Saturday, May 3, 2014

အဟောသိကံ


အိပ်ယာမ၀င်ခင် ....အစ်ကိုတစ်ယောက်နဲ့ စကားစမြည် ပြောထားတာလေးပေါ့ ...

★ မမာလုလို့ခေါ်၇မလား ဒေါ်မာလုခေါ်၇မလား သူငယ်ချင်းေ၇ လို့ခေါ်၇မလား ကျွန်တော့အသက်က ၃၈ နှစ်ရှိပါပြီ ဘာသာေ၇း နဲ့ ပတ်သက်ပြီး နှံ့စပ်သိမြင်တဲ့သူလို့ ယုံကြည်မိပါ သဖြင့် သိချင်တာလေးများ မေးခွင့်ပြုပါလို့ သိချင်တာက အ၇ိယာသူတော်စင်တွေအ ကြောင်းပါ အ၇ိယာတွေက တဆင့်မြင့်တဲ့ သူက သူထက် အဆင့်နိမ့်တဲ့သူ၇ဲ့ အ၇ိယာ အဆင့်အတန်းကို သိတော်မူကြတယ်လို့မှတ်သားဘူးပါတယ် ဥပမာ အနာတပိဏ် သူဌေးကြီး၇ဲ့ သမီးဖြစ်သူ သဂတာ ကမ် က ဖခင်ကြီး ကို သောတပန်မှန်းသိလို့ ဆုံးပါးခါနီးမှာမောင်လေးလို့ ခေါ်တာ မှတ်သား ဘူးပါတယ် သိချင်တာက အ၇ိယာအဆင့်တူအချင်းေ၇ာ အဆင့်တူအ၇ိယာမှန်းသိကြပါသလားဆိုတာ သိချင်ပါတယ် သောတပန်က အခြားသောတပန် တွေကိုသိပါသလား? ကျေးဇူးတင်ပါတယ်..။

★ ★ ကမာရွတ်က အကိုရေ အရိယာချင်း အဆင့်တူရင် ရော ... အရိယာအချင်းချင်းရော ..သောတ ပန်အချင်းချင်းရော ....မသိကြပါဘူး ...ကိုယ့်ကိုကိုယ်ပဲဘယ်အဆင့် ဆိုတာ သိပါတယ်အကို
အနာတပိဏ်သူဌေး ကိစ္စကတော့ ... အဘိဥာဏ်အရသိတာပါ.... ရဟန္တာတိုင်းမသိပါဘူး.....

သူတ္တံတစ်ခုမှာ ရှိပါတယ်.... တစ်ခါက ရဟန္တာ နဲ့သောတပန်ရဟန်း ဆွမ်းခံအတူတူကြွကြပါ တယ်.... ယာဂုဆွမ်းရတော့ ရဟန္တာမထေရ်က လေနာထလို့ နီးရာ အပင်ရိပ်တစ်ခုမှာ ဘုန်းပေးပါတယ်... ဒီအခါမှာသောတပန်မထေရ်က ... ဒီကိုယ်တောင် ဒီလောက်တောင် စည်းမစောင့် နိုင်ဖူး လို့အပြစ် တင်ပစ်မှားမိပါတယ်.... ဒါလေးကသက်သေပါ ….. ဘုရားရှင်ကသာ.... အလုံးစုံသိမြင်တော်မူ တာပါ

★ ကျေးဇူးပါပဲ အဖြေကို ဘ၀င်ကျနှစ်ချိုက်မိပါတယ်
အဲဒီသုတ်တံနာဘူးတယ် သစ်ကိုင်းအနိမ့်တခု ပေါ်မှာထိုင်ဘုန်းပေး လို့ ကဲ့၇ဲ့တာ အောက်အဆင့် အ၇ိယာက သူထက်မြင့်တဲ့အ၇ိယာကို မသိနိုင် သေချာတယ်။ညီမပြောတဲ့ အဆင့်တူခြင်း မသိ တာကိုတော့ လက်ခံမိပါတယ်။

ဒါပေမယ့် မြင့် တဲ့ အ၇ိယာ က နိမ့်တဲ့အ၇ိယာကိုသိတယ်ဆို တာ လက်ခံထားတယ်။ဘု၇ားရှင် ပ၇ိနိဗ္မာန် ပြု တော်မူတော့ ညီတော်အာနဒဒါက သောတပန်ပဲ ရှိသေးတာ မို့ သံဃာ့ညီလာခံမှာ ၇ဟန်းဒါတွေ ကြားမှာ နေ၇ာယူ၇ခက်နေလို့ တ၇ားပြန်အား ထုတ်ပြီး ၇ဟန်းဒါဖြစ်အောင်ကြိုး စားတဲ့ ဖြစ်စဉ် နဲ့ချိန်ထိုး ကြည့်မိတာပါ ….။

နောက်တခုမေးချင်တာရှိပါတယ် တန်ခိုးအ၇ာ ဧတ၇ာဇ် ၇တဲ့ ရှင်မဟာမောဂဂလန် ကိုယ်တော် ပ၇ိနိဗ္မာန် ပြုတဲ့ ဖြစ်ပုံလေး သိပ်မရှင်း ဘူး ။အတိတ်ကံကြွေးကြောင့် ခိုးသားတွေ၇ဲ့ လက်ချက်နဲ့ ကံကုန်၇တယ်ဆိုတာ
တကယ်ဆို ၇ဟန်းဒါ ဆိုတာ တဏှာေ၇ာ အနုသ ယကိလေသာေ၇ာပယ်ပြီးသားနော် မိုးကုတ်ဆ၇ာတော်ကြီးဟောတာ တဏှာကို အ ပြီးတိုင်ပယ်သတ်နိုင်ပြီး၇င် အကုသိုလ် ကံကြွေး တွေလဲကြောက်စ၇ာ ပူစ၇ာမလိုတော့ဘူးလို့ နာကြားဘူးတာနဲ့။ အဲဒါစိတ်ထဲဒိဟဖြစ်နေတယ် ညီမရှင်းပြပေး နိုင်လား? စာေ၇း၇တာခက်မှန်းသိလို့ အား လည်းနာပါတယ်...။

★ ★ အရှင်အာနန္ဒာကိစ္စမှာ အဘိဥါဏ်ရတဲ့ရဟန်းတွေကပဲသိတာပါ ….

ဘုရားရှင်ကသွေဝမ်းသွားတယ်

ရှင်မဟာမောဂ္ဂလန်က ခိုးသားငါးရာ

ရှင်သာရိပုတ္တရာက ကျောက်တုံးပိတာလား မသေချာဖူး ပြန် ရှာပေးမယ်

ရှင်အာနန္ဒာက သွေးအန်တယ် ဒါတွေအားလုံးက ဝဋကြွေး တွေပါ

ဘုရားဟောတွေကို ကိုယ်နားလည်သလိုပြန်တာ ပြသနာမရှိ ပေမယ့် ထင်ရောင်ထင်မှားတွေ ဖစ်ကုန်တာတော့မကောင်းဖူးပေါ့ ...။

တစ်ကယ်သာဒီလိုကျင့်ကြံလို့ လုပ်ပြီးသမျှအကုသိုလ်ကံတွေကိုအပြီးတိုင် ပယ်သတ်လို့ရမယ် ဆိုရင် ဗုဒ္ဓဘာသာဟာ ထာဝရဘုရားကိုးကွယ်သူတွေနဲ့ဘာထူးတော့မှာလဲ အကို ...။

နိဗ္ဗာန်ရောက်တယ် မင်္ဂဖိုလ်ရတယ်ဆိုတာ စိတ်ထဲမှာရှိတဲ့ တပ်မက်မှူကို အပြီးတိုင်ပယ်သတ်ပြီး ထုတ်ပစ်လိုက်တာ စင်ကြယ်ပစ်လိုက်တာ ဒါဟာ ကိုယ်လုပ်ပြီးခဲ့တဲ့အကုသိုလ်တွေကို ပါ လှမ်းသတ်လို့ ရမယ်လို့ ဘုရားရှင်မဟောဖူး ...။

ဝဋ်မှာအမြဲ ငရဲမှာအပတဲ့ ၀ဋ်ကြွေးကို ငါဘုရားတောင်မလွန်ဆန်နိုင်ဖူးတဲ့ ဇိန္ဒမာန စွပ်စွဲတာလည်း ဘုရားရှင်ဟောခဲ့တာပဲလေ သူဒီမိန်းခလေးကို ရေခပ်ပြန်လာတာမူးရူးပြီ သူငယ်ချင်းတွေနဲ့အရှက်ခွဲဖူါးတယ်တဲ့ ...။

ဘုရားရှင်သာ....ဘုရားဖြစ်တာနဲ့ အကုသိုလ်တွေ ပါယ်သတ်လို့ရရင် လေးသင်္ချေကမ္ဘာတစ်သိန်း
လိုပါအုန်းမလားအကို အခုခေတ်..၀ိပသနာတွေလုပ်တယ်... နတ်ပြည်မြင်ရတယ်...။ ငရဲပြည်မြင်ရတယ် ဒါတွေဘာလုပ်မှာလဲ အတ္တကိုမဖယ်ပဲ ကြိုက်သလောက် လုပ် မြင်တာပဲ ရှိမယ် ဘာမှမဖြစ်ဖူး ...။

★ မှန်တယ် အတွေးအခေါ်ပါလိုက်တာ တော်တော် စိတ်ထဲရှင်းသွား ပြီ အ၇မ်းကျေးဇူး ညီမ လေ့ လာအား ကောင်းလိုက်တာ အား ကျတယ် ၀ဋ်ကြွေး ကိုငါဘု၇ားတောင် မလွန်ဆန်နိုင် ဘူးဆို တာ ၇င်ထဲေ၇ာက်သွားပါပြီ

★ ★ ဒါန သီလ ဘာဝနာ ... ကျင့်ကြံအားထုတ်မှု ဒီလေးခု ဟန်ချက်ညီမှ နောင်ဘဝ
လူပြန်ဖြစ်ဖို့နဲနဲနီးစပ်မယ်

★ အ၇င်တုန်းက တ၇ားစခန်းတွေဝင်ဖြစ်တယ် ဘာဝနာကို အလေးပေးပြီး ဒါနဘက်မှာအား နဲခဲ့တယ် ခုတော့ ဓမ္မ ဒူတအရှင်ဆေကိနဒ တ၇ားတွေနာ ပြီး သီလနဲ့ ဒါနကိုပြန်ပြီး ကြိုးစား မိပါတယ်

★ ★ ဒါနလဲလုပ်ရမယ် သီလလဲဆောက်တည်ရမယ် ဘာဝနာ ကျင့်ကြံအားထုတ်မှုလဲ၇ှိရမယ် ဒါမှ အထာကျမှာပေါ့အကို အကို့ကိုမေးမယ် အကို့ရှေ့မှာ ...သီတဂူဆရာတော်ကြီးရပ်နေမယ် .... ဘေးမှာ ... ငတ်နေတဲ့ခလေးတစ်ယောက်...တောင်းနေမယ်.... အကို ဘယ်သူ့ကိုလှူမလဲ

★ အင်းစိတ်ကလေးမှာ နေ၇င်းထိုင်၇င်းနဲ့ လှပ်ကနဲ လောဘစိတ်ဖြစ်သွားတာ ငယ်ထိပ်နေ၇ာလေးပူသလိုဖြစ်ပြီးဒေါသစိတ် ဖြစ်သွားတာ လေးတွေတော့ နေ့စဉ် အကြိမ် တော်တော်များများ ဖြစ်လိုက်တာနဲ့ ချက်ချင်း သိလိုက်တယ် ပြီးတော့မမြဲဘူ အနိစ္စ ပဲလို့နှလုံးသွင်းလိုက်တယ် အဲတာတ၇ားကျင့်တာ ဖြစ်လား

★ ★ နူးကအဲ့လောက်ထိမသိသေးဖူးးး

★ အလှူ၇ဲ့အကျိုးပေးကိုမျော်ပြီးလှူမယ်ဆို၇င် ဆ၇ာတော်ကြီးကိုလှူမယ် သံဃဿ ဒေးမပေါ့ စိတ်ထဲကတော့ ငတ်နေတဲ့ကလေးကိုလှူချင်တယ်

★ ★ အဲ့တာကိုပြောချင်တာ ဘုရားရှင်က ..ဂီလာနရဟန်းကို ရဟန်းအားလုံးရွံ တော့ ဘာပြောခဲ့လဲ ဒုက္ခရောက်နေသူကိုပြုစုစောင့်ရှောက်ခြင်းဟာ ငါဘုရားကိုစောင့်ရှောက်သလို ကုသိုလ်အ ကျိုးဖြစ်ပါတယ်တဲ့...။

ပြီးတော့ အကျိုးကိုလိုလို့ လှူရင် ဘယ်လောက်လှူလှူ စီးပွားပျက်တဲ့ထိလှူ ဘာကုသိုလ်မှမရဖူး ဒါပေ မယ့်. ... နှလုံးသားထဲက စေတနာသုံးတန်နဲ့လှူ ဘာမှမမျှော်ကိုးနဲ့ ကုသိုလ်ကိုရတယ်

★ ကုသိုလ်တော့၇တယ် အကျိုးပေးကြာတယ်လို့ ကိုကကြားဘူးတာ

★ ★ ဦးမာဃနဲ့သူငယ်ချင်း ၃၃ယောက်က နာမည်ကြီးရဟန္တာတွေရွေးလှူလို့ နတ်ဘုံတစ်ဘုံအ လိုလိုဖြစ်ရတာမဟုတ်ဖူး တံတားတည်ကျောင်းဆောက် မရှိဆင်းရဲသားတွေကိုပေးလှူလို့ပါ...။

ဝေသ၀ဏ်နတ်မင်းကြီးက နတ်အကြီးအကဲဖြစ်တာ အလှူခံပုဂိုလ်ရွေးလို့မဟုတ်ဖူး ကြံရည်ရောင်း ရတဲ့ငွေအားလုံးကို မရှိဆင်းရဲသားတွေကို ကုန်လှူဒါန်းလို့်

သူများတွေတောင်းထားတဲ့ပိုစ့် တွေပြီးရင် နူးဒါနနဲ့ပါတ်သက်တဲ့ပိုစ့်တစ်ခုတင်ပေးပါအုန်းမယ် အဲ့ကျအကိုအလုံးစုံနားလည်မှာပါ ...။

★ အင်း ကိုကတော့မေ၇ွးသင့်ပေမယ့် အလှူခံ ပုဂ္ဂိုလ် ၇ဲ့ စင်ကြယ်မှူ့နဲ့ အ၇ိယာအဆင့် အတန်းတွေးပေါ် မူတည်ပြီးအကျိုးပေးကွာတာ တော့ သေချာတယ်နော် ...။

★ ★ အင်းး ပစ္စေကဗုဒ္ဓါကိုလှူတဲ့သက်သေနဲ့ပြမလို့လား ပစ္စေကဗုဒ္ဓါဆိုတာ သူဆွမ်းရပ်သင့်တဲ့သူ ဆီရပ်ပြီးဗျာဓိတ်ပေးတာနော်

သူ့လက်ထက်မှာကျေးဇူးဆပ်ရမယ့်သူ ပြီးတော့ ဗျာဓိတ်ပေးရမယ့်သူ လူတိုင်းရှေ့မှာမရပ်ဖူး ဘုရားရှင်လဲဒီလိုပဲ အချိန်တန်တဲ့သူ ..သူတွေ့သင့်တဲ့သူဆီပဲ သူသွားတာနော်

★ ညီမကိုတခုမေးကြည့်မယ် ပုထုဇာဉ် သာမဏေ ငယ်လေးကို အ၇ိယာ သူတော်စင် အနာဂါမ် ပုဂ္ဂိုလ် က ရှိခိုးထိုက်တာ လက်ခံလား?

★ ★ ဒီသာမဏေလေးရဲ့စင်ကြယ်မှုကိုရှိခိုးထိုက်ရင်ရှိခိုးသင့်တာပေါ့ ...

★ ရှိခိုးအပ်တယ်လို့ ဘု၇ားဟောအတိအကျရှိတယ်ကြားဘူးတယ် ဒါဆို ဒါန ဆိုတာမျိုးစေ့နဲ့တူပြီး အလှူခံ ပုဂ္ဂိုလ် ဆိုတာ မြေကြီးနဲ့တူတယ်တဲ့ သီလဖြူစင်တဲ့အ၇ိ ယာပုဂိုလ်ဟာ ပေါင်းမျက် ကင်းစင်ပြီး မြေသြဇာ ပြည့်ဝ တဲ့ မြေနဲ့တူတယ်တဲ့ ...။

★ ★ ဟမ် ရောချပြီ သီလစင်ကြယ်တဲ့ သူကို ရိုသေတာနဲ့ ဒါနနဲ့ မဆိုင်ဖူးနော် ဒါနက ဒါန သီလ စင်ကြယ်တာက သီလစင်ကြယ်တာ

★ ဘုရားရှင်ပြောတာက ပုထုဇဉ် ကတော့ ပေါင်းမြက်တွေနဲ့ပြည့်နေတဲ့မြေတဲ့

★ ★ ဒေ၀ဒတ်လဲ သင်္ကန်းဝတ်ပဲ အာနန္ဒာမထေရ်လဲသင်္ကန်းဝတ်ပဲ ဒေ၀ဒတ်ကိုလှူမိရင် ကုသိုလ်မရတာ ပေးကမ်းစွန့်ကြဲခြင်းမှာ ကန့်သတ်ချက်မရှိဖူးနော် ပေးကမ်းစွန့်ကြဲခြင်း လှူဒါန်းခြင်း အင်းး ဒါသိတ်မကွဲတာ

★ အင်းတော်တော်ကျယ်ပြန့်တာပဲ နာဘူးတဲ့တ၇ား တွေအ၇ ပြောပြတာ

★ ★ တရားမှန်သမျှနာပြီ မျက်စိမှိတ်မယုံသင့်ဖူးး ဘုရားရှင်ကိုယ်တော်တိုင်က ကာလာမသုတ္တံ တောင်ဟောသေးတာပဲ ကျမ်းညှိရမယ် အဲ့တာအခက်ဆုံးအလုပ်ပဲ ကျမ်းမညှိတတ်ရင် ဒီယုံကြည်မှုတွေနဲ့ သို့လောသို့လော ဖြစ်ကုန်မှာပေါ့ ...။

★ ညီမက အဘိဓမ္မာ တွေဘာတွေ အောင်ထားတာ လား

★ ★ ဟင် … ဘာမှကိုမသိတာ ခုမှအဘိဓမ္မာ စလေ့လာမှာ ဆရာကောင်းရှာနေတုန်းးး

★ အင်းမြန်မြန်လေ့လာပါ

★ ★ ဟမ်...တရားမဟောဘူးနော် ..။

★ ကိုတောင် ကုသိုလ်နဲ့ အကုသိုလ်၇ဲ့သဘောတွေ ခုနကမ ညီမကျေးဇူးကြောင့်ရှင်းသွားတာ ...။

★ ★ အကိုမယုံမရှိနဲ့ ဒါနကြောင့်လဲ မဂ်ဖိုလ်ရတယ်နော်( ပြောင်ပြောင်ပြောသ လို ..အထောက်အပံ့ဖြစ်စေတယ် ) ဒါနအားကောင်းရင် သီလနဲ့ ဘာဝနာ အလိုလိုလိုက်လာတယ် သီလအားကောင်းရင် ဒါနနဲ့ဘာဝနာ အလိုလိုကပ်လိုက်လာတယ် ..။

★ အင်းအဲတာ သိတာ သိပ်မကြာသေးဘူး ဒါနကြောင့် မဂ်ဖိုလ်၇တာ ဒါပေမယ့် အဟောသိကံ ဆိုတာကို ညီမဘယ် လိုနားလည်လဲ ...။

★ ★ အဟောသိကံဆိုတာ …. အကျိုးပေးခွင့်မရလိုက်တဲ့ကံ .. ဒါကိုအဟောသိကံလို့ခေါ်တယ် …. ဒါကို အကိုနားလည်အောင် ဘယ်လိုရှင်းပြရမလဲဆိုတော့ … ခွက်တစ်ခွက်ထဲမှာ …သန့်ရှင်းနေ တဲ့ ရေ တစ်ဝက်ရှိမယ်ကွာ … အကိုကအပြာရောင်မှင်တစ်စက်ထည့်လိုက် … ဒီခွက်မှာ သန့်ရှင်းတဲ့ရေက နဲတဲ့အတွက် …အဖြူရောင်ရေကပြာသွားမယ် …

အဲ့ရေကို … ရေသန့် အပြည့်ရှိတဲ့ ဇလုံထဲရောလိုက် …. ပြတော့ပြာတယ် … ပျော့လာမယ် … ဒီရေကိုပဲ ..ရေသန့် အပြည့်ရှိတဲ့ တိုင်ကီထဲထည့်မယ်ကွာ …. လုံးဝမပြာတော့ဘူး … အဖြူထည်သီးသန့်ပဲ …

ဒါဆို ..ဒီရေထဲမှာ မှင် အပြာစက်ဟာ မရှိတော့ဘူးလားဆိုတော့ ... မရှိတော့ဘူးလားဆိုတော့ …. ရှိနေတယ်နော် .... ပျောက်ပျယ်မသွားဘူး … ပြာခွင့်မရတော့တာ ….

ရေသန့်က အားများလာတာကိုး …. နောက်မှင်စက်တွေ ထပ်မတိုးနဲ့ … ရေသန့်တွေသာ ထပ်တိုး … ဒီမှင် တစ်စက်ကရှိနေမယ် … ဒါပေမယ့် ပြာခွင့်ကိုမရတော့တာ …

ဒီလိုပဲ ..ကုသိုလ်ကံက ရေသန့် ..အကုသိုလ်ကံက မှင်စက် … မှင်စက်များရင်လဲ .. ရေသန့်က ဖြူခွင့်မရတော့ရင်လဲ …. အဖြူရောင် ပျောက်သွားမယ် … အဟောသိကံ ဆိုတာဒီလိုပါပဲ …
(((( ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေ အကျိုးပြုပုံ ... ( ၄ ) မျိုးရှိပါတယ် .. ဗုဒ္ဓဟောတော်မူတဲု့ ကံလေးပါးတရားတရားကို အားရင် တင်ပေးပါ့မယ် ))))

★ ဒီည ယုံမှားသံသယ ၀ီဇိကိစ္ဆာ လေးတွေကို အပင်ပန်းခံ ပြီး စေတနာ သဒ္ဒါ အပြည့်နဲ့ ရှင်း ပြတဲ့ ညီမကို အစ်ကို့၇ဲ့ ရှေးရှေးဘ၀ ယခုဘ၀ ပြုပြီးသမျှ ကုသိုလ်အမှူ အားလုံးကို အမျှပေးဝေပါတယ် အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော

★ ★သာဓု သာဓု သာဓု ပါအကို...။
 
Ulinn Linn ဒါနဆိုတာ စွန့် ကြဲခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ သူတပါးအကျိုးအတွက်လှုလိုက်မှတော့ ကိုယ့်အတွက်နိဗ္ဗာန်အကျိုးမှလွဲပြီး တခြားဘာအကျိုးမှတောင်းဖို့့်မလိုဘူးလို့တောင်ကြားဘူးပါတယ်။ အယုတ် အလတ် အမြတ် မရွေးပဲ စေတနာ ၃ တန်ပြဌာန်းပြီးလှူတန်းလိုက်လျင် ပြီးပြည့်စုံတဲ့အလှူဖြစ်လို့  ရမည့်အကျိုးကလည်းပြီးပြည့်စုံသွားမှာပါ။
အမြင့်ဆုံးနိဗ္ဗာန်ဆုတောင်းပြီးမှတော့ ကျန်တဲ့ ဆိုင်ရာကုသိုလ်ုလေးတွေက မတောင်းပဲ အလိုအလျောက်ပြည့်ပြီးသားဖြစ်သွားပါတယ် ဥပမာ ရန်ကုန်ဘူတာမှ မန္တလေးဘူသို့ သွားမည်ဆိုကြပါစို့  မန္တလေးဂိတ်ဆုံးကိုသွားမည့်သူက ကြားဘူတာတွေကိုလည်းမလွဲမသွေရောက်မှာမဟုတ်ပါလားဗျာ။။ှ
 
Zaw Myo Min အနိစ္စလို့မြင် လိုက်သိလိုက် တာတရားကျင့်လိုက်တာ ပါပဲ။တရားဆိုတာထိုင်ပြီး
ကျင့်မှတရားမဟုတ်ပါ။ ခန္ဓာမှာပေါ်လာတဲ့အရာ လေးတွေကိုဥာဏ်နဲ့လိုက် ပြီးဆုံးဖြတ်ပေးနေတာဟာ
တရားနှလုံးသွင်းတာပဲပေါ့။ မိုးကုတ်ဆရာတော်ကြီးဟောာထားတယ်လေ အပျက်ကို မြင် မှဝိပဿနာဖြစ်ည တာတဲ့။ ညီမရှင်းပြတာလိုသွားတဲ့ အချက်ကိုအစ်ကိုဖြည့်ပေး တာပါ။ဆွေးနွေးခြင်းပါ။ ဆရာမဟုတ်ပါ။ ဘာပဲပြော ပြောဒို့ဗုဒ္ဓဘာသာဝင်တွေ ဒီလိုတရားအမြင် ဖလှယ် ကြ ဆွေးနွေးကြတာအစ်ကို စိတ်ထဲအင် မတန်ချမ်းမြေ့ ပါတယ်။
 
 
မင်းကန် စီ ★ ညီမကိုတခုမေးကြည့်မယ် ပုထုဇာဉ် သာမဏေ ငယ်လေးကို အ၇ိယာ သူတော်စင် အနာဂါမ် ပုဂ္ဂိုလ် က ရှိခိုးထိုက်တာ လက်ခံလား?

★ ★ ဒီသာမဏေလေးရဲ့စင်ကြယ်မှုကိုရှိခိုးထိုက်ရင်ရှိခိုးသင့်တာပေါ့ ...

★ ရှိခိုးအပ်တယ်လို့ ဘု၇ားဟောအတိအကျရှိတယ်ကြားဘူးတယ် ဒါဆို ဒါန ဆိုတာမျိုးစေ့နဲ့တူပြီး အလှူခံ ပုဂ္ဂိုလ် ဆိုတာ မြေကြီးနဲ့တူတယ်တဲ့ သီလဖြူစင်တဲ့အ၇ိ ယာပုဂိုလ်ဟာ ပေါင်းမျက် ကင်းစင်ပြီး မြေသြဇာ ပြည့်ဝ တဲ့ မြေနဲ့တူတယ်တဲ့ ...။

ပုထုဇဉ်သာမဏေကို အနာဂါမ်လူဝတ်ကြောင်က ရှိခိုးထိုက်ပါတယ်....
ရတနာသုတ်တော်လာဒေသနာကိုကြည့်ရင် အရိယာပုဂ္ဂိုလ်ရှစ်ပါးဟာ သံဃာစာရင်းထိုက်ပါတယ်.... ဒါဆို အနာဂါမ်လူပုဂ္ဂိုလ်ဟာလည်း သံဃာစာရင်းထိုက်နေလျက်သားနဲ့ ဘာလို့ရှိခိုးရသလဲ အထွန့်တက်စရာရှိပါတယ်.... အဖြေကတော့ ဝါစဉ်ကွာလို့ပဲလို့ဖြေရမှာပါပဲ.... မြတ်စွာဘုရားရှင်ထူထောင်တော်မူခဲ့တဲ့ သာသနာမှာ ရဟန်းအချင်းချင်းတောင် ဝါစဉ်ကြီးငယ်ကိုလိုက်ပြီးအရိုအသေပေးရပါတယ်.... တစ်ရက်တစ်မနက်ကွာသွားရင်ကို အရိုအသေပေးရပါတယ်... စစ်တပ်က စီနီယာနံပါတ်နဲ့ခွဲတာကတောင် နောက်ကျပါသေးတယ်.... အရိယာလူဝတ်ကြောင်က သင်္ကန်းဝတ်ဝါမရသေးလို့ ရှိခိုးရပါတယ်.... သင်္ကန်းဝတ်ချင်းတူရင် သာမဏေက ရဟန်းကိုရှိခိုးရပါတယ်.... အရိယာအဆင့်နဲ့ခွဲတာမဟုတ်ဘဲ ဝါစဉ်နဲ့ခွဲတာဖြစ်လို့ပါ....
 
မင်းကန် စီ ★ အင်းအဲတာ သိတာ သိပ်မကြာသေးဘူး ဒါနကြောင့် မဂ်ဖိုလ်၇တာ ဒါပေမယ့် အဟောသိကံ ဆိုတာကို ညီမဘယ် လိုနားလည်လဲ ...။

အဟောသိကံဆိုတာ အကျိုးပေးခွင့်မသာလိုက်တဲ့ကံပါ.... အကျိုးမပေးလိုက်နိုင်တဲ့ကံပေါ့..... လူတစ်ယောက်စိတ်တစ်ခုဖြစ်တိုင်းဖြစ်တိုင်း ဇောခုနစ်ကြိမ်ကျပါတယ်... အဲ့ဒီထဲမှာ ပထမဇောက လက်ငင်းဘဝအကျိုးပေးပါတယ်... သတ္တမဇောက နောက်ဘဝအကျိုးပေးပါတယ်.... ဒါပေမယ့် ပထမဇောနဲ့ယှဉ်တဲ့ လက်ငင်းအကျိုးပေးဖို့ကံက ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါတွေ ဖလသမာပါတ်ကထလာတဲ့အချိန်မျိုးမှာလှူဒါန်းတဲ့ ဒါနမျိုးနဲ့ အခြားအဲ့သလို အင်မတန်ကြီးမားတဲ့ ကောင်းမှု မကောင်းမှုမျိုးမှ အကျိုးပေးမှာပါ... မဟာဒုတ်ကို ကုသိုလ်အကျိုးပေးပုံနဲ့ လင်ငင်းမြေမြိုပီးအကုသိုလ်အကျိုးပေးပုံတွေမျိုးပေါ့.... ဒါက လက်ငင်းအကျိုးပေးရမယ့်ကံ..... အဲ့ဒီလောက်မကြီးမားလို့ လက်ငင်းဘဝအကျိုးမပေးလိုက်ရရင် အဲ့ဒီကံဟာ ပျောက်သွားပါတယ်.... အဟောသိကံဖြစ်သွားတာပါ.... သတ္တမဇောနဲ့ယှဉ်တဲ့ နောက်ဘဝအကျိုးပေးမယ့်ကံကလည်း အဲ့သလိုပါပဲ.... အခုဘဝလွန်ပြီး နောက်ဘဝမှာအကျိုးပေးမယ်ဆိုပေမယ့် သူ့ထက်အင်အားကြီးမားတဲ့ ကောင်းကံ ဆိုးကံတွေက တားဆီးပီး အရင်ဦးအောင်အကျိုးပေးလိုက်ရင် သူလည်း အဟောသိကံဖြစ်သွားပါတယ်..... အဟောသိကံမဖြစ်တာက အလယ်ဇောငါးချက်နဲ့ယှဉ်တဲ့ ကံတွေပါ... သူတို့ကတော့ ဒုတိယဘဝကနေ နိဗ္ဗာန်မရောက်မချင်း ကြားကာလ သံသရာတစ်လျှောက်လုံးမှာ အကျိုးပေးပါလိမ့်မယ်.... အကျိုးပေးခွင့်မသာသေးရင် အကျိုးပေးနိုင်တဲ့အချိန်မှာ အကျိုးပေးပါလိမ့်မယ်.... အဟောသိကံမဖြစ်ပါဘူး..... သူ့ကိုတော့ မဂ်ကုသိုလ်နဲ့ပဲဖျက်နိုင်ပါတယ်.... တစ်သံသရာလုံးလုပ်ခဲ့သမျှ ငရဲကျနိုင်တဲ့ကံတွေဟာ သောတာပတ္တိမဂ်ကုသိုလ်ရလိုက်တာနဲ့ အဟောသိကံဖြစ်သွားပါပြီ..... ကျန်ကုသိုလ်အကုသိုလ်တွေလည်း ထို့အတူပဲ ရဟန္တာဖြစ်သွားရင် နောက်ဘဝလုံးလုံးမရှိတော့တဲ့အတွက် အကျိုးပေးစရာကံကြီးကြီးမားမားရှိရင် ဝဋ်ကြွေးအနေနဲ့ နောက်ဆုံးဘဝခံပြီး ပြီးပါပြီ....
 
မာ လု တည်တော်ဆရာတော်ကြီးကဘာပြောသလဲဆိုတော့ ... သာသနာတော်အတွင်းမှာ ... ဒကာ ဒကာမအားလုံး မှတ်ထားရမှာက ... လှူဒါန်း ပူဇော်ရတဲ့ ..ဒါနကုသိုလ် ... စောင့်ထိမ်းအပ်တဲ့ သီလကုသိုလ် ... ပွားများကျင့်ကြံရတဲ့ ...ဘာဝနာကုသိုလ် ... ဒီကုသိုလ်ကံ ( ၃ ) ခု ဘက်ညီပါမှ ... အရဟတ္တဖိုလ် ကိုရနိုင်ပါတယ်တဲ့ ... ဒါနတစ်ခုထည်း ... သီလတစ်ခုတည်း ... ဘာဝနာပွားများတာ တစ်ခုထဲနဲ့ အချောင် နိဗ္ဗာန်ဝင်သွားတဲ့ ပုဂ္ဂိုလ်ရယ်လို့ လောကမှာ မရှိပါဘူးတဲ့ ... ၀ိပသနာ အဘိဓမ္မာလဲ လုပ်တာပေါ့ ... ဒါနနဲ့ သီမပါပဲတော့ ...မလွယ်ဖူး သူငယ်ချင်း ...။ အဘိဓမ္မာ တရားစခန်း ဘာညာ ပြောပြီး ..ဓမ္မမိတ်ဆွေပါ ဆိုပြီး ဖောက်ပြန်နေတာတွေလဲ ရှိနေတယ်နော်သူငယ်ချင်း ...။   
 
မင်းကန် စီ ကျနော် မာလုခေါ် နူးနဲ့ ခင်ခဲ့တာ အတော်ကြာပါပြီ.... စိတ်တူကိုယ်တူ မောင်နှမလို ရဲဘော်ရဲဘက်လိုခင်ခဲ့တာပါ.... ကျနော်တို့နှစ်ယောက်အပြင် ညီလေးတစ်ယောက်ကျန်ပါသေးတယ်... သုံးယောက်ပေါင်း လက်တွဲညီညီ မွတ်စ်လင်တွေရဲ့ သမိုင်းလိမ် ဘာသာရေးအလိမ်တွေအပြင် ဗုဒ္ဓဘာသာပါလို့ ခံယူပြီး ပေါက်ကရပြော ဗရမ်းဘတာရေးနေတဲ့သူတွေကိုပါ လိုက်ရှင်းခဲ့ အမုန်းခံခဲ့တာပါ.....

ကျနော် သူ့ကို အမြဲသတိပေးပါတယ်... ဦးဏှောက်ဖောက်စားတဲ့သူတွေရဲ့ လက်ခုပ်သံတွေကို မသာယာပါနဲ့လို့.... သူကလည်း အဲ့သလို သာယာမဲ့လူမျိုးမဟုတ်ဘူးဆိုတာ ကျနော်အကြွင်းမဲ့ယုံပါတယ်..... ဟုတ်ကဲ့ ထေရဝါဒသာသနာတော်ကြီးအကြောင်းကို တကယ်သိချင်ရင် သညာသိတွေကို ခဏဘေးချိတ်ထားပြီး ကိုယ်တိုင်သိအောင် လေ့လာပါ ကြိုးစားပါလို့ပဲပြောချင်ပါတယ်...
 
ကျနော့်သူငယ်ချင်း မာလုတင်လိုက်တဲ့ အချို့သောပို့စ်များပါ အကြောင်းအရာများဟာ ဗုဒ္ဓသာသနာဝင် (ကျနော် ထေရဝါဒသာသနာတော်ကြီးကို ယုံကြည်သက်ဝင်သူ မည်သူ့ကိုမဆို ဗုဒ္ဓသာသနာ
ဝင်လို့ပဲသုံးပါတယ်... ဘာသာဆိုတာ ဇီဝဗေဒ ရူပဗေဒတွေလည်း ဘာသာပါ) လို့ ခံယူထားသူ မည်သူမဆို သိထားသင့်တဲ့အကြောင်းအရာတွေဖြစ်ပါလျက် မသိကြဘူးဆိုပြီး သာဓုခေါ်နေကြတာ တကယ့် တကယ်တွေးကြည့် မယ်ဆိုရင် အလွန့်အလွန် ဝမ်းနည်းစရာပါ.... ဒီတော့ သာသနာဝင် ညီအစ် ကိုမောင်နှမ များအားလုံးကို ပန်ကြားလိုပါတယ်.... ထေရဝါဒသာသနာတော်ကြီးကို တကယ်မြတ်မြတ်နိုးနိုး ကိုးကွယ်ယုံကြည်တယ်ဆိုရင် သာသနာတော်အကြောင်းတော့ တတ်နိုင်သလောက်လေ့လာကြပါ....
 
Zar Ni ဒါမျိုးတွေ ဘ၀အတွက် လုံးပန်း၇င် အားလပ်ချိန်တွေ မှ ဖတ်၇တာပါ ဖတ်တိုင်လည်း
ဝမ်းသာမိသလို ဗုဒ္ဓဘာသာ ဖြစ်၇တာလည်း ကုသိုလ်ကြီး လှပါလားလို့လည်းခံယူနေမိပါတယ် အခုလို မနူးနဲ့တကွ တ၇ား ချစ်ခင် စိတ်ကောင်ဝင်ပြီး ဆွေးနွေး ကြတာကိုကြည့်ပြီး မကြည်နူးဘဲ
မနေနိုင်ပါဘူးဗျာ ကျွန်တော်က ဘာမှ တတ်ကျွမ်းမှုမ၇ှိတော့ ဒါ လေးတွေဖတ်၇တာကို ၀မ်းသာ
လွန်နေပါပြီး အားလုံးကျေးဇူးအ ထူတင်ရှိပါတယ်ခမျာ။
 
 
 
  

ဒါနအခြေခံ


 
 
★ ညီမလေး profile name ကို မာလု လို့ပေးဖြစ်ပုံလေးပြောပြပေးနိုင်မလား? ထူးခြားမှူ တခုရှိမယ် ထင်လို့။

★ ★ ရှိပါဖူးအကို ငယ်နာမည်ပါ

★ မေးချင်တာလေးတွေရှိတယ် ခုမအားလည် နောက် မှ ပြောလည်း၇တယ်နော်
အကုသိုလ် ကံ အကျိုးပေးတဲ့ နေ၇ာမှာ ၀ဋ်လိုက် တာနဲ့ င၇ဲကျတာ ၂ မျိုးပဲရှိတယ်နော် အပယ် လေးဘုံလည်းရှိတယ် ဘယ်လို အကုသိုလ် ကံမျိုးက ၀ဋ်လိုက်တတ်ပြီး ဘယ်လိုအကုသိုလ် ကံမျိုးတွေက င၇ဲကျစေနိုင် တာလဲ

★ ★ အဟင့် ... ငရဲကျတာကတော့ လောဘဒေါသ မောဟ ကြောင့်လေ ၃၁ဘုံပိုစ့်မှာ တင်ထားတယ်လေ အပါယ်၎ဘုံ ဘယ်လိုလူတွေရောက်လဲ ဆိုတာပါ ပါတယ်အကို ...။

★ နောက်ပြီးတော့ လောဘနဲ့သေ၇င် ပြိတ္တာဘုံေ၇ာက်မယ် ဒေါသနဲ့သေ၇င် င၇ဲကျမယ် မောဟနဲ့သေ၇င် တိ၇ိစ္ဆာန် ဖြစ်မယ် ဆိုတာ ကြားဘူးမှာပေါ့ အဲဒီအဆိုအမိန့်က ဘု၇ား ဟောလား အမြဲမှန်လား

★ ★ ဘုရားဟောပါ နူးပိုစ့်လေးပြန်ဖတ်နော် ငရဲကြီး ၈ ထပ်ကဘယ်ငရဲကျတယ်ဆိုတာပါ ပါတယ်

★ အော် သေချာပြန်ဖတ်လိုက်ပါ့မယ် လူသတ် မိတဲ့သူက င၇ဲကျမှာလား ၀ဋ်လိုက်ပြီး တော့ သူသတ်ခဲ့တဲ့ သူက သူ့ကိုပြန်သတ်မှာလား

★ ★ စိတ် သူသတ်စဉ်ကစိတ် ကအဓိကကျတာ ... ဘုရားရှင် လက်ထက်တော်က အသျှင်ဒွေရတနိယ မထေရ်ဟာ ရှေးဘဝက မုဆိုးဖြစ်ခဲ့တယ်။

ဝိပသီ၁ မြတ်စွာဘုရားကို အသားတစ်ကပ်လှူချိန်ကစပြီး အပယ်မလားရဘူး၊ မဟာရောဟိတအမည်ရှိတဲ့ စကြာဝတေးမင်းတောင် ဖြစ်ဖူးတယ် (ခုဒ္ဒကနိကာယ်၊ ထေရာပဒါန ပါဠိတော်၊ ၂၃ အာလမ္ဗဏဒါယကဝဂ် ၊ ၃- ဒွေရတနိယတ္ထေရအပဒါန်)

★ အော် အဲဒီအချိန် မှာဖြစ်တဲ့စိတ် သေ စေလိုတဲ့ စေတနာ ပါ၇င် မပါ၇င် အဲလိုကွာတာလား

★ ★ ဒီနေရာမှာ ... ကုသိုလ်စိတ် ... အကုသိုလ်စိတ် ကိုယှဉ်ရမှာပါ .... သူရင်ထဲက ... ကုသိုလ်စိတ် အားကြီးပြီး ... သူပြုခဲ့တဲ့ အကုသိုလ်ကံက ... အရမ်းအားနည်းနေရင် ... သူပြုတဲ့အကုသိုလ်ကံက ..အဟောသိကံ ဖြစ်သွားပါတယ် .... သူက မုဆိုး ... သားကောင်တွေ သတ်တယ်ဆိုပေမယ့် သတ်တာ အမျိုး မျိုးရှိပါတယ်.... သတ်ချင်လို့သတ်တာလား အခြေအနေအရသတ်ရတာလား စဉ်းစားဖို့လိုပါပြီ ဥပမာ ... အမိအဖတွေကမုဆိုး မို့ ...မုဆိုးပညာကိုပဲ တတ်လာလို့ ... မုဆိုးမျိုးရိုးဖြစ်တဲ့အတွက် (ဟိုခေတ်ကသူ့မျိုးရိုးနဲ့သူလေ ) ရွေးစရာလမ်းမရှိလို့သတ်ရတာလား .... ဒါကဘ၀ပေးပဲလေ ဒီဘ၀ပေးးကကျတော့ သတ်ချင်လို့သတ်ရတာလောက်အပြစ်မကြီးပြန်ဖူး ...

ပြီးတော့ အဂီုလိမာလ သူ့စိတ်မှဒီလူတွေကို ချစ်တာမုန်းတာမသိဘူး ဆရာကိုရိုသေလွန်းတော့ တာဝန်ကျေဖို့ပဲသိတာ ဆရာအတင်မှားတာ တစ်ကယ်လို့ ဘုရားရှင်နဲ့ မတွေ့ရင်တော့ငရဲပဲ ဒါပေမယ့် သူဘ၀ အဆက်ဆက်ဖြည့်ကျက်ခဲ့တဲ့ ကုသိုလ်ကံတွေက အကျိုးပေးလာတော့ ဒါဟာ အဟော သိကံဖြစ်သွား တာပေါ့ ...။

ဝဋ်ကျတော့ သေသေချာချာရည်စူးပြီးကို ယုတ်ညံ့တဲ့စိတ်ထားနဲ့ လုပ်တာ ...ဒါကဖြေမရဘူးလေ
ဒါကြောင့် ငရဲမှာ အပ တဲ့ ၀ဋ်ကတော့ အမြဲပဲ ...

★ င၇ဲက ကုသိုလ်ကံနဲ့ ကျော်နိုင်တဲ့သဘောပေါ့နော် မိုးကုတ်ဆ၇ာတော်ကြီး၇ဲ့ ဟောစဉ်တ၇ားတွေ မှာ ယောဂီတွေ ခနဒါနဲ့ ဆပ်ကြမလား ဥာဏ်နဲ့ ဆပ်ကြမလား ဆိုတာ င၇ဲမကျဖို့ အတွက်ပေါ့ အဲလိုလား

★ ★ နူးနားလည်တဲ့ ဗုဒ္ဓဘာသာကတစ်မျိုး အကို ... လမ်းစဉ်အနေနဲ့ တရားအားထုတ်တာ ရိပ်သာဝင်တာကောင်းတယ် ... အပြည့်အ၀ ထောက်ခံတယ် ....။

ဒါပေမယ့်အကို ... ၀ိပသနာတွေလုပ် ...တရားစခန်းတွေဝင်ပြီးး ပိုအတ္တ ကြီးလာတဲ့သူက ၁၀၀မှာ ၉၉ယောက်အကို ... သေသေချာချာကိုစစိကြည့် အလိုက်လွဲနေကြ တယ်

ဘုရားရှင်အဆက်ဆက်..... ပါရမီအစကဒါနကိုအခြေခံတာ ပြီးမှသီလ ဘာဝနာ ... ဆိုတော့ အခု တရားစခန်းတွေ တွင်တွင်သွားတဲ့သူတွေ ဘာတွေရလာလဲ အတ္တပိုကြီးလာတယ် စိတ်ညစ်တယ် ....

★ ကုသိုလ်အသိလေးတွေ သစ္စာ သဘောလေးတွေ ၇ုပ်သဘော နာမ်သဘော လေးတွေ သိလာ၇င် တော့ အကျိုးများပါတယ်

★ ★ ဟုတ်ပါတယ် အကို ... မှန်ပါတယ် ...ဒါပေမယ့်အကို ...တရားစခန်း အကြိမ်ကြိမ်ဝင်ပြီး … လူလူ ချင်းမေတ္တာထားဖို့ တွန့်တိုနေရင် ဘာရမှာတုန်း ....

ကိုယ်သိတာလေးကိုဆုတ်ကိုင် ပြီး တရားလိုက်ငြင်းခုံနေရင်တော့ အထာမကျသေးဘူးလေ …
ဒါလေးအတွက်နဲ့တော့ ၀ိပသနာ လုပ်မနေဘူး အကို ... ဗုဒ္ဓဘာသာရဲ့အနှစ်ကိုယ်တိုင်က အတ္တကိုဖယ်ခွာတာပါ ...။

အနိစ္စကို...သန္တတိကဖုံးတယ်
ဒုက္ခကို ဏ္ဍသရိယာပထ ဖုံးတယ်
အနတ္တကိုဃန ဖုံးတယ်တဲ့
တရားလေးကျင့်ပြီးသေးသေးလေးသိလာတာကို အတ္တတွေဖုံးကုန်တယ်

★ သတိပဋ္ဌာန် ဖြစ်နေ၇င် လောဘ ဒေါသ မောဟ ကွာနေတာပေါ့

★ ★ ခနပဲ အကို တရားကျင့်တုန်းပဲ ပြီးတော့ပိုအတ္တကြီးလာကြတယ် ..နူးမေးမယ်
ကုသိုလ်ကံ ဘယ်နှစ်မျိုးရှိလဲအကို ...။

★ ဟုတ်လား ကိုယ်တော့အဲလိုမဖြစ်ဘူးထင်တာပဲ ကုသိုလ်မှာ ပါ၇မီမြောက်တဲ့ကုသိုလ် ၇ုပ်နာမ်ပြန်ဖြစ်စေ တဲ့ ကမ္မာဝါစ၇ကုသိုလ် ဆိုပြီး ၂ မျိုးတော့သိတယ်

★ ★ ကာမာဝစရ ကုသိုလ်ကံ
မဟဂ္ဂုတကုသိုလ်ကံ
လောကုတ္တရာ ကုသိုလ်ကံ …. ဆိုပြီးသုံးမျိုးရှိတယ်အကို
ကာမ၀စရ ဆိုတဲ့ ပထမကုသိုလ်ကံဟာ …. မဟဂ္ဂုတကုသိုလ်ကံ နဲ့ လောကုတ္တရာ ကုသိုလ်ကံ
အခြေခံပဲလေ ဒုတိယကုသိုလ်ကတော့ ဈာန်ရသူတွေမှာပေါ်တာ...။
ပုထုဇဉ်ရိုးရိုးအားလုံးမှာရှိတာ ဘုရားလောင်းကအစ ကမ္မာဝါစရပဲ ကာမကုသိုလ်က ၁၀မျိုးရှိတယ်
ဒါန
သီလ
ဘာဝနာ
အပစာယန
ဝေယျာဝစ္စ
ပတ္တိဒါန
ပတ္တာနုမောဒန
ဓမ္မ သ၀န
ဓမ္မ ဒေသနာ
ဒိဌိဇုကမ္မ

ဒီထဲမှာ ဓမ္မ ၀ိပသနာနဲ့ ပတ်သက်တာ ၃မျိုးပါတယ် ... အဓိက က ဒါန သီလ ဘာဝနာကနေ ခွဲထွက်တာ ...။

ဒီတော့ ဒါနဆိုတာ ကျန်တဲ့၂ခုရဲ့ အခြေခံ အကို ....
သီလနဲ့ .. ဘာဝနာလုပ်သူတွေဟာ ဒါနဆိုတဲ့အခြေခံကို စိစိညက်ညက် ကျေအောင် နားလည်သူမှရမယ် မဟုတ်ရင် စွန့်လွှတ်မှုကိုမသိပဲ ပါယ်သတ်မှုဆိုတာ ဘယ်လိုမှဖြစ်မလာဘူး ...။

မူလတန်းအောင်ပြီးသူမှသာ အလယ်တန်း အထက်တန်းကို အေးချမ်းစွာ စည်းပူးလို့ရမယ် မှန်ကန်သော လမ်းစဥင်္နဲ့ပေါ့

★ အင်း နည်းလမ်းကျတယ် အစ်ကိုလည်း အ၇င်ကဒါနကို ပယ်တာမဟုတ်ပေမယ့် သေချာနား မလည်တော့ ၀ိပဿနာ ပဲ ဦးစားပေးမိတာ

★ ★ မူလတန်းမှာ ဘာမှမသိခဲ့ရင်တော့ အလယ်တန်းမှာ စာလုံးပေါင်းမှား အဓိပါယ်လွဲ တာတွေ ဖြစ်ကုန်တော့မှာ
အကိုနားလည်မယ်မထင်သေးဘူး သေသေချာချာ အနှစ်ကျကျ နူးပြောတာလေးကို ဖြန့ကျက် စဉ်းစားကြည့်

★ မှန်တယ် ယျထာဘူတ ကျတယ် ခုတော့ တော် တော်သိနေပြီ ဒါနအကြောင်းကို

★ ★ တစ်ခုထပ်ပြောမယ်နော် ဒါနအခြေခံ အကြောင်းကို ....
လူတစ်ယောက်ဟာ ဒီဘ၀မှာဒါနပြုတယ်ဆိုပါစို့ ဒါနပြုတယ်ဆိုထဲက စွန့်လွှတ်တာ

တဏှာဆိုတဲ့ တပ်မက်မှု အကုသိုလ်ကို စတင်ပါယ်သတ်ဖို့ကြိုးစားနေတာအကို
ဒီတော့ .... ဒီတဏှာကချက်ချင်း သေသွားလားဆိုတော့ မသေဖူးအကို ဒီဘ၀မှာ ..တဏှာ တသောင်းဖိုးရှိရင် နောက်ဘ၀ ၉၀၀၀ ဖိုး ကျန်မယ် ....

ဒုတိယဘ၀ကျတော့ ဆက်ပြီ ပထမပြုခဲ့တဲ့ ဒါစေတနာက အာသေ၀နသတ္တီ ဥပနိသယသတ္တိ
ထပ်ကျေးဇူးပြုတော့မှာ ဒီတော့ ဒါနကိုထပ် လုပ်ချင်တယ်

တစ်စတစ်စ တဏှာယုတ်လာတဲ့အတွက် နောင်အခါ ဗဟိဒ္ဓ၀တ္ထု ရွှေငွေ ကိုယ်ပိုင်အိမ်
မတွယ်တာတော့ဘူး

ဒါ့ထက်ရင့်ကျက်လာပြီး အဇ္ဈတ္တ ကိုယ့်အသက်ပါစွန့်နိုင်ပြီမတွယ်တော့ဘူးဆို သောတပန် ဘ၀ ဆိုက်ရောက်တော့တာ ...။
အဲ့မှာ သီလရယ် ဘာဝနာရယ် ဆိုတာက အော်တိုမစ်တစ် လိုက်ကိုလာတော့တာ

★ အင်းလက်ခံတယ် တော် တော်လည်းရှင်းတယ်

★ ★ အဲ့တော့ သဒ္ဓါအင်အားတောင့်တင်းခိုင်မာလာတာနဲ့ တဏှာဟာ အသက်ငင်လာမယ် ယဲ့ယဲ့ပဲကျန်မယ် ပါစိတ်မှာပါတယ်အကို....

★ အင်းတဏှာသတ်နည်းတခုပဲနော်

★ ★ သောတပန်ဆိုတာနဲ့ တဏှာနဲသွားပြီ ဘာကျန်လဲ

★ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာာ

★ ★ မှန်တယ် .... တဏှာသတ်သလောက် သီလမြဲတယ် ခလေးတွေကိုသနားသူဟာ ကြင်နာတတ်သူဟာ သမိးအရွယ်ကို မုဒိန်းကိုမကျင့်ဘူး
ကိုယ်စားတာကို မစားးပဲ ကိုယ့်ရှေ့ကငတ်သူကိုပေးသူဟာ သူများဆီကလုကိုမစားဘူး

ငါးပါးသီလ ဟာ တဏှာအားနဲတာနဲ့ အမျှ ပိုလုံလာတယ် ဒါနအား ၅၀% ဆို သီလက ၂၀%လောက် အော်တို မစ်တစ်လုံဘီ .... လိုက်ပြီးတကူးကလုပ်ကိုမနေနဲ့

တဏှာ .. ၈၀ % လျှော့ သီလ ၅၀% မှာ ဘာဝနာ ၂၀% လိုက်ပြီ .... ဒါဟာ ဘုရားရှင်နဲ့ သောတပန် ..ရဟန္တာစဉ်ဆက် လမ်းစဉ်ပဲ

အဇ္ဈ တ္တိကာယဆိုတဲ့ ရုပ် နာမ် စွဲလမ်းနှစ်သက်တဲ့တဏှာကုန်ခဲ့ရင် နိဗ္ဗာန်ဘုံကို လမ်းမြင်တာပဲ

ဒါကြောင့် အပဒါန်ဝတ္တုတွေ ဗုဒ္ဓ၀င်တွေ ကြည့်ကြည့်လိုက် ဘာနဲ့အရင်းခံပြီးနိဗ္ဗာန်စံဝင်လဲဆိုတာ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အားလုံးးးက ဒါနအရှိန်အဟုန်နဲ့ နိဗ္ဗာန်ဆီကိုပြေးလှမ်းလာကြတာ

ဒါကြောင့် ဒါနဆိုတာ နိဗ္ဗာန်ရဲ့အခြေခံဖြစ်သလို သီလနဲ့ ဘာဝနာရဲ့ အခြေခံပဲ

ဒါနံဝ အာဒိံ ကတွာ သမ္မောဓိံစ လာဘန္တိတေ

ဒါနကိုအစဦးထားလို့ အရဟတ္တ မဂ်ဖိုလ် ရတော်မူကြတယ်တဲ့

★ ကောင်းလိုက်တာ ညီမလေးရယ် ....
ဆ၇ာတော် ဓမ္မ ဒူတ အရှင် ဆေကိန်ဒ တ၇ား တွေနာဘူးလား ညီမလေးပြောတာတွေနဲ့ သ ဘောတထပ်တဲပဲ

★ ★ ဒါက ဒါနခန်းပဲရှိသေးတယ် ဒါစင်ကြယ်မှ သီလနဲ့ ဘာဝနာ ဆက်ရှင်းလို့ရမယ်
နူးဘ၀က ခုမှအခြေခံ ဒါန ဖြည့်ကျက်တုန်း နောင်ဘ၀ါ ဘ၀တွေ ဗုဒ္ဓဘာသာဝင်ဖြစ်ပါစေ ဒါနဖြည့်ကျက်ရပါစေ ပညာရှိဖြစ်ပါစေပဲ ဆုတောင်းတယ် ဘာမှမလိုဘူး ပညာရှိမှ ... တရားမှန်သိမှာ အကို ...။

ကိုယ်သာမကျူးနဲ့ ငရဲကိုမကြောက်ရပါဘူး ကိုယ့်စိတ်မှာ..ဖြူ စင်နေပါစေသန့်ရှင်းနေပါစေ ... အရင်ကအကုသိုလ်ကံတွေကြောင့် ငရဲကျလဲ လွတ်တာနဲ့ ဒါတွေက ပြန်ဖြည့်ကျက်နေမှာ

★ ညီမလေးကဥာဏ်ကောင်းတော့ ဒီဘ၀မှာကို ဆ၇ာသမားကောင်းနဲ့ လမ်းမှန်ေ၇ာက်ပြီး ဒါနေ၇ာ သီလေ၇ာ ဘာဝနာ ဥာဏ်တွေပါ အမြန်ပြည့်စုံလာမှာပါ ပြည့်စုံပါစေလို့လည်း ဆုတောင်းပေးတယ်နော် ...။

★ ★ သီလအကြောင်းလဲ အခုလိုပဲ အရှည်ကြီးရှင်းရမှာ ဒါတောင် နတ် ဗြဟ္မာဖြစ်စေတဲ့ဒါနမပါသေးဘူး ခရစ်တွေမွတ်တွေလို နတ်ပြည်မှာလမ်းဆုံးချင်သူတွေအတွက်

★ နောက်ဆယ်နှစ်လောက်ဆို၇င်ကို ဥာဏ်တွေပို ၇င့်သန်ပြီး ဒီထက်ကောင်းတဲ့ မြင့်မြတ်တဲ့ဆု တောင်းတွေပြောင်းသွားမှာ သေချာတယ် အဲဒီအချိန်ကျ ခဏလောက် သတိ၇ပေးပေါ့

★ ★ အဲ့အထိအသက်ရှည်ရင်ကောင်းတာပေါ့

★ နောက်အား၇င် ရှင်းပြအုံးနော်

★ ★ လစာပေးမှ လက်ညောင်းဒယ်အေ

★ ညီမလေး ဖုန်းနံပါတ် ပြောလေ ငွေဖြည့်ပေးမယ် တတ်နိုင်သလောက်ပေါ့ ကိုလည်းကုသိုလ်၇ ညီိမလေးလဲ ဓမ္မ ဒါန ပိုစ်တွေများများတင်

★ ★ နူးကမြန်မာမှာမှမဟုတ်တာ မေ ၃၀ နူးမွေးနေ့ကျရင်... ကုသိုလ်တစ်ခုခုလုပ်ပေးးးနော်
ဒါမှမဟုတ် .... နူးမွေးနေ့ကစလို့ဘယ်သက်ရှိကိုမှ စိတ်နဲ့တောင်မသတ်မိစေနဲ့ အဲ့တာလေးတစ်ခု တစ်သက်လုံးထိန်း နူးလဲတူတူပဲ

★ အင်းပါ ကြိုးစားမယ် ခြင်လောက်ပဲ၇ိုက်မိတာပါ

★ ★ ဘာအေ့ .... ရိုက်နဲ့ လက်လေးနဲ့ပွတ်လိုက် သူ့ဖာသူပြေးလိမ့်မယ် ....ဒီဘ၀မှာ ၂ပါးလောက် အနုလုံ ပဋိလုံ လုံရင်တော်ပြီပေါ့ ...။

★ မ၇ိုက်တော့ဘူး မနက်တိုင်း သောက်တော်ေ၇ ကပ် ၅ပါးသီလ ဆောက်တည်တယ်
မနက်ဖြန် ကစလို့ အမျှ ဝေတဲ့ထဲမှာ အဝေးေ၇ာက်ညီမလေးမာလုအတွက်ဆို ထည့် ဝေ ပေး မယ်နော်

★ ★ ဟုတ် ... သာဓု သာဓု သာဓု ပါအကို ....
 
 Comments ....
 
Winnaing Oo တစ်ချိန်က ကျနော့်ဝန်းကျင်မှာ ဒါနက သံသရာကို ရှည်စေတယ် ၀ိပဿနာကိုသာ လုပ်သင့်တယ်လို့ ၀ိပဿနာ တစ်ခုတည်းကိုပဲ အထင်ကြီးစွဲလန်းနေသူတွေ ရှိခဲ့ဖူးပါတယ် ၊ ဒါနပြုသူတွေကို ဘာသာရေးအမြင် နိမ့်တယ်ထင်ပြီး အထင်သေးဟန် ရှိနေတဲ့လေသံမျိုးတွေလည်း ကြားခဲ့ဖူးပါတယ် ၊ ဒါနဟာ နိဗ္ဗာန်မရောက်မှီစပ်ကြား ဘ၀များမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း သိထားပါတယ် ၊ ပြီးတော့ ၀ိပဿနာကိုလည်း လုပ်သင့်တယ်လို့ သိပါတယ် ၊ စစ်မှန်တဲ့ ဒါနဟာ စွန့်လွတ်လိုတဲ့ စိတ်ကို အရင်းခံပြီးဖြစ်တာကြောင့် တွယ်ညိတဲ့ တဏှာသဘောကို လျော့ပါးစေတာတော့ အမှန်ပါပဲ ၊ ဒါနပြုပြီးရတဲ့ ကြည်လင်အေးချမ်းသွားတဲ့ ပီတိရသ ကလည်းနောက်ထပ် ကောင်းမှုတွေကို ဆက်လုပ်စေလို့ တစ်ဖက်မှာလည်း အကုသိုလ်တွေကို နည်းသွားစေပါတယ် ။ 
 
သီလကြောင့်လည်း ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရဲရင်မှုတွေ ရစေပါတယ် ၊ ဒါနနဲ့အတူ ပို့လွှတ်လိုက်တဲ့ စိတ်စေတနာတွေဟာ ဘာဝနာတစ်မျိုးပဲလို့ မြင်မိပါတယ် အထူးသဖြင့် ဆက်ပြီးရှိနေတဲ့ စိတ်စေတနာတွေပါပဲ ပရစေတနာတွေလို့ ပြောရင် ရနိုင်မယ်ထင်ပါရဲ့ ။ 
 
ဥပမာဆိုပါစို့ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် တစ်ခုခုလှူတယ်ဆိုပါစို့ စိတ်ကသူတို့ဆီရောက်သွားတယ် ၊ သူတို့တွေ အဆင်ပြောကြပါစေ ဒုက္ခတွေကနေ အမြန်လွတ်ကြပါစေဆိုတဲ့ စိတ်ကလည်း အလိုလို ဖြစ်သွားပါတယ် ..
 
ဒါန သီလ မေတ္တာဘာဝနာ သုံးခုလုံးက ကြည်လင်ငြိမ်းအေးတဲ့ ရသကိုပေးတာ အမှန်ပါပဲ ၊ လူတော်တော်မျာများက ဒါနပြုပြီးလျင် ဆုတောင်းကြတယ် ၊ အခု ကျနော်ကတော့ လူအများနဲ့ အတူလိုက်ဆိုရတာမျိုးမဟုတ်လျင် ဆုမတောင်းတော့ဘူး ၊ ကျနော်ရချင်တာ ပီတိတစ်ခုတည်း ဖြစ်လို့ပါ ၊ နောက်တစ်ခုက ဘာမှကို မမျှော်မှန်းလေ ပိုပြီးကြည်လင်တဲ့ ခံစားမှုကို ရလေပဲလို့လည်း ထင်မိပါတယ် ၊
 
 ပြီးတော့ အကျိုးကို မျှော်မှန်းပြီး ကုသိုလ်လုပ်ရင် စင်ကြယ်ပါ့မလားဆိုတဲ့ အယူအဆကလည်း ခေါင်းထဲဝင်နေတယ် ..ကျနော့် အတွေးတွေ လွန်များလွန်နေလားဆိုပြီးလည်း စဉ်းစားမိပါတယ် ၊အဲဒါကြောင့် ဒါန သီလ ဘာဝနာ (၀ိပဿနာ) တို့ရဲ့ တစ်ဆင့်ချင်းတက်ပြီး လှမ်းသွားရမယ့် လုပ်ငန်းစဉ်ကို ဖတ်ချင်ပါတယ် ၊ အကြံဥာဏ်ယူချင်ပါတယ်ခင်ဗျာ..
 
Kyaw Swar Lin ကိုဝင်းနိုင်ဦးခင်ဗျား
အရမ်းကောင်းတဲ့စိတ်ဓာတ်ပါပဲဗျာ..အထူးလေးစားပါတယ်..အများကောင်းကျိုးအတွက်ဦးတည်ပြီးလုပ်တဲ့
လုပ်ငန်းမှန်သမျှ ပါ၇မီမြောက်မှာပါ..ကျွန်တော်အယူအဆနဲ့ပြော၇မယ်ဆို၇င်တော့ အကျိုးမျှော်မှန်းပြီး ကုသိုလ်လုပ်တာတော့ အများအကျိုးသက်သက်ဘယ်ဖြစ်တော့မလဲ..ကိုယ့်အတွက်ပါနေပြီလေ..
 
ဒီနေရာမှာတော့ တဏှာနဲ့ အကျိုးမျှော်ဖို့မသင့်ပေမဲ့ ဆန္ဒ နဲ့ တော့ ဘဝဆင်း၇ဲဒုက္ခက လွတ်မြောက်မှုဆိုတဲ့ အကျိုးကိုတော့ ဆုတောင်းသင့်တယ်လို့ယူဆမိပါတယ်..ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ်တိုင်ငြိမ်းချမ်းမှုမ၇သေးလို့ပါပဲ..ဒါ ကျွန်တော့်အယူအဆပါ..မှားယွင်းတာလည်းရှိပါလိမ့်မယ်
 
Myonyunt Oo Ko winnaing Oo ကို နဲနဲသိသလောက်ရှင်းပြချင်
ပါတယ် ။ အလှူဒါနပြုကြတဲ့နေ၇ာမှာ စိတ်၇ဲ့ နှလုံးသွင်း ဆင်ခြင် ကြပုံခြင်း မတူလို့ အကျိုးပေး
လာတဲ့အခါမှာလည်း မတူညီပါဘူး။
 
လှူတဲ့အခါမှာ တဏှာ ကိုဖြတ်ပြီး မမြဲတဲ့အနိစ္စသဘောလေးကိုနှလုံးသွင်း နိဗဗန် တဆုတည်းကိုပဲတောင်း အာ၇ုံပြု၊လှူဖွယ်ဝတ္ထုေ၇ွးချယ်၇ာမှာလည်းအမြင့်ဆုံးသဒဒါ တ၇ားနဲ့ ဥပမာ ဆွမ်းပို့ချင်တယ် အိမ်မှာဆန်ကနဲနေတယ် ဆန်ကွဲလေးတော့ရှိတယ် ဆန်ကိုထ မင်းချက်ပြီး ဆွမ်းပို့ ဆန်ကွဲလေးကို ဆန်ပြုတ်ပြီးကို ကသောက် အဲလောက် စိတ်မျိုးထားပြီး သဒဒါအပြည့် တဏှာ ကို သတ်ပြီး လှူနိုင်၇င် ပတတိ ဒါန အမြတ်ဆုံးအလှူ လို့ခေါ်ပါတယ် တဏှာအလိုကို၇ဲ၇ဲဖြတ် ပြီးလှူလို့ သခင်လိုလှူခြင်းမျိုးလည်း ခေါ်ပါတယ်။
 
နောက်ပြီးကျွန်လို လှူခြင်းမျိုးနဲ့ သူငယ်ချင်းလိုလှူခြင်းမျိုးလည်းရှိပါသေးတယ်။တဏှာအလိုကျလှူခြင်း နဲ့ တဏှာကို သူငယ်ချင်းပေါင်းပေါင်းပြီးလှူခြင်း။
တဏှာ ကိုသူငယ်ချင်းပေါင်းပေါင်းပြီး လှူနည်းမျိုးကတော့ ဒုတိယ တန်းစားအလှူပါ လှူကတည်းကိုက
လောကီအကျိုးကိုမျှော်ပြီးလှူတယ် လူချမ်းသာနတ် ချမ်းသာ အစ၇ှိသဖြင့် ဆုတွေတန်းစီတောင်းတယ်
တဏှာမဖြတ် အလှူ၇ဲ့အကျိုးကိုလဲမျောိ
 
 
တဏှာ ၇ဲ့ကျွန်အဖြစ်နဲ့ ကျွန်လိုလှူနည်းကတော့ ထင်ရှားကျော်ဇော်လိုမှူနဲ့ တာ နာမည်ကြီး တဲ့ကျောင်း
မှေ၇ွးလှူချင်တာ ဂုဏ်တုဂုဏ်ပြိုင် နဲ့လှူတာ ပကာ သနကို ဦးစားပေးနေမိတဲ့အလှူမျိုးပါ။တတိယတန်း
အမျိုးအစားထဲပါသွားပါတယ်။