
.
နောက်တစ်မျိုးက သရဏဂုံပါ
.
သရဏဂုံဆိုတာ (သရဏဂမန) ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထား တာပါ
(
သရဏ ) ပုဒ်နဲ့ ( ဂမန ) ပုဒ် နှစ်ခုပေါင်းထားတာဖြစ်ပြီး
(
သရဏ ) - ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့်
(
ဂမန ) - ဆည်းကပ်ခြင်းကို
(
သရဏ+ဂမန) - သရဏဂုံ လို့ဆိုခြင်းဖြစ်ပါတယ် ။
.
ဒါကြောင့် ကျမတို့ သာသနာတော်ဝင်တွေက ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) လို့သတ်မှတ်ပြီး ....
.
စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊
ထိတ်လန့်ခြင်းကို လည်းကောင်း၊
ကာယိကဒုက္ခကိုလည်းကောင်း၊
ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့်
ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုတာပါ။
သရဏ (ကိုးကွယ်အားထား ရာ) ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးအတွက် အသုံးပြုကြတာပါ။

.........................................................

(((((ကိုယ်တော်မူဆာကို ဖာရိုးမင်းဆက်က မြစ်ထဲမှ ကောက်ယူမွေးစားသောကြောင့် ထီးနန်းတွင်းတွင် ကြီးပြင်းလာခဲ့သည်၊ (၂၈း ၈။ ၉)၊ ကိုယ်တော်မူဆာအား မြစ်ထဲရှိ သဖန်းပင်အနီးမှ ရရှိသဖြင့် ကိုယ်တော်၏ အမည်မှာ ဟီးဘရူး ဘာသာစကားဖြင့် မူ ရေဆာ သဖန်းပင်ဟုဖြစ်၍ ရေသဖန်းပင် ဟုအနက် ရပေသည်၊ (ဆရာတော် ဃာဇီဟာရှင်၏ ကုရ်အံအလင်းပြကျမ်း အတွဲ ၁)။ ဗုဒ္ဓဘာသာ တရားတော်တွင် ဖေါ်ပြသော ဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ်ခဲ့သည် ဘုရားရှင်များတွင် ဂေါဏာဂုံ (ဂေါဏာဂုဏ်) ဘုရားရှင်သည်လည်း ရေသဖန်းပင်ကို ကိုယ်စားပြုသောကြောင့် စိတ်ဝင်စားဘွယ် တိုက်ဆိုင် နေပါသည်၊)))))
.
ပထမဆုံး ဟီးဘရူး ဘာသာစကား ဖြစ်တဲ့ မူဆာ ( Musar ) ဆိုတဲ့ နာမည်ရဲ့ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ အဓိပါယ်ကိုပြောပါရစေ...။

A Study of the Hebrew Word Musar by Kyle Pope The book of Proverbs begins with the stated objective - “To know wisdom and instruction, to perceive the words of understanding” (1:2, NKJV). The word translated “instruction” in this text is the Hebrew word musar. This word holds a special significance which is valuable for us to understand.

Derived from the verb yasar meaning to “discipline, chasten, instruct,” which is also represented in Ugaritic by the cognate ysr of the same meaning (TWOT, I, 386-387), musar can refer to punishment, training or education.

ဒါကြောင့် မူဆာ ဆိုတဲ့ အဓိပါယ်ဟာ .... သင်ကြားစေခိုင်းခြင်း ... လေ့ကျင့်စေခြင်း .... အပြစ်ပေးခြင်းလို့ အဓိပါယ်ရပါတယ်တဲ့ .... ကဲရှင် ... ဘယ်မှာလဲ ရေသဖန်းပင်...။ (((musar can refer to punishment, training or education.)))))

ပြီးတော့ ကျမတို့ဘုရားရှင်က ရေသဖန်းပင်ကိုကိုယ်စားပြုတာမဟုတ်ပါဘူး ....
ဂေါတမ ဘုရားရှင်ဟာ မဟာဗောဓိ ပင်ရင်းမှာတရားကျင့်ကြံရင်း သဗ္ဗညုတဥါဏ်တော် ရခဲ့သလိုပါပဲ ...
ကောဏာဂုံ ဘုရားရှင်ဟာလဲ ရေသဖန်းပင်ရင်းမှာ တရားကျင့်ကြံတာ ကိုပြော တာပါ .... ရေထဲမျောလာတဲ့ မူဆာမဟုတ်ပါဘူး...
.
.........................................................................
.
(((((တခြားအချက်အလက်များမှာ
(
၁) ဗုဒ္ဓဘာသာတရားတော်တွင် ဖေါ်ပြသော ဘဒ္ဒကမ္ဘာ ဆိုသည်မှာ ဤလက်ရှိ ကမ္ဘာကိုသာ ခေါ်ပေသည် ရာဇ၀င်လာ ပျက်သွားပြီးသေ ကမ္ဘာများ မဟုတ်ချေ။)))))
.
ဒါမှန်တယ်ရှင်...။
.
(((((.... (၂) ဘုရားရှင် ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင် ဆိုသည်ထက် သာသနာတစ်ခု၏ ခေါင်းဆောင်နာယက ဆိုသည်မှာ ထင်ခြားပေသည်။ )))))
.
ဟုတ်ပါတယ် ဘုရားရှင်ဆိုတာ အနှိုင်းမဲ့ ဂရုဏာရှင်ပါ လမ်းပြကောင်း ပါ ...
နယ်ပယ်လု သွေးချောင်းစီစေတာဟာ ဘုရားရှင်မဟုတ်ပါဘူး ...။
.
((((..... (၃) ဗုဒ္ဓဘာသာတရားတော် အရ ဤကမ္ဘာ၌ ဘုရားရှင်ပေါင်း မရေမတွက်နိုင်အောင် ပွင့်ပေါ်ခဲ့သော်လည်း ထင်ခြားသော ပင်မဘုရားကြီး ငါးဆူကိုသာ အဓိက ရည်ညွှန်းထားသည်။ ထို အချင်းအရာအား စီစစ်ကြည့်လျှင် ဤကမ္ဘာ တွင် ဘာသာတရားပေါင်း ဂိုဏ်းပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့သော်လည်း ထင်ခြားသော ဘာသာတရားကြီးများမှာ (ဟိန္ဒူ။ ဂျူး။ ဗုဒ္ဓ။ ခရစ်ယံနှင့် အစ္စလာမ်) ငါးခုသာရှိပေသည်၊ )))))
.
မှားနေပါတယ်ရှင် ..
ဗုဒ္ဓတရားတော်များမှာ ဘာသာကြီး ( ၅ ) ခုကို ရည်းညွှန်းထားတဲ့ ပိဠကတ် လုံးဝ ( လုံးဝ ) မရှိပါဘူး ....
တိတ္ထိ ဆရာကြီး ( 6 ) ယောက်အကြောင်းတော့ ပါ ပါတယ် ….

ထင်ရှားသာ ဘာသာ( ၅ ) ခုရှိပါမယ်လို့လည်း လုံးဝ မဟောခဲ့ပါဘူး။
.
.........................................................
.
(((((ထို့ကြောင့် ဤ ဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ် သည့် ဘုရားရှင် ငါးပါးဖြစ်သည့် ကကုဿန်၊ ဂေါဏဂုဏ်၊ ကဿဖ၊ ဂေါဓမ၊ မေတ္တယျဆိုသည်တို့မှာ ဒဏ္ဍာရီလာ ဇတ်လိုက်များ မဟုတ်ပေ။မည်သို့ပင်ဖြစ်စေ ကျမ်းမြတ်ကုရ်အံက ဤဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ်ခဲ့ကြသော ကိုယ်တော် မူဆာ၊ ကိုယ်တော် ဂေါဓမ၊ ကိုယ်တော်ယေရှုနှင့် ကိုယ်တော် မိုဟမ္မဒ်တို့အား သဗ္ဗညုတ ဉာဏ်စဉ်များ ရရှိသည့် ဉာဏ်စဉ်တော် ဆောင်များအဖြစ်လည်းကောင်း မိရိုးဖလာ အမိုက်မှောင်တွင် နွံနစ်နေသော လူသားအပေါင်းအား တရားအလင်းရောင် ဆီသို့ ဦးဆောင်ခဲ့သူများအဖြစ်လည်းကောင်း ဖေါ်ပြသည့်အပြင် အစ္စလာမ်သာသနာ၌ သက်ဝင်ယုံကြည်သူများအနေဖြင့် ထိုအရှင်သူမြတ်များကို အဆင့်အတန်း ခွဲခြားခွင့် မပြုပေ။ (ဒဏ္ဍာရီ ဇတ်ကောင်မဟုတ်သည့် ကိုယ်တော်မူဆာ- ကို ဖတ်ရှုပါ))))))
.
ကကုဿ န် ၊ ကောဏဂုံ၊ ကဿ ပ၊ ဂေါတမ၊ ဘုရားရှင် လေးပါးဟာ
ရှင်ပြောတဲ့ ....
ကိုယ်တော် မူဆာ၊ ကိုယ်တော် ဂေါတမ၊ ကိုယ်တော်ယေရှုနှင့် ကိုယ်တော် မိုဟမ္မဒ် တို့မဟုတ်ပါဘူး
.
ကျမတို့သာသနာတော်မှာ ဘုရားရှင်တစ်ဆူချင်းစီရဲ့ သမိုင်း ... မျိုးရိုး ဘုရားလောင်းဘ၀က ဇနီး ….
ပြီးတော့ ဘုရားရှင်တိုင်းမှာရှိတဲ့ တစ်ဦးစီသော သား နာမည်တွေကအစ
.
ဘုရားရှင်တွေ ဘယ်လိုပွင့်တယ် ဘာလုပ်တယ် ....
တစ်ဆူနှင့်တစ်ဆူ ဘယ်လောက်နှစ်အတိုင်းအတာခြားနားတယ် .....
အားလုံးတိတိကျကျ အထောက်အထားတွေနဲ့ ပွင့်ပါတယ် ....
.
နောက်တစ်ခုက ကျမတို့သာသနာတော်မှာ ... ဘုရားရှင်ဆိုတာ မဟာဂရုဏာရှင်ပါ ....
အနိမ့်ဆုံး ကံ ( ၅ ) ပါးလုံပါတယ်
ဘုရားရှင်တိုင်း ရဟန်း ပြုပြီးချိန်က စလို့ ဒီကံငါးပါးကို မြူတစ်မှုံစာမျှပင် မချိုးဖောက်ပါဘူး
ပြီးတော့ ဘုရားရှင်တို့မည်သည် သူတစ်ပါးလက်နက်ကြောင့်မသေပါဘူး
ဒါကြောင့် အရက်သောက်သူ
မိန်းမယူသူ
အကုသိုလ်ကံ များလွန်းတဲ့ အတွက် သူတစ်ပါးသတ်လို့ သေသူတွေနဲ့ မခိုင်းနှိုင်းအပ်ပါဘူး။
.
သဗ္ဗညုတဥါဏ်ဆိုတာကတော့
.
အရှင်ဇနကာဘိဝံသ ရဲ့ လင်္ကာလေးမှာဒီလို ဖေါ်ပြထားပါတယ်။
.
၁။ သိရန်မှန်က,မကျန်ရအောင်,လုံးဝစုံလင်,အကုန်မြင်,သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်။
၂။ သိသည့်တရား ၊ များအပြား၌ ၊ ဟောထားစဖွယ် ၊ နည်းသွယ်သွယ်ကို ၊ ခြယ်လှယ်စုံ လင် ၊ အကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ ၊ များဝေနေ၏ ၊ ဣနြေ္ဒစရိုက် ၊ သူ့အကြိုက်ကို ၊ နှိုက်ချွတ်စုံလင် ၊ အ ကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၎။ ဥာဏ်တော်စွမ်းပကား ၊ ဤသုံးပါးကြောင့် ၊ အများဝေနေ ၊ ကျွတ်လွတ်စေဖို့ ၊ မနေမနား ၊ သက်တော်အားဖြင့် ၊ ကြီးမားလေဘိ ၊ ရှစ်ဆယ်ပြည့်၍ ၊ ပရိနိဗ္ဗာန် ၊ စံသည့်တိုင် အောင် ၊ သယ်ယူဆောင် ၊ ဘုန်းခေါင် ငါတို့ဘုရားတည်း ။ ။
.
အရှင်ဇနကာဘိဝံသ ဆိုလိုချင်တာကတော့
သဗ္ဗညုတဥာဏ်တော် ဆိုတာ သိစရာ ရှိတဲ့ အကြောင်းအရာမှန် သမျှကို အကြွင်းမရှိ အကုန်အစင် သိတယ်။
သိစရာ ရှိတဲ့ အကြောင်းအရာတစ်ခုချင်းစီမှာ ရှိရှိ သမျှကို အကြွင်းမရှိ အကုန်အစင် သိတယ်။
ဝေနေယျတွေ ကို ချေချွတ်ဖို့ ဝေနေယျတွေရဲ့ စရိုက်တွေ ပါရမီ အနုအရင့် ဣနြေ္ဒစရိုက် တွေ ကို လဲ အကြွင်းမရှိ အကုန်အစင် သိတယ်။
ကာလ-အာကာသ-ပယောဂ အားဖြင့် အတားအဆီးအပိတ်အပင်မရှိ အကြွင်းမရှိ အကုန်အစင် သိတယ်။- လို့ ဆိုလိုချင်ပုံပါပဲ။
ကိလေသာ အားလုံးအကြွင်းမရှိကင်းစင်သူပါ ...
.
ဒါကြောင့် မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တွေကိုဖွင့်ရာမှာ အလုံးစုံသိ(သဗ္ဗညူ) အလုံးစုံမြင် (သဗ္ဗဒဿဝီ) လောကကိုသိသူ(လောက၀ိဒူ) လူနတ်ဗြဟ္မာတို့ရဲ့ ဆရာ (သတ္ထာဒေ၀မနုဿာနံ) စသဖြင့်ဖေါ်ပြကြတာဖြစ်ပါတယ်။
.
ပြီးတော့ .... ဘုရားတစ်ဆူချင်းစီရဲ့ ပွင့်တဲ့အချိန်အတိုင်းအတာက နှစ်သန်းချီ ( အတိအကျပြောရရင် နှစ်ပေါင်း သန်း၂၀) ကြာပါ တယ်ရှင်
ဒါကြောင့် မနှိုင်းအပ်တာကို မနှိုင်းဘို့ တောင်းပန်ပါရစေ ...
.
ချမ်းမြေ့ပါစေရှင်..
.

No comments:

Post a Comment