Tuesday, July 11, 2017

ဗုဒ္ဓဟာ ဘုရာဖြစ်ပြီးမှ မိန်းမရှိတယ်တဲ့

မောင်လေး ညီမလေးတို့ရေ လွန်ခဲ့တဲ့ တစ်လလောက်က မောင်လေးတစ်ယောက် လာဖြေရှင်းခိုင်း ထားတာပါ ။ စိတ်အခန့်မသင့်ချိန်ဆိုတော့ အဖြေတွေက အဆင်ပြေပါ့မလားမသိ ။ နူးလည်းပုထုဇဉ်ကိုး

ဘယ်သူစော်ကား စော်ကား ဖြေရှင်းခွင့်မရှိ ကြိတ်ခံနေရတဲ့ နူးတို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘ၀ကို ရံခါ လည်း စိတ်အတော်နာမိပါတယ်။

အမ ရေ
ကျနော် အမကိုအမြဲ respect ထားနေတာပါ
.
ဒီဟာလေးကို fri တယောက် share ထားတာတွေ့လို့ အမ ရှင်းပြပေးစေလိုပါတယ်
အခုရက်ပိုင်းက စာမေးပွဲရှိလို့ online မတက်ဖစ်တော့ အမရဲ့ postတွေ မဖတ်ဖြစ်ဘူး -
အမ ရှင်းပြီးရင်တော့ sry ပါ ကျနော် ဗုဒ္ဓဘာသာစစ်စစ်ပါ 


။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ ★ ၄၆ ★ ★ ★ 


❆ ဂေါသမက ဘုရားဖြစ်ပြီးနောက် မယားနဲ့နေခဲ့တဲ့ သမိုင်းကိုမဝှက်ပါနဲ့ ရိုင်းရင်ခွင့်လွတ်ပါဂျ
ဒီလိုမျိုးအကျင့်က ဘုရားအကျင့်လားပျာ ဖြေပါ
ယေရူဘုရားက လူပျိုစင်ဘုရား ရည်းစားမရှိ ကိလေသာမရှိ မာရ်ငါးပါးအောင်တာမမေ့နဲ့

.
★ ★ အလောင်းတော် ဗောဓိသတ်ဟာ ဗုဒ္ဓအဖြစ်ကို ရောက်ရှိတော်မူတယ်ဆိုတာ ….
ကိလေသာမှန်သမျှကို အကြွင်းမရှိ ပါယ်သတ် ပြီးတော်မူတယ်လို့ဆိုလိုတာပါ 


ဘုရားရှင်ဟာ ဘုရားအဖြစ် ရတော်မူပြီးတာနဲ့ တပြိုင်နက် ….


ငါသည် သမ္မာသမ္ဗုဒ္ဓ သုံးလောကကထွတ်ထား ဘုရားအဖြစ်သို့ ရောက်ပြီ၊ 


ငါသည် ကြီးစွာသော သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ပြီ၊ 


ငါသည် သတ္တဝါအပေါင်းကို ဘဝသုံးပါးမှ လွတ်မြောက်အောင် ကယ်တင်နိုင်ပြီ


လို့ ဆင်ခြင်တော်မူပြီး 


အနေကဇာတိသံသာရံ စတဲ့ ဥဒါန်းဂါထာတွေကို ကျူးရင့်တော်မူခဲ့ပါတယ် ။


အဲဒီ ဥဒါန်းဟာ ဘုရားရှင် ပထမဆုံးကျူးရင့်တဲ့ ဒေသနာတော်ဖြစ်လို့
ပထမ ဗုဒ္ဓဝစန = ပထမဆုံး ဘုရားရှင်ရဲ့ စကားတော် လို့ လည်း ခေါ်ကြပါတယ်။


★ ★ ဂါထာတော်ရဲ့ အဓိပါယ်ကတော့ … 


အကြိမ်ကြိမ် ပဋိသန္ဓေနေရခြင်းဟာ ဆင်းရဲပင်ပန်းလှ၏


ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာ လက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် 

ဘဝများစွာ သံသရာတလျှောက် ကျင်လည်ခဲ့ရပြီ။ 

ဟယ် တဏှာလက်သမား၊ ယခု သင့်ကို ငါတွေ့ပြီ၊
၏ခန္ဓာအိမ်တည်ဆောက်ရာမှာ အသုံးပြုရတဲ့ ကိလေသာ တည်းဟူသော ထုတ် လျှောက် ဒိုင်း မြှား တရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ၊



မသိမှုအဝိဇ္ဇာဆိုတဲ့အိမ်ရဲ့ အထွတ်ကိုလည်း ငါ ဖျက်ဆီးလိုက်ပြီ၊


ငါဟာ ပြုပြင်စီရင်မှု ကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ၊


ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ရောက်ပြီ၊ 


ဘုရားစင်စစ်ဖြစ်တော်မူပြီ လို့ ကျူးရင့်တော်မူခဲ့ပါတယ်။
.
ဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီး မိန်းမရှိခဲ့တယ်ဆိုရင် ကျမ်းညွှန်းလေး တစ်ချက် တင်ပေးပါ။

.
ချမ်းမြေ့ကြပါစေရှင် …..



No comments:

Post a Comment