Friday, October 10, 2014

ကဏှ ဒီပါယန ဇာတက




အမ ... လောကကမှာ ... မကောင်းတာတွေလုပ်နေတဲ့လူတစ်ချို့ကျတော့ အရမ်းချမ်းသောပြီး ... ကောင်းတာလုပ်နေတဲ့သူကျတော့ ... ဆင်းရဲနေတတ်တယ် ...ဒုက္ခတွေရောက်နေရတယ် ..ဘာဖြစ်လို့လဲ တဲ့ ....

★ ★ ဟုတ်ကဲ့ ... ကံလေးပါးတရား ဆိုပြီး တင်ထားတာရှိပါတယ်မောင်လေး ... အောက်ကလင့ှ်ာဝင်ဖတ်ပါ ... ထပ်လဲဖြေပေးပါ့မယ် ...။

https://www.facebook.com/photo.php?fbid=1477217795844288&set=pb.100006682441171.-2207520000.1406737400.&type=3&theater

★ ★ မကောင်းတာတွေလုပ် နေခဲ့ပြီး ဒီဘ၀မှာ နတ်စည်းစိမ်းလို စံစားနေကြရတာကိတော့ ... လွန်ခဲ့တဲ့ဘ၀တွေကအကျိုးပေးတွေကြောင့် ... ကောင်းခဲ့တယ် ...ကောင်းနေတယ် ...ဒါပေမယ့် သံသရာ မှာ ... သူကောင်းဖို့မရှိတော့ပါဘူး ...တစ်ဘ၀စံလဲဖြစ်ချင်ဖြစ်သွားပါလိမ့်မယ် ....
ဘုရားရှင်လက်ထက်တော်ထဲက ဒေ၀ဒတ် ...အဇာတသတ် ... စတဲ့သက်သေတွေအများကြီးပါ ....။

★ ★ ကောင်းတာလုပ်နေပါလျှက်နဲ့ ဟိုဘ၀ကပြုခဲ့တဲ့ မကောင်းမှုကံကအခွင့်ကြုံ ခဲတဲ့တွက် ကောင်းမှု လုပ်နေတုန်း မကောင်းကျိုးပေါ်လာတတ်ပါတယ် …

ဒါကိုဥါဏ်နဲ့မယှဉ်နိုင်သူတွေက … မကောင်းတာ လုပ်တဲ့ သူတွေ ကျတော့ကောင်းနေပြီး ကောင်းတာလုပ်နေတဲ့သူကျ ဆိုးရလား ဆိုပြီး လောကကြီးကိုစိတ်နာ …အယူ ဖောက်ပြန် ဆိုးရွားသွားတတ်ပါတယ် …။

ကောင်းတာလုပ်နေရက်နဲ့ မကောင်းကျိုးကိုခံရတဲ့ ရဟန္တာ တစ်ပါးအကြောင်းပြောပြပါ့မယ် ….

★ ★ ရှေးအခါက ၀ဿကတိုင်း ကောသမ္ဗီပြည်မှာ ဒီပါယန နဲ့ မဏ္ဍဗျ ဆိုတဲ့ ကုဋေကြွယ် သူဌေးသူငယ်ချင်း နှစ်ဦးရှိကြတယ်တဲ့ …. တနေ့မှာ အဆွေခင်ပွန်း နှစ်ဦးဟာ ကာမဂုဏ်ရဲ့အပြစ်ကိုမြင်လာကြတဲ့အတွက် ရှိသမျှစည်းစိမ်တွေကိုစွန့်ပြီး…. ဟိမဝန္တာကိုဝင် ရသေ့ရဟန်းပြုခဲ့ကြတယ်တဲ့ …

နှစ်ပေါင်း ၅၀ ကြာပေမယ့်လဲ … ဘာဈာန် ဘာမဂ် ဘာဖိုလ်မှ မရကြသေးဖူးပေါ့ … ဒီလိုနဲ့ တစ်နေ့ မှာ … ချဉ်ဆား မှီဝဲဖို့ရာ ကာသိတိုင်းကိုရောက်လာကြတယ် ။

ကာသိတိုင်းမှာ ဒီပါယနသေ့ရဲ့အဆွေခင်ပွန်းကောင်း သူဌေးကြီး … မဏ္ဍပ ကရသေ့နှစ်ပါး ကို ကျောင်းဆောက် လုပ်ကျွေးပြုစုခဲ့တယ် …

ဒီကျောင်းမှာ ၃နှစ်နေပြီး … ရသေ့နှစ်ပါးဟာ သူကြွယ် ကို ခွင့်ပန်ပြီး ဗာရာဏသီက အဓိမုတ္တ သုဿန်မှာ တရားကျင့်ထွက်ခဲ့တာပေါ့ ….

ဒါပေမယ့် ဒီပါယနရသေ့ဟာ သူဿန်မှာနေရတာငြီးငွေ့လာလို့ …မိတ်ဆွေသူဌေးဆီပြန် သွားပြီး ကျောင်းမှာ ပဲ ဆက်လက်သီတင်းသုံနေတယ်တဲ့ …. မဏ္ဍဗျရသေ့ကြီးကတော့ သုသန်မှာပဲကျန်ခဲ့တာပေါ့

တစ်ညတော့ သူခိုးတစ်ယောက်ဟာ ဥစ္စာခိုးပြီးအထွက် ဥစ္စာရှင်များက သီပြီးလိုက်ကြတဲ့အခါ ..ထွက်ပြေးရင်း ..သူဿန်ကိုရောက်တော့ အထုတ်ကိုဇ၇ပ်ပေါ်လှမ်းပြစ်ပြီး လွတ်ရာကိုပြေးတော့ တာပေါ့ … သူထင်တာ လူတွေကပစ္စည်းထုတ်တွေ့ရင် မလိုက်တော့ဘူးပေါ့ ….

နောက်ဆုံးတော့ ဇရပ်မှာ တရား ထိုင်နေတဲ့ မဏ္ဍဗျ ရသေ့ကြီးကို …. အထုတ်နဲ့ မိသလိုဖြစ်သွားတာပေါ့ … ဒီမှာပဲ လူတွေက ဒေါသပိုထွက် လာတော့တယ် …

ရသေ့ယုတ် … ညဥ့်အခါမှာသူများပစ္စည်းလိုက်ခိုး … နေ့ကျ သူတော်ကောင်းယောင်ဆာင်နေ တယ် ဒီလောက်ယုတ်မာတဲ့အကောင် ရိုက်ကြဟေ့ဆိုပြီး .. ၀ိုင်းရိုက်ကြတာ … ရသေ့အိုလဲ ပုံလျှက် လဲကျသွားတယ်တဲ့ …

ဒီအခါမှာလူကြီးတစ်ယောက်က …. ဟေ့ ဟေ့ တော်ကြ ..လက်လွန်ကုန်မယ် … တရားဥပဒေ ဆိုတာရှိတယ် … လူယဉ်ကျေးတွေရဲ့ တိုင်းပြည်မှာ တရားဥပဒေသည်သာ ပဓာနဖြစ်တယ် ကိုယ်ထင်တိုင်း မလုပ်ရဘူးဆိုပြီး … ရသေ့ကို ဘုရင်ဆီပို့ကြတာပေါ့ ….

ဘုရင်ကလဲ ဥစ္စာထုတ်ကို လက်ပူးလက်ကြပ်မိပြီဆိုတော့ စဉ်းစားမနေတော့ပဲ သူတော်ကောင်းယောင်ဆောင် တဲ့ အကောင် ကို တံကျဉ်လျှို မသေမချင်းသတ်စေလို့ အမိန့်ပေးလိုက်တယ် ….

သူသတ်တွေဟာ … ရသေ့ကို ရှားသားတံကျဉ်နဲ့ သပ်ရိုက်တယ် … သပ်လျှိုလို့မရဘူး ရှားသား ဖွာထွက်ကုန်တယ်တဲ့ … တမာသားနဲ့ ရိုက်ပြန်တယ် ..ဘယ်လိုရိုက်ရိုက်မ၀င်ဘူး .. နောက်ဆုံး သံတံကျဉ်နဲ့ရိုက်ပြန်တယ် ဒါလဲ ဘယ် လိုမှ မ၀င်ပြန်ဘူး …

ဒီအခါမှာရသေ့က … ဘယ့်နှာကြောင့် ဒီတံကျဉ်တွေ မ၀င်ပါလိမ့်လို့ မိမိကိုယ် ကို ပြန်ဆင်ခြင် မိတဲ့အခါမှ … မိမိဟာ ရှေးဘ၀ကိုသိမြင်နိုင်တဲ့ ဇာတိသရ ဥာဏ်စတဲ့ ဥာဏ်စဉ်တွေ ဖြစ်ပေါ် လာတာတွေရတယ် …

သူဟာလွန်ခဲ့တဲ့ တစ်ဘ၀က လက်သမားဆရာရဲ့သားဖြစ်စဉ်က … ပင်လယ်ကသစ်မြစ်နဲ့ ပုဇဉ်းကို ထိုးပြီးလွှတ်တမ်းကစားတယ်တဲ့ … နောက်တော့ ကသစ်မြစ်လေးကိုနှုတ်ပြီး ပုစဉ်းကို လွှတ်ပေးလိုက်တယ်တဲ့ … ဒါပေမယ့်ကသစ်မြစ်လေးက … ပုစဉ်းခန္တာ ကိုယ်မှာ ကျိုးကျန်ခဲ့ပြီး ပုစဉ်းလဲပျံသွားတာပေါ့ ….

ဒါကိုပြန်မြင်တော့ ရသေ့က … ဒကာတို့ ငါ့ကို တခြားတံကျဉ်နဲ့ ထိုးလို့မရဘူး …ပင်လယ် ကသစ်သား တံကျဉ် နဲ့ ထိုးမှ ရလိမ့်မယ်လို့ပြောသတဲ့ …

ပင်လယ်ကသစ်သားတံကျဉ်ဟာ သာမန် ထိုးသွင်း ယုံနဲ့ ရသေ့ခန္တာကိုယ်တွင်းဝင်သွားသတဲ့ … သွေးတွေဖြာကျလာပြီး ရသေ့ကြီးလဲငိုက် ကျသွား တာပေါ့ …

ကြည့်စမ်း ကုဋေ ၈၀ကြွယ်ဝတဲ့သူဌေး … တရားကျင့်တဲ့ ရသေ့ …အသက် ၈၀ ကျော်မှ … ဘ၀ါ ဘ၀က အပရာ ပရိယဝေဒနိယကံရဲ့ အကျိုးပေးအလှည့် ကြုံလာတော့ တရားကျင့်နေဆဲမှာ သူခိုး လို့စွပ်စွဲခံရ …

တံကျဉ် လျှိုသတ်စေဆိုတော့ …. ဟိုးဘဝါ ဘ၀က ပုဇဉ်းကို ပင်လယ်ကသစ်ရိုးထိုးပြီး ဆော့ခဲ့တဲ့ အကုသိုလ် ကံကပါ အခါ အခွင့်ကြုံ တိုက်ဆိုင်လာ တော့ အကျိုး ထပေးတော့တာပေါ့ ….

ဒီအချိန်မှာပဲ မဏ္ဍဗျရသေ့ကြီးရဲ့သူငယ်ချင်း ဒီပါယနရသေ့ကလဲ သူငယ်ချင်းရသေ့ကို ပြင်းစွာ သတိရခြင်းဖြစ်ပြီး တွေ့ချင်လွန်းတာကြောင့် မိတ်ဆွေရသေ့ဆီလာရင်း လမ်းခရီးမှာ ရသေ့ကြီး တံကျဉ်လျှို သေစေအမိန့်ကိုကြားပြီးအပြေးတစ်ပိုင်း ရောက်လာတဲ့ပြီး … သွေးတွေနဲ့ သူငယ်ချင်း ကိုဖက်ပြီးငိုသတဲ့ ..ဒီအခါမှ သတိ်ပြည်လည်လာတဲ့ ရသေ့ကြီးကို ..မေးသတဲ့

အဆွေ … အဆွေ့မှာအပြစ်ရှိသလား

ငါ့မှာအပြစ်မရှိပါ

အဆွေဟာ မိမိကိုဖမ်းတဲ့သူ ..သတ်တဲ့သူတွေအပေါ်မှာရော ….ဒေါသအားဖြင့် ပြစ်မှားခြင်းဖြစ် ပါသလား

အဆွေ ယ္ခု ငါခံရတဲ့ မကောင်းကျိုးဟာ အတိတ်ကငါပြုခဲ့တဲ့ မကောင်းမှု ကံကြောင့်ယ္ခု လိုဖြစ်ရ တယ် …. ဘယ်သူ့အပေါ်မှာမှ ဒေါသအားဖြင့် ပြစ်မှားခဲ့ခြင်း မရှိပါ ….

အဆွေဟာ ဒီလိုအမျက်မထွက်ပဲ သည်းခံနိုင်ခြင်းဟာသီလ ဖြူစင်လို့ ဖြစ်ရတာ … သီလဖြူစင် သူရဲ့ အရိပ်ဟာအေးမြတယ် … ကျုပ်အဆွေရဲ့အရိပ်အောက်မှာ ပဲနေပြီး အဆွေနဲ့အတူ တူ သေပါရလို့ …. ပြောသတဲ့ …။

ဒီအခါမှာ .. ရသေ့ကြီးသေပြီလို့ သတ်မှတ်ထားတဲ့ သုဿန်မှာစောင့်ကျန်ခဲ့တဲ့ မင်းချင်းတွေက ဘုရင်ဆီအကြောင်းကြားတဲ့အခါ … မင်းကြီးလဲ ထိတ်လန့်သွားတာပေါ့ … ငါဟာသူတော်ကောင်း ကိုပစ်မှား မိပါပကောဆိုပြီး သုဿန်ကိုချက်ချင်းလိုက်သွားတယ်တဲ့ …

ဒီပါယနရသေ့က … မင်းကြီး ဒီရသေ့ဟာ လူ့ဘဝက ကုဋေ ရှစ်ဆယ်ကြွယ်ဝတဲ့ သူဌေးပါ … အားလုံးစွန့်လွှတ်စွန်ကြဲပြီး ရသေ့ဝတ်လာသူ ..ပစ္စည်းခိုးပါ့မလား … မည်သည့်အတွက် မမေးမစမ်းပဲ အပြစ်ဒါဏ်ချမှတ်ရပါသနည်း …

မင်းဆိုသည်မှာ အရာရာ စဉ်းစားချင့်ချိန်ရတယ် … အမှုမဲ့ အမှတ်မဲ့ မလုပ်စကောင်း …
မင်းမြတ် …လောကမှာ မကောင်းတဲ့ အရာ လေးမျိုးရှိတယ်

( ၁ ) ရသေ့ရဟန်းဖြစ်လျှက် ကိုယ်ကိုမစောင့်ရှောက်ခြင်း နှုတ်ကိုမစောင့်ရှောက်ခြင်း ဟာမကောင်းဘူး

( ၂ ) မင်းဖြစ်ပါလျှက်ဆင်ခြင်စဉ်းစားမှုမရှိခြင်းဟာ မကောင်းဘူး ….

( ၃ ) ကာမဂုဏ်ခံစားတဲ့ လူသားဖြစ်ပါလျှက် အလုပ်လုပ်ကိုင်ရာမှာ ပျင်းရိနေလျှင်မကောင်းဘူး

( ၄ ) ပညာရှိဖြစ်လျှက် နဲ့ အမျက်ဒေါသကြီးခြင်းဟာမကောင်းဘူး ….

မင်းကြီး လောကမှာ မကောင်းတဲ့တရားဟာ ဒီလေးပါးဖြစ်တယ် … မင်းကြီးဆင်ခြင်မှုမရှိပဲ အပြစ်မဲ့သူ မည့်မျှကို အပစ်ပေးပြီးပြီနည်း ….

မင်းကြီးလည်းထိတ်လန့်ခြင်းကြီးစွာဖြစ်ပြီး ..ခုချက်ချင်း တံကျဉ်ကို အနှုတ်ခိုင်းသတဲ့ … ဒါပေမယ့် နှုတ်မရပြန်ဘူး … ဒီအခါမှာ မဏ္ဍဗျရသေ့က …

ငါဟာရှေးဘဝက မကောင်းမှုကံ ကြောင့်ခုလိုခံနေရခြင်းဖြစ်တယ် ….

သင်တို့နှုတ်သော် ရမှာမဟုတ် … အကယ်လို့ငါ့ကို အသက်ရှင်စေချင်လျှင် …လွှနဲ့ အသား အနီးကပ်ပြီး တံကျဉ် ကိုလှီးဖြတ် ပါလေ လို့ပြောသတဲ့ …

ထိုအခါမှသာ မဏ္ဍဗျ ရသေ့ကြီးဟာ တံကျဉ်တန်းလန်းနဲ့ သက်တမ်းစေ့နေသွားရတယ်တဲ့ … ဒီအချိန်ကစလို့ ရသေ့ကြီးနာမည်ဟာလဲ အာဏိမဏ္ဍဗျ ဖြစ်သွားတယ်တဲ့ … တံကျင်တန်းလန်းနဲ့ မဏ္ဍဗျပေါ့ …

သူငယ်ချင်း ဒီပါယနရသေ့ ရဲ့အသားအရည်ဟာ ၀့ဝင်းသောအဆင်းရှိသော်လဲ … ဘုရင်ကြီးက ဒီရသေ့ကိုတွေ့တဲ့အချိန်က … မဏ္ဍဗျရသေ့ကြီးရဲ့ သွေးတွေလူးပြီးသွေးတွေခြောက်သွားတဲ့ အခါ မဲညစ်နေတာပေါ့ … ဒါကြောင့် ကဏှဒီပါယနလို့ ခေါ်ကြတယ်တဲ့ …။

(၀တ္တုက ဒသက နိပါတ်တော် ကကှဒီပါယန ဇာတက )

ချမ်းမြေ့ကြပါစေရှင် .

No comments:

Post a Comment