Tuesday, July 11, 2017

ချိ န် ခွ င် တဲ့


❆ ချိန်ခွင်>> ဗုဒ္ဓက သန်ကောင်ဘဝမှာ ချီးစားခဲ့တာမမေ့နဲ့ သူများပိုက်က အလကားထိုင်စားတဲ့အကျင့်က လူဘဝမှာပါလာရော လှည်လည်တောင်းစားသေးတယ်။ ပြောလိုက်တာကကိုယ်လုပ်မှကိုယ်ရတဲ့ သူက မလုပ်ပဲ စားနေတာမသိဘူး သန်ကောင်ဘဝ မှာလဲအလကားထိုင်စားခဲ့တာ မေ့နေတာလေ။
. .........
★ ★ အလောင်တော်ဗောဓိသတ်ဟာ သံသရာဝဲဂယက်ထဲ ဘ၀များစွာကျင်လည်ခဲ့ရာမှာ ဆင်ထက် ကြီးတဲ့သတ္တ၀ါ မဖြစ်ခဲ့သလို ငုံးထက်ငယ်တဲ့ သတ္တ၀ါမဖြစ်ခဲ့ပါဘူး။

.
❀ ဗုဒ္ဓက ငါ့ဘာသာ ကွယ်ပြောက်မည်။ (အမ မခံရဲသောသဘော၊ )
ယေရူက ငါဘာသသည် ကမ္ဘာကိုလွမ်းမိုးမည်၊ အရှေ့အရပ် အနောက်အရပ် အရပ်ရပ်က ငါထံလာကြလိမ့်မည်ဟူ ဆိုသည်။(ဘုရားစစ်ဘာသာ သဘော)
....................
.
★ ★ ဗုဒ္ဓ၀ါဒဆိုတာ လောကရဲ့ သစ္စာတရား လောကရဲ့အမှန်တရားကို လူတွေရဲ့ အသိထဲ ရောက်အောင် ယူဆောင်လာပေးတဲ့ဘာသာဖြစ်တဲ့အတွက် လူတွေရဲ့ အသိထဲကနေ တဖြေးဖြေး ကွယ်ပျောက် သွားခဲ့ရင်တောင် လောက မပျက်မချင်း 
.
- ဘုရားရှင် တစ်ပါးပါးရဲ့ သာသနာတော် ထွန်းလင်းနေချိန်မှာ ရဟန္တာများ အဆက်မပြတ် ပေါ်ထွန်းနေပြီး 
- သာသနာပ ကာလတွေမှာတော့ ပစ္စေကဗုဒ္ဓများ အချိန်တိုင်း ပွင့်တော်မူနေဦးမှာပါ။ 
.
★ ★ လူတွေရဲ့ အသိထဲကနေ လောကဓမ္မဆိတ်သုဉ်းသွားတာ ကွယ်သွားတာကို သာသနာ ကွယ်တယ် လို့ ခေါ်ပေမယ့် ကျင့်ကြံသူတွေ ရှိနေတဲ့အတွက် ဗုဒ္ဓ၀ါဒဟာ လောက မပျက်မချင်း မကွယ်ပျောက် ပါဘူး။
.
ဒါဟာ ဗုဒ္ဓ၀ါဒရဲ့ အနှစ်သာရပါပဲ။
.

.
❆ ဗုဒ္ဓကိုနတ်တွေက ချစ်ခင်လေးစားတယ်
(နတ်တွေရဲ့အပေါင်းအဖော် သဘော )
ယေရူကို နတ်အပေါင်းတို့ကြောက်ရွံ့ ဒူးထောက်ရသည်။ 
(နတ်အပေါင်းတို့အား တရားစီရင်သူ)
...........
.
★ ★ သတ္တာဒေ၀ မနုဿနံ တဲ့
လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ဆရာသခင် ကျေးဇူအရှင် ဖြစ်တော်မူသော မြတ်စွာဘုရား လို့ လာရှိပါတယ်။
.
ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်အချိန်တွေတုန်းက သိကြားမင်း ဗြဟ္မမင်း မာရ်နတ်မင်း နဂါးမင်း စတာတွေကို ချေချွတ် ဆုံးမတော်မူခဲ့တဲ့ သက်သေတွေ သမိုင်း အထောက်အထားတွေ အများကြီး ရှိနေခဲ့ပါတယ်။


.
❆ ဗုဒ္ဓက ထမင်းတောင်းခံ အလှုံပြုလေသည်။ (တောင်းစားသဘော)
ယေရူက ဆာလောင်သူတို့အား မျှဝေပေးကမ်းလေသည်။ (မေတ္တာအစစ်)
............
.
★ ★ တောင်းစားတယ်ဆိုတာ ထမင်းကျန် ဟင်းကျန် အ၀တ်အစားဟောင်း စတာတွေကို ညှိုးငယ်စွာ တောင်းရမ်းစားသောက်တာကိုခေါ်တာပါ။
မိမိတို့ရဲ့ စားဦးစားဖျားကို ပြီးတော့ မိမိတို့တောင်မစားရက်တဲ့ မသုံးရက်တဲ့ အရာတွေကို နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်စေခြင်းအကျိုးငှာ သံဃာတော်အရှင်မြတ်တွေကို လေးမြတ် ကြည်ညိုစွာ လှူဒါန်းပူဇော် ဆက်ကပ်တာ ကွဲပြားအောင် ကြည့်ပါ။
.
ဘုရားကျောင်းတွေမှာ ခွက်ကလေးတွေ လက်ဆင့်ကမ်း ပြီး မိမိသဒ္ဓါသလောက်ထည့်ကြတာဟာ သူတောင်းစားကိုပေးတာနဲ့သဘောချင်းအတူတူပါပဲ ။
. 
★ ★ စားဦးစားဖျား သို့မဟုတ် မိမိတို့ သွေးချွေးနဲ့ဆုဆောင်းထားသမျှကို ရိုသေ ဆည်းကပ် ကြည်ညိုစွာ ၀မ်းမြောက်ဝမ်းသာ ပီတိဖြာစွာနဲ့ လှူဒါန်းပူဇော်တာမဟုတ်ဘူးလေ 
ခံစားချက် ခံယူချက် တန်ဘိုး သိတ်ကွာခြားပါတယ်။

.
❆ ဗုဒ္ဓက အဟာရမစားပဲမနေနိုင်ပေ (ည့သောသဘော)
ယေရူဘုရားက အရက်လေးဆယ် အစာရှောင်လျှက် မသေခဲ့ပေ။ (ဘုရားရှင် စစ်စစ်)
.
★ ★ လူသားအားလုံးဟာ ကံ စိတ် ဥတု အဟာရ စတာတွေနဲ့ညီညွတ်ပြီး အသက်ရှင်ကြပါတယ်။
ဗောဓိ အားလုံးနဲ့ တရားကျင့်ကြံ ဈာန်ရသူ အားလုံးဟာ ဈာန် သမာပတ် ၀င်စားချိန်တွေမှာ အစာ မစားပဲ နေလို့ရကြပါတယ်။ 
.

.
❆ ဗုဒ္ဓက သု့အားပြစ်မှားသူအား လေးယောက်တိတိ မြေမျိုစေသည်။ ... (ရုပ်မာသော၊ ခွင့်မလွတ်သောသဘော)
ယေရူကသူ့အပေါ် ပြစ်မှားသူတို့အား မေတ္တာပို့ ဆုတောင်းပေးလေသည်။ 
(ဘုရားစစ် အချစ်စစ်)
......................
.
★ ★ ဘုရားရှင်ကို စော်ကားတဲ့အတွက် ဘုရားရှင်က မေတ္တာတော် အနန္တနဲ့ခွင့်လွှတ်ပေမယ့် လောကကြီးက လက်မခံပဲ မဟာပထ၀ီမြေပြင်ကြီးက အက်ကွဲပြီး ၀ါးမြိုတာကိုခံရတာပါ။
.
ဘုရားရှင်ကိုစော်ကားရင် လောက က တောင်အပြစ်ပေးရပါတယ် ဆိုတာကိုပြတာပါ။
လောကရဲ့ ဘုရားအစစ် ဖြစ်တဲ့အတွက် လောကကြီးက ကာကွယ်စောင့်ရှောက်တဲ့ သက်သေ တစ်ခုပါ။
.
ဘုရားရှင်ရဲ့ ဘုန်းတော်အနန္တကို ဒီနေရာမှာ ရှင်တို့ လက်မခံချင်လည်း လက်ခံလိုက်ရမှာပဲ မဟုတ်လား။ 
.
ရှင်တို့ တမန်ကို သတ်ခဲ့တဲ့ သူတွေရောရှင်
ဘုရားရှင်တို့မည်သည် သူတစ်ပါး ပယောဂနဲ့ သေရိုးထုံးစံမရှိပါဘူး
.
★ ★ အောက်မှာတော့ ရှင်တို့ကျမ်းစာက လူသတ်ခိုင်းတဲ့ အထောက်အထားတွေပါကမ္ဘာ့ အရက်စက်ဆုံး ခရူးဆိတ် ကိုတော့ အားနာသင့်တာပေါ့
.
Kill People Who Don’t Listen to Priests (Deuteronomy 17:12 NLT)
ဘာသာရေးဆဆရာစကားနားမထောင်သူကိုသတ်
.
Kill Fortunetellers …. A man or a woman who acts as a medium or fortuneteller shall be put to death by stoning; they have no one but themselves to blame for their death. (Leviticus 20:27 NAB)
ဗေဒင်ဆရာတွေကိုသတ်
.
Death to Followers of Other Religions (Exodus 22:19 NAB)
တစ်ခြားဘာသာဝင်တွေကိုသတ်
.
Kill Nonbelievers
Everyone who would not seek the Lord, the God of Israel, was to be put to death, whether small or great, whether man or woman. (2 Chronicles 15:12-13 NAB)
ခရစ်ယန်ဘာသာကို မယုံကြည်သူတွေကိုသတ်
.
Kill the Entire Town if One Person Worships Another God (Deuteronomy 13:13-19 NLT) မြို့နယ်တစ်ခုမှာ တစ်ခြားဘာသာကိုးကွယ်သူ တစ်ယောက်ရှိရင်တောင် တစ်မြို့လုံးကို မီးတိုက်သတ်
ကဲရှင် ဒီလောက်ဆို လုံလောက်ပြီထင်ရဲ့။
.

❆ ဗုဒ္ဓက သေပြီးနောက် သူ့ဘာသာလူသူတို့အား အပြီးအပိုင် စွန့်ခွာ ပြစ်ထားခဲ့သည်။ (ဘဝမျိုးတုံးခြင်း၊ အမှန်သေဆုံးသွားခြင်း)
ခရစ်တော်ယေရူသည် သေပြီးနောက် ပြန်ရှင်ခြင်း၊ ကောင်းကင်တက်ပြီးနောက် သူလူ့ကမ္ဘာသူတို့အား ယခုခေတ်ထိ၊ စကားပြောခြင်း၊ ကိုယ်ထင်ပြခြင်း ရှိနေဆဲဖြစ်သည်။ 
(ထာဝရဘုရားသခင်၊ မပြောင်လဲသောဘုရား) 
..................
.
★ ★ နူးတို့မြန်မာမှာတင်မက နိုင်ငံတစ်ကာမှာလည်း နတ်တွေ ဘိုးတော်တွေ ၀ိဇ္ဇာ ဇော်ဂျီ တပဿီတွေ ကိုယ်ထင်ပြတာ အိမ်မက်ပေးတာ စကားလာပြောတာ နတ်ဝင်သည်တွေကတစ်ဆင့်စကားပြောတာတွေ အများသားပေါ့ရှင် ။
လက်ညှိုးထိုးမလွဲပါပဲ ။
.
ရှင်တို့ရှင်ပြန်ထမြောက်သလို ထွက်ရပ်ပေါက်တဲ့ အသေထွက် အရှင်ထွက်ဘိုးတော်တွေမှာပုံလို့ ။
.
ကဲ ရှင်းပြမယ်နော် 
ဖာရာဒေးဟာ လျှပ်စစ်ကိုတည်ထွင်ခဲ့တယ် သူသေသွားပေမယ့်လည်း သူ့ရဲ့တည်ထွင်မှုက လူတွေကိုအကြီးမားဆုံးကူညီမှုတွေပေးနေတုန်းပါ။
.
Louis Pasteur က ရောဂါပေါင်းမြောက်များစွာကို ကုသတဲ့ဆေးတွေကို တွေ့ရှိခဲ့ပါတယ် ။ သူသေသွား ပေမယ့် သူ့တွေ့ရှိချက်တွေက လူတွေရဲ့ အသက်ပေါင်း များစွားကို ကယ်တင်နေ တုန်းပါ။
.
ဒီလိုပါပဲ သမိုင်းမှာ သူရဲကောင်းတွေများစွာရှိခဲ့ပါတယ် သူတို့သေသွားပေမယ့်လည်း သူတို့ရဲ့ အကြောင်း စာအုပ်တွေဖတ်မိတဲ့အခါမှာ သူတို့လိုပဲ သူရဲကောင်းစိတ်ဓါတ်တွေ အားအင်တွေရှိလာအောင်လှုံဆော်ပေးပါတယ်။
.
★ ★ အမှန်ပါပဲ ဗုဒ္ဓလွန်တော်မူတာ နှစ်ပေါင်း ၂၆၀၀ ၀န်းကျင်ရှိပါပြီ ။
သူ့ရဲ့လမ်းပြမှုတွေက ယနေ့ထိ သတ္တ၀ါတွေကိုသံသရာကလွတ်ကြောင်း လမ်းပြနေတုန်းပါ။
.
လောကရဲ့ သစ္စာတရား လောကရဲ့အမှန်တရား လူသားဖြစ်ခြင်းရဲ့တန်ဘိုးတွေကို မီးမောင်းထိုးပြနေတုန်းပါ။
.
သူရဲ့ကျင့်ကြံအားထုတ်မှုတွေက လူတွေကို သူ့လိုကျင့်ကြံဘို့တွန်းအားပေးနေတုန်းပါ။
.
ဗုဒ္ဓရဲ့ တရားတော်တွေက လူတွေရဲ့ဘ၀တွေကို ပြောင်းလဲစေနေတုန်းပါ။
.
သူရဲ့တန်ခိုးတော်အနန္တ ဥာဏ်တော်အနန္တ စတဲ့ဂုဏ်တော်တွေက သူ့ကို ယုံကြည်အားကိုး ပူဇော် နေသူအားလုံး ကို ကယ်တင်နေတုန်းပါ။ 
သူတို့ရဲ့နှလုံးသားတွေကိုအေးချမ်းမှုပေးနေတုန်းပါ။
.
ဗုဒ္ဓ တစ်ပါးတည်းသာလျှင် စံလွန်ပြီး နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ ဒီလို စွမ်းအားတွေ ပေးစွမ်းနိုင်တာပါ။
.

.
❆ ဗုဒ္ဓကမသေခင် ဘုန်းကြီးနောက်လိုက်တို့မေးသည် အရှင်ဂေါသမ သင်သည်ကယ်တင်ရှင်လော? ဗုဒ္ဓကငါသည်လမ်းပြသူလမ်းမြင်သူဖြစ်တယ် ငါ့နောက်ကြွလာသူဟာ မေထုန်မပြု အပျိုကညာမှမွေးမည် လူပျိုဘုရားဖြစ်သည် သူဟာအဲကုပုသောဘုရား ထာဝရပရှင်ဖြစ်သည် ... ဟုဗုဒ္ဓဟောလေသည်။ 
 ဗုဒ္ဓဆိုလိုချက်မှာ ကယ်တင်သောယေရူဘုရားအားရည်မှတ်လေသည်။
..........................
.
★ ★ ရှင်တို့ ခရစ်ယန်အသင်းတော်နဲ့ ခရစ်ယန်တွေဟာ လူတွေရှေ့မှာတော့ တရားဟောဆရာ လူလိမ် အက်စ်ဂွန်အောင်ကို လက်မခံပါဘူး ခရစ်ယန်အသိုင်းအ၀ိုင်းက ပါယ်ထုတ်လိုက်ပါပြီဆိုပြီး ဆရာတော်ကြီးများရှေ့မှာ ၀ိုင်းတောင်းပန် အသနားခံကြပြီး 
.
ကွယ်ရာမှာ ဒီလူလိမ်ရဲ့ အလိမ်ကျမ်း ရှင်တို့ကိုယ်တိုင်အလိမ်ကျမ်းပါလို့ဝန်ခံထားတဲ့ကျမ်းကိုပဲ ထပ်ခါတစ်လဲလဲ လစ်ရင်လစ်သလိုခိုးသုံးနေပါလား။
.
မိမိက အရှက်မဲ့နေရင်တောင် မိမိဘာသာရဲ့ ကိုယ်ကျင့်တရားလေးကိုထိန်းသင့်ပါတယ်။
.
တစ်ကမ္ဘာလုံးက ခရစ်ယန်ကျမ်းတွေမှာ ရှင်အခုပြောတဲ့ အက်စ်ဂွန်အောင်နှုတ်ထွက်ကျမ်းကို တရားဝင်ရှိတယ်လို့ပြောထားလား သက်သေလေးတစ်ချက်ပြပါလားရှင်
.
.။။။။။။။။။။။။။။။။။။။။။။
.
❆ ဗုဒ္ဓဘာသာက နတ်ဘုံဆိုတာ ကောင်းကင်ပြာမှာရှိတယ်တဲ့ အချို့က အာကာသထဲမှာပါတဲ့
 ယေရူက ကောင်းကင်နိုင်ငံဟာ ဒီနေစကြာထဲမဟုတ် ဒီနေ လ ကမ္ဘာဟာဖြတ်ဆီးလိမ်းမည်။ (ဒီတော့နတ်ဘုံအာကာသ ပျတ်ဆီလိမ့်မည်)
.......................

★ ★ ဒါဆိုရှင်တို့ ခရစ်ယန်ကျမ်းတွေမှာနတ်တွေက ကောင်းကင်မှာအတောင်တွေနဲ့ ပျံမနေပဲ မြေကြီးထဲကနေ မဲသဲပြီးထွက်လာတာလား။ 

ထာဝရဘုရားသခင်လို့ပြောတဲ့ ဗြဟ္မာကြီးကရော ဘယ်အ၀ီစိမှာရှိနေလဲရှင်။ 
ရှင်တို့ခရစ်ယန်တွေကတော့ ကောင်းကင်မှာ ထာဝရရှိတယ်ပြောတာပဲ ။
ကောင်းကင် တမန်တော်တွေ ဘာတွေဆိုတာ ခရစ်ယန်စကားမဟုတ်ဘူးပေါ့နော်။

နောက်တစ်ခုက တစ်ကမ္ဘာလုံးက ခရစ်ယန်ကျမ်းတွေမှာ ကမ္ဘာကြီးကို ဆေးကျောမယ် လို့ပဲ ပါတယ်လို့ သိရပါတယ်။

.
❆ ဗုဒ္ဓကငရဲကြီးရှိထပ်နဲ့ ငရဲငယ်ပေါင်းများစွာရေတွက်ခဲ့ရသော် ငရဲုဖစ်လာရခြင်းမသိဖြစ်ခဲ့ရသော်။
လရစ့တော်က ငါဟာကောင်းကင်နှင့် ငရဲကိုအစိုရ၏ ငါတည်လေ၏ (ဘယ်သူကမြတ်သလဲ)
ဗုဒ္ဓကသူလူမဖြစ်မီ တရိစ္ဆန်ဘဝ အဆင့်ဆင့်ရောက်ဖူးတယ်တဲ့ကွဲာ့သူဒိုင်နိုဆောဘဝမှာ ပါပြီလေ။ 
 ဒီတော့ယေရုဘုရားက ဒိုဆောကိုဖန်ဆင်းခဲ့ကြောင်းသိရပါတယ် ( ဖန်ဆင်းခံ )
.
ဗုဒ္ဓအား သူ့ရဟန်းများကမေးတယ် သံသရာရဲ့အစ ကမ္ဘာ့ဖြစ်ပေါ်လာခြင်း တွေပေါ့ ဗုဒကမသိတော့သူဖြေပေးပုံမှာ
သံသရာအစကိုဟောလို့  လူတွေအတွက် အကျိုးမရှိတာမို့  အချိန်အကုန်ခံ မဟောတော့တာပါ.. တဲ့ကွယ်။ (ဗုဒ္ဓသည် ညဏ်တော်ရှင်မဟုတ်၊ )
.
 ထာဝရဘုရားကကြိုသိတယ် လူတွေ သံသရာအစကိုခက်မှာစိုးကြိုပြောပြလိုက်တယ်။ ဖန်ဆင်းခြင်းကင်လွတ်ရာမရှိ ငါဟာအစနှင့်အဆုံးဖြစ်တယ် မျက်မြင်ရသောအရာ မမြင်ရသောအရာ စကြ၀ဠာဖန်တီးသူဖြစ်တယ်။ ... အစအဦးမှာ ဘုရားကကောင်းကင်များနှင့် မြေကြီးများ ဖန်ဆင်းခဲ့သည်... ဟုဆိုထားလေသည်။ (သံသရာ အစအာဘုရားပြုလုပ်သူ)
.............................
.
★ ★ က ခ ဂ ဃ င ဆိုတဲ့ အခြေခံ ဗျည်းလေးတောင်မသိတဲ့ခလေးငယ်က ဒီစာအုပ်ကို ငါအခု ဖတ်ချင်တယ် ဖတ်တတ်အောင်သင်ပေးပါဆိုရင်တော့ ။ဆရာလက်မှိုင်ချရမှာပေါ့။
မူလတန်းအောင်ခလေးတစ်ယောက်က ဟိုက်ဒြိုဂျင်ဗုံးလုပ်နည်း အစက ဘာလဲလို့မေးရင် ဘယ်ဆရာက ရှင်းပြနိုင်မှာတုန်း ရှင် ။ 
.
ဒီလိုပါပဲ 
ရံခါ မေးသူရဲ့ ဥာဏ်ရည် ပါရမီ အသိ နဲ့ လိုက်မမှီတာဆိုရင် ရှင်းပြလို့မရပါဘူး။
.
မိမိဖာသာ ကျင့်ကြံပြီး ထိုက်သင့် လုံလောက်တဲ့ အသိရှိလာတာနဲ့ သူ့အလိုလို သိလာရတဲ့ အရာတွေက ရှင်းပြလို့ မရနိုင်ပါဘူး ။
ဆိုလိုတာ ကိုယ်မေးတဲ့မေးခွန်းကို နားလည်နိုင်မယ့် အသိရှိဘို့တော့လိုတာပေါ့။
.
★ ★ ဒါပေမယ့် ဘာတစ်ခုမှ ဥဏှောက်နဲ့မဖြေနိုင် တဲ့အပြင် သိနိုင်တဲ့ အသိ မရှိတဲ့အတွက် မေး သမျှ ဘုရားသခင် ဖန်ဆင်းတာဆိုပြီး ဘုရားသ္ခင်လွှဲချတဲ့သူတွေအတွက် ကတော့ လွယ်သပေါ့ ။
.
လက်ရှိကမ္ဘာကြီးရဲ့သက်တမ်းက ၁၄.၅ သန်းရှိပြီလို့သိပ္ပံပညာရှင်တွေ က ဗုဒ္ဓရဲ့ ဟောပြော ချက်တွေ မှန်ကန်ကြောင်း လာဝန်ခံနေချိန်မှာ ။
. 
ကမ္ဘာကြီးသက်တမ်း ( ၆၀၀၀ ) ကျော်ပဲရှိသေးတယ်ဆိုတဲ့ ကမ္ဘာစတည်ထဲက မှားနေတဲ့ အူကြောင်ကြောင် စိတ်ကူးယဉ်ကျမ်းကို ယုံစရာအကြောင်း မရှိသလို စိတ်လည်း မ၀င်စား တဲ့အတွက် ရှင်တို့ ဘာသာနဲ့ပတ်သက်ပြီး စောဒက တက်စရာ နူးတို့မှာ မရှိပါဘူး။
.
ဘာလို့လဲဆို ရှင်တို့ရဲ့ ကျမ်းစာတစ်အုပ်ပဲ ပိုင်ရှာတဲ့ ဖန်ဆင်းရှင် တစ်သိုက်ရဲ့ ပထမဆုံးကျမ်း မှာ ကမ္ဘာစတည်တာက လွန်ခဲ့တဲ့ နှစ် ၆၀၀၀ ကျော်ဆိုတော့ ကိုယ့်ဖာသာပဲ စဉ်းစားကြည့်ကြတော့ပေါ့။
လောကမှာ ဒိထက် ယုတ္တိမရှိတဲ့ကျမ်း မရှိလောက်တော့ဘူးထင်ပါရဲ့ရှင်။
.

ချမ်းမြေ့ကြပါစေရှင် ...
.

1 comment: