Monday, July 10, 2017

အ ဒိန္ဒာ ဒါ န


မောင်လေး ညီမလေးတို့ရေ ….
လွန်ခဲ့တဲ့လက ညီမလေးတစ်ယောက်က ထူးထူးဆန်းဆန်းလာမေးတတယ် ။သူမေးတာက …
.
★ အမရေ facebookမှာသည်နောက်ပိုင်း အချို့လူတွေ ရဟန်းတွေ အပါအဝင် ပေါ့ နော် တခြား သူတွေက အပင်ပန်းခံ ခေါင်းအစားခံပြီးပင်ပင်ပန်းပန်းရေးထားတဲ့စာတွေကိုcopyလေးပွားပြီး ကိုယ့်နာမည်ကို postတွေအောက်မှာ အတည်ပေါက်ကြီးရေးပြီးနာမည်ဝင်ယူထားကြတတဲ့ copy postတွေ တွေ့လာရပါတယ်ရှင့်။
.
အမရေးထားတာရော သမီးfriendတွေရေးထားတာတွေကိုရောပေါ့။ ခပ်တည်တည် နဲ့မူရင်း ရေးသူကို creditတောင်မပေးဘဲ သူတို့နာမည်တွေတောင် ရေးသူနေရာမှာတပ်ပြီး သူတို့Pageတွေ Wallတွေမှာ copy ပွားထားကြပါတယ် အမရေ
.
သမီးသိချင်တာက အမတို့လို မျိုးသမီးfriend listထဲကအကိုတွေလို မျိုး ကိုယ့် အားနဲ့ကိုရေးထားတဲ့ စာတွေကို တယောက်ယောက်က မူရင်းရေးသူကို creditတောင်မပေးဘဲ copyပွားပြီး ကိုယ့်နာမည်တပ် နာမည်ဝင်ယူတာဟာ ခိုးမှုမြောက်ပါသလား။
.
မူရင်းစာရေးသူတွေကို ဖျောက် ကိုယ့်နာမည်ဝင်ယူတာဟာအကုသိုလ်ဖြစ်ပါသလား ရှင့်။ အမရေးမယ့်Postကို စောင့်ဖတ်နေမယ်နော်။
လူတိုင်း မူရင်းစာရေးသူရဲ့ဥာဏအားကို အသိအမှတ်ပြုတတ်ကြပါစေလို့ဆန္ဒပြုလျက်ပါရှင့်။
.
ကာယကံရှင်က မကြည်ဖြူရင် ခိုးမှုမြောက်တယ်လို့လည်းကြားဖူးလို့ပါရှင့်။
အမကျန်းမာပါစေနော်။
မမ ရေးမယ့်စာကို မူရင်းရေးသူကိုဖောက် copyပွား နာမည်ဝင်ယူချင်ကြတဲ့သုတွေအတွက် စာရေးသူတွေကိုယ်စား ပြောပေးပါဦးနော်
MAY WIN MAUNG
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

★ ★ အဒိန္နာဒါန
.
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိ ယာမိ
ပိုင်ရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ တဲ့
.
အဒိန္နာဒါန ကို သီဟိုဠ် က အဋ္ဌကထာဆရာတော်ကြီးများ ဖွင့်ဆိုထားတာကတော့
''အဒိန္နဟူသည် ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သောပစ္စည်း၊ သူတပါးတို့ သိမ်းဆည်း ထားသောပစ္စည်းဖြစ်၍ အာဒါနဟူသည် ယူခြင်းဖြစ်သည် တဲ့ …
.
အဒိန္နဒါနာက ( ၅ ) ပါးသီလရဲ့ ဒုတိယမြောက်သီလပါ
အဒိန္န + အာဒါန ပုဒ် နှစ်ခုပေါင်းထားတာပါ
အဓိပါယ်ကတော့
.
အဒိန္န - ပိုင်ရှင်ရှိတဲ့ ပစ္စည်းကို
အာဒါန - မိမိကိုယ်ကို လိပ်ပြာ သန့်စွာနဲ့ မဟုတ်ပဲ ယူခြင်း
ဖြူစင်မှု မရှိတဲ့ စိတ်နဲ့ ယူခြင်း
နည်းလမ်းမကျစွာ ယူခြင်း စတဲ့ ယူနည်းတွေနဲ့ ယူတာပါပဲ
.
မပေးပဲ ( သို့မဟုတ် ) ပရိယာယ် နဲ့ ယူတာကို အာဒါန လို့ခေါ် ပါတယ်
လိပ်ပြာသန့်သန့် ဖြူစင်တဲ့ စိတ်ထား နဲ့ ယူတာ မဟုတ်တာ မှန် သမျှကို ခေါ်တယ်လို့ဆိုရမှာပေါ့။
အကုသိုလ်ကံရောတဲ့ စေတနာဆိုး နဲ့ ယူတာလည်းပါ ပါတယ်။
.
မိမိပြုတဲ့ စေတနာ တရားအပေါ် မူတည်ပြီးတော့ ကံ အကြီးအသေး ကွာတယ်လို့ သတ်မှတ်ရပါမယ်။
.
★ ★ အဒိန္ဒဒါနာ မြောက်စေတဲ့ အဂီါ တွေကတော့ …
(၁) ပရသန္တက -သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟူ၍သိခြင်း
(၃) ထေယျစိတ္တ -ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးဘို့ လုံ့လပြု စီစဥ်ခဲ့ခြင်း
(၅) ထေနဟာရ -ထိုလုံ့လဖြင့် ခိုးခြင်း။
ဒီအင်္ဂါ (၅) ချက်ပြည့်စုံရင် အဒိန္နာဒါနကံမြောက်ပါတယ်။
.
★ ★ အဒိနာဒါန ပြုခြင်း အကြောင်း ပယောဂ ( ၆ ) ပါးရှိပါတယ် ။
( 1 ) ခိုးယူ ခြင်း၊ နှိုက်ယူခြင်း၊
( 2 ) ဓားပြတိုက်ယူခြင်း၊ လုယက်ခြင်း၊
( 3 ) ရာထူး အာဏာဖြင့်ခြောက်၍ ယူခြင်း၊
( 4 ) အကြပ်ကိုင်ပြီးယူခြင်း၊ တိုက်ယူခြင်း၊
( 5 ) တင်းတောင်းချိန်ခွင်တို့ဖြင့် အလေးခိုး၍ ရောင်းဝယ်ခြင်း ၊
( 6 ) ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း
.
★ ★ စတဲ့ ပယောဂ ( ၆ ) ပါးထဲက အချက် တစ်ချက် ချက်နဲ့ အပေါ်က အင်္ဂါ ( ၆ ) ရပ်နဲ့ ပေါင်းပြီး ( ၇ ) ချက်ညီရင် အဒိန္နာဒါနဖြစ်ပါတယ်။
.
ဒီအချက် တွေနဲ့ မညီရင်ကံမမြောက်ဘူး ဆိုပေမယ့် လုံးဝမမြောက်တာ မဟုတ်ပါဘူး ကံ အကြီးအသေး ကွာတာပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ ကြုံတုန်း ပြောပြ ပါအုန်းမယ် …
.
ကာမေသုကံအကြောင်းတင်တုန်းက ခလေးတစ်ယောက် ချတ်ဘောက်က လာမေးပါတယ်။ အွန်လိုင်းက ညီမလေးတစ်ယောက်ရှိဘူးတယ် သူနဲ့ မောင်နှမ လိုနေတယ် နှစ်ယောက်လုံးမှာ ချစ်သူရှိတယ်။
ဒါပေမယ့် ချစ်သူတွေ အိပ်သွားချိန်မှာ ညစ်ညမ်းခွေ အတူတူကြည့်ပြီး ကိစ္စပြီးကြတယ် ဆိုရင်ရော ကံမြောက်လားတဲ့။
ဒါပေမယ့် နှစ်ယောက်လုံးက ကိုယ့်ချစ်သူကိုယ်သစ္စာမဖောက်ဘူးလေတဲ့
( အွန်လိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့အရာဆိုတာ မောင်လေးညီမလေးတို့သိမှာပါ။ အွန်လိုင်းမောင်နှမတွေဇာတ်လမ်းပေါ့ )
.
★ ★ တစ်ကယ်တော့ -
မိမိတို့ပြုတဲ့အမှုဟာ လူသိမခံဝံ့တဲ့ အမှုလား လူ့အသိုင်းအ၀ိုင်းက လက်ခံနိုင်တဲ့အမှုလား။ မိမိကာမပိုင် လက်ခံနိုင်တဲ့ အမှုလား
လောကကျင့်ဝတ် လူ့ကျင့်ဝတ် ဖောက်ပြားနေလား ဆိုတာကို တွေးကြည့်ပေါ့ ။
ဗုဒ္ဓရဲ့ပဉာတ်က လွတ်ပေမယ့် လောကရဲ့ပညတ် လူ့ကျင့်ဝတ် လောက၀တ်ကို ဖောက်ဖျက်ရာ ကျရင် လောက ကပေးတဲ့အပြစ်ကိုခံရမှာပါ
.
★ ★ ဗုဒ္ဓရဲ့ပဉတ်က မေတ္တာတော်အနန္တနဲ့ ဖွဲ့စည်းထားတဲ့အတွက် နောင်တကြီးစွာရပြီး မိမိဘ၀ တစ်လျှောက်လုံး နောက်တစ်ကြိမ် မပြုတော့ရင် ဗုဒ္ဓရဲ့ မေတ္တာတော် တန်ခိုးတော်နဲ့ ပေါ့လျှော့ နိုင်ပေမယ့်
.
လောက ကပေးတဲ့ အပြစ် လောကရဲ့ကျိန်စာက ရက်စက်လှတယ်။
သတိချပ်ရအောင်ပါ။
.
★ ★ ကံ ( ၅ ) ပါးစလုံး ဒီသဘောအတိုင်းပါပဲ ။
ကံဖြစ်ကြောင်း အင်္ဂါတွေနဲ့ မညီရင် ကံမမြောက်ဘူးလို့ပြောကြပေမယ့် ။
ဗုဒ္ဓပညတ်က နေ အကြောင်းအမျိုးမျိုးနဲ့ လွတ်အောင်ရုန်းပြနေကြ ပေမယ့်။
လောက၀တ်နဲ့ လူ့ကျင့်ဝတ် ဖောက်ဖျက်ရင်လည်း လောက က ပေးတဲ့အပြစ်ကိုခံရမှာပါပဲ။
ဒီလောက်ဆို ရှင်းပြီထင်ပါတယ်။
.။။။။။။။။။။။။။။။။။။။
.
★ ★ အပေါ်က ညီမလေး မေ၀င်းမောင် မေးထားတာလေးကို ဖြေရရင် …
.
ပိုစ့်ကို ယူတယ် တစ်လုံးမလွဲတင်တယ် ဒါပေမယ့် ခရက်ဒစ် မပေးဘူး ရံခါ မိမိတင်သလို လုပ်တယ်။
ပိုစ့် ပိုင်ရှင်ကို ကိုယ်တိုင်သိပါလျှက်နဲ့ ပိုစ့်ပိုင်ရှင်နာမည်ကို ခရက်ဒစ်မပေးဘူးပေါ့ …
ဘာလို့လဲ …
.
အဖြေက ပိုစ့်ပိုင်ရှင်ကို ခရက်ဒစ်ပေးလိုက်ရင် မိမိပရိတ်သတ် မိမိကူးတင်တဲ့ ပိုစ့်ပိုင်ရှင်ဆီကို ပါသွားမှာစိုးလို့ ။
.
မိမိထက် ပရိတ်သတ်နည်းတဲ့ ပိုစ့်ပိုင်ရှင် နာမည်ရမှာ စိုးလို့ ပိုစ့်ကို ယူလာတယ် ။
ပြီးရင် ခရက်ဒစ် ဖေ့ဘုတ်လို့ ပေးပြီးတင်လေ့ ရှိကြပါတယ် ။
.
သူတို့ရဲ့စိတ်ထဲမှာ ညီမလေးတို့ရေးတဲ့စာလေးကို ကောင်းလို့ ဖြန့်ဝေချင်တယ်။
သူ့ပရိတ်သတ် တွေ ဖတ်စေချင်တယ်။
ဒါမှမဟုတ် ဒီစာကြောင့် ပရိတ်သတ်ပိုတိုးလာမယ် အသိတွေလည်း ပိုတိုးလာမယ် ။
စတဲ့ ကောင်းတဲ့ စေတနာ တွေထဲကတစ်ခုခုနဲ့ ကူးတာဖြစ်ကောင်းဖြစ်မယ်။
.
ဒါပေမယ့် ဣသာမစ္ဆရိယဆိုတဲ့ မိမိပရိတ်သတ် ပါသွားမှာကြောက်တဲ့စိတ် သူ့စာအားဖြင့် မိမိ နာမည် ရလိုစိတ်ဆိုတဲ့ ၀န်တိုမှုလေးနဲ့ ဒီစာဟာ ဘယ်သူပိုင်ပါတယ်ဆိုတာကို မပြောခဲ့ဘူး။
.
ဆိုတော့
အပေါ်က အဒိန္န အင်္ဂါ ( ၅ ) ချက်ဖြစ်တဲ့
သူတစ်ပါးပစ္စည်းဖြစ်တယ်။ ပိုင်ရှင်ကိုလည်းသိတယ်။ ယူလိုစိတ်လည်းရှိတယ် ။ လုံ့လလဲပြုခဲ့တယ် ။ ယူလည်းယူခဲ့တယ်။ဆိုတဲ့ အချက်နဲ့ ညီပါတယ်။
.
ဘယ်ပရောဂ နဲ့ ယူတာလည်းဆိုရင် ပရိယာယ် တစ်မျိုးမျိုးနဲ့ ယူခြင်း ဆိုတဲ့ နံပါတ် ( ၆ ) ပယောဂ နဲ့ယူတဲ့ သဘောပါ။
ကံမြောက်တယ်လို့ပဲ သတ်မှတ်ရလိမ့်မယ်။
.
။။။။။။။။။။။။။။။။။။။

ပရိယာယ်ဆိုလို့ မောင်လေးညီမလေးတို့မပျင်းအောင် ပုံပြင်တစ်ခုပြောပြအုန်းမယ် …
နူး ငယ်ငယ်က အိပ်ယာဝင် တိုင်း မေမေနဲ့ဖွားဖွားကြီးပြောနေကျပုံပြင်တွေရဲ့ အကြိုက်ဆုံး စာရင်းထဲက တစ်ခုကို မောင်လေးညီမလေးတို့ကိုပြောပြမယ်သိလား …
.
ဟိုးပုဂံခေတ်တုန်းဆီက ဘုရင်တစ်ပါးဟာ စီရင်ရခက်တဲ့ အမှုတွေကို သူ့ရွှေခြေနင်းကို စီရင်ခိုင်းသတဲ့ ။
.
ဆုံးဖြတ်တာ ဓမ္မနည်းလမ်းမကျဘူး မှားတယ်ဆိုရင် ဒီရွှေခြေနင်းတစ်ရံက ခွပ်ကြသတဲ့ ။
.
တစ်နေ့မှာ အမတ်ကြီးတစ်ယောက်ရဲ့ မိန်းမက အမတ်ကြီး ကိုးကွယ်တဲ့ အရည်းကြီးကို ရွှေတွေအပ်ထားပြီး ပြန်တောင်းတဲ့အခါ မရလို့ ဘုရင့်ရှေ့မှောက် တရားခွင်ကိုရောက်ကြရောတဲ့။
.
ဆိုးတာက အမတ်ကြီးက သူ့မိန်းမကိုမယုံဘူး သူကိုးကွယ်တဲ့ ရှင်ကြီးကိုပဲယုံတော့ အမတ်ကြီးက ရှင်ကြီးဘက်က။
ရှင်ကြီးကို နာမည်ဖျက်တာဆိုရင် သူ့မိန်းမကိုသေဒါဏ်ပေး ခိုင်း မယ်ပေါ့
တရားလိုက သူ့မိန်းမ ။
ရှင်ကြီးကလည်းအိုနေတော့တုတ်ကောက်နဲ့ အမတ်ကြီးကတွဲလာရတယ်။
.
ဒါနဲ့ တရားစီရင်ကြတော့ အမတ်ကြီးမိန်းမက အရင်ထပြောရတယ် ။
.
အရှင်ပေါ့ ကျွန်မတစ်သက်စာ ယောက်ျားမသိအောင် စုဆောင်းထားတဲ့ ရွှေတွေကို ဒီရှင်ကြီးကို ဘယ်ရက်က ဘာ ဘယ်ရက်ကဘာ အတိအကျ အပ်ထားပါတယ်ပေါ့ ဆိုကျိန်ဆိုတယ်တဲ့ ။
.
ဒီအခါခြေနင်းတွေက ငြိမ်နေသတဲ့။
အမတ်ကြီးမိန်းမ မလိမ်ဘူးပေါ့။ မှန်တယ်ပေါ့။
အမတ်ကြီးတွေးတယ် ငါကိုးကွယ်တဲ့ရှင်ကြီး တစ်ကယ်ခိုးလားပေါ့
.
ရသေ့ကြီးအလှည့်
အမတ်ကြီးက တွဲထား အိုမင်းစွာ တောင်ဝှေးလေးထောက် အသာထ တောင်ဝှေးကို အမတ်ကြီးကိုပေး လက်အုပ်ချီပြီး ဘုရင်ကို ပြီးဖြေတယ်။
ကျုပ်မှာပြောစရာစကားတော့များများစားစားမရှိလှပါဘူး မင်းကြီး ။
ရှက်လည်း ရှက်လှပါတယ် ဒကာမကြီး အပ်ထားတာလည်း မှန်ပါတယ်။
သူ့ရွှေတွေကိုလည်းပြန်ပေးလိုက်ပါပြီ ။
တောင်ဝှေးလေးကိုင်ချိနဲ့စွာထိုင်ချ ။
.
ခြေနင်းတွေက မခွပ်ဘူး ။ ဟင်
ဘုရင်မျက်စိလည်ပြီ ။
.
အစကပြန်မေးတယ် …
ဟဲ့ အမတ်ကတော် နင့်ပြန်ပေးလိုက်ပြီ ပြန်ရဘီဆို
မရသေးပါဘူးဘုရား
ခြေနင်းတွေမခွပ်ဘူး ။
ဘုရင်တွေးပြီ …
ငါ့ခြေနင်းတွေ တန်ခိုး ကွယ်ပြီလားပေါ့။
.
သူကိုယ်တိုင်မုသားပြောကြည့်တယ်
ဒီရွှေတွေ ငါဘုရင် မင်းဘဏ္ဏာအဖြစ် သိမ်းထားတယ်တဲ့ …
ဟဲ့
ခြေနင်းတွေထခွပ်တယ်။
.
ရသေ့အလှည့်
စောနားကအတိုင်း တောင်ဝှေးလေးနဲ့ အမတ်ကြီးကတွဲပြီးထ အမတ်ကိုတောင်ဝှေးလေးပေး လက်အုပ်လေး ရင်ဘတ်ကပ်ပြီး ပြန်ပေးပြီးပါပြီ သူတို့ထဲကတစ်ယောက်ယောက်ဆီမှာပါ မင်းကြီး တဲ့ ….
.
ဟင့်
ရွှေခြေနင်းတွေ မခွပ်ဘူး ။
ဘုရင်ဇောချွေးပြန်လာဘီ
.
နောက်ဆုံးတော့ လည်း အဖြစ်မှန်ပေါ်သွားခဲ့တယ်တဲ့
ရွှေတွေက တောင်ဝှေးထဲမှာဖွက်ထားတာကိုး ….
တောင်ဝှေးကို အမတ်ကြီးကိုပေးထားတော့ ပစ္စည်းက သူ့ယောက်ျားလက်ထဲမှာပေါ့။
.
ကဲကြည့် လူတွေရဲ့ ပရိယာယ် နဲ့ခိုးမှု ။ ဘယ်လောက်ဆိုးသလဲ ။
မောင်လေး ညီမလေးတို့ အပျင်းပြေပါ။
။။။။။။။။။။။။။။။။။။။။။။။။။။
.
★ ★ ★ အမအနေနဲ့ကတော့
အမပိုစ့်တွေကို အားလုံးပိုင်ပါတယ်လို့ ပြောထားတဲ့အတွက် Share တာမဟုတ်ပဲ ခရက်ဒစ် မပေးပဲ ကူးပြီး ပြန်တင်လည်း ပြသနာမရှိပါဘူး ။
.
လွန်ခဲ့တဲ့ ( ၄ ) နှစ်လောက်အချိန်တုန်းကတော့ ညီမလေးတို့လိုပဲ အမပိုစ့်တွေကို ခရက်ဒစ် မပေးပဲ ယူတဲ့အတွက် အမအသင်းကလူတွေ စိတ်မကောင်းကြီးစွာ ဖြစ်ကြ ရန်တွေလိုက်ဖြစ်ကြ ဘူးပါတယ်။
.
အမက ထားလိုက် အမတို့လိုချင်တာ လူများများ ဖတ်နိုင်ဘို့ နှလုံးသားထဲ ဘုရားတည်ဘို့ ဖြစ်တဲ့ အတွက် ဖတ်တဲ့သူ များလေ သာသနာတော်အသိ သို့မုတ် နူးဖြန့်ဝေတဲ့ အသိ လူအများရဲ့ရင်ထဲ ပိုရောက်လေမို့ ကျေးဇူးတောင် တင်သင့်တယ်လို့ ပြောခဲ့တာနဲ့ အားလုံး ဘာမှမပြောတော့တာပါ။
.
အခုတော့ သာသနာနဲ့ ပါတ်သက်တဲ့ နူးရဲ့ ပိုစ့်တွေကို လူအများကြီး အသိထဲရောက်အောင် လက်ဆင့်ကမ်းပေးတဲ့ - ရှယ်သူ ကူးယူပြီး ခရက်ဒစ် ပေးသူရော မပေးသူ အားလုံးကို နူးနဲ့ နွေးထွေးလက်မောင်နှမအားလုံးက ကျေးဇူးတင်သာဓုခေါ်ကြပါတယ်။
။။။။။။။။။။။။။။
.
အချုပ်ဆိုရရင် ညီမလေးရယ် …
.
★ ★ စာရေးတဲ့ မောင်လေး ညီမလေးတွေ ကလည်း …..
ဖေ့ဘုတ်မှာ Share ဆိုတဲ့ စာလုံးပါပြီးထဲက မိမိရေးတဲ့စာ မိမိတင်တဲ့ပုံ စတာတွေကို ပြန်လည်မျှ ဝေခွင့်ပြုပြီးသား လှူပြီးသားလို့သတ်မှတ်ရမှာပေါ့။ ( ဒါနပြုပြီး အားလုံးကို လှူထားတယ်လို့ပဲ သတ်မှတ်ပေါ့ )
.
ဒီတော့ မိမိတို့က စာတွေကိုရေးရခြင်း အကြောင်းရင်း ရည်ရွယ်ချက် ကိုယ်က အသိ လိမ္မာဖြန့်ဝေ ဘို့ ၊ ဗဟုသုတ တစ်ခုခု ဖြန့်ဝေဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်လား။
.
ဒီတော့ မိမိစာလေးကို ယူပြီး တင်တဲ့လူတွေကို ခရက်ဒစ် ပေးတာ မပေးတာ တွက်ကပ်မနေပဲ ငါလှူပြီးသား ငါရေးတာလေး သူ့ကြောင့် လူတွေပိုသိရပြီ ဆိုတဲ့ ပီတိလေးနဲ့ ကျေးဇူးတင်တဲ့ စိတ်လေးထားပေးနိုင်ရင် ကုသိုလ် များပါတယ်။
။။။။။။။။။။။။။။။။။။။
.
★ ★ ကူးပြီးတင်တဲ့ မောင်လေး ညီမလေးတွေကလည်း ….
သင်ဘာတွေ တွေးနေလဲ ၊ သင်ဘာတွေ လုပ်နေလဲ ၊ သင်ဘာတွေ ပြောနေလဲ …. သင်တွေးသမျှ ပြောသမျှ လုပ်သမျှတိုင်းသည် သင်၏ကိုယ်ကျင့်တရား ဖြစ်သည် လို့ဆိုတဲ့အတိုင်း ။
.
မိမိတင်တဲ့စာဟာ မိမိလိပ်ပြာသန့်စွာ ယူပြီးတင်နေရဲ့လား။
မိမိကိုယ်ကို လိပ်ပြာသန့်ရဲ့လား ။
မိမိကိုယ်တိုင် လိပ်ပြာသန့်စွာနဲ့ ယူလာတာ ဟုတ်ရဲ့လားဆိုတာလေးကို စဉ်းစားပြီး
မိမိကိုယ်ကို သိက္ခာရှိစွာ လက်မထောင်ပြီး အသိတရားများ လက်ဆင့်ကမ်း မျှဝေ နိုင်ရင်တော့ ကောင်းတာပေါ့ မောင်လေး ညီမလေးတို့ရယ်။
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတာလည်းရှိတယ်မဟုတ်လား
.
။။။။။။။။။။။။။။။။။။
.
★ ★ ★ နူးဆိုလိုချင်တာက လူ့အသိုင်းအ၀ိုင်း တစ်ခုကို …..
အချင်းချင်း အလေးထားမှု
စိတ်ချယုံကြည်ရမှု
သစ္စာရှိမှု
သူတစ်ပါးရဲ့ ကြိုးစားအားထုတ်မှုကို လေးစားမှု
သူတစ်ပါး ပိုင်ဆိုင်မှုကို မိမိပိုင်လို တန်ဘိုးထားမှု
အချင်းချင်း လေးစားယုံကြည်မှု
ခွင့်လွှတ် နားလည် ပေးမှု
ကိုယ်ကျင့်တရား ကောင်းမွန်မှု ….
စတာတွေနဲ့ ဖွဲ့စည်းလိုက်ရင် လူအသိုင်းအ၀ိုင်းဟာ ငြိမ်းချမ်းပျော်ရွှင်တဲ့ အသိုင်းအ၀ိုင်း တစ်ခု ဖြစ်လာမှာ မလွဲပါဘူး ။
.
အားလုံးပဲ ချမ်းမြေ့ကြပါစေရှင် …..

No comments:

Post a Comment