မောင်လေးညီမလေးတို့ရေ …
ဒီတစ်ခါတော့ မြန်မာနိုင်ငံက သာသနာတော်သမိုင်းကြောင်းလေး ပြောပြပါမယ် ။ ဖတ်ပြီးတဲ့အခါကျရင် မောင်လေး ညီမလေးတို့က မေးခွန်း ( 5 ) ခု ဖြေပေးရပါမယ်။ ဖတ်ကြည့်နော် …..
.
ပုဂံခေတ်မှာထင်ရှားခဲ့တဲ့ သာသနာပိုင် ရှင်အရဟံ မထေရ်မြတ်ဟာ သက်တော် ( ၈၁ ) နှစ်မှာ စံလွန်တော်မူတော့
ငစွယ်ရှင် မဟာထေရ် ၊ စိမ့်ညက်မင်း သားတော် မဟာထေရ် ဆိုတဲ့ နာမည်တွေနဲ့ မှည့်ခေါ်ကြတဲ့ မဟာထေရ်တစ်ပါး ကိုသာသနာပိုင်အဖြစ်နဲ့ ခန့်အပ်ခဲ့တယ်တဲ့
.
အဲ့ဒိအချိန်မှာ ထီးနန်းစိုးစံနေတဲ့ မင်းကြီး ကို သူ့သားတော် အငယ်က နောင်တော်မရှိခိုက် ရွှေဂူကြီး ဘုရားအတွင်းသွင်းပြီး စောင် ခေါင်းအုံးတို့နဲ့ ဖိညှပ် သတ်ဖြတ်လိုက်ပါတယ်။ နတ်ရွာလားတော့ ထီးညွန့်နန်းလျှာ သားတော် ( ၂ ) ပါး ကျန်ခဲ့သတဲ့
.
သားတော်ကြီးကတော့ ဘုရင်မင်းကြီးအားထားရတဲ့ မင်းသားပေါ့ ….
သူက ပုဂံပြည်ကြီး တိုးတက်ရေးကိုအထူးပဲ အလေးထားခဲ့တယ်။
လက်ရှိ မန္တလေးက အောင်ပင်လယ်ကန်
နန္ဒာ ကန်
ကုလားမတောင် ဆည်
ကြူဝန်း ဆည်
ကျွန်းလှ ဆည် တွေဟာ …. သားတော်ကြီး ရဲ့ လက်ရာတွေပေါ့
.
ဖခမည်းတော် နတ်ရွာစံတယ်လို့ ကြားတော့ ထီးနန်း ဆက်ခံ ရအောင် သားတော် အိမ်ရှေ့မင်းသားက နေပြည်တော်ကို အပြင်းချီလာခဲ့တယ်။
.
နောင်တော် ပြန်လာတာကို သတင်းကြားတဲ့ အခါမှာ အရည်အချင်း မရှိတဲ့ ကောက်ကျစ်တဲ့ ညီတော်က ဘုရင် ဖြစ်ချင်တော့ ယုတ်ညံ့တဲ့အကြံကို ထပ်ထုတ်တယ် ။
.
နောင်တော်ကို ခံတိုက်ဘို့လည်းမလွယ်ဘူး
အပျော်မက်တဲ့ သူ့ကိုပြည်သူတွေကမကြိုက်ဘူး
နောင်တော်ကိုသာ ပြည်သူတွေက လေးစားကြတာသိတော့ နန်းရဘို့ ဆင်ကြံကြံတော့တာပေါ့။
.
ဒီလိုနဲ့ သူဟာ လက်ရှိသာသနာပိုင် မထေရ်မြတ်ကို ချဉ်းကပ် လိမ်လည်လှည့်ဖြား အကာအကွယ်ယူ အသုံးချပြီး နောင်တော်ကိုသတ်ဘို့ အကြံနဲ့ ဒီလိုလျှောက်သတဲ့ ….
.
အရှင်မြတ်ဘုရား ခမည်းတော်လွန်ပြီဆိုတာသိလို့နောင်တော်ကြီးဟာ ကြည်းကြောင်း ရေကြောင်းနဲ့ ချီတက်လာပါတယ်ဘုရား ၊
တပည့်တော် နန်းလုမှာစိုးလို့ထင်ပါရဲ့ဘုရား။
.
တိုင်းပြည် တစ်ပြည်မှာ တစ်နေ့ တစ်ရက်တောင် မင်းမရှိရင် မတင့်တယ်တဲ့အတွက် နောင်တော်ကြီးကို မြင်းတစ်စီး ဓါးတစ်လက်နဲ့ တစ်ကိုယ်ထဲ အလျှင်အမြန်ကြွလာပြီး အရင်ဆုံး နန်းတက်ဘို့ အရှင်ဘုရားနဲ့အတူ ခေါ်တော်မူခဲ့ပေးပါရန် လျှောက်ထားပါသည်ဘုရား လို့လျှောက်သတဲ့
.
ဒီတော့ မထေရ်မြတ်ကတွေးတယ် ….
အင်း ငါသွားခေါ်ရင် မင်းသားကြီးကလည်း ဆရာရင်းမို့ ယုံကြည်စွာ ၀မ်းပန်းတစ်သာ ငါ့ကို ယုံစားပြီး လိုက်လာမှာပဲ ။
.
ဒီရောက်မှ မင်းသားငယ်က ကတိပျက်ရင် ခက်ရချည့် …
.
ကဲ မင်းသားငယ် မင့်နောင်တော် ပုဂံပြန်ရောက်လာရင် မင်း အမှန်တစ်ကယ် နန်းတင်ပါ့မယ်လို့ သစ္စာဆိုနိုင်မလားလို့မေးသတဲ့ ။
.
မှန်လှပါဘုရား နောင်တော်ကြီးရဲ့ ဓါးကို ထမ်းပြီး ကျွန်ပ်ကိုယ်တိုင် နန်းတင်ပါ့မယ်ဘုရားဆိုပြီး သစ္စာဆိုပွဲကျင်းပသတဲ့
.
ဒီတော့မှ မထေရ်မြတ်လည်း ရွှေလှော်ကားတစ်စီးနဲ့ နောင်တော်အိမ်ရှေ့မင်းကို သွားကြိုတော် မူသတဲ့ ။
.
မင်းသားကြီးလည်း မထေရ်မြတ်ကိုယုံကြည်စွာနဲ့ မထေရ်မြတ်နဲ့ အတူ ပုဂံကိုလိုက်ပါခဲ့တယ်။ ပုဂံရောက်တာနဲ့ ညီတော်မင်းသားက မိမိကိုယ်တိုင် သံလျှက်ထမ်းပြီး နောင်တော်ကို နန်းတင်လိုက်တယ်တဲ့။
.
ဒါပေမယ့် အဲ့ဒိညမှာပဲ အစာထဲအဆိပ်ခတ်ပြီး သတ်လိုက်တဲ့အတွက် နောင်တော်ကြီး နတ်ရွာစံရသတဲ့
.
နောက်တစ်နေ့မှာ မင်းသားငယ်က ထီးနန်းကို ဆက်ခံသတဲ့ ပြည်သူတွေကလည်း မထေရ်မြတ်ကို အထင်လွဲတာပေါ့ ဒါနဲ့ မထေရ်မြတ်က မင်းသားငယ်ထံသွားပြီး … .
.
ဟယ် မင်းဆိုးမင်းညစ် -
သင်ဟာ သံသရာကိုမကြောက် ၊
သင့်လောက် ယုတ်ညံ့တဲ့မင်း လောကမှာမရှိတော့ဘူး ။
မင်းစည်းစိမ် ရတော့ရော သင်က မအို မနာ မသေတော့ဘူး တဲ့လား။
ဒီမကောင်းမှုကံတွေကနေ လွတ်သွားမယ်ထင်လို့လား လို့ ရှုံ့ချ ကဲ့ရဲ့တော်မူသတဲ့။
.
.
မင်းသားငယ်က မထေရ်မြတ်ကို သတ်ရင် သူပါ နန်းတော်ကနေ ခွေးပြေး ပြေးရမှာသိတော့ ဒီလိုပြန်ပြောသတဲ့
.
အရှင်ဘုရားက ရဟန်းဖြစ်ပါလျှက်နဲ့ ဘုရားရှင်မျက်နှာကို မထောက် နှုတ်ကဆိုးလှပါလား ။ တပည့်တော် ကတိအတိုင်း နောင်တော်ကို ဓါးထမ်းပြီး နန်းတင်ပေးခဲ့တာပဲလေ။ တိုင်းရေးပြည်ရာက ရဟန်းအလုပ်မဟုတ်ဘူး ။ ရဟန်းအလုပ် ရဟန်းလုပ်ပါလို့ ပြောသတဲ့ ။
( လိုတုန်းကတော့ သူပဲ အတင်း ခေါ်သုံးပြီး အာဏာရတော့ လုပ်ပုံ )
.
မထေရ်မြတ်ဟာ မင်းသားကြီးသေရတာ သူ့ပယောဂ မကင်းဘူးလို့ ခံစားရတဲ့အတွက် အင်မတန်ပဲ နှလုံးမသာမယာဖြစ်ပြီး ကတိမတည်တဲ့ မင်းဆိုး မင်းညစ်ဆီမှာတော့ ငါမနေလို လို့ ရေရွတ်ပြီး ….
သီဟိုဠ် ( လက်ရှိ သီရိလင်္ကာ ) ကို မပြန်သောကြွခြင်းနဲ့ အပြီးတိုင် ကြွတော်မူပြီး ပုဂံမြေကို စွန့်ခွာတော်မူခဲ့ပါတယ်။
.
ဘာပြောကောင်းမလဲ ….
ဒီသတင်းဟာ သံဃာထုကြားမှာ အကြီးမားဆုံးဂယက်ရိုက်သွားတာပေါ့။
သာသနာပိုင် မထေရ်မြတ် ကျောခိုင်းသွားတော့ သံဃာထု ပူဆွေးကြတယ်။
ပြည်သူတွေ ပဋာမြေလူး ငိုကြွေးကြတယ် ။
သပိတ်မှောက်တယ် ။ ဆန္ဒပြတယ်ပေါ့ ။
.
ပုဂံခေတ်ဆိုတော့ သံဃာအင်အား အင်မတန်မှကြီးတယ်။ မထေရ်မြတ်ကို ပြန်ခေါ်ပေးလို့ ဆန္ဒပြတယ်ပေါ့။ ( ပြန်ခေါ်လို့မရဘူးလေ သူ့အကြောင်း သိကုန်မှာပေါ့ )
.
အဲ့ဒိခေတ်ဆီက သာသနာရောင်ဝါ နေလို လလို ထွန်းလင်းချိန်ဆိုတော့ သံဃာအင်အား တော်တော်ကို ကြီးမားပါတယ်။
.
ဒီတော့ ကောက်ကျစ်တဲ့ ဘုရင်က ဒီလို စဉ်းစားတယ် ….
အင်း ရဟန်းသံဃာအရေအတွက်က များလှတယ်။ ပိုဆိုးတာ မင်း အဆက်ဆက် ပြည်သူအားလုံးက ရဟန်းသံဃာနောက်မှာပဲရှိတယ် ။ ရဟန်းသံဃာဘက်မှာပဲ ရပ်တည်ကြတယ်။ မတော် ရဟန်းတွေ ငါ့ကို ပုန်ကန်ရင်ဘယ်လိုလုပ်မလဲ ။ငါလက်ဦးမှု ရအောင်ယူမှဖြစ်တော့မယ်။
.
ဒီလိုနဲ့ မင်းဆိုး မင်းယုတ်ဟာ ဘုန်းကြီးတွေကို ရှင်းပစ်ဘို့ လွှတ်တော်မှာတိုင်ပင်တော့တယ်။ သူတို့ အကြံက ဒီလို …
.
တိုင်းပြည်တစ်ခုမှာ ရဟန်းများရင် တိုင်းပြည်အတွက် အကျိုးယုတ်တယ်။ အားကောင်းမောင်းသန်ယောက်ျားတွေ တိုင်းပြည်တိုးတက် သာယာအောင်လုပ်သင့်တယ်။ စတဲ့ အကြောင်းပြချက်တွေနဲ့ ရဟန်းတွေ လူထွက်ဘို့ အမိန့်ထုတ်မယ် ကြံသတဲ့ ။
.
တစ်ချို့မူးမတ်တွေက သာသနာတော်ကို မဖျက်သင့်ကြောင်း လျှောက်ထား ကန့်ကွက်တယ်တဲ့။ ဒီလိုလျှောက်တဲ့မူးမတ်တွေကို ဘုရင်က ဘယ်လိုဆင်ခြေပေးသလဲဆိုတော့ …
.
ရဟန်းက အင်အားတောင့်တယ်။ သူတို့ပုန်ကန်ရင် ပြည်သူက ရဟန်းသံဃာ ဘက်ကပဲ ပါလိမ့်မယ်။ ဒီအခါ ခုခံရခက်လိမ့်မယ်။
.
နောက်ပြီး ရဟန်းတွေက ဘုရင်တွေသတ်မှတ်ထားတဲ့ ဥပဒေနဲ့ မနေဘူး ဟိုးတစ်ခြားနိုင်ငံမှာပွင့်တဲ့ ဘုရားသတ်မှတ်တဲ့ ၀ိနည်းဆိုတာတွေနဲ့ သူတို့ဖာသာ အဆင့်ဆင့် သီးခြားအုပ်ချုပ်ပြီး နေကြတယ်။
.
ငါ့နိုင်ငံဥပဒေနဲ့ မနေဘူး။
ငါတို့ဥပဒေအောက်မှာမရှိဘူး။
ငါတို့ဥပဒေကို မနာခံဘူး။
ဒိထက်ဆိုးတာက ရဟန်းသံဃာဆိုတာ နိုင်ငံတော်ရဲ့ ဘဏ္ဏာကိုထိုင်စားနေတဲ့သူတွေ ။ သူတို့များနေတာ နိုင်ငံတော်အတွက် ၀န်ပိတယ်။
စသဖြင့် ပါးစပ်ထဲရှိရာပြောပြီး ဘုန်းကြီးတွေကိုရှင်းပစ်ဘို့ စည်းရုံးသတဲ့။
.
ဘုရင်အားထားရတဲ့ ပုဏ္ဏား အမတ်က ….
သာသနာကို တိုက်ရိုက် ဖျက်ရင် ရဟန်းတွေက မပုန်ကန်မီ ပြည်သူလူထုက စပြီး ပုန်ကန် ပါလိမ့်မယ် …
.
ဒါကြောင့် ရဟန်းများ တစ်စတစ်စ လူထွက်အောင် တိုင်းပြည်မှာ ရှိတဲ့ မိန်းမတွေကို မလုံမခြုံ ဝတ်စေပြီး ကျောင်းဝင်းတွေထဲမှာ ပျော်ပွဲရွှင်ပွဲ မပြတ်အောင် ကျင်းပ ပေးပါ ဘုရား
ဒါမှ ရဟန်းတွေ လူဝတ်လဲ ရဟန်းအရေအတွက်နည်းသွားလို့ အရှင်မင်းကြီးကို ရန်စောင်မယ့်သူ နည်းသွား ပါလိမ့်မယ်ဘုရားလို့ အကြံပေးတော့ အကြံအတိုင်းလုပ်တာပေါ့။
.
ထွက်တော့ ထွက်ပါရဲ့။ သူထင်သလောက် အများကြီး လူမထွက်တော့ ဘုရင်က သူ့သဘောနဲ့ အမိန့်တစ်ခု ထုတ်ပြန်လိုက်တယ်။
.
တိုင်းပြည်မှာရှိတဲ့ ရဟန်းတွေဟာ ရဟန်းအလုပ်ဖြစ်တဲ့ တရားအားထုတ်တာ မလုပ်ပဲ တိုင်းရေး ပြည်ရာမှာ ပါတယ် ။
ဘုရားရှင်အဆုံးအမ ဖြစ်တဲ့ မေတ္တာမထားပဲ ဘုရင်ကို ရန်လိုတယ်။ အပြစ်ပြောတယ်။
ရဟန်းက ရဟန်းလိုမနေဘူး ။
ငါ့နိုင်ငံမှာ ရဟန်းအလုပ် ရဟန်းမလုပ်တဲ့ ရဟန်းတွေမလိုအပ်ဘူး။
သာသနာတော်သန့်ရှင်းအောင်။
ဆန္ဒပြတဲ့ ရဟန်းအားလုံး လူထွက်မလား အသေခံမလား။ တစ်ခုခုကိုရွေးရမယ် လို့ အမိန့်ထုတ်ပြီး ။
.
ရဟန်းတွေကို တွေ့ရင်ဖမ်းတယ် ။
အတင်းအဓမ္မလူထွက်ခိုင်းတယ်။
ပြောမရရင် ဓါးမိုးပြီး လူထွက်ခိုင်းတယ် ။
ရဟန်းတွေ အများကြီး အသေခံသွားကြတယ်။
တချို့ကြတော့ အဖမ်းမခံရအောင် ထွက်ပြေးကြရတာပေါ့။
တောထဲ တောင်ထဲကို ပြေးပုန်းတဲ့သူက ပြေးပုန်း။
တချို့ဆိုလည်း သီဟိုဠ်ဘက်ကို ပြေးကြရတယ်။
ဒီလိုနဲ့ ပုဂံမှာ ရဟန်းသံဃာများနဲ့ ရဟန္တာ မထေရ်မြတ်များ ဆိတ်သုဉ်း ပျောက်ကွယ် သွားခဲ့ရဘူး ပါတယ်။
.
သူဟာ သူ့ရဲ့ထိုင်ခုံကို ရဟန်းသံဃာထုက လာလှုတ်တယ်လို့ အထင်ရောက်ပြီး ရဟန်း သံဃာ တွေကို ခေါင်းဖြတ်သတ်ဝံ့တဲ့ မြန်မာရာဇ၀င်က ပထမဦးဆုံး သာသနာဖျက် မင်းတစ်ပါး ဖြစ်ခဲ့တယ်။
.
ဗုဒ္ဓဘာသာကို အထူး အားပေးဆည်းကပ် ကိုးကွယ် ခဲ့တဲ့ မိခင် ဖခင်က ဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် မင်းသား တစ်ယောက် ဖြစ်လျှက်နဲ့ သာသနာတော်ကို မိမိ အာဏာ တည်မြဲဘို့အတွက် မြေလှန် ခဲ့တယ်။
.
ရဟန်းတွေကိုတောင်ခေါင်းဖြတ်သတ်မှတော့ ပြည်သူတွေကတော့ ပြောဖွယ်ရာမရှိပါပဲ။ တစ်တိုင်းပြည်လုံးဟာ ပစ္စုပ္ပန်ငရဲခန်းအလား ပြည်သူတွေရဲ့ မျက်ရည်တွေ သွေးတွေ ချောင်းစီး ခဲ့တာပေါ့။
.
ပုဂံသူပုဂံသားများကလည်း ဒီလောက် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ် စဉ်းလည်းတဲ့ ဘုရင်ကို မနှစ်မြို ရှောင်ကွင်းကြတယ်။
.
တစ်ချို့ ရာဇ၀င်တွေမှာတော့ -
သူ့ကို သူ့အနားက သူ့လူယုံ အကြံပေး ပုဏ္ဏားဟန်ဆောင် ကုလား ( ၈ ) ယောက် သတ်လို့ သေရတယ်လို့ ပြောကြပါတယ်။
သူကလည်း သူ့နားမှာ ကုလားတွေကို အထူးနေရာ နဲ့ ရာထူးတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။
.
ပေးဆို သူ့အဖွား ကိုယ်တိုင်က ကုလားနဲ့ တိတ်တဆိတ်ပေါင်းဖက်ခဲ့လို့ သူအဖိုး မင်းကြီးက အတင်းခွဲ့ပြီး အနော်ရထာမင်းကြီးရဲ့မြေး စောယွန်းနဲ့ အတင်းပေးစားခဲ့ရတာကိုး ။ အဲ့အချိန်တွေကတည်းက နန်းတော်မှာ ကုလားတွေခြေရှုတ်လာတာ မဟုတ်လား။
.
သူဟာ ဝေသာလီက ဆက်သတဲ့ ကုလား မင်းသားရဲ့ သမီးတော်ကို အမျက်တော်ရှပြီး ကွက်မျက် ခဲ့တဲ့အတွက် မင်းသမီးရဲ့ လူယုံ ဟူးယား ပုဏ္ဏား ၈-ယောက်က ဘု၇င်ကို အယုံသွင်း ဘိသိတ် မြှောက်ပေးမယ် လို့ပြောပြီး သန်လျှက် ဓါးမြှောင်များနဲ့ ထိုးသတ် လက်စားချေ ခံရတယ်လို့ ဆိုကြ ပါတယ်။
.
တစ်ချို့ သမိုင်းသုတေသီ အချို့ကတော့
သီဟိုဋ္ဌ်ပြည် ပထမပရက္ကမဗာဟုမင်း (၁၁၅၃-၁၁၈၆) လက်ထက် သီဟိုဋ္ဌ်ကျွန်းသား ဗုဒ္ဓဘာသာဝင် ကုန်သည်များကို မတန်တဆအခွန်ကောက်ယူပြီး မတရား ညှဉ်းဆဲ နှိပ်ကွပ် သတ်ဖြတ် သောကြောင့် (၁၁၆၅) ခုနှစ်မှာ ရန်တုံ့ပြန်ကာ စစ်ချီတက် သတ်ဖြတ်ကြတယ်လို့ ဆိုခဲ့ကြပြန် ပါတယ်။
.
ပုဂံမြို့ကနေ မင်းနန်သူ ရွာဘက်ကို အသွား ညာဘက်အခြမ်း မလှမ်းမကမ်းက ဓမ္မရံကြီး ဘုရား ကတော့ ထိုမင်းတည်ခဲ့တဲ့ ဘုရားပေါ့။
.
ထု-ဓမ္မရံ၊ ဥာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဆိုတဲ့ အဆိုအရ ဓမ္မရံကြီ်း ဘုရားဟာ ပုဂံဒေသမှာ လက်ယာ အသေသပ်ဆုံး ထုထည် အကြီးဆုံး ရှေးဟောင်း ဘုရားတစ်ဆူ ဖြစ်ပါတယ်။
.
သူဟာ ရဟန်းတော်များ ခမည်းတော်နဲ့ နောင်တော်ကို သတ်မိတဲ့ အပြစ်အတွက် နောင်တကြီးစွာ ရပြီး ဒီမကောင်းမှုတွေ ပြေပျောက်ဘို့ ပြီးတော့ မိမိအမှားတွေကို ၀န်ခံပါကြောင်း ပုဂံသူ ပုဂံသား တွေကို ပြသတဲ့ အနေနဲ့ ဒီဘုရားကို မိမိကိုယ်တိုင် ဦးစီးပြီး တည်ခဲ့ပါသတဲ့ ။
.
ဘုရားဝင်းအတွင်း အနောက်ဖက် ထောင့် အုတ်ကျောင်းမှာ သီတင်းသုံးတဲ့ အရှင် ဓမ္မရံကြီး မထေရ်မြတ်ကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တဲ့ နာမည်လို့ သိရှိရပါတယ်။
.
( မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းမှ ကိုးကားပါတယ် )
.
ကဲ မောင်လေး ညီမလေးတို့ ဖြေရမှာက
သာသနာဖျက် ဘုရင်ရဲ့ အမည်
သူ့ရဲ့ ဖခမည်းတော်အမည်
သူအဆိပ်ကျွေး လုပ်ကြံခဲ့တဲ့ နောင်တော်ကြီး အမည်
သီဟိုဠ်ကို အပြီးတိုင် ကြွတော်မူသွားတဲ့ မဟာထေရ်ရဲ့ ဘွဲတော်အမှန် နဲ့
သူ့ရဲ့ ထီးနန်းစိုးစံတဲ့ နန်းသက် တွေပါ။
.
ကဲ ….
မိမိနိုင်ငံရဲ့ တစ်ချိန်က သာသနာတော်၊ သာသနာဝန်ထမ်း နဲ့ ပြည်သူတွေကို ဗြောင်းဆန်စေခဲ့တဲ့ ဘုရင်တွေရဲ့ သမိုင်းလေးတွေကို နူးမောင်လေး ညီမလေးတွေထဲက ဘယ်သူတွေများသိကြလဲ သိချင်ပါ့ ….
.
.
ချမ်းမြေ့ကြပါစေရှင် ….
No comments:
Post a Comment