Saturday, October 4, 2014

ဗုဒ္ဓ ခွင့်ပြုသော အသား



ချစ်သော မောင်လေး ညီမလေးတို့ရေ
ဘာသာခြားတစ်ယောက်ရဲ့အမေးပါ

စားဖို့ လှူ ဖို့ သတ္တဝါကိုသတ်တာဆိုတဲ့ လူ့ဘဝ လိုအပ်ချက်ကို
အကုသိုလ် လို့ သတ်မှတ်ရင် ဗုဒ္ဓဘာသာဆိုတာ
အစွန်းရောက် ဝါဒ ပဲ။

သံဃာတော်အပါး ၅၀၀ ကို ဝက်သားဟင်းလျာဆွမ်းကပ်ချင်လို့ ဝက်အကောင် ၅၀ လောက်
သတ်ပြီးဆွမ်းချက်မယ်ဆို ကုသိုလ်ရပါသလား။

★ ★ ဟုတ်ကဲ့ပါ ......

ဒီကိစ္စကိုရှင်းလာတာ ၉၉၉ ကြိမ်ရှိနေပါပြီ ....
အသား ဆိုတဲ့နေရာမှာ လေးမျိုးရှိပါတယ် .....
(၁ ) စားဘို့သတ်တယ်
( ၂ ) လှူဘို့သတ်တယ်
( ၃ ) စားဘို့ဝယ်တယ်
(၄ ) လှူဘို့ဝယ်တယ် ...
ဒီလေးမျိုးထဲက နံပါတ် ( ၃ ) နဲ့ ( ၄ ) ကဗုဒ္ဓ ခွင့်ပြုတဲ့အသားပါ .....
ကျန်တာကတော့ .... ဗုဒ္ဓဘာသာဝင်အစစ်နဲ့ ရဟန်းတွေမဘုန်းကြပါဘူး ...
ကိုယ့်ရဲ့လောဘ လာဘ်လာဘအတွက် .... သူတပါးအသက်ကိုသတ်ရောင်းပြီးဝမ်းစာရှာတဲ့သူမှာသာ အပြစ်ဖြစ်ပါတယ် ....

★ ★   မြင်သား.... ကြားသား ..... ရည်စူးသား ..... ဘုန်းမပေးရပါဘူး .... အာပတ်သင့်ပါတယ် .....
စားတဲ့သူလဲ ငရဲကြီးပါတယ် ...... လှူတဲ့သူကလဲ သတ်တဲ့အကုသိုလ်ကတစ်မျိုးပါ ..လှူတဲ့သဒ္ဓါနဲ့ကုသိုလ်ကတစ်မျိုး ... နှစ်မျိုးရပါတယ် ...

★ ★. ပြုသူအသစ်ပါပဲ .... ကိုယ်လုပ်သမျှ အရာအားလုံးဟာ ကံတစ်ခုစီ အနေနဲ့ သွားပါတယ် ..
ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာဆိုတဲ့စကားက ..... အလကားထားခဲ့တာမှမဟုတ်ပဲရှင် .....

★ ★ တိရစ္ဆာန်မှာလဲ ...သူတို့မိသားစုလေးရှိနေတယ်လေ .... သတ္တ၀ါအားလုံးကတော့ သူတို့ကျရာ ကာမ ဘုံတွေမှာ သူတို့မိသားစုလေးတွေနဲ့ ပျော်နေကြတာပဲလေ....

 ★ ★ လမ်းဘေးကသူတောင်းစားတောင် .... သူ့မိသားစုနဲ့သူ ပျော်နေတာပဲ ... သူတောင်းစားဖြစ် လို့သေချင်တဲ့ လူမှ မရှိတာရှင် ....

★ ★ သင်သူတောင်းစားမို့ ... သင်က တိရစ္ဆာန်မို့ ဘုရားသခင်ဆီပြန်ပို့ ပေးမယ်ဆိုရင် ဘယ်သူ ကကျေးဇူး တင်မှာလဲရှင်  ....  သူ့မိသားစုလေးနဲ့ ခွဲရလို့ မချိမဆံ့ သေရလို့ ... ကျိန်းဆဲခံရမှာ ကျိန်းသေပါတယ်

Hmaw Sayar 

 “သက်သတ်လွတ်စားတဲ့ အကျင့်ကို ဘုရားလက်ထက်တော်တုန်းက ‘အာမဂန္ဓ’ အကျင့်လို့ ခေါ်တယ်။ ရသေ့ကြီးတစ်ဦးက အဲဒီအကျင့်ကို အထူးအလေးထားပြီးကျင့်တယ်၊ 

တစ်နေ့တော့ “လောကမှာ ဘုရားရှင် ထင်ရှားပွင့်နေပြီဆိုတာ ကြားရတော့ ဝမ်းသာသွားတယ်၊ ဒါပေမယ့် ဘုရားဟာ သက်သတ်လွတ်သမား မဟုတ်ဘူးလို့ ကြားသိရပြန်တော့ “ဟင်.. အသားစားရင် အဲဒါ ဘုရား မဖြစ်နိုင်ဘူး” လို့ ကောက်ချက်ချမိပြန်တယ်၊

 နောက်ဆုံးတော့ ‘အေးလေ.. လောကမှာ ဘုရားဆိုတာ ပွင့်ပေါ်ခဲတယ် ၊ တွေ့ရင်တော့ မေးမြန်းကြည့်.. သိမှာပဲ’ ဆိုပြီး အသင့်ကြံမိတဲ့အတွက် ဘုရားရှင်ရှိရာ သာဝတ္ထိကို ထွက်လာခဲ့တယ်။” 

“ဘုရားရှင်ကို ဖူးတွေ့ရတော့ နှုတ်ဆက်စကား ပြောဆိုကြပြီး “ဘုရားရှင်ဟာ အာမဂန္ဓကို စား-မစား” ဒဲ့ဒိုးကြီးမေးလိုက်တယ်။ 

ဘုရားရှင်က “အာမဂန္ဓ ဆိုတာ ဘာကိုဆိုလိုတာလဲ” လို့ ပြန်မေးတယ်၊ “အသားငါးကို ပြောတာပါ” ဆိုတော့၊ ဘုရားရှင်က 

''န၊ ဗြာဟ္မဏ၊ မစ္ဆမံသံ အာမဂန္ဓော။ အပိစ ခေါ အာမဂန္ဓော နာမ သဗ္ဗေ ကိလေသာ ပါပကာ အကုသလာ ဓမ္မာ- 

 ရသေ့ကြီး၊ အာမဂန္ဓဆိုတာ အသားငါးကို ခေါ်တာမဟုတ်ဘူး၊ တကယ်တော့ အာမဂန္ဓဆိုတာ ယုတ်မာတဲ့ ကိလေသာ အကုသိုလ်တရားဆိုးတွေ အကုန်လုံးကို ခေါ်တာသာဖြစ်တယ်'' လို့ ဟောပြတော်မူလိုက်တယ်။ 

‘သက်သတ်ပဲလွတ်လွတ်- အသားငါးနဲ့ပဲ စားစား၊ ယုတ်မာတဲ့ ကိလေသာ အကုသိုလ်တရားဆိုးတွေ မဖြစ်ပွါးအောင် စားဖို့က လိုရင်းဖြစ်တယ်’ လို့ အသင့်အားဖြင့် ယူတတ်ရမယ်။”

ချမ်းမြေ့ကြပါစေရှင် .....

https://www.facebook.com/groups/404948659530773/978320375526929/?notif_t=like


No comments:

Post a Comment