Tuesday, July 11, 2017

( က ) အကုသိုလ်ကံတွေက ဘယ်လိုကုသိုလ်ကံတွေနဲ့ကျေနိုင်လဲ ( ခ ) လွန်ခဲ့တဲ့ နှစ် ၂၅၀၀ထဲက အသိဥာဏ် မုဒိန်းကျင့်ခံရတဲ့ဘာသာတဲ့

မောင်လေး ညီမလေးတို့ရေ …
ဗုဒ္ဓဘာသာဝင် မောင်လေးတစ်ယောက် မေးထားတဲ့ မေးခွန်းရယ် အစ္စလာမ်ဘာသာဝင် တစ်ယောက် တင်ထားတာကို ပြန်ဖြေရှင်းထားတာလေးရယ် တင်ပေး လိုက်ပါတယ်။ စာဖတ်ဖတ်ချင်း စိတ်မတိုကြရအောင် ဗုဒ္ဓဘာသာဝင် မောင်လေးမေးတာကို အရင် ဖြေပေးထားတယ်နော် ။ ဖတ်ကြည့် ဟုတ်ပြီလား ။
သူတစ်ပါးဘာသာကို မပုတ်ခတ်ရဘူး မဆဲရဘူးနော် ခလေးတို့ ။
.
★ ထာဝရ မန်းဒေး
.
မင်္ဂလာပါ ကျွန်တော့်နာမည် စောမန်းဒေးပါ ကျွန်တော့် ဗုဒ္ဓဘာသာတစ်ယာက်ပါ ကျွန်တော့် မသိလို မေးပါရစေ အမဖြေပေးလိုရမလား ဝစီကံ နဲ့ မနောကံ ကို ကြူး လွန်ခဲ့မိတာ ဘယ်လို ကုသိုလ် ကောင်းမူ နဲ့ ပြုပြီကျေနိုင်ပါမလဲ ...အမ
ကျွန်တော် ဆိုလိုတာက ဘုန်းကြီးတွေအာပတ်ဖြေရင် ပြေသလို လူတွေမှာရော အာပတ်ဖြေလို့ မရ ဘူးလား
.
★ ★ ဗုဒ္ဓ၀ါဒမှာ ကောင်းမှုကုသိုလ်ကံက တစ်စု မကောင်းမှုကုသိုလ်ကံက တစ်စု သီးသန့်စီပါ
မိမိပြုခဲ့တဲ့ မကောင်းမှုကို ကောင်းမှုနဲ့ ချေဖျက်လို့မရပါဘူး။
.
ဒါပေမယ့် ၀ဋ်ကြွေးနဲ့ ပဉ္စာနန္တိယ ကံကလွဲရင် ကျန်တဲ့ အကုသိုလ်ကံတွေကို ပေါ့လျှော့စေ နိုင်တဲ့ နည်းလမ်းတစ်ချို့တော့ ရှိပါတယ်။
.
မိမိပြုခဲ့တဲ့ အပါယ်လေးဘုံကို ကျမယ့် ကံတွေအားလုံးက သောတပတ္တိမဂ် ရတာနဲ့ ချေဖျက် ပြီးသားဖြစ်ပါတယ်
.
★ ★ နောက်တစ်ခုက မိမိပြုခဲ့တဲ့ အကုသိုလ်ကံတွေ အတွက်နောင်တကြီးစွာရပြီး ဒီကံတွေကို နောက်နောင် မပြုတော့ပါဘူးလို့ တိုင်တည်ပြီး ထာဝရ ပေးလှူ လိုက်ရင်လည်း မိမိပြုခဲ့တဲ့ အကုသိုလ်ကံတွေက အဟောသိကံဖြစ်နိုင်ပါတယ်။
.
★ ★ ဥပမာ -
အရက်သမားတစ်ယောက်ဟာ မိမိချစ်သူက အဖြေပေးမယ်ပြောလို့ အရက်ဖြစ်တယ် ။ ဒါပေမယ့် အရက်ကို သောက်ချင်ရက်နဲ့ မိမိရဲ့ တဏှာတစ်ခုအတွက် ဖြတ်နေ၇တယ်။ အရက်ဝိုင်းတွေ့ရင်သောက်ချင်တယ် ထိန်းချုပ်နေ၇တယ်။ ဒါဟာလည်း ၀စီနဲ့ မနောကံနဲ့သောက်နေသလိုပါပဲ ကာယကံမြောက်သာ မသောက်တာမဟုတ်လား။
.
ကံ ၂ပါးကတော့ ပြုနေသပေါ့ ။ ထင်သလောက်ကုသိုလ်ဘယ်ရလိမ့်မလဲ ။
.
ဒါပေမယ့် အရက်သမားတစ်ယောက်က အရက်ရဲ့မကောင်းမှုတွေ အပြစ်တွေကို သိပြီး အရက်ကို လုံးဝ ရှောင်ကျဉ်လိုက်တာဟာ ။ သူ့စိတ်မှာ အရက်ကိုတွေ့နေလည်း သောက်ချင်စိတ်မဖြစ်ပဲ အရက်ရဲ့ ကျေးကျွန်ဖြစ်ရင် မှားတတ်တဲ့အမှားတွေကို သိမြင်ပြီး ရွံရှာ လာတယ် ဆိုရင် ဒီလူဟာ သူရာမေရယကို လုံးဝစွန့်လွှတ်သူဖြစ်တဲ့ အတွက် သူပြုခဲ့တဲ့ သူရာမေရယကံတွေဟာ အဟောသိကံ ဖြစ်သွားပါလိမ့်မယ်။
.
★ ★ အသျှင်ဒွေရတနိယမထေရ်မြတ်ဟာ ရှေးဘ၀ကမုဆိုးဖြစ်ခဲ့ပြီး မြတ်စွာဘုရားကိုအသားတ-စ်လှုဒါန်းတဲ့အခါသူက ထိုကံကြောင့် နတ်နှင့်တကွသော လောက၌ အစိုးရသူ၏ အဖြစ်ကိုရခဲ့ပါတယ်တဲ့ ။
.
သူဟာ မြတ်စွာဘုရားကို အသားတစ်နဲ့အတူ သတ္တ၀ါတွေအပေါ်မှာ ပြင်းစွာသော စာနာစိတ် ဖြစ်ပေါ်မှုနဲ့ အတူ သူ့အသက် သတ်ခြင်းကိုပါ စွန့်လွှတ် ပေးလှူ လိုက်တာပါ ။
ဒါကြောင့် သူပြုခဲ့တဲ့ အမှုတွေဟာ အဟောသိကံဖြစ်ရတာပေါ့ ။
အပေါ်က အရက်သမားလည်း ဒီသဘောပါပဲ ။
.
★ ★ ★ ( ဆိုလိုတာက မောင်လေးရာ ပြုမိတဲ့အမှားကို နောင်တကြီးစွာရတဲ့အတွက် ၀န်ခံပြီး မိမိ သေလွန်သည် အထိ ဒီလိုအမှားမျိုး နောက်တစ်ကြိမ် ကျူးလွန် ချင်စိန် ကျူးလွန်မှု လုံးဝ မရှိတော့တဲ့အပြင်
သူတစ်ပါးတွေကိုလည်း မကျူးလွန်မိအောင် တားဆီးပေးခြင်းနဲ့ ငရဲကျမယ့်ကံတွေကို ပေါ့လျှော့အောင်လုပ်လို့ရပါတယ်။
ဝဋ်ကြွေးကတော့ ဘုရားတောင်မလွန်ဆန်နိုင်ဘူးမဟုတ်လား ။
ဒါကြောင့် ၀ဋ်မှာအမြဲ ငရဲမှာ အပ လို့ ဟောတော်မူခဲ့တာပေါ့ ။)
.
★ ★ နောက်တစ်နည်းက အဲ့ဒိကံတွေအကျိုးပေးခွင့်မရအောင် ကုသိုလ်ကံတွေ အများကြီး လုပ်ပြီး တားလို့လည်း ရပါတယ်
.
လာမယ့်ဘ၀မှာ အပါယ်ကျမယ့်ကံကနေ လွတ်မြောက်နိုင်တဲ့ ကုသိုလ်ကောင်းမှုတွေပြုခြင်း ။ ကုသိုလ်ကောင်းမှု အဆမတန် မြောက်များစွာပြုပြီး မိမိပြုခဲ့တဲ့ မကောင်းမှုကံတွေ အကျိုးပေးခွင့် မရအောင် တာဆီးခြင်း စတာတွေလုပ်လို့ရပါတယ်။
.
★ ★ ဥပမာကွာ
ရေဇလုံတစ်ခုထဲမှာ မှင်စက် တစ်စက် ထည့်တယ်ဆိုပါစို့
မှင်စက်က မကောင်းမှု ရေသန့်က ကောင်းမှုလို့သတ်မှတ်မယ်ကွာ
ရေသန့် တစ်စက်ထည့်လိုက်ကြည့် ပြာနေတုန်းပဲ ။
ရေသန့် တစ်စွန်းထည့်ကြည့် ကောင်းကင်ပြာရောင်ပြောင်းသွားမယ်
တစ်ခွက်ထည့်ကြည့် အပြာနုရောင်ဖြစ်သွားပြီ
ရေသန့် ၅ခွက်လောက်ထည့်လိုက်
မပြာတော့ဘူး ရေလိုပဲ အဖြူရောင်ဖြစ်သွားမယ် ။
ဖြူသွားတဲ့အတွက် မှင်မရှိတော့တာလားဆိုရင် မဟုတ်ဘူး မောင်လေးရ ။
မင်က ရှိနေတယ် ။ဒါပေမယ့် ပြာခွင့်မရတော့တာပါ ။
ရေတွေခန်းအောင် ကျိုလိုက်ရင်တော့ ရင်တော့ နောက်ဆုံးပြန် ပြာလာမှာပေါ့ ။ ဒီသဘောပါပဲ ။
ပြာခွင့်မရအောင် သူ့ထက်အဆမတန်များတဲ့ရေ သန့်တွေထည့်ရသလိုပဲ
သူ့ထက်အဆမတန်များတဲ့ ကုသိုလ်ကံတွေပြုရင်လည်း အကုသိုလ်ကံတွေက အကျိုးပေးခွင့်မရဘူးပေါ့ ။
.
သံသရာမှာမိမိပြုခဲ့တဲ့ ကောင်းမှုဆိုတဲ့ ရေသန့်တွေကိုခပ်သုံးရင်း အပြာရောင်မင် တွေကလည်း ရောနှောပါသွားပြီး မိမိဘ၀မှာ ခံစားရတဲ့ စိတ်ဆင်းရဲမှု ၀မ်းနည်းမှု ထိခိုက်မှု ပူဆွေးမှု စတာတွေနဲ့ နဲနဲချင်း ခံစားရပြီး ကုန်သွားနိုင်ပါတယ်။
ဒါကလည်း ကုသိုလ်ကောင်းမှု အဆမတန် များပြားစွာပြုမှပါ။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။
★ ကို လင်း နိုင်
.
ဘာကိုသောက်သဲအယားဆုံးလည်း သိလား?
လွန်ခဲ့တဲ့ နှစ်၂၅၀၀က အသိညဏ်တစ်ခု မုဒိန်းပြုကျင့်တာခံရပြီး သစ်ပင်၊ရောဂါပိုမွှားတွေမှာ အသက်မရှိဘူးလို့ ဒီနေ့အထိစွဲကိုင်ထားကြတဲ့ အသိပိန်း ညဏ်ပိန်းတစ်ချို့ရဲ့ ပြက်လုံးဆန်ဆန် တိုက်ခိုက်မှု့တွေကို သောက်သဲအယားဆုံးပဲ။
သူတို့ရဲ့ အသိဗဟုသုတကို အပြစ်ပဲတင်ရမလား? (သို့) သနားပဲသနားရမလား? ဝေခွဲမရဘူး။
သောက်သဲအရမ်းယားတာပဲ
ယုတ်ညံ့တဲ့အတွေးအခေါ်တွေ မုဒိန်းပြုကျင့်ခံရလို့လို့ ငါထင်တယ်။
.
ဘယ်လောက်အောက်တန်းကျလိုက်သလည်း မင်းစဉ်းစားကြည့်။
.
မရှိဆင်းရဲသားကို သတ်ကြွေးလို့တောင် ငရဲဖြစ်မယ်ပြောတဲ့သူက ဘုရား၊ရဟန်းကြွေးတော့ အင်မတန်ရှည်လျားတဲ့ နတ်ပြည်စည်းစိမ်ချမ်းသာကို ရမယ် ဖြစ်ပြန်သတဲ့။
.
တောင်းစားတဲ့သူတို့ကတော့ အငြိမ့်သားပေါ့ကွာ။
...........
★ ((((ဘာကိုသောက်သဲအယားဆုံးလည်း သိလား? လွန်ခဲ့တဲ့ နှစ်၂၅၀၀က အသိညဏ်တစ်ခု မုဒိန်းပြုကျင့်တာခံရပြီး သစ်ပင်၊ရောဂါပိုမွှားတွေမှာ အသက်မရှိဘူးလို့ ဒီနေ့အထိစွဲကိုင်ထားကြတဲ့ အသိပိန်း ညဏ်ပိန်းတစ်ချို့ရဲ့ ပြက်လုံးဆန်ဆန် တိုက်ခိုက်မှု့တွေကို သောက်သဲအယားဆုံးပဲ။ ))))
.
★ ★ အင်း ခက်တော့နေပြီ -
ဗုဒ္ဓ၀ါဒမှာ လောကကို သက်ရှိ သက်မဲ့ စတဲ့ အသုံးအနှုံး တွေနဲ့ လုံးဝမသုံးပါဘူး ။
သတ္တ၀ါဖြစ်တယ် သတ္တ၀ါမဟုတ်ဘူးလို့ ပဲ ဗုဒ္ဓက သုံးနှုံး ဟောကြားတော်မူပါတယ်။
.
ဒီတော့ သစ်ပင် ပြီးတော့ ရောဂါပိုးမွှားလို့ခေါ်တဲ့ Fungus တွေကို သတ္တ၀ါမဟုတ်ဘူးလို့ပဲ ဗုဒ္ဓက အထင်အရှားဟောတော်မူခဲ့ပါတယ် ။
.
ပိဋကတ်တော် မှာ ဓမ္မခန္တာပေါင်း ရှစ်သောင်းလေးထောင်ရဲ့ တစ်နေရာရာမှာ ဗုဒ္ဓက သစ်ပင်သည် သက်ရှိဖြစ်သည် ( သို့မဟုတ် ) သက်မဲ့ဖြစ်သည် လို့ ဟောတော်မူခဲ့တဲ့ စာကြောင်း တစ်ကြောင်း တစ်လေးတောင် ပါရင် ကျမ်းညွှန်းလေး ယူလာပြပါ ။
.
ဗုဒ္ဓတရားတော်တွေမှာ ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုတာမရှိသလို ဘုရားရှင်တို့ မည်သည် စကားကို နှစ်မျိုး နှစ်ခွ ဘယ်သောအခါမှ ပြောရိုးထုံးစံမရှိပါဘူး။
.
ဗုဒ္ဓ မဟောခဲ့တာတွေကို ဟောသယောင်လိမ်လည်ပြီး ဗုဒ္ဓဘာသာရဲ့ ပြီးပြည့်စုံမှုကို မနာလိုမှုပေါင်း များစွာနဲ့ လိမ်လည် ပုတ်ခတ် ဆဲဆို နေတာတော့ မကောင်းဘူးပေါ့အကို ။

မိမိက မိမိရဲ့ မိဘ သန္ဓေကြောင့် ယုတ်ညံ့နေ သိက္ခာမဲ့နေရင်တောင် မိမိကိုးကွယ်တဲ့ဘာသာကို ယုတ်ညံ့အောင် သိက္ခာမဲ့အောင် မပြုသင့်ပါဘူးရှင် ။
.
★ ((((သောက်သဲအရမ်းယားတာပဲ ယုတ်ညံ့တဲ့အတွေးအခေါ်တွေ မုဒိန်းပြုကျင့်ခံရလို့လို့ ငါထင်တယ်။ ဘယ်လောက်အောက်တန်းကျလိုက်သလည်း မင်းစဉ်းစားကြည့်။
မရှိဆင်းရဲသားကို သတ်ကြွေးလို့တောင် ငရဲဖြစ်မယ်ပြောတဲ့သူက ဘုရား၊ရဟန်းကြွေးတော့ အင်မတန်ရှည်လျားတဲ့ နတ်ပြည်စည်းစိမ်ချမ်းသာကို ရမယ် ဖြစ်ပြန်သတဲ့။))))
.
★ ★ အရှင်ဒွေယတနိယ မထေရ်မြတ်ကို ပြောတာထင်ပါရဲ့
အသျှင်ဒွေရတနိယမထေရ်ြ¬မတ်ဟာ ရှေးဘ၀ကမုဆိုးဖြစ်ခဲ့¬ပြီး မြတ်စွာဘုရားကိုအသားတ¬စ်ကို လှူဒါန်းခဲ့ပါတယ် ။ ရဟန္တာ အရှင်မြတ်က ….

ဤအသားတစ်ကိုပေးလှု ခြင်းကြောင့် ငါ့အား (သက်ရှိသက်မဲ့ဖြစ်သော¬) ရတနာသည် ဖြစ်ပေါ်လာ၏။ လောက၌ မျက်မှောက်ချမ်းသာသို¬့ရောက်သောငှာ (သက်ရှိသက်မဲ့)ရတနာခု-နှစ်ပါးသည် ငါ့အားဖြစ်ပေါ်လာကုန်၏¬။ ငါသည်အသားတစ်ကိုပေးလှ¬ုခြင်းအစွမ်းကြောင့် ထိုရတနာအလုံးစုံတို့က¬ို ရရှိခံစား၏။ ငါ့အားနူးညံ့သောခန္ဒာက¬ိုယ်လည်းရှိ၏။ ပညာ၏ သိမ်မွေ့သောအကျိုးကို¬လည်းခံစားရ၏။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ် ကမ္ဘာအထက်၌ ငါသည်အသားတစ်ကိုးပေးလ¬ှု ခဲ့ရသောအခါမှစ၍ အပါယ်လေးပါးလားရသည်ကိ¬ုမသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် အသားတစ်ကိုပေးလှုခြင်¬း၏ အကျိုးတည်း။
.
ခုဒ္ဒကနိကယ် ၊ ထေရာပဒါန်ပါဠိတော်
.
★ ★ သူဟာ မိဘမျိုးရိုးက မုဆိုးမျိုးရိုးမို့ အမဲလိုက်ခြင်းတစ်ခုတည်းနဲ့သာ အသက်မွေး ရပါတယ်။
လူတိုင်းက မိဘမျိုးရိုး အလုပ်ကို လက်ဆင့်ကမ်းရတာကိုး ။
.
သူဟာ သားကောင်တွေကို မုန်းလို့သတ်တာလည်းမဟုတ်ဘူး ။
ရန်ညှိုးရှိလို့သတ်တာလည်းမဟုတ်ဘူး။
အညှိုးအတေးနဲ့ ဒေါသတကြီး ရက်ရက်စက်စက်သတ်တာလည်းမဟုတ်ဘူး။
မိမိတို့ရဲ့ သက်မွေးဝမ်းကျောင်းမှုအတွက် သတ်ရတယ်ဖြစ်တယ်။
ဒီလိုသတ်၇တဲ့အတွက် သူမပျော်ပိုက်ဘူး။
.
ဒါပေမယ့် တောထဲမှာ အမဲလိုက်ပြီးအပြန် ဘုရားရှင်နဲ့ တွေ့တဲ့အခိုက်မှာ ဘုရားရှင်ရဲ့ တရားတော်တွေကို နာရတဲ့အခါ သူဟာ နောင်တကြီးစွာ ရပြီး သူသတ်လာတဲ့ အသားတစ်နဲ့ တစ်ကွ သူ့အသက် သတ်မှုကိုပါ ဒီဘ၀တင် မက ဘ၀အဆက်ဆက် မသတ်မိစေဘို့ ဆုတောင်းပြီး သူ့အသက်သတ်ခြင်းကို ဘုရားရှင် ထံမှာ ထာဝရ လှူလိုက်တာပါ ။
★ ★ ဒီအပါဒါန် အရ သီလစင်ကြယ်သူ နဲ့ တန်ခိုးတော်အနန္တ ရှိတဲ့ ဘုရားရှင်တွေကို လှူဒါန်း ပူဇော်တဲ့အတွက် အကျိုးထူး ရတာကို တွေ့ရမှာပါ ။
.
★ ★ နောက်တစ်ခုက -
သူ့အသက်ကို သတ်တဲ့ ကံပြုတဲ့ လူမှာ သူသတ်စဉ်အချိန်က ပြုခဲ့တဲ့ ဇောအလိုက် ငရဲလား ၀ဋ်လား ကွဲပြားပါတယ်။
.
ငရဲကျမယ့် ကံတွေဟာ သောတပတ္တိမဂ်ရတာနဲ့ ကုစားပြီးသား ဖြစ်ပါတယ်။
သားသတ်သမားဟာ သားသတ်တဲ့ အလုပ်ကိုလုပ်ပါလိမ့်မယ် ဘုရားရှင်တွေနဲ့တွေ့လို့ တရားနာပြီး တဲ့အခါ သူတို့သတ်လာတဲ့ သားတစ်ကို လှူပါတယ် ။
.
လှူတယ်ဆိုတာဟာ သားသတ်ခြင်းကို ထာဝရ စွန့်လွှတ် လှူဒါန်းလိုက်တာပါ။
ဒီကုသိုလ် ကြောင့် ဘ၀အဆက်ဆက် ကောင်းတဲ့ဘ၀ရောက်ရပါတယ်။
.
ဒါဟာဘာကို ပြသလဲဆိုတော့ ဘုရားရှင်တွေကိုလှူတဲ့အခါ အကျိုးများတာကို ပြတာပါ ဘုရားရှင်ရဲ့တန်ခိုးတော် အနန္တ ကို မှန်းဆလို့ရတာပေါ့။
.
မိမိဘာသာက တမန်ကို ကူညီပေးလို့ ကောင်းစားသွားသူရှိပါသလား။
.
★ ★ နောက်တစ်ခု ပြောချင်တာက
အသားတစ်ကိုလှူတယ်ဆိုတာ ဘုရားကိုချက်စားဘို့ပေးတာမဟုတ်ဘူးနော်။
သူ့အသက်သတ်ခြင်းကို စွန့်တယ်လို့ ပြောတာပါ။
.
ဘုရားရှင်က မုဆိုးလှူတဲ့အသားတစ်ကို ချက်ပြုတ်စားသောက် လိုက်တယ်လို့ ပေါက်ကရတွေတော့ မတွေးမိစေနဲ့ ။
.
ကိလေသာကို ပါယ်သတ် နိုင်အောင် ကြိုးစားနေတဲ့ ရဟန်းများဟာ မိမိကိုယ်တိုင် အရသာ ရှိအောင် ချက်ပြုတ် စားသောက်လို့မရပါဘူး။
.
အယုတ် အလတ် အမြတ် မရွေး ဥပသကာ ဥပသိကာတွေ ချက်ပြုတ် လှူဒါန်းတာကိုသာ သင့်သလောက် ဘုဉ်းပေးကြ ရပါတယ်။
.........
.
★ ((((တောင်းစားတဲ့သူတို့ကတော့ အငြိမ့်သားပေါ့ကွာ။ ))))
.
★ ★ မိမိတို့ထံမှာရှိတဲ့ အကောင်းဆုံးတွေကို သံဃာစတဲ့ သာသနာ့ဝန်ထမ်း ဘုရားသားတော်တွေ ကို သက်ရှိထင်ရှား မြတ်ဘုရားနဲ့ သံဃာဂုဏ်တော်ကို ရည်စူးပြီး ရိုသေလေးမြတ်စွာ လှူတာနဲ့ ….
.
သူတောင်းစားကို ထမင်းကျန် ဟင်းကျန် စွန့်ကြဲတာကိုလည်း ရှင်တို့က မသဲကွဲဘူးပဲ ။
အေးလေ ရှင်တို့ဘာသာတွေ မှာက ခွဲမှမထားတာ သူတောင်းစားတောင်းတာ ဘုရားကျောင်းတွေ ပလီတွေမှာတောင်းတာ အတူတူပဲကိုး ။
.
★ ★ နူးတို့ဗုဒ္ဓဘာသာဝင်တွေက ကိုရင် ရဟန်း သံဃာတွေကို ကို မိမိတို့စားမယ့် အထဲက ဦးဦး ဖျားဖျား နဲ့ အကောင်းဆုံးတွေကို သဒ္ဓါတရားထက်သန်စွာ ကျေကျေနပ်နပ် နဲ့ အလုအယက် ပေးလှူကြ၇တာပါ ။
.
ဒီအလှူတွေကို ဘုဉ်းပေးတဲ့ ရဟန်းများကလည်း မိမိကို လှူဒါန်းနဲ့ အလှူရှင်များ ကုသိုလ်ရအောင် နိဗ္ဗာန်ကို တက်လှမ်းရာမှာ အထောက်အပံ့ဖြစ်အောင် သံသရာမှာ ကုသိုလ်ကံတွေ ပါသွားအောင် တရား ဘာဝနာပွားများရပါတယ်။
သီလ သမာဓိ စင်ကြယ်အောင် ပြုကြရပါတယ်။ ရဟန်းတွေ စားရတဲ့ဆွမ်း တစ်နပ်ဟာ သူတို့အတွက် တာဝန် အများကြီး ကြီးပါတယ် ။
.
★ ★ တောင်းစားတယ် ဆိုတာကတော့ 

သူတစ်ပါးအိမ်က လွှင့်ပစ်တော့မယ် ထမင်းကျန် ဟင်းကျန် အ၀တ်ဟောင်းတွေကို ညှိုးငယ်စွာ တောင်းခံတာကို ခေါ်တာပါ။
.
ရဟန်းတွေကို ဥိးထပ်ပန်ဆင်ပြီး မိမိတို့အမြတ်နိုးဆုံး ပစ္စည်း မိမိတို့တောင် မစားရက်တဲ့ ဦးဦး ဖျားဖျား အစားအသောက်တွေကို နိဗ္ဗာန်ကို ရည်မျှော်ပြီး ပေးလှူတာနဲ့
သူတောင်းစားတွေကို ပေးကမ်း စွန့်ကြဲတာနဲ့ ကွာခြားတာသိအောင်ပါ။
.
ကဲ ဒီလောက်ဆို ရပြီထင်ပါတယ် ….
.
ချမ်းမြေ့ကြပါစေရှင် …

No comments:

Post a Comment