Monday, July 10, 2017

သာမန်လူတွေနားလည်အောင် မဖြေရှင်းနိုင်တဲ့ ဘာသာဟာ လူတွေအတွက် ဟုတ်ပါ့မလား

မောင်လေး ညီမလေးတို့ရေ ….
ခရစ်ယန်ဘာသာဝင် အကို တစ်ယောက်ရဲ့ ပိုစ့်လေးကိုဖြေထားတာလေး ထင်ပေးလိုက်ပါတယ်။ သူ့ကိုတော့ နူးက ချစ်နိုးနဲ့ တီဟိန်းလို့ခေါ်တယ်။
သူကမကြိုက်ဘူးရယ် သိလား 
ခရီးကပြန်ရောက်ပါပြီ ။ ပင်ပန်းလှတဲ့အတွက် မောင်လေး ညီမလေးတို့ရဲ့နွေးထွေးတဲ့မေတ္တာကို ခန ခန သတိရ တောင့်တမိပါတယ်။

★ သာမန်လူတယောက် နားလည်အောင်တောင် မဖြေရှင်းနိုင်တဲ့ အခါ ဒီဘာသာတရား ဟာ လူတွေအတွက်ကောဟုတ်ရဲ့လား? ပါဠိဘာသာစကားလေးထိမ်းသိမ်းဖို့ အတွက်သက်သက်ပဲလားမေးစရာရှိတယ်။
ပြောလိုက်ရင် ညာဏ်မမှီဘူးဆိုတာချည်းပဲ။ ကြည့်ရတာ ဖြေမယ့်သူက ညာဏ်မမှီတာကိုပြောတာလားမသိ။ တွေးခေါ်သိမြင်နိုင်ခြင်းနဲ့ဘာသာစကား မတတ်ကျွမ်းခြင်းကိုလည်း ကွဲပြားဟန်မတူ။
ဗုဒ္ဓဘာသာတွင်သာမန်လူတို့ အတွက်လွတ်မြောက်ရာလမ်းမရှိလို့ ယူဆရမလိုဖြစ်နေပြီ။ သာမန်လူ နားမလည်နိုင်ဘူးတဲ့။
ဟိန်း ဝေ ယံ

★ ★ ဟုတ်ပါတယ် ဗုဒ္ဓဘာသာက ယုံကြည့်ပါတယ် ဖျားသ္ခင် နှလုံးသားထဲရှိပါတယ် အဆုံးအမ လိုက်နာပါတယ် ပါးစပ်ကပြောယုံနဲ့ လွတ်မြောက်တယ်ဆိုတဲ့ ဘာသာမဟုတ်ပါဘူး။
ဗုဒ္ဓဘာသာမှာ သူ့အဆင့်နဲ့ သူရှိနေပါတယ်။
ဒါကို ပါရမီ အရင့် အနုလို့ ခေါ်တာပေါ့။
ဥပမာ ၀ လုံးရေးတဲ့ အဆင့်က ၀လုံး တတ်မှာပေါ့ ။ ညအခါ လသာသာ ဖတ်တတ်ရင် တစ်ခြားဟာတွေ နဲနဲ ခနော်ခနဲ့ ဖတ်တတ်မှာပေါ့။
၁၀ တန်းအောင်ရင် နယူတန် အာခီမီးဒီးစ် နိယာမလောက်တတ်ပြီပေါ့။
သူ့အဆင့်နဲ့ သူ မြင့်တက်ခြင်း အသိတိုးလာခြင်းရှိပါတယ်။
ဥပမာ ဗုဒ္ဓဘာသာကို မူကြိုအဆင့်တောင် မသိတဲ့ သူတစ်ယောက်က အမြင့်ဆုံး အဘိဓမ္မာတွေသွားမေးရင်တော့ ဘယ်လိုဖြစ်နိုင်မှာလဲရှင် ။
အခြေမပါပဲ တိုက်ခန်းတစ်ခုကို ဘယ်လိုမှ ၁၅ထပ်က စဆောက်လို့ မရဘူးလေအကို။
ပထမမထပ် ဆိုတဲ့ မူလတန်းလွန်တောင်မရပါဘူး။
ဒီတော့ ရှင့်ကို သူတို့က သာမန်လူမသိနိုင်ဘူးဆိုတာ ရှင်က မူကြိုအဆင့်လောက် ရှိပြီး ခွဲစိတ်ခန်းဝင်ချင်တယ် အတင်းလုပ်နေလို့ဖြစ်မှာပါ။
ဗုဒ္ဓ၀ါဒမှာ အနိမ့်ဆုံး ဒါန လေးတောင် လေးနက်မှုရှိတယ်။
ခရစ်ယန် အယူအရ ဆယ်ဘို့တစ်ဘို့ လို့ပြောတယ်။
သတ်မှတ်ချက်ကြောင့်ပေးတယ် ဒါပေမယ့် အဲ့လိုပေးတဲ့ သူ မရှိသလောက်ရှားတယ်။
ဘုရားကျောင်းသွား ဟိုဆို ဒီဆို လုပ် ခွက်ကလေးတွေ လက်ဆင့်ကမ်းလာရင် ထည့်လိုက်။
ဒါလောက်ပဲ။ တာဝန်တစ်ခုလို ကျေယုံလုပ်တာပါ။
ဗုဒ္ဓ၀ါဒမှာကျတော့ ဒါနဆိုတာ ပေးကမ်းခြင်း စွန့်ကျဲခြင်း
ဒိထက် နက်နဲတဲ့ အနက်နဲ့ပြန်ရရင် စွန့်လွှတ်ခြင်း သို့မဟုတ် လောဘကို ပါယ်သတ်ခြင်း။
အင်း ပြောမိပြန်ပြီ တော်ဘီ အခိုးခံရပြန်အူးမယ်။ မပြောတော့ဘူး
ဒီတော့နူးပြောချင်တာက သေခြာလေ့လာကျင့်ကြံရင် သူ့အဆင့်နဲ့သူ ရပါတယ် ။
ဗုဒ္ဓတရားတွေဟာ အကျင့်နဲ့ယှဉ်တွဲထားတဲ့တရားတွေပါ
ဖတ်ယုံ တွေးယုံနဲ့ ရတဲ့တရားရှိသလို ကျင့်ကြံအားထုတ်မှ သိနိုင်တဲ့ တရားတွေကလည်းရှိပါတယ်။
ဒီတော့ နားလည်ချင်ရင် မူကြိုအဆင့်က တက်ပေါ့အကိုရာ …
မဟုတ်ဘူးလား။
အကျင့် သီလနဲ့ ယှဉ်ပြီးမှ သွားရတဲ့ ဘာသာဟာ လောကမှာ ဗုဒ္ဓဘာသာတစ်ခုပဲရှိပါတယ်။


ချမ်းမြေ့ကြပါစေရှင် 

No comments:

Post a Comment