Thursday, October 2, 2014

သစ်ပင် သည် သတ္တ၀ါ မဟုတ်ပါ


  ရုပ်နဲ့ နာမ် ပေါင်းစပ် တည်ရှိနေမှ သတ္တ၀ါလို့ ဖြစ်လာတယ်ဆိုရင် ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ် မရှိတယ့် ဗြဟ္မာ တွေကြတော့ သတ္တ၀ါလို့ ခေါ်လို့ မရဘူးပေါ သူတို့ကို သတ္တ၀ါးစာရင်းသွင်းလို့ မရတော့ဘူးပေါ့ရုပ်သာရှိပြီးနာမ်မရှိတယ့် ဗြဟ္မာတွေကြတော့ သစ်ပင်တွေ ကျောက်ရုပ်ကြီးတွေနဲ့ ဆင်မနေဘူးလား .... ဗြဟ္မာတွေနဲ့ သစ်ပင် တွေနဲ့ အတူတူပဲပေါ့အမ

 နောက်တစ်ခုက သစ်ပင်လဲ အသက်ရှိတယ်လေ ကြီးထွားတယ် ... အသီးသီးတယ်လေ .... သစ်ပင်လဲ သတ္တ၀ါပဲပေါ့ .... ဘာလို့သက်ရှိလို့မသတ်မှတ်ရတာလဲ ....  ...ဒါဆို သစ်ပင်မှာလဲအသက်ရှိတာပေါ့ ...ဗုဒ္ဓဟောတာမှားတာပေါ့နော် ...

အစ္စလာမ့်ရှုထောင့်ကရော သိပ္ပံရှုထောင့်ကပါ အပင်တွေဟာ သက်ရှိတွေ ဖြစ်တယ်လို့ သတ်မှတ် ထားပါတယ်။  Living things include plants and animals. ဆိုတဲ့အတိုင်း ကန်စွန်းရွက်၊ မာလကာသီး၊ မျှစ်၊ ဆန်၊ ဂျုံ၊ ပြောင်း၊ အပါအဝင် လူတွေ စားသမျှ အပင်တိုင်း အသီးတိုင်းနဲ့ ကျွဲနွား၊ သိုး၊ ဆိတ်၊ ကြက်၊ ငှက်၊ ဘဲ၊ ဝက်၊ ငါး၊ ပုဇွန်၊ ကုလားအုတ်၊ သမင်၊ ဒရယ်၊ စိုင်၊ ဆတ် တို့က ရတဲ့ အသားတိုင်းမှာ အသက်ဓာတ်ပါနေပါတယ်။ သူတို့ဟာ အထက်က အဆိုပြုခဲ့တဲ့ မျိုးပွားခြင်းရော ကြီးထွားခြင်းရော ရှိနေလို့ပါ။ လူတွေ စားသုံးတဲ့အထဲ ကြီးထွားခြင်းရော မျိုးပွားခြင်းရော မရှိတဲ့အရာတခု ရှိပါတယ်။ အဲဒါ ရေ ပါပဲ။ ရေဟာ သက်ရှိတို့ ပေါက်ဖွားရှင်သန်ဖို့ရာ အဓိက အကျဆုံး အခြေခံပစ္စည်းဖြစ်တယ်ဆိုတာ ဇီဝဗေဒကို အနည်းငယ် တို့ထိဖူးတဲ့ ကျောင်းသားတိုင်းသိပါတယ်။ ဗုဒ္ဓဘာသာမှာကတော့ အပင်ကို သက်ရှိလို့မဟောခဲ့ပါဘူး ..... မှားနေပါတယ်

★ ★ ဒါကိုရှင်းပြနိုင်ဘို့ လောကကြီးအကြောင်းကစပြောရမှာပါ ......
ဗုဒ္ဓက အပင်ကို သက်မဲ့လို့လုံးဝ ( လုံးဝ ) မဟောခဲပါဘူး သတ္တ၀ါ မဟုတ်ဘူးလို့ပဲဟောခဲ့ပါတယ် ....

ဗုဒ္ဓဟာ .. သက်ရှိသက်မဲ့ အားလုံးကို လောကသုံးပါးနဲ့ ခွဲခြားဟောပြခဲ့ပါတယ်
လုဇ္ဇတိ-ပျက်စီးတတ်၏၊ .... ပလုဇ္ဇတိ-အဖန်ဖန် ပျက်စီးတတ်၏၊  ...... ဣတိ-ထို့ကြောင့်၊  လောကော -လောကမည်၏တဲ့ ... လောကသုံးပါးရှိပါတယ် ....

၁။ သတ္တလောက
လူ နတ် တိရစ္ဆာန် စသော သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောက။

၂။ သြကာသလောက
ထိုသတ္တ၀ါတို့၏ တည်ရာဘုံဌာနများ နှင့်တစ်ကွ သစ်ပင် တို့အပြင်  တောတောင် သမုဒ္ဒရာစသည့် သက်မဲ့ အရာဝတ္ထုများသည် သြကာသလောက။

၃။ သင်္ခါရလောက
ထိုသက်ရှိ သက်မဲ့ နှစ်မျိုးလုံးတို့၌ ဖြစ်ပျက်နေသော သဘောတရားများရှိသည့် စကြာဝဠာတစ်ခုလုံးကို သင်္ခါရလောက ။ လို့ခေါ်ပါတယ်
( လောကသုံးပါး အကျယ်ဖွင့်ပြချက်ကို ၀ိသုဒ္ဓိမဂ် ဗုဒ္ဓ်နုဿတိကထာနှင့် ပါရာဇိကဏ် အဋ္ဌကထာ ဝေရဉ္ဇကဏ္ဍ လောက၀ိဒူ အဖွင့် စသည်တို့၌ ရှုနိုင်ပါတယ် )

★ ★ သတ္တ၀ါဆိုတာကို ရှင်းပြပါ့မယ် .... 

သတ္တ၀ါဆိုတာ …. သတ္တ + အာဝါသ ဆိုတဲ့ ပါဋိစကားကလာတာပါ
သတ္တ ဆိုတာကတော့ ….
၃၁ ဘုံမှာ ကိလေသာဆိုတဲ့ တပ်မက်မှု တဏှာ အစေးနဲ့ မလွှတ်နိုင်အောင် ငြိကပ်တွယ်တာတတ်ကြတဲ့ သူတွေကို သတ္တလို့ခေါ်ပြီး ….

အာဝါသဆိုတာကတော့ …. နေရာဌာနကိုတော့ ခေါ်တာပါ ….
ဒီတော့ သတ္တ၀ါဆိုတဲ့ အဓိပါယ်ဟာ …. ကိလေသာမှ မလွတ်ကင်းနိုင်သူများ ရဲ့ နေရာ ဌာနလို့အဓိပါယ်ရတာပေါ့ ….

လူ့ဘုံ … နတ်ဘုံ … အားလုံးကိုခေါ်တာပါ …
တိရိစ္ဆန်တို့မှာတော့ သူတို့နေရာလေးဟာ သူတို့ရဲ့ အာဝါသပါ ...

တခုတော့ရှိပါတယ် …. ရဟန္တာတွေက တဏှာတော့မရှိတော့ဘူး ၃၁ဘုံကို မတွယ်တာ တော့ဘူး … ဒါပေမယ့်တင်စားသော ရုဠှီနည်း အားဖြင့် သတ္တဝါလို့ခေါ်နိုင် ပါတယ် …

ဥပမာ ငယ်ငယ်တထဲက ၀ဲပေါက်သူတစ်ယောက်ကို …၀ဲထူလို့ခေါ်နေကြရာကနေ … ကြီးလာတော့လဲ … ၀ဲ မပေါက်တော့မေမယ့် ..ခေါ်နေကျအတိုင်း …၀ဲထူလို့ခေါ်မိနေတာပေါ့ … ဒါမျိုးကို ရုဠှီနည်းလို့ခေါ် ပါတယ် ..။

ဘုရားက လွဲရင် အားလုံးကို သတ္တဝါလို့ သုံးပါတယ် တစ်ယောက်ချင်းအတွက်တော့ ကိုယ့်ကိုယ်ကိုလည်း ကိုယ့် သတ္တဝါသပဲ ...

အထွတ်အမြတ်ထားသော ဘုရားမှတစ်ပါး တဏှာ မရှိတော့တဲ့ ရဟန္တာကိုတောင် သတ္တ၀ါလို့ ခေါ်သေး တာ …ကျန်တာအားလုံးကိုသတ္တ၀ါလို့ခေါ်တာပေါ့ ….

★ ★ ပြီးတော့ အသညသနဲ့ အရူပဘုံသားတွေဟာ … အယူမှားပြီး အဲ့ဘုံကို ရောက်ကုန်ကြရတာ … သူတို့တွေက ဈာန်ရပြီးတဲ့အချိန်မှာ …

သြော် …လောကမှာ ရုပ်ဆိုတဲ့ … နာမတရားသာမရှိရင် … ဘယ်လောက် ဒါဏ်ရာ ..အနာတွေကိုယ်မှာရနေပါစေ … မဆင်းရဲနိုင်ဘူးလို့ အယူမှားသွားတဲ့ သူက …
ရုပ်မရှိတဲ့ … အသညသဘုံကိုရောက်တော့တာ …

ဒီလိုပဲ … စိတ်သာမရှိပါစေ … ငါ့မှာ ဘာဝေဒနာမှ … ဘာေ၇ာဂါမှ မဖြစ်တော့ ဘူး ချမ်းသာ လေစွလို့ …. အယူမှားတဲ့ သူတွေကတော့ … အရူပ ဘုံကိုရောက်ေ၇ာ …

သူတို့က ရူပ အရူပဆိုတဲ့ ကုသလိုလ်ဆိုတဲ့ ကံကြောင့်ဖြစ်တာ … ကံကုန်တာနဲ့ လူတွေလိုပဲ …ပြန်ပြီး လည်ရတာပါ  …

သိတ်တတ်ကြတာလေ … ဒါကြောင့် သူတို့အတတ်နဲ့ သူတို့စူး … အဲ့ဘုံတွေရောက်ပြီး … ဘုရားနဲ့ လွဲ လွဲနေတတ်ရော … တရားနာလို့ ဘုရားလှူလို့မှမရတာကိုး …
ဒါကြောင့် မရောက်သင့်တဲ့နေရာ ရပ်ပြစ်ရှစ်ပါးထဲ သူတို့ဘုံတွေထည့်ထားတာ ….

★ ★ ဗြဟ္မာဘုံတွေမှာ … သုဒ္ဓါဝါသ ( ၅ ) ဘုံကတော့ … အရိယာတွေချည်းနေလို့ သူတော်စင်တွေ နေတဲ့ … စင်ကြယ်တဲ့ … မြတ်သောဘုံ ( အရိယ ဘ၀ဂ္ဂ ) လို့ခေါ်ပါတယ်။

ဒိထက်မြတ်တဲ့ ဘုံဖြစ်တဲ့ …. ဟိုး အထက်ဆုံး နေ၀သည နာသညာ ယတန ဘုံကတော့ …အမြင့်ဆုံး … အမြတ်ဆုံးဘုံဖြစ်လို့ … သဗ္ဗဘ၀ဂ္ဂ (သဗ္ဗဘ၀ဂ် ) လို့ခေါ်တာပေါ့ …။

★ ★ ★ ★ နောက်တစ်ခုက …. သတ္တ၀ါတွေမှာ … အကြမ်းအားဖြင့် ….
ကမ္မဇရူပ
ဥတုဇရူပ
စိတ္တဇရူပ
အာဟာရဇရူပ ……
စတဲ့ အသီးအပွင့် သွေးသားစတဲ့ရုပ်ကို ဖြစ်စေတဲ့အကြောင်းတရား ၄မျိုးရှိရာမှာ ...

★ ★ သစ်ပင် တွေမှာကတော့ ...

စိတ္တမရှိ စိတ္တဇရုပ်မရှိ
စိတ်လည်း မရှိလို့ စိတ်ကြောင့်ဖြစ်တဲ့ ၀မ်းသာ ၀မ်းနဲ ပူဆွေးသောက.. ဒေါသမာန်မာန ကာမတဏှာ စတဲ့ ရုပ်လည်းမရှိပါဘူး

ကမ္မ မရှိ ကမ္မဇရုပ်မရှိ
ကာယ ၀ဇီ မနော စတဲ့ ကံတွေ မရှိတဲ့ အတွက် …. ကံကြောင့်ဖြစ်သောအို နာ သေ ဆင်းရဲချမ်းသာ  စတဲ့ ကမ္မ ရုပ် မရှိ ပါဘူး …

ဥတုရှိ တဲ့အတွက် ဥတုဇရုပ် လို့ခေါ်တဲ့ ဥတုကြောင့်   ပွင့်လန်းခြင်း ၀တ်မှုံကူးခြင်း ခြောက်သွေ့ခြင်း လန်းဆန်းခြင်း စတဲ့ဥတုဇရုပ်နဲ့

နေရောင်ခြည် လေ ရေ ဆိုတဲ့ အာဟာရရှိတဲ့ အတွက် ကြီးထွားခြင်း ရှင်သန်ခြင်း စတဲ့ အာဟာရ ဇရုပ် ရှိပါတယ် ….

ဒါကြောင့် သစ်ပင်တွေကို သတ္တ၀ါလို့မခေါ်တာပေါ့ ….

ကဲ ဒါဆို …ငါ့မောင်လေးက ရူပ အရူပ ဗြဟ္မာ နဲ့ သစ်ပင် နဲ့ သတ္တ၀ါ ခွဲတတ်ပြီပေါ့နော် ….

★ ★ ★ နောက်တစ်ခုက မင်းကန်စီအဖြေပါ ...
((  ရုပ်နဲ့ နာမ် ပေါင်းစပ် တည်ရှိနေမှ သတ္တ၀ါလို့ ဖြစ်လာတယ်ဆိုရင် ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိ တယ့် ဗြဟ္မာ တွေကြတော့ သတ္တ၀ါလို့ ခေါ်လို့ မရဘူးပေါ သူတို့ကို သတ္တ၀ါးစာရင်းသွင်းလို့ မရတော့ဘူးပေါ့
ရုပ်သာရှိပြီးနာမ်မရှိတယ့် ဗြဟ္မာတွေကြတော့ သစ်ပင်တွေ ကျောက်ရုပ်ကြီးတွေနဲ့ ဆင်မနေဘူးလား ....။)))

ဒီနေရာမှာ မရှိတာနဲ့ ခဏရပ်နေတာနဲ့ ကွာသွားပါတယ်... ရုပ်သာရှိ နာမ်မရှိတဲ့ ဗြဟ္မာတွေနဲ့ နာမ်သာရှိ ရုပ်မရှိတဲ့ဗြဟ္မာတွေမှာ ရုပ်ဖြစ်စဉ် နာမ်ဖြစ်စဉ်တွေဟာ မရှိတာမဟုတ်ဘူး... ခေတ္တခဏ ဈန်တန်ခိုးနဲ့ ရပ်တန့်သွားတာပါ... ဈန်ကုသိုလ်ကုန်ချိန်မှာ သူတို့မလိုချင်ခဲ့တဲ့ ရုပ်တွေ နာမ်တွေဟာ သူတို့အလိုကိုမလိုက်ဘဲ အနတ္တ အစိုးမရဆိုတဲ့ သဘောတရားအတိုင်း ပြန်လည်ပေါ်ပေါက်လာရမှာပဲဖြစ်ပါတယ်...

ဖယောင်းနဲ့ မီးစာရှိနေရင် မီးနဲ့မတွေ့ခင်သာ မီးတောက်မစွဲသေးဘဲ မီးနဲ့တွေ့ရင် မီးတောက်စွဲကို စွဲရမှာ သဘာဝပါ.... သတ္တဝါရယ်လို့ ဖြစ်လာပြီး ကံကပြစ်ချရာမှာ ကျင်လည်နေရကတည်းကိုက လောင်စာအပြည့်နဲ့ပါ....

 မီးနဲ့မတွေ့သေးလို့ အေးချမ်းနေတာပါ... ကိလေသာလောင်စာတွေ မဖယ်နိုင်သေးသမျှတော့ တစ်နေ့နေ့တစ်ချိန်ချိန် မီးနဲ့တွေ့ရင် လောင်ကိုလောင် ရဦးမှာပါ....

ကိလေသာလောင်စာတွေကို အကုန်အစင်ပယ်ရှင်းနိုင်မှသာလျှင် အမှန်တကယ် ရုပ်နာမ်ချုပ်ငြိမ်းတဲ့ အေးချမ်းရာအမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာဖြစ်ပါတယ်....

အဆိုပါ ဗြဟ္မာတွေဟာ ရုပ်နာမ်ချုပ်ငြိမ်းသွားခြင်းမဟုတ်ပါမူဘဲ ခေတ္တခဏသာ ရပ်ဆိုင်းသွားတာဖြစ်ပါတယ်....

သစ်ပင် တော တောင် ဆိုတဲ့ သြကာသလောကနဲ့ လားလားမျှမဆိုင်တဲ့ သတ္တလောက သားတွေဖြစ်တဲ့အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရုပ်နာမ်အစုံနဲ့ နေရင်းဌာန အပါယ်လေးဘုံကို မလွဲမသွေ ပြန်ရဦးမှာပါ....

အဲ့သလို လောကသုံးပါးကို ခွဲခြားသိမြင်နိုင်တဲ့ လောကသုံးပါးမှာ အတုမရှိတဲ့ တစ်ဦးတည်းသော မဟာလူသား သဗ္ဗေညုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတုမရှိသဗ္ဗေညုဥာဏ်တော်ကြီးနဲ့ လောကသုံးပါးကို ခွဲခြားဟောပြောခဲ့လို့သာလျှင် ကျနော်တို့ ယခုလိုသိနိုင်ခြင်းဖြစ်ပါတယ်...

 သာသနာပမှာဆိုလျှင်တော့ ညီအစ်ကိုတော်ရဲ့ ယခုအမြင်မျိုးဟာ ဘုရားတစ်ဆူတောင် လုပ်လို့ရနိုင်တဲ့အမြင်မျိုးပါ... ခပ်တည်တည်နဲ့ ဖိန့်ဖိန့်ပေါ့လေ.. သင်္ခါရလောက သြကာသလောက သတ္တလောကဆိုပြီး လောကသုံးပါးကို ခွဲခြားသိမြင်တာအတုမရှိ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးတော်ပါပဲ.....

( အကိုတော် ဆရာတော် အရှင် ဥာဏိသရ Ashin Nanissara ကိုဦးတင်လျှက် )

ချမ်းမြေ့ကြပါစေရှင် ..... 

No comments:

Post a Comment