Tuesday, July 11, 2017

( ၁ ) ဘုရားရှင်က သူ့ကိုလှူတာတွေကို ဘယ်လိုစီမံလဲ ( ၂ ) ဘုရားမှာဘာကြောင့်ဌာပနာကြတာလဲ

မာင်လေးညီမလေးတို့ရေ …
ဗုဒ္ဓဘာသာဝင်မောင်လေး နှစ်ယောက်လာမေးတဲ့ အမေးအဖြေလေး တွေတင်ပေးလိုက်ပါတယ်။
ဖတ်ကြည့်နော်။
.
★ Moe MoeGyi Gyi
.
(((( ဗုဒ္ဓ၀င်ပဲဆိုရမှာပေါ့ သိသောပုဂ္ဂိုလ်များဖြေမေးပါ ယခုခေတ်ဆို ၀ိနည်းထိုရ် ရဟန်းတွေဟာ အပိုအလျှံမထားရဘူး တစ်ကယ့်ဆရာတော်ကြီးတွေ လည်း တောထဲမှာကျောင်းသင်္ခန်းနဲ့ သင်္ကန်း သုံးထည် သပိတ်တစ်လုံးကလွဲရင် အပို အလျှံမထားခဲ့ဘူး တစ်ချို့ကတော့ ဒကာကို ပြန်ကပ်ခိုင်းသပေါ့ ။
သိချင်တာက ဘုရားလက်ထက်က အိန္ဒိယ တစ်နိုင်ငံလုံးလှူကြမှာပဲ ပိုတာတွေက ဘုရားက ကိလေသာ အာသဝေါမရှိတော့ တစ်နည်းနည်းနဲ့ ပြန်လည်စီမံမှာပဲ ဘယ်လိုစီမံမှုပြုသလဲ???? ))))
★ အမရေ အပန်းမကြီးဘူးဆို ဒါလေး ဖြေပေးပါလားဗျာ
.
★ ★ မောင်လေး
သူက ဘုရားရှင်လက်ထက်တော်နဲ့ အခုခေတ်နဲ့ရောပြီးပြောနေတာလို့ထင်ပါတယ်။
.
သူထင်တာက ဘုရားရှင်လက်ထက်တော်က ရဟန်းတွေဟာ အခုခေတ်ရဟန်းတွေလို ကျောင်းနဲ့ကျက်သရေတိုက်နဲ့ နေတယ်ထင်နေတာပါ။
.
ဘုရားရှင်လက်ထက်တော်အခါကေ ကျာင်း ဇရပ် ဥယျာဉ် ပဲ လှူကြ အလှူခံကြ တာပါ။
.
မင်းညီ မင်းသားတွေ သူဌေသူကြွယ်တွေ ဟာ သူတို့ ချမ်းသာတဲ့အပေါ်မူတည်ပြီး ဘုရားရှင်နဲ့ တစ်ကွ သံဃာကို ကျောင်း ဇရပ် စတာတွေ လှူဒါန်းကြပါတယ်။
.
သူတို့ဟာ သာသနာ့ဘောင်ထဲ ၀င်တော့မယ့် အခါ ပထမဆုံး ဘုရားရှင်နဲ့တစ်ကွ နောက်ပါ ရဟန်းတော်တွေကို ၀ါတွင်းသုံး လတိတိ ဒါမှမဟုတ် ၀ါပ ကာလမှာ ၁၅ရက် ၄၉ ရက် တစ်ပတ် စသည်ဖြင့် မိမိနှင့်တစ်ကွ ကျွန်တွေနဲ့ အတူ ဘုရားရှင်နဲ့ နောက်ပါ ရဟန်းသံဃာ ကို ဆွမ်းအလုပ်အကျွေးပြုကြပါတယ်။
.
ပြီးတာနဲ့ ကျွန်တွေကို အရင်းအနှီးပေး ကျွန်အဖြစ်က လွတ်ငြိမ်းခွင့်ပေး ပြီး နောက်ဆုံး သူတို့ပိုင်ဆိုင်သမျှ အားလုံးကို မရှိဆင်းရဲသားတွေကို စွန့်ကြဲလှူဒါန်းပြီး သာသနာ့ဘောင် ၀င်ကြပါတယ်။
.
သာသနာ့ဘောင်ဝင်လာရင်တော့ ဘာဖစ်ခုမှ မပိုင်ဆိုင်ရတော့ပါဘူး။ လူ့ဘ၀ကငွေနဲ့ သင်္ကန်းဝယ်ပြီး သာသနာ့ဘောင် ပြောင်းလို့မရပါဘူး။
.
ပုက္ကုသာတိမင်း ဗာဟိရ မထေရ် စတာတွေကိုကြည့်ပါ။
.
ဒါဆို အခုခေတ် ကျတော့ ဘာလို့ ကျက်သရေတိုက်နဲ့ သိမ်းထားကြတာလည်းလို့ မေးစရာ ရှိပါတယ်။
.
ဘုရားရှင် လက်ထက်တော် အခါက ဘုရင်စတဲ့ သူဌေးသူကြွယ်တွေက အလုအယက် အလှည့်ကျ ဘုရားရှင်ကို နေ့ဆွမ်း အာရုံဆွမ်း ကပ်ကြပါတယ်။
.
ကျန်တဲ့အချိန်တွေမှာတော့ ဘုရားရှင်ကအစ နံနက် ၄နာရီ အာရုံဆွမ်း ဆွမ်းခံကြွကြပါတယ် ။
.
ခုခေတ်လို နေ့ဘို့ညစာထားတာ ကျက်သရေတိုက်ထဲထားတာ ဘာညာ မရှိကြပါဘူး။
သူဌေးတွေ ကလည်း ၀ါတွင်း၃လ အာရုံဆွမ်း နေ့ဆွမ်း အလုအယက် တာဝန်ယူ ကြပါတယ်။
.
ကျန်တဲ့အချိန်တွေ ဆိုရင် ဘုရားရှင်ကအစ ဆွမ်းခံထွက်ပါတယ်
ပြီးရင် ဆွမ်း ဘုဉ်းပေးတယ် သပိတ်ဆေးတယ် တရားအမှုကိုပြုတယ်ပေါ့ ။
.
အာရုံဆွမ်း အချိန် အာရုံဆွမ်းလာကပ်ကြတယ်
ကပ်မယ့်သူ မရှိရင်လည်း အာရုံဆွမ်းခံကြွကြပါတယ် ။
.
နောက်ပိုင်းမှာတော့ သူဌေး သူကြွယ် မင်း စတဲ့ သူတွေက အကြောင်း အမျိုးမျိုးကြောင့် သံဃာတော်တွေ အာရုံဆွမ်း အခက်အခဲဖြစ်မှာစိုးလို့။
.
ဥပမာ ရာသီဥတုဆိုးရွားချိန် ရဟန်းတွေ အာရုံဆွမ်းမကြွနိုင်လို့ ပြီးတော့ ဒကာ ဒကာမ တွေ ကလည်း အာရုံဆွမ်း ထချက်ရတဲ့အခက်အခဲတွေကြောင့်
.
ပြီးတော့ မိမိတို့သာ ဘုရားရဟန္တာ စတဲ့ သူမြတ်လောင်းတွေကို ဆွမ်းစတဲ့ အလှူတွေ မပြတ်လပ်ရအောင် လှူချင်တာကြောင့်
.
မိမိတို့ရဲ့ ကျွန်တွေကို ကျွန်ဘ၀က ချမ်းသာပေးပြီး ကျောင်းတွေမှာ ဖိုးသူတော် ဒါမှမဟုတ် ကပ္ပိယ အနေနဲ့ထားပြီး ဘုရားသားတော် သာသနာ့ဝန်ထမ်းတွေ သာသနာ့ဝန်ကို လွယ်ကူ အေးချမ်းစွာ ထမ်းနိုင်အောင် ပရိယတ် ပဋိပတ်တွေကို ပိုမိုကျင့်ကြံအားထုတ် ဝေမျှနိုင်အောင် ဆန်ဆီဆားဖြည့်ဆည်း ပေးပြီး အာရုံဆွမ်း ရံခါ နေ့ဆွမ်း စတာတွေကို ချက်ပြီး ကပ်ခိုင်း ကြပါတယ် ။
.
သူတို့အလှူ လည်းမပြတ်အောင်ပေါ့ ။ သံဃာလည်း အာရုံချိန်မှာ တရာဘာဝနာ အချိန်ပိုမို အားထုတ်၇အောင စတဲ့ရည်ရွယ်ချက်တွေနဲ့ပါ ။
.
နောက်ပိုင်း ကျောင်းမှာထားတဲ့ ကပ္ပိယ စတာတွေက အိမ်ထောင် အမှုကို ပြုကြတယ် ။
တချို့ကလည်း သံဃာအတွက် လှူတဲ့ အစားအသောက် စတာတွေကို မလျှော် ခိုးယူပြီး မိမိ တို့အိမ် ဆွေမျိုးတွေ မိမိ မိသားစုတွေကို ပေးကမ်းကြတယ် ။
.
စတဲ့ အပြုအမူတွေဖြစ်ပြီး ရံခါ ဒကာ ဒကာမတွေက သူတို့ရဟန်းတော်မြတ်တွေ အာရုံဆွမ်း ဘာနဲ့များဘုဉ်းပါလိမ့် လို့ လာပြီး ကြည့်တဲ့အခါမှာ ရဟန်းများဟာ သူတို့ လှူထားတဲ့ သလေး စပါးမဟုတ်ပဲ ။ ဇာတ်နိမ့်တွေ သာစားရတဲ့ မသန့်ရှင်းတဲ့ ဆန်နဲ့ ပြုတ်ထားတဲ့ ယာဂုတွေသာ ဘုဉ်းပေး နေ၇တာ တာတွေမြင်ရတဲ့အခါမှာ
.
အလွန်ပဲ စိတ်နှလုံးမသာမယာဖြစ်ပြီး ကျက်သရေတိုက်မှာသော့ခတ်သိမ်း ။
ကိုရင်ကြီးတွေ တိုက်အုပ်ဆရာတော်တွေက ချက်ဘို့ ထုတ်ယူခါနီး စစ် သော့ပြန်ချိတ် စတာတွေ လုပ်ရာက နေ ခုလိုအခြေအနေ ဆရာတော်တွေကျက်သရေတိုက်ထား၇တဲ့အထိ အဆင့်ဆင့် ပြောင်းလဲ လာတယ် လို့ ယူဆရပါတယ်။
.
ဒါပေမယ့် လက်ရှိမြန်မာက ဆရာတော်ဘုရားကြီးအများစုဟာ ကျက်သရေတိုက်သော့ကိုင်တာ ငွေကိုင်တာ မရှိသလောက်ရှားပါတယ်။
.
ဒကာ ဒကာမတွေကို မိမိတို့ပြုချင်တဲ့ကောင်းမှုကို ပြောကြပြီး ဆရာတော်တို့လိုအပ်တာကို ဒကာတွေထဲက ဦးစီးဦးဆောင် ပြုပြီး ပြီးမြောက်အောင် ဖြည့်ဆည်း ဆောင်ရွက်ကြတာ များပါတယ်။
ကျောင်းမှာသိမ်းတဲ့ဓလေ့ ဟာ ဒီပြသနာတွေကနေ ဖြစ်လာတယ်လို့အမတို့ယူဆရ ပါမယ်။
.
နူးတို့ မြန်မာမှာလည်း သံဃာတွေ အာရုံဆွမ်းခံကြတဲ့ ဓလေ့ အရင်က ခိုင်မာစွာ ရှိခဲ့ပါတယ် ။
ထိုင်း ကျေးလက်တွေမှာတော့ ခုထိ ဒီဓလေ့ ရှိနေပါသေးတယ်။
.
နူး ငယ်ငယ်က နူးတို့ အဖိုးဖွားတွေနေတဲ့ ၀ါးခယ်မမြို့ မှာ လမ်းတိုင်း မိမိ မဲကျတဲ့ နေ့အလိုက် အာရုံဆွမ်း ထပြီး ချက်ကြ ကပ်ကြရပါတယ် ။
လမ်းတွေများတော့ ၂လမှ တစ်ကြိမ်လောက် ကျပါတယ်။
အဲ့ဒိနေ့ကျရင် နံနက် ၂ချက်ထိုး ဘွန္တော အော်ပါတယ်။
ရပ်ကွက်က သာသနာအကျိုးဆောင် လူကြီးတွေကလည်း အိမ်ရှေ့တွေမှာ ဆွမ်းချက်ဖို့ တစ်အိမ် တက်ဆင်း နှိုးကြပါတယ်။
ခုတော့ ဒီဓလေ့တွေ ပျောက်ကွယ်နေပါပြီ ။
ဒီဓလေ့ပျောက်ကွယ်တဲ့ အလျှောက် သာသနာတော် အလင်း ဟာလည်း တောရွာတွေမှာ တဖြေးဖြေး မှေးမှိန်စ ပြုလာပါတော့တယ်။
မြို့ကြီးတွေမှာတော့ ပြောဖွယ်ရာမရှိပေါ့ …
စိတ်မကောင်းစရာပါ ။
.
★ ဟုတ်ကဲ့ဗျ အမရှင်းပြတော့လည်း ပြည့်စုံသွားတယ်
ကျေးဇူးတင်ပါတယ်ဗျာ
.
★ Myo Gyi

အမရေ ကျွန်တော့်ထက်ကြီးမယ်ထင်လို့  အမလို့ ပဲသုံးနှုန်းပါရစေ ဘုရားတွေမှာ ဌါပနာတယ်ဆိုပြီး ဆင်းတုတော်တော် ကျောက်သံပတ္တမြားတွေထည့်ပြီးဌါပနာကျတယ်ပေါ့နော် ကျွန်တော်သိချင်တာက ဌါပနာရဲ့ အနက်ရယ် ဌါပနာခြင်းရဲ့ အကျိုးကျေးဇူးရယ် ဘာကိုရည်ရွယ်ပြီးဌါပနာတယ်ဆိုတာလေးသိချင်ပါတယ် အမက နှံ့ စပ်တော့မေးကြည့်တာပါခင်ဗျ
.
★ ★ မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက ဘုရားရှင်ကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့ အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြ ပါတယ်...။
.
မြတ်စွာ ဘုရား ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့ မြတ်စွာ ဘုရားကို လှူကြတာပေါ့ မြတ်စွာဘုရား မရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။ မြတ်စွာ ဘုရားကို လှူဒါန်းဘို့ စိတ်ကူးနဲ့ လာကြတာကိုး။
ရည်စူးအလှူက တစ်ခြားရဟန်းတစ်ပါးကိုလှူလို့မရစကောင်းဘူးလေ။
.
ဒီတော့ ကျောင်းဒကာ အနာထပိဏ်သူထေးက ဘုရားထံ လှူဒါန်းဘို့ လာတဲ့သူတွေ ဘုရားရှင် မရှိခိုက်မှာ လှူဒါန်းလို့ အဆင်ပြေအောင် သင့်လျှော်တဲ့နေ ရာစီစဉ်ဘို့ ရှင် အာနန္ဒာကို လျှောက်ထား ပါတယ်။
.
ရှင်အာနန္ဒာ ကလည်း ဒီ ကိစ္စ ကို မြတ်စွာဘုရား နဲ့တွေ့တော့လျှောက် ထားပါတယ် မြတ်စွာဘုရားက ချစ်သားအာနန္ဒာ ငါဘုရားမရှိတဲ့အခါ ငါဘုရားကိုယ်စာား
.
( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များ နှင့် တည်သောစေတီ …
.
( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ နှင့် တည်သောစေတီ …
.
( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်ပါတယ်။
.
( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်လို့ မိန့်တော်မူခဲ့ပါတယ် …။
.
★ ★ တစ်ဖန် ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုး တည်ထား ကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တဲ့အခါ ဘုရားရှင်က
စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း မိန့်တော်မူခဲ့ပါတယ်။
.
ဘုရားရှင် စံလွန်တော်မူပြီး လူတွေကလည်း ဒီအတိုင်းပဲ တည်ခဲ့တယ်
နောက်ပိုင်း နယ်ချဲ့ ကိုလိုနီ အင်္ဂလိပ်တွေ ကြေးကုလားတွေ တူရကီတွေနဲ့ ဟိန္ဒူတွေ၇န်ကြောင့် အကုန်ဖြိုဖျက် ခံလိုက်ရပါတယ်
.
ဒီအခါမှာလူတွေက ဘုရားတွေကို သူတို့ဦးထိပ်ပန်ဆင်တဲ့ လောကမှာအမြင့်မြတ်ဆုံ ဘုရား ရှင်ရဲ့ ပစ္စည်းတွေကို ထည့်ပြီး ဌာပနာစရာ မရှိတော့တဲ့အခါ
သူတို့ရဲ့ ဘ၀မှာအဖိုးထိုက်တန်ဆုံး အမြတ်နိုးဆုံးဖြစ်တဲ့ သူတို့တစ်သက်တာ ရာဖွေစုဆောင်းထားတဲ့ ကျောက်မျက်ရတနာ တွေ
.
ဘုရင်တွေဆိုလည်း သူတို့ တန်ဘိုးအထားဆုံး မင်းမြောက် တန်ဆာတွေ
အဓိက နားဋောင်းတွေ ထည့်ပြီး ဌာပနာကြတယ်
နားဋောင်းဆိုတာက ဘုရားရှင်စံလွန်တော်မူပြီး ဗုဒ္ဓဘာသာဝင် တွေဟာ သက်ရှိထင်ရှား ဘုရားရှင်ကို မြင်ခွင့်မရတော့ပေမယ့် ဘုရားရှင်ရဲ့ တရားတော်တွေကို ကြားရတယ်
.
တရားတော်တွေကို နားနဲ့ပန်ဆင်ရတယ် ဒါကြောင့်နားဋောင်တွေကို ဌာပနာကြတယ်ပေါ့
ရည်ရွယ်ချက်ကတော့မောင်လေးရယ် ဒီဘုရားကြီး တစ်ချိန်ချိန်မှာ ပြိုပျက်ခဲ့သော်
ပြင်စရာမရှိတဲ့အခါ ဒီရတနာ ပစ္စည်းတွေကို ထုခွဲရောင်းချပြီး
ပြန်ပြင်စေချင်လို့ ဌာပနာခဲ့တယ်လို့ အဆိုရှိကြတယ် မောင်လေးရ။

ကဲ ဒီလောက်ဆို ဘ၀င်ကျမယ်ထင်ပါတယ် ...

ချမ်းမြေ့ကြပါစေရှင် ...
.

No comments:

Post a Comment