Friday, October 10, 2014

မောင်လေးတစ်ယောက်အမေး


ညီမလေးတစ်ယာက်မေးတာ ရေးပြီးတော့ မျှသွားအောင် မောင်လေး တစ်ယောက် မေးထား တာလေး တင်ပေးတာပါ ....

Hi! Sis, I'm very tired.I don't want lie people.importance is my self.how shound I do ? Wait for sis ideaI'm still tired.I hate my life.
You r my sister.I really need your idea.waiting for your contact.

★ ★ အမငယ်ငယ်က ... ဆယ်တန်းအောင် အလုပ် စလုပ်ချိန်ကပေါ့

Yes,sis

★ ★ သူများတွေက လိမ်တယ် ပြီးရင် သူတို့က အင်အားတောင့်တော့ အသံကောင်းဟစ်တယ်
ကိုယ်က အမြဲတမ်းးး အရှုံးဖက်ကပဲ

Me too.,sis

★ ★ သူတို့က အုန်စုဖွဲ့တာကိုး ... ဒါနဲ့ဖေဖေ့ကိုငိုပြီးပြောတယ် ဖေဖေက ဘာပြန်ပြောလဲ ဆိုတော့ ...

သမီးတဲ့ သာမာန် လူတွေဟာ .. သူတို့စရိုက် ... သူတို့ကြီးပြင်းတဲ့ အသိုင်းအသိုင်း ... သူတို့မိဘရဲ့ သွန်သင်မှုအတိုင်း ... သူတို့စရိုက်တွေက ထွက်လာကြတာတဲ့ သွားပေါင်းမိတဲ့ ရောမိတဲ့ ပတ်သက်မိတဲ့ သမီးသာ မှားတာတဲ့

ဒါဆိုနူးက သူတို့လိမ်သမျှ ခံနေရာမှာလားဖေဖေ နူးအတွက် အမှန်တရားဆိုတာ မရှိတော့ ဖူးလား လို့မေးတော့ ဖေဖေကပြောတယ်

သမီးးး သူတို့လိမ်လို့ သူတို့အသံကောင်းဟစ်လို့ ..သမီးကပါ သွားမလိမ် မဟစ်နဲ့တဲ

အမှန်တရားဆိုတာ ...အချိန်တန်ရင်ပေါ်လာမှာပဲတဲ့

အေးး အဲ့ဒိ အမှန်တရား မပေါ်ခင်တော့ သမီးရေ ... သမီးလေးက သူတို့ကို ..လွန်ခဲ့တဲ့ ဘ၀တစ်ခုခု ကဒီလိုလုပ်ခဲ့ဖူးလို့ ခံရတယ်လို့ နလုံးသွင်းပြီး .... သူတို့ကိုမမုန်းပဲခံနေလိုက်ပါတဲ့

အနဲဆုံး ...အမှန်တရားပေါ်လာတဲ့အခါ ...ငါ့သမီးရဲ့ ရင်ထဲမှာ ... ဖြူစင်အေးချမ်းတဲ့ ပီတိကို ရလိမ့်မယ်တဲ့ ... ကိုယ့်လိပ်ပြာသန့်တယ်ဆိုတာ ကို ဂုဏ်ယူမိနေလိမ့်မယ်တဲ့

I'm still waiting sis.,but . Very very tired . When? How long?

★ ★ အမှန်တရားကပေါ်မလာရင်ရောဖေဖေလို့မေးမိတယ် ....

သမီး ... သမီးးကို လူတွေ ယုံလာတော့ရော ဘာဖြစ်မလဲ .... မယုံလာတော့ရော ...ဘာဖြစ် မလဲတဲ့ ...

ကိုယ်ဖြူစင်တတ်တာကို အလုပ်နဲ့သက်သေပြလိုက်ပေါ့ ... အမှန်တရား မပေါ်ရင်နေပါစေ သူတို့သဘာဝသည် လိမ်လည် ယုတ်ညံ့တတ်တာ ... ကိုယ့်သဘာဝသည် ဖြောင့်မတ်တတ်တာ ... လူတွေက စောင့်ကြည့် ဆုံးဖြတ် မှာပေါ့တဲ့ ....

ပညာမဲ့ တစ်သိန်း ၀ိုင်းပြီးသြဘာပေးတာထက် ... ပညာရှိတစ်ယောက် ချီးကျူးတာ ခံရတာ ပိုတန်ဖိုး ရှိပါတယ် သမီးရတဲ့

သူတို့ဖက်ကိုသမီးကြည့်စမ်းတဲ့ .... သူတို့ဘယ်လိုပဲ အသံကောင်း ဟစ်ဟစ် .... သူတို့ကိုယ် သူတို့ အသိဆုံးပဲတဲ့ .. သူတို့ အရှိန် အင်အား နောက်ခံ ရှိနေလို့ ဖုံးကွယ်လို့ရချင် ရပါ လိမ့်မယ် တဲ့ ....

ဒါပေမယ့် .. သူတို့လိမ်တာကို လူတွေယုံဖို့ နောက်တစ်ဆင့်ထပ်လိမ်ရအုန်းမယ် .....

Yes,correct sis

★ ★ ပိုများတဲ့ လူတွေယုံဖို့ နောက်ထပ် ပိုသေသပ် ပိရိတဲ့ တဲ့လိမ်ညာမှုကို ထပ်ဆင် ရအုန်းမယ်

ဒီတော့ ငါ့သမီးလေးကို လဲကျစေချင်လို့ ... နင်းတက်ချင်လို့ သူ့ခမျာ ...အနဲဆုံး မုသာဝါဒ ၅ကြိမ်နဲ့ အထက် ကို ကျူးလွန်ရလိမ့်မယ်တဲ့ .....

ဒီမုသာဝါဒ က ရမယ့်ငရဲ က ... သူနဲ့အတူပါသွားမယ် အကြွေးးး .... သူတို့နဲ့ တစ်ပါထဲ လိုက်သွား မယ့် သူတို့ ဒီဘ၀မှာစိုက်သွားမယ့် အဆိပ်ပင် သူတို့နောက် သံသရာမှာ တကောက်ကောက် လိုက်မယ့် သူတို့ရဲ့ ကံတရား တဲ့ ....

သူတစ်ပါးကို ဘ၀ပျက်စေချင် ပြိုလဲစေချင်လို့ ... လုပ်လိုက်တဲ့ အတွက် ..... လူတွေ အမြင်မှာ သူ နိုင်နှေရှာတယ် ... သံသရာမှာရော ..... ဘယ်သူနိုင်မယ်ထင်လဲတဲ့ ... သူရှုံးနေပြီတဲ့ .....

ငါ့သမီးဖက်ကရော ... ဘာရှုံးလဲတဲ့

လူတွေအထင်သေးကြမယ်လေဖေဖေ လို့ပြောတော့ ....

သမီးကိုတစ်ဘ၀လုံးအထင်သေးကြမှာလား ... သမီးဒီလိုအတန်းအစားမဟုတ်တာ ... လူတွေ ကိုပဲ သက်သေ ပြရမှာ ... ကိုယ့်အလုပ် ကိုယ်လုပ်ရမှာတဲ့ ....

အရင်ဘ၀တွေက သူ့ကို လုပ်ခဲ့မိတဲ့ အကြွေးရှိတယ် ဆိုရင် ကျေသွားပြီလို့ နှလုံးသွင်းရမှာတဲ့

သူက သမီးကို လိမ်လို့ သမီးလေး ဘ၀ပျက်သွားမယ် အလုပ်ပြုတ်သွားမယ် ဆိုရင်တောင် သမီးလေးး သုညဘ၀ မရောက်သေးဖူးနော်တဲ့

သူညပြန်ဖြစ်တော့ရော .... ဘာဖြစ်လဲတဲ့ .... ဖေဖေတို့ ဘ၀က သုညကလာတာ လေ .... အရင်းပဲ တဲ့ .....

အမဘ၀လောက်ဆိုးးလားး
လေးတန်းမှာဖေဖေလေဖြတ်ကိုယ်တစ်ခြမ်းသေတယ်
ဘ၀မှာအဆိုးဆုံးအချိန်တွေကိုရင်ဆိုင်ခဲ့ရတယ်
ခလေးတွေစာလိုက်သင်ရင်းမေမေလစ်ရင်ရေထမ်းသေးတယ်
ယူနီတကတ်တာ တခါတလေ ဖိနပ်ကိုဂျိတ်ချိတ်တက်ရတယ်
အကျီအပြဲနဲ့မိန်းခလေးတန်မဲ့ ထမိန်တထည် ထဲနဲ့တက်ခဲ့ရတယ် ....
ရံခါ သားအမိ နှစ်ယောက်ပေါင်း အပြင်ဝတ်စရာ လုံချည်က မေမေ့ ရုံးယူနီဖောင်း တစ်ထည်ထဲ ရှိလို့ ... တစ်လှည့် စီတက်ရတယ် ...
မေမေရုံးတက်တဲ့ရက် အမကျောင်းမတက်ရဘူး ....

အမကမိန်းခလေးနော် မောင်လေး ...... ယောက်ျားတစ်ယောက်ဖြစ်ရက် ပျော့ညံ့တာကို အမ သိပ်မုန်းတယ် ဆင်းရဲတာ အပြစ်မဟုတ်ဖူး ယုတ်ညံ့တာကမှ အပြစ်

နောင်ဘ၀တွေမဆင်းရဲချင်ရင် ဒီဘ၀မှာ အဖြူစင်ဆုံး အသန့ှ်ရှင်းဆုံးး ကိုယ်ကျိုးအစွန့် ဆုံး နေပေး လိုက်ပါမောင်လေးးး ကိုယ်နဲ့အတူဒီဘ၀မှာ သံသရာအကြွေး နဲနိုင်သမျှ နဲအောင်သာ သယ်သွား လိုက် ... သံသရာမှာ စားသုံးဖို့ မျိုးစေ့တွေပဲချခဲ့ .....

လောကဓံဆိုတာကလေ ရှင်က ကြောက်နေရင်သူက ရှင့်ကိုပိုခြောက်လိမ့်မယ်
လောကဓံကို ရင်ကော့ပြီး ကြံ့ကြံ့ခံပြလိုက်စမ်းပါ မောင်လေးရယ်
သူကနောက်ဆုံးမှာ ရှင့်ကို ဦးညွှတ်သွား လိမ့်မယ်
အမလောက် ဘယ်သူမှ ဘ၀ဆိုးခဲ့မှာ မဟုတ်ဖူး မောင်လေးမှာ ခြေလက် အားလုံး အကောင်းကြီးရှိနေသေးတာပဲ

I lose my lover friend a lot sister.I'm broke the time,never contact any friend.really shine

★ ★ ရှင် လဲကျ နေချိန် မှာ မရှိတဲ့သူငယ်ချင်းးး
ရှင်တွန်းတိုက်ခံရချိန် ရှင့်ကိုယုံကြည်မပေးတဲ့သူငယ်ချင်း
ရှင့်ကိုဂျောက်ချတာ ခံရချိန် ရှင်မှန်တာကိုသိရက် ရှင့်ရှေ့မှာ မားမားမတ်မတ် မရပ်ပေးတဲ့သူငယ်ချင်း
ဒီလို အပေါ်ယံ သူငယ်ချင်းတွေကို ဘာပေါင်းစရာလိုလဲရှင်
ရှင်လမ်းကြောင်းပေါ်ပြန်ရောက်ရင်သူတို့ အရှက် မရှိပြန်လာကြမှာပဲလေ

ဒါတွေကို တွယ်တာနေလို့ကတော့ လောကမှာရှင့်လောက်ရှုံးနိမ့်တဲ့သူရှိမှာမဟုတ်တော့ဖူး

ဒီမယ်မောင်လေးး မြဲမြဲမှတ်ထား ဘ၀မှာ ကိုယ်လဲကျရင်လေ ကိုယ်ပဲ ယက်ကန် ယက်ကန် တက်ရတာ....

နှိမ်ဖို့အတွက် အခွင့်ရတုန်း လာသနားပြကြမယ်
ကိုယ့်ထက်နိမ့်သူတွေက သူတို့ကိုယ် သူတို့ ကိုယ့်ထက်မြင့်နေ သယောင် အရသာခံ လာဆက်ဆံနေပြ တာက လွဲလို့ သူငယ်ချစ်း အစစ်ဆိုတာ နဲတယ် ...

သူငယ်ချင်းဆိုတာ ...အကူညီတောင်းဖို့ ထားတာ ဘယ်တော့မှ မဖြစ်စေနဲ့ ရှင်ကယောက်ျားပါ တုန်းဆိုပြေးတိုက်လိုက်စမ်းပါ

Yes,sis .... Not easy .

★ ★ အင်းး ဒီလောက်ပျော့ညံ့တာတော့မတွေ့ဖူးဘူး အမဆိုအခုနေနေရတာ မွတ်စလင်နိုင်ငံ နေတဲ့အိမ်ကလဲ မွတ်စလင်အိမ် ယုတ်မာချက်တွေကလဲ ကမ်းကုန် ....
ဘ၀မှာ မထင်မှတ်ထားတဲ့နေရာ ... ကိုယ်မပတ်သက်ချင်ဆုံးလူတွေ ... ကိုယ့်နဲ့ လုံးဝဆန့်ကျင်တဲ့ စရိုက်တွေကြားမှာနေနေရတာ .... ဒါလဲ အမရဲ့ ရေစက်ပဲ .... တစ်ဖက်က ကမ်းကုန်အောင် ယုတ်ညံ့တယ်... ဒါပေမယ့် သူတို့ အမကွယ်ရာမှာအတင်းပြောတိုင်း ... အမကိုဘယ်တုန်းကဘာလုပ်မိတာ ...ဘာမှမပြောရှာဘူး .... သည်းခံတယ် ... အပြုံးမပျက်ဖူးဆိုပြီး .... ကိုယ့်ရဲ့သည်းခံမှုကို ချစ်ကြတယ် ...

Awww,really sis?
So sorry sister's.I'm really sorry sister.don' t want to wave sis importance time.I" m really need sis idea.so,I"m contact to sis,pls,sorry for sis important time.
What every,anytime your my good friend and good sister.
Broke the line sis,really really so sorry sis,i' m want to say some people for my life. nobody want to lesson. So ......?

Plz,sis.... Understanding to me....plz.
Have a sweet dream sister.good night.
Thank you for using for sister important time.

Bye ...... anytime your my lover sister....

★ ★ အတတ်နိုင်ဆုံးမေတ္တာတရားထား အားလုံးကို အထူးသဖြင့် လက်အောက်က လူတွေကို လဲကြင်နာမှုပေး သင့်တယ် .... ကောင်းမှုတစ်ခုခုကို အဓိဌါန်ပြု .... သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို .... မေတ္တာပို့တိုင်တည် .... ဒါဆို သူ့ဖာသာ အလိုလို အဆင်ပြေလာမှာပေါ့ ....

ချမ်းမြေ့ပါစေရှင် .....

No comments:

Post a Comment