Monday, October 13, 2014

သာသနာနှစ် ( ၅၀၀၀ ) ကိစ္စ




... မောင်လေးညီမလေးတို့ရေ .... အစ္စလာမ်ဘာသာဝင် အိုင်အိုဒင် ကိုကိုကြီးမေးထားတာလေးပါ ....
.
★。 ဗု ဒ္ဓမြတ်စွာဘုရားကနှောင်နှစ်ပေါင်း
၅၀၀၀ လောက်ကျရင်ဗုဒ္ဓဘာသာကိုးကွယ်
သူမရှိတော့ဘူးဆိုပြီးဟောခဲ့တယ်ဆိုတာ
ဟုတ်ပါသလားသိချင်လို့ပါ
ဗုဒ္ဓဘာသာဝင်တစ်ယောက်ကပြောနေလို့ပါ
သာသနာကွယ်ဖို့အချိန်ဘယ်လောက်ပဲ
ကျန်တော့လည်းဆိုတာသိလို့ရရင်သိချင်ပါ
တယ် ကွယ်ခါနီးပြီးလားခင်များ
အော်သူကပြောပါတယ်ဗုဒ္ဓမြတ်စွာဘုရား
ကဟောပါတယ်တဲ့ ငါရဲ့သာသနာကိုဖျက်ဆီးပြီးကွယ်အောင်လုပ်မှာ
ငါ့ရဲ့သားတော် ဘုန်းကြီးတွေ ဆိုပြီးပြောပါ
တယ်တဲ့ ဟုတ်ပါသလားခင်များ
ဗုဒ္ဓဘာသာ ပျက်ဆီး မှာ ဘုန်းကြီးတွေ
ကြောင့်ဆိုတာဟုတ်ပါသလား
.
☆。 ★。 ကျမတို့သာသနာတော်ရဲ့ အနှစ် ( ၅၀၀၀) ဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပါ့မယ်....
.
☆。 ★。 **** တစ်ကယ်တော့ သာသနာအနှစ် ( ၅၀၀၀ ) ဆိုတာ သာသနာတော်သက် တမ်း( ၅၀၀၀ ) ပဲရှိမယ်လို့ပြောတာမဟုတ်ရပါဘူး ….
.
သာသနာနှစ်ငါးထောင် သာတည်တံ့မည် ဟုဘုရားရှင် ဟော ခဲ့ပါတယ် ဆိုသော ကျမ်းအထောက်အထား ပိဋကတ်ပါဠိတော်ရင်း၌ မရှိပါဘူးရှင် အဋ္ဌကထာများ၌သာ တွေ့ရှိ ရပါသည်။
.
အင်္ဂုတ္တရနိကာယ် အဋ္ဌကထာ အလိုအားဖြင့်-
.
(၁) ပဋိသမ္ဘိဒါပတ္တ-ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၂) ဆဠာဘိည-အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၃) တေ၀ိဇ္ဖက-၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၄) သုက္ခ၀ိပဿက-ဈာန်မရသော ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀။
.
(၅) ပါတိမောက္ခသံဝရသီလခေတ်-ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေသေး သောခေတ် နှစ် ပါင်း ၁၀၀၀။ စုစုပေါင်း ၅၀၀၀။
.
☆。 ★。 ဆိုလိုတာက ဘုရားရှင် ပရိနိဗ္ဗန်ပြုပြီး ..
.
( ၁ ) ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၂ ) အဘိဉာဏ် ခြောက်ပါးနှင့် ပြည်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၃ ) ၀ိဇ္ဇာ ၃းပါးနှင့်ပြည့်စုံသော ရဟန္တာ များပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၄ ) ဈာန်မရသော ရဟန္တာများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ( ၁၀၀၀ )
.
( ၅ ) ရဟန်းကျင့်ဝတ်နှင့်ညီစွာ ကျင့်ကြံနေထိုင် သော ရဟန်းများ ပေါ်ထွန်းမယ့်ခေတ် နှစ်ပေါင်း ၁၀၀၀။
.
ဆိုပြီး နှစ်ပေါင်း ( ၅၀၀၀ ) အတွင်း နှစ်တစ်ထောင်စီအလိုက် ရှိလာမယ့်ပုဂ္ဂိုလ်မြတ်တွေ ကို ပြောတာပါ...။
.
ဒါပေမယ့် မဟာဝဂ္ဂပါဠိ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗ္ဗာဇကသုတ်မှာ သုဘဒ္ဒ ပုရပိုဇ် ကို ဘုရားရှင် တစ်ကယ် ဟောတော်မူခဲ့တာက..
.
(သုဘဒ္ဒ သာသနာတော်မှာ ရဟန်းများဟာ ကောင်းမွန်စွာ နေကြမယ်( မိမိတရားထူး ရပြီး ထိုတရား အား အခြားသူများအား ပြောဟောကာ အခြားသူများကလည်း တရား ထူးရကြမယ်) ဆိုပါရင် လောကကြီးမှာ ရဟန္တာများ မဆိတ်သုဉ်းနိုင်ဘူး) လို့ သုဘဒ္ဒ ပရိဗိုဇ် အားမိန့်တော်မူ ထား ပါတယ်။
.
ဣမေစ သုဘဒ္ဒ ဘိက္ခူ သမ္မာ ၀ိဟရေယျုံ အသုညော လောကော၊ အရဟန္တေဟိ အဿတိ။ ( ဒီဃ-ဋ္ဌ ၁၈၁)၊ အံ-ဋ္ဌ ၁-ရ၂) ဟူသော....
.
ထိုစကားတော်အရ ရဟန်းတော်များ ကောင်းမွန်စွာနေကြမယ် ဆိုရင်တော့ အရိယာများ မဆိတ် သုဉ်းနိုင် ပါဘူး၊ ရှိနေဦးမှာပါဆိုတာပါပဲ။
.
ကျင့်ကြံသူတွေ ရှိနေသရွေ့ရဟန္တာပုဂ္ဂိုလ်တွေ နှင့် သာသနာတော် သည် လောကကြီး၌ မဆိတ်သုဉ်းနိုင်ပါ။
ကျင့်ကြံကြသူတွေ ရှိနေကြသမျှကာလပတ်လုံး သာသနာတော် တည်တံ့နေမည် ဖြစ်ပါတယ် ။
မကျင့်ကြံ မလိုက်နာသူတွေအတွက်ကတော့ သာသနာမရှိပါ။ မတည်ပါ လို့ပဲ ဟောခဲ့တာပါ ။
ဒါကြောင့် သာသနာတော် သက်တမ်း ( ၅၀၀၀ ) ပဲရှိမှာပါလို့ ဆိုတဲ့စကားဟာ ဘုရားဟော တွေမှာ လုံးဝ မရှိပါရှင်။
.
ဒီနေရာမှာ ဘုရားဟောအစစ်နဲ့ ပြန်ရေးထားတဲ့ ကျမ်းတွေကိုခွဲခြားသိဖို့လိုမယ် ရှင်..
ပိဋကတ် ( ၃ ) ပုံ ဘုရားဟောအစစ်တွေ မှာ ဘုရား ရှင် က ဘယ်နေ ရာမှာဘယ် အကြောင်းကြောင့် ဘယ် သူ့ ကို ဘယ်လိုဟောပါတယ်လို့ ပါပါတယ်. ..။
.
အမှန်က ဗုဒ္ဓ၀င်ဆိုတာ ဗုဒ္ဓ၀ံသ အဋ္ဌ ကထာကို မြန်မာလိုပြန်ပြီး ရေးထား တဲ့ ကျမ်းပါ ရေးသား သူကတော့ သီဟိုဠ်ရဟန်းတော် အရှင် ဗုဒ္ဓဒတ္ထပါ ၊`နာလာ ဋ ဓာတုဝင် ၊ မဟာဝင် ၊ ဒီပ၀င် ၊ ဗောဓိဝင် ၊ ဒဋ္ဌာဓာတုဝင် ၊ ဆိုတာတွေ ကိုလည်း သီဟိုဠ် ရဟန်းတော် အရှင်မဟာနာမဆိုသူက ရေးသားခဲ့တာပါ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိ ပညာရှင် သီဟိုဠ် ရဟန်းတော်တွေသာ ဖြစ်ပါ တယ်´´။
.
အဲ့ဒီကျမ်းက စကားတွေကို ဖတ်ပြီး ဗုဒ္ဓဘုရားဟော တာပါ ဆိုပြီး ဝေဖန် ရင်တက်တက်စင်မှားမှာပေါ့...။ ဗုဒ္ဓဘုရားရှင်ရဲ့ တရား တော်နှင့် စာရေး ဆရာသီချငးရေးဆရာ တွေ ရဲ့ အဋ္ဌကထာ ဋီကာ စတာတွေကို အတူတူကြီးပဲ ထင်ပြီး ပြောနေကြ ရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။
.
ဗုဒ္ဓစာပေမှာ ဘုရားဟော မဟုတ်တဲ့ ဋီကာ အဌကထာ တွေမှာ လက်တွေ့နဲ့ သိပ္ပံနဲ့လုံးဝ မကိုက် ညီတဲ့ အပိုင်းတွေပါနေပါတယ် ... ဘုရားဟော တပိုဒ်လောက်လေး ကို ခေါင်းစဉ်တပ်ပြီး ဇတ်လမ်းတစ်ခုလုံးကို အဌကထာဆရာ ဗြဟ္မဏတွေက ဇတ်လမ်းဆင် လက်စွမ်းပြ ထားတာပါ ... ဒါတွေဟာ ဘုရားဟော မဟုတ်ပါဖူးရှင်။
.
☆。 ★。 မှန်ပါတယ်ရှင် သာသနာတော်ကွယ်မှာ ပြင်ပပယောဂကြောင့်မဟုတ်ပါဘူး သာသနာတော်ဝင်တွေကြောင့်သာကွယ်ရမှာပါ .... ( ပါကစ်စတန် ဘင်္ဂလားဒေ့ရှ်မှာ သာသနာတော် ကွယ်ခဲ့တာအကောင်းဆုံးသက်သေတွေပါ ... )
.
ချမ်းမြေ့ကြပါစေရှင် ...
.
.

No comments:

Post a Comment