Friday, December 15, 2017

ဘာသာခြားတစ်စုရဲ့အမေးတွေ

မောင်လေးညီမလေးတို့ရေ ….
ဗုဒ္ဓဘာာဝင် မောင်လေး နှစ်ယောက် ညီမလေးတစ်ယောက် ပြောထားတာလေးတွေကို ပြန်ဖြေရှင်းထားတာလေးပါ။ ဖတ်ကြည့်နော်။
.
ကို နတ်ဆိုး
.
အမ Ma Louရေ ကျနော်တို့က အရင်တုန်းက fb friတွေပါဗျာ နိဗ္ဗာန်ဆိုတာဘာမှမရှိဘူး ရပ်တန့်ခြင်းဆိုရင်လည်း ကျနော်မပြောလိုပါဘူး ဒါမဲ့ ၃၁ဘုံမှာလည်ပတ်နေတယ်ဆိုတာက သိပ်လွဲနေတဲ့အယူအခုပါ ထေရဝါဒရဲ့အယူအဆမဟုတ်ဘူးဗျာ

အာ့အယူအဆဟာ သီဟိုဠ်က ရဟန်းတွေဖန်တီးလိုက်တာပါ တကယ်တော့ ၃၁ဆိုတာမရှိပါဘူး ဗုဒ္ဓက အမှန်တကယ်ဟောခဲ့တာက နှစ်ဘုံတည်းပါ လူဘုံနဲ့ တရိစ္ဆာန်ဘုံ မြင်မြင်ဘုံတွေပါ

ဒါတွေကို တချိန်က နာမည်ကြီးခဲ့တဲ့ ဗုဒ္ဓသုတေသီ (တောင်တွင်းကြီးဆရာတော် ရှင်ဥက္ကဌ)ကရှင်းပြခဲ့သေးတယ် မြန်မာပြည်ရဲ့ ဗုဒ္ဓဟာ အကောင်းဘက်မှာရှိပေမဲ့ မဟာယနအယူတွေ ဟန္ဒိုအယူအဆတွေနဲ့ရောနေသလားလို့ တောင်သုံးသပ်မိတယ်အကုန်လုံးက ကောင်းနေပြီး ကျနော်တယောက်တည်း ဘုကလန့်လုပ်နေတယ်လို့မထင်လိုက်ပါနဲ့ အမဆီက သင်ယူနေတာပါဗျာ
………………..
.
ပထမဆုံး အနေနဲ့ ပြောချင်တာက အကုန်လုံးကကောင်းတယ် ကောင်တယ်လုပ်နေတာကို အမ မသာယာပါဘူး။ အမသံသရာအတွက် လုပ်တာဖြစ်သလို သာသနာတော်ကို ထောက်ပံ့သူ ဖြစ်ရပါ လို၏ ဆိုတဲ့ ဆုတောင်းနဲ့ ဘာသာရေး ဖြေရှင်းချက် ရေးတဲ့ အမှုကို ပြုနေတာပါ။
.
မောင်လေး စောဒကတက်တာကို အမက ပြန်ရှင်းပြရရင် …..
မောင်လေးက ဗုဒ္ဓ၀ါဒကို မိရိုးဖလာထက် အများကြီးနိမ့်ပြီး သိလို့ ဖြစ်ပါလိမ့်မယ်။
ဒါတင်မကဘူး ငယ်ရွယ်တက်ကြွ ဖျပ်လပ် ထက်မြက်တဲ့စိတ်နဲ့ လေ့လာခဲ့တာဟာ မှားယွင်းတဲ့ အယူဝါဒဖြစ်နေပြန်တာ်။ ဒါကလည်း ခလေးတိုင်းဖြစ်တတ်ပါတယ်။ ဒီအယူတွေနောက်လိုက်ပြီး လူအများယုံကြည်လက်ခံတာကို မှားနေကြောင်းထောက်ပြပြီး ဂုဏ်ယူချင်တတ်ကြတဲ့ သဘောပေါ့။
.
ဒီလိုဖြစ်တာကို အပြစ်မပြောဘူးနော်မောင်လေး ။ အမှန်ဆိုတာ အမှားကြောင့် ထင်ပေါ်လာတာ။ မောင်လေးဟာတစ်နေ့ အမှန်ကိုသိတဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်။
.
ဘာလို့လဲဆို တော့…..
မောင်လေးအရွယ်ခလေးတွေ မောင်လေးလိုစူးစမ်းချင်စိတ်နည်းတယ်။ ဒီတော့ ကိုယ်သိတာ အစစ်လားဆိုတာ အဆုံးထိ မောင်လေး နှလုံးသားထဲက အလင်းရောင် ရလာတဲ့အထိ ဆက်လိုက်နော်မောင်လေး။
.
အမငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။
အဌကထာ ဆရာတော်ဘုရားကြီးများကို အမြင်မကြည်ခဲ့ဘူး။
ခုနောက်ပိုင်းမှာ သိတ်မှားနေမှန်းသိခဲ့ရတယ်။
.
ဘုရားရှင်ကလွဲရင် လူတိုင်းအမှားမကင်းဘူး ယုတ်စွအဆုံး ရဟန္တာတောင်ဝိနည်း မလွတ်ဘူးမောင်လေးရဲ့။
.
ဆရာတော်ဘုရားများရဲ့ ပညာရှိ သတိဖြစ်ခဲ ဖြစ်သွားတာလေး အနည်းငယ်အတွက် ဆရာတော်ကြီးတွေ ပြုစုတော်မူ ခဲ့တဲ့ အသင်္ချေလောက် အကျိုးအင်မတန်များပြားလွန်းတဲ့ တရားတော် တွေကိုပါယ်စရာ မလိုဘူးမောင်လေး ။
.
မောင်လေးပြောသလို သီဟိုဠ်က လာလို့ ဗုဒ္ဓကျမ်းဂန်တွေ မှားနေခဲ့ရင် …..
လက်ရှိ သီတဂူ ဆရာတော်ဘုရားကြီးတို့လို လယ်တီဆရာတော်ဘုရားကြီးတို့လို မဟာဗောဓိမြိုင် ဖားအောက် စွန်းလွန်းဂူ စတဲ့ ဆရာတော် ဘုရားကြီးတို့လို မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်မြတ်တွေ ပေါ်မလာ နိုင်ဘူး ။
.
မောင်လေး လက်ခံနေတဲ့ ဗုဒ္ဓတရားတော်တွေက မမှန်ပါဘူးလို့ ထောက်ပြနေတဲ့ ရှင်ဥက္ကဌ ကိုယ်တိုင်နဲ့ ဒီရဟန်းတော် ကြောင့် အရိယာ ရဟန္တာ ဖြစ်ခဲ့သူတွေရှိခဲ့ လားမောင်လေး။
.
မောင်လေး က ရှင်ဥက္ကဌ စာအုပ်မှာ ပါတဲ့ ဘုရားဟောမဟုတ်ဘူး ဟိန္ဒူအယူလို့ ထင်နေတဲ့ ဗုဒ္ဓကျမ်း အလိမ်တွေ ဆိုတဲ့ စာတွေကြောင့် ဗုဒ္ဓဟော မစစ်မှန်ဘူး ဆိုရင် ….
.
ဒီကျမ်းတွေက သီဟိုဠ်မှာတင်မက သီဟိုဠ်ကနေ လက်ဆင့်ကမ်းလာတဲ့ မြန်မာ မှာတောင် ရဟန္တာ အရိယာတွေ အများကြီးပေါ်ခဲ့ ပေါ်နေတုန်း လက်ရှိ ရှိနေတုန်းက ဘာကြောင့်လဲ မောင်လေး ။ မစစ်ရင်ပေါ်စရာမှမလိုပဲ ။
ဟိန္ဒူကျမ်းတွေကြောင့် ဗုဒ္ဓဖြစ်ခဲ့တဲ့သူမှမရှိပဲလေ။
.
ဘုရားရှင်ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ်မှာ မဂ္ဂင်ရှစ်ပါး တရားတော်ရှိတဲ့ သာသနာမှာ သာ အရိယာဆိုတာ ရှိတယ် ။
အရိယာ မရှိတဲ့သာသနာဟာ အစစ်မဟုတ်ဘူးလို့ သုဘဒ္ဒပုရဗိုဇ်ကို အတိအလင်းဟောတော် မူခဲ့တယ်လေ ။
မောင်လေး မမှန်ဘူးလို့ထင်တဲ့ကျမ်းတွေကြောင့် ခုထိ အရိယာတွေပေါ်နေသေးတာ လက်တွေ့မဟုတ်လား။
ဒီလောက်ဆိုရှင်းပြီထင်ပါတယ်။
…………………………
.
အစ်မ မာလု …..
သိကြားမင်းက ဘုရားရဲ့ တရားကိုနာပြီး ကျွတ်တမ်း မ၀င်ဘူးလား ။


ဝင်တာပေါ့ ညီမလေးရ ….
သူတို့အားလုံးဟာ အနာဂါမ်တွေဖြစ်နေကြပြီ သူတို့နတ်သက်ထမ်းမကုန်သေးလို့ ရဟန္တာဘုံကို မရောက်သေးတာ စံမ၀င်ကြသေးတာပေါ့ ညီမလေးရ ။
ဘုရားရှင်လက်ထက်တော်က ရှင်အာနန္ဒာလည်း အရိယာပဲဖြစ်ခဲ့တာပဲ ဘုရားရှင်စံလွန်မှ ရဟျန္တာဖြစ်တာ ။
အသက်အရှည်ဆုံးအရာမှာ ဧတဒဂ်ရတဲ့ အရှင်ဗာကုသမထေရ်မြတ်ဆိုရင်လည်း ဘုရားရှင်စံဝင်ပြီး နှစ်ပေါင်း ( ၈၀ ) သက်တော် ( ၁၆၀ ) မှစံဝင်ခဲ့တာ။
သူ့သက်တမ်းကုန်မှ ရဟန္တာဘုံကို ပြောင်းပြီး စံဝင်မှာပေါ့နော် ညီမလေး ။
……………………………….
.
Moe Maka
.
သံဃာကိုကြည်ညိုတာ သံဃာ့ဂုဏ်ကြောင့်ပါ လူနဲ့မခြား ဆဲဆို ဒေါသအပြည့် အမုန်းဝါဒ ဖြန့်ချိနေသူဟာ သံဃာ့ဂုဏ်နဲ့ပြည့်စုံပါသေးရဲ့လား ကျွန်တော် သီလ သမာဓိ ပညာကို ပူဇော် ပါရစေ။
.
နေ့လွဲညစာ တစ်ရက်မစားတာနဲ့တင် မိမိက မိမိဇနီးနဲ့ ဖက်အိပ်နေချိန်မှာ တရားထိုင် စာဝါဖတ် နေတာနဲ့တင် မိမိထက် အများကြီး ကိလေသာနည်းပါးပြီး သီလ သမာဓိ ပညာ မြင့်မြတ်နေပါပြီ
……………….
.
သင်္ကန်း ကိုးကွယ်ရမယ်ဆို သင်္ကန်းတိုက်တွေ ကန်တော့ရမလိုဖြစ်နေပြီ။
.
သင်္ကန်းနဲ့ သင်္ကန်းတိုက်တောင်မခွဲခြားနိုင်တာပဲ မိုးမခရယ်
သင်္ကန်းဆိုတာ ဘုရားရှင်ရဲ့သာသနာတော်ကို ယုံကြည်စွာ နဲ့ ၀င်ရောက်လာပြီး ဘုရားရှင်ရဲက သာသနာတော်ကို စောင့်ရှောက်ဘို့ သာသနာ့ဝန်ထမ်း ဘုရားသားတော် သံဃာအဖြစ် ခံယူထားသူတွေဝတ်တဲ့အတွက် ဘုရားရှင်ကို ကိုယ်စားပြုသူတွေလို့ ပြောရင် မမှားပါဘူး။
.
ဒါကြောင့် ဘုရားရှင်ရဲ့ မေတ္တာဓါတ်ပြည့်ဝတဲ့ ၀တ်ရုံဖြစ်တဲ့ သင်္ကန်းနဲ့ ဒီသင်္ကန်းဝတ်ပြီး သူတတ်နိုင် သလောက် စောင့်ထိန်းနေတဲ့ ဘုရားရှင်နှုတ်ထွက် သိက္ခာ ပုဒ်တွေကို စောင့်ထိန်းနေသူတွေဖြစ်လို့ ကိုးကွယ်ထိုက်ပါတယ် ။
…………………………….
.
ချမ်းသာတာချင်း တူရင်မြန်မာ အမျိုးသမီးတစ်ယောက်ဟာ မြန်မာကိုပဲယူမလား ဘာသာခြား လူမျိုးခြားကို ယူမလား စဉ်းစားစရာကိုမလိုပါ။လူမျိုးကိုမြှင့်တင်ပေးနိုင်တဲ့ စိတ်ဓာတ်အခြေအနေမျိုး မပေးနိုင်ခဲ့လို့ လူမျိုးခြားဆီ ရောက်ရ တာပါ။
.
နိုင်ငံတိုင်း ဘာသာတိုင်းမှာ နိုင်ငံ့ဂုဏ် အမျိုးဂုဏ် ဆိုတာရှိပါတယ်။ အမေရိကန်လို နိုင်ငံမှာတောင် မိမိအမျိုးဂုဏ်ကို စောင့်ထိန်းတဲ့ အမေရိကန်တွေဟာ လူမျိုးခြား ဘာသာခြားကို မယူကြပါဘူး။ ဒါကိုအမျိုးစောင့်တယ်လို့ခေါ်ပါတယ်။
.
နိုင်ငံတိုင်းမှာ နိုင်ငံခြားသာနဲ့ လက်ထပ်သူအများစုက ဘယ်လိုအတန်းအစားတွေဆိုတာ ပြောစရာ မလိုလောက်အောင် လူတိုင်းသိပါတယ်။
.
လူမျိုးခြားနဲ့ မှ ( စကားရင့်ရင့်ပြောရရင် ) အမဲတွေနဲ့မှ အာသာပြေတဲ့ မိန်းမတွေ အတွက် ကျမတို့မှာပြောစရာ စကားမရှိပါဘူး။
.
ဒါကို လူမျိုးမြှင့်တင်တယ် ဆိုတဲ့စကား မသုံးထိုက်ပါဘူး။ မိမိလူမျိုး မိမိအမျိုးဂုဏ် ကို မြှင့်တင်နိုင်မှ လူမျိုးမြင့်တာပါ။
.
ဘာသာခြား လူမျိုးခြား နဲ့ ယူတာဟာ …..
မိမိကိုယ် နဲ့ မိမိ မျိုးဆက်ကို မျိုးမစစ် တွေအဖြစ်အသွင်ပြောင်းတာလို့ပဲ အားမနာတမ်း ပြောပါ ရစေ။
…………………………..
.
ဗုဒ္ဓဘာသာဆိုတာဘာလဲအရင်လေ့လာပါ ၊ဒေ၀ဒတ်လည်း ဘုန်းကြီး ပါဘဲ ….
ဒေဝဒတ်ဆိုတာဘုရားရှင်လက်ထက်ကတန်ခိုရှိတဲ့ရဟန်းတပါးဘဲဒါပေမဲ့ပါရာဇိကကံကိုကျုးလွန်မိတော့မြေမျိုပြီးငရဲကျတယ်ဒေဝဒတ်ကိုကိုးကွယ်တဲလူတွေလည်းငရဲကျရတယ်။ ရဟန်း ခြင်း တူပေမဲ့ ကိုးကွယ်မှု့ ကိုတော့ ရွှေးသင့်တယ်
.
ဒေ၀ဒတ်ကိုကိုးကွယ်တဲ့ရဟန်းတွေဟာငရဲမကျပါဘူး
ဘုရားရှင်ကို ပြစ်မှား လို့သာ ငရဲကျတာပါ ...
အဇာတသတ်ကတော့ အဖသတ်တဲ့ အကုသိုလ် ကံ ကြောင့်ငရဲကျရတာပါ ..
ဒါပေမယ့်သာသနာတော်ကို အထောက်အပံ့ပြုဆုံး အရိုသေဆုံး သီလအရှိဆုံး ဧတဒတ် ရခဲ့ပါတယ် ...
သူလဲ ဘုရားလောင်းပါ ... ဗျာဒိတ်တော် ရပြီးသား ပါရမီရင့်သန်းသူ ဖြစ်ပါတယ်.။
.
နောက်ပြီး အသျှင်ဒေ၀ဒတ်ကိုယ်တော်မြတ်ကြီးဟာ သံသရာတစ်ခုလုံး ဘုရားရှင်နောက် လိုက်ခဲ့တဲ့ ဘုရားရှင်ကို တစ်နည်းတစ်ဖုံနဲ့ ပါရမီဖြည့်ခဲ့တဲ့ စတုတ္ထဈာန် ရပြီးသူ ရဟန်း တစ်ပါးဖြစ်ပါတယ်
သူ့မှာ ဘုရားရှင်ကို ယှဉ်ချင်လို့ ဘုရားရှင်နေရာကို လိုချင်လို့ ဘုရားရှင်ကို သွေးစိမ်း တည်စေတဲ့ အကုသိုလ်ကံ ပြုမိလို့သာ မဟာအ၀ီဇိငရဲမှာအနှစ် ရှစ်သောင်း ကျခံ ရတာ ဖြစ်ပါတယ် ...
.
ငရဲကတစ်ဖန်ပြန်လွတ်လာတဲ့ အခါမှာ သူ့ရဲ့ ပါရမီတော်အတိုင်း စတုတ္ထဈာန်ဘုံကို တက်ပြီး မှ ပစ္စေကဗုဒ္ဓ အဖြစ်ပွင့်တော်မူမှာပါ ...
နူးတို့ထက် သီလသမာဓိ ပညာ အများကြီး မြင့်မြတ်လှတဲ့ ရဟန်းဖြစ်ပါတယ် ...
သူဟာ ဗျာဒိတ်ရပြီးသား ပါရမီရင့်သန်နေတဲ့ ပစ္စေကဗုဒ္ဓ လောင်းလျှာပါရှင်။
ယောင်လို့တောင် မပစ်မှားရဲ မပစ်မှားသင့် ပါဘူး ….
.
ချမ်းမြေ့ကြပါစေရှင် ….
,




No comments:

Post a Comment