Monday, July 10, 2017

သုတ္တံတွေရွတ်တာ သ နဲ့ တ မှားနေလို့မြန်မာ ဗုဒ္ဓဘာသာဆိုတာ အလကားတဲ့

မောင်လေး ညီမလေးတို့ရေ ….
ဒီရက်တွေမှာ အွန်လိုင်းမှာ ဆရာတော်တွေကို တုန်လှုတ်စေတဲ့ ဗုဒ္ဓဘာသာကို အဆိုးရွားဆုံး ပူးသတ်နေတဲ့ စာမျက်နှာတစ်ခုကြောင့် နူးတောင်ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။
.
★ ★ ဒီစာမျက်နှာ နာမည်က ( ကူညီ ပါရစေ ရှင် ) တဲ့ …
မတ်လ ( ၂၁ ) ရက်နေ့ကမှ စတင်ယူလိုက်တဲ့ Like Page ပါ ။
.
★ ★ စာမျက်နှာကို မိန်းမတစ်ယောက် ရင်သားဖော်ထားတဲ့ ပရိုဖိုင်ပုံတင်ထားပြီး မိန်းမ အသုံး အဆောင် ပစ္စည်း ကို အပေါ်က ကြော်ငြာပြီး သာသနာတော်အကြောင်းကို မိန်းမအသုံး အဆောင် ပစ္စည်း ကြော်ငြာရဲ့ အောက်မှာ ကပ်လျှက်တွဲတင်တာပါ။
ဘာသာခြား တစ်ယောက်ပါ ။
.
ဒါပေမယ့် ဘာသာခြားအပြင် အဖွဲ့ အစည်းတစ်ခုခုရဲ့ နောက်ခံနဲ့ တက်ညီ လက်ညီ လုပ်နေတာကို ကွန်မန့်ဝင်ရေးသူတွေကို ကြည့်ရင်သိမှာပါ။
အနောက်ကနေ အားလုံးဝန်ရံပေးဘို့ တာဝန်ပေးထားပုံရပါတယ်။
ကိုယ့်ဘာသာဝင်တွေပါ အင်တိုက်အားတိုက် ၀န်းရံနေကြတာ ပါပဲ ။
.
သူတို့ ခြေလှမ်း သုံးလှမ်း အထိ သာသနာတော်ကိုဝင်ဖျက်ပြီးပါပြီ
.
★ ★ ပထမ ခြေလှမ်းက သုတ္တံတွေရွတ်တာ သ နဲ့ စ နဲ့မှားနေလို့ မြန်မာက ဗုဒ္ဓဘာသာဆိုတာ အလကားတဲ့
★ ★ ဒုတိယ ခြေလှမ်းကတော့ ပါဠိဆိုတာ အောက်တန်းစား ဘန်းစကားပါတဲ့
★ ★ တတိယခြေလှမ်းကတော့ ဘုရားရှင်က အိန္ဒိယလူမျိုးပါတဲ့
.
★ ★ ဒီနေ့တော့ မောင်လေး ညီမလေးတို့ကို သူတို့ရဲ့ ပထမဆုံးခြေလှမ်းကို ရှင်းပေးလိုက်ပါတယ် ….
.
ပထမ ပိုစ့်ကတော့ မြန်မာက ဆရာတော်များ ဘုန်းကြီးများ နဲ့သံဃာအားလုံးရွတ်ဆိုနေတဲ့ ပါဠိက အမှားကြီးပါဆိုတဲ့ ပိုစ့်ပါပဲ ။ မှားတာကလည်း တစ်လုံးထဲပါပဲ နမော တဿ နေရာမှာ နမော Tsa ဿ ဖြစ်ရမှာတဲ့ ။
.
ဒီတစ်လုံးမှားလို့ မြန်မာက ဗုဒ္ဓဘာသာက အလကားတဲ့ ။ ကမ္ဘာမှာသာသနာပြုလို့မရဘူး ဗုဒ္ဓဘာသာ မဟုတ်ဘူး ဘယ်လောက်ရွတ်ရွတ် မှားနေလို့ အလကားပဲတဲ့ ….
.
★ ★ ဟုတ်ပါပြီရှင် …
မြန်မာမှာ ရဟန္တာ အရှင်သူမြတ်တွေ အများကြီးပေါ်ခဲ့ပါတယ် ။ ရဟန္တာ အရှင်မြတ်တွေ ကစလို့ လယ်တီဆရာတော် မင်းကွန်း ဆရာတော် မန်လည်ဆရာတော် စတာတွေကနေ လက်ရှိ သီတဂူ ဆရာတော် ပါချုပ်ဆရာတော် တွေအထိ ဒီအသံထွက်နဲ့ပဲရွတ်ကြပါတယ်။
( သ ) သံ မဟုတ်သလို ( စ ) သံလည်းမဟုတ်ပါဘူး ( Tsa ) ( သ နဲ့ စ ကြားအသံပါ)
.
အသုံးဝင်မ၀င် လက်တွေ့ သက်သေနဲ့ပြရရင် ရေဆူဆရာတော်ကြီးလည်း ဒီအသံထွက်နဲ့ပဲ ပ၇ိတ်ကြီး ( ၁၁ ) သုတ်ရွတ်တာ ရေတွေ ဗွမ်းဗွမ်းထဆူတာပဲမဟုတ်လား ယူကျူမှာ ရှိနေပါတယ်။ လက်တွေ့လည်း ကြည့်လို့ရပါတယ်။
.
★ ★ တ နဲ့ သ နဲ့ စ နဲ့မကွဲလို့ ဘာအသုံးမှမကျကြေးဆို ။
နိုင်ငံတစ်ကာက ဘာသာစုံက လူမျိုးစုံဟာ ဆုတောင် ဆုယူ ၀တ်ပြုတာ မိမိဘာသာ စကားနဲ့ပဲ ၀တ်ပြုတာပဲမဟုတ်လား။ ဒါလည်းအကျုံးမ၀င်ဘူးပေါ့ ။
သူတို့တမန်တွေဘာသာနဲ့လည်းမဟုတ် ၊ ဗုဒ္ဓဘာသာတွေဆို ပါဠိဘာသာနဲ့လည်းမဟုတ်ပါဘူး။
.
ဘယ်လိုအသံထွက်နဲ့ ရွတ်ရွတ် သုတ္တံတစ်ခုကို အစချီတာနဲ့ ဒါဟာ ဘယ်သုတ်ဆိုတာ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတွေသိပါတယ်။
နမောဆိုတာနဲ့ တသ ဖြစ်ဖြစ် စသ ဖြစ်ဖြစ် ဒီဘုရားရှိခိုးဆိုတာ ဗုဒ္ဓဘာသာမပြောနဲ့ ဘာသာခြားရှင်တောင် သိတယ်မဟုတ်လား။ အဲ့တာအဖြေပဲပေါ့ရှင်။
.
ဒီလိုပါပဲ ဗုဒ္ဓပုံတော်တွေကို ဘယ်လိုပဲ ထုလုပ် ထုလုပ် ဘယ်လိုပုံပဲရှိပါစေ ဒါဟာဗုဒ္ဓရုပ်ပွားတော်ဆို ဗုဒ္ဓဘာသာတွေမပြောနဲ့ ဘာသာခြားတွေနဲ့တစ်ကမ္ဘာလုံးက သိပါတယ်။
.
★ ★ ဘာသာခြားတွေဆိုလည်း သူတို့ရဲ့ ဥပုသ်လကို
မြန်မာမှာ … ရမ် ဇမ် လို့ အသံထွက်ပေမယ့် တစ်ကယ့် အာရဗ် တွေကတော့
ရ မ သွမ် လို့ထွက်ပါတယ်။
ဘာလို့လည်းဆိုတော့ စာလုံးပေါင်းတာကိုက ( ရေ + မင် + သွာ့ + အလစ်ဖ် + နွန်း ပေါင်းထားတာကိုး )
ဥရောပဘက်မှာကျတော့ Ramadan ရမဒမ် လို့အသံထွက်ပါတယ်။
.
အသံထွက်မှားတိုင်းသာ ဥပုသ်မဖြစ်ရင် တစ်ကမ္ဘာလုံးက မွတ်စလင်တွေ ဂွမ်းပြီပေါ့။
.
★ ★ နောက်တစ်ခုက မွတ်စလင်တွေဆုတောင်းတဲ့ စလာမ်မာလေးကွမ်း ဆိုတဲ့စကား ….
မြန်မာမွတ်တွေက စလာမ်မာလေးကွမ်း တဲ့
သူ့အသံထွက်အစစ်က အက်စလာမ်မူအာလေးကွမ်း
.
ပြန်ဖြေတော့ မြန်မာတွေက မာလေးကွမ်းစလမ် တဲ့
အသံထွက်အမှန်က ၀ါ့အာလေးကွမ်း အက်စလာမ် ၀ါရာ့ဟာမန် သူလိုင်းဟီ ၀ါဘာရာကာ့သိုး လို့ဆိုမှ မှန်တယ်လေ။
.
★ ★ ဂျွန်မာနေ့ဆိုတာထက် ယွမ်းဂျူ့မာ့အာန်း ကမှ အသံထွက်အမှန်လေ ။
အသံထွက်မှားတိုင်းသာ ဘာမှသုံးစားလို့မရရင် အာရှက မွေးစား မွတ်စလင်ဘာသာဝင်တွေ မာလေးကွမ်းစလမ် နဲ့တင် ပွဲပြတ်ပြီပေါ့။
အသံထွက်ကတစ်ခြားစိပဲလေ။
★ ★ ဒီလိုပဲ မြန်မာ ခရစ်ယန်တွေလဲ
T ကိုတွေ့တာနဲ့ ထှီ ဆိုတဲ့အသံပြေးထွက်လိုက်တာ ၀ါထှာဖာထှီ ဖြစ်သွားရောလေ
C ကိုတွေ့တာနဲ့ ခေ သံထွက်ပြီး Carry ကို ခယ်ရီ ဆိုအသံတန်း ထွက်လိုက်တော့ သွားတာပဲမဟုတ်လား ။ ဒီအသံထွက်နဲ့ ဘုရားစာရွတ်ရင် သွားပြီပေါ့ ။
.
ထားပါတော့ နိုင်ငံတိုင်းမှာ သူတို့ရဲ့နိုင်ငံ အလိုက် ဒေသရဲ့ စကား ၀ဲသံ Accent ရှိပါတယ်။
ရှမ်းသံဝဲတယ် ၊ ရခိုင်သံဝဲတယ် မွန်သံဝဲတယ် ဆိုတာတွေ တောင်ရှိတာပဲလေ။
.
ဒီလို မှားတိုင်း ပြောကြေးဆို ဥရောပကလူတွေလည်း သက္ကဋ ကို အသံ သေသေချာချာ မထွက်တတ်လို့ ဆန်စက္ကရာစ် လို့ထွက်တာပဲ မဟုတ်လား ။
.
မောင်လေးညီမလေးတို့ရေ ….
ပါဠိစာပေတွေကို ရွတ်တတ်ဘို့မဆိုထားနဲ့ အနက်အဓိပါယ်တောင်မသိပဲ နားထောင်မိရင်တောင် အကျိုးးရှိပါတယ် ။ နူးတင်ပြီးသားပါ ထပ်တင်ပေးလိုက်ပါတယ်။
.
★ ★ ★ အနက်အဓိပါယ် မသိပေမယ့် လည်း ဒီတရားတော်တွေဟာ ကောင်းသော အနှစ်သာရရှိသော တရားတော်တွေဖြစ်တယ်ဆိုတဲ့အသိနဲ့ ဓမ္မစင်္ကြာ ပရိတ်ကြီး ပဌါန်း အစရှိတဲ့ ပါဠိတွေကို ကြည်ညိုလေးစားစွာ ရွတ်ဖတ်တာဟာ နာကြား တာဟာ အကျိုးရှိသလို ကုသိုလ်တရားတွေ ဖြစ်ပွားပါတယ် ...။
.
ဘုရားရှင်ကိုကြည်ညိုတဲ့စိတ်
တရာတော်ကိုကြည်ညိုတဲ့စိတ်တွေရှိနေတဲ့အတွက်
ကောင်းသောသဘော ကောင်းသော အနှစ်သာရကို ဆောင်တယ်ဆိုတာကို သိနေတဲ့အတွက် ကြည်ညိုနေတဲ့အပြင် နှုတ်နဲ့ပါ အဓိပါယ်မသိပါပဲ ကြည်ညိုတဲ့စိတ်နဲ့ ရွတ်တဲ့အတွက် ဓမ္မပူဇာမင်္ဂလာ မြောက်ပါတယ် ... ( အဓိပါယ် သိသလောက် အကျိုးမရောက်သော်လည်း ) မွန်မြတ်တဲ့ ကုသိုလ်ထူးတွေရရှိမှာပါ ။
.
★ ★ သာဓကတွေပြပါ့မယ် ...
★ ★ ( ၁ ) လက်ရှိ ပွင့်လင်းရာသီတွေမှာ ရွတ်ဆိုကြတဲ့ အသံမစဲ မဟာ ပဌါန်းပူဇော်ပွဲတွေမှာ ဆိုရင် ... ပဌါန်းဒေသနာတော်ဟာ ကျမ်းစာအုပ်ကြီး ၅ အုပ်စာဖြစ်ပါတယ် ... ဒီ ၅အုပ်စာဆိုတာဟာ ... ဘုရားရှင် တာဝတံသာနတ်ပြည်မှာ ဟောတော်မူခဲ့တဲ့ ပဌါန်းဒေသနာတော်ကြီးရဲ့ အစွန်းထွက် မာတိကာလောက် မျှကိုသာ သျှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးမှ တပည့် ၅၀၀တို့ သူတို့ဥာဏ်နဲ့ လက်ခံနိုင်ယုံလောက် အကျဉ်းလေးသာ ဟောထားတာဖြစ်ပါတယ် ။
.
★ ★ ( ၂ ) ကသပ ဘုရားရှင်လက်ထက်တော်အခါက ကုသိုလ် အကုသိုလ် ကိုမသိကြတဲ့ အပါယ်ဘုံသား လင်းနို့သား ( ၅၀၀ ) ဟာ လှိုဏ်ဂူကြီးတစ်ခုတွင်းမှာနေကြပါတယ် ... တစ်နေ့မှာ တောရဆောက်တည် တဲ့ ရဟန်းတော် တစ်ပါးဟာ ဒီလှိုဏ်ဂူထဲ လာရောက်တရားကျင့်ရင်း အဘိဓမ္မာေးသနာတော် ကို နေ့စဉ် ရွတ်ဆိုပါတယ် ။
.
ဒီလင်းနို့သာ ( ၅၀၀ ) ဟာ တရားတော်ကိုကြားရတဲ့အခါ စိတ်ကြည်လင်ရပါတယ် ကြည်ညိုတယ် ဆိုရမှာပေါ့ ဒီရဟန်း ဒေသနာတော် ရွတ်ဆိုချိန်တွေမှာ တိတ်ဆိတ်ပြီး ကြည်ညိုနားထောင်နေခဲ့ ပါတယ် ။
.
ကောင်းကျိုး ဆိုးပစ်တွေကိုမသိပဲ ကြည်ညိုတဲ့အတွက် ဥာဏ၀ိပ္ပယုတ် ( ဥာဏ်မပါတဲ့ ) ကုသိုလ်စိတ်ပါ ... ။
.
လင်းနို့သား ၅၀၀ ဟာ စုတေတဲ့အခါ ဒီကြည်ညိုစိတ် ပီတိကြောင့် တာဝတံသာ နတ်ပြည်မှာဖြစ်ကြရ ပါတယ် ။
.
ဒီလိုနဲ့ လင်းနို့သား ( ၅၀၀ ) ဟာ ဂေါတမ ဘုရားရှင် လက်ထက်တော် ရောက်တဲ့အခါ သျှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ တပည့်သား ( ၅၀၀ ) ဖြစ်လာပြီး ... မိမိတို့အတိတ်ဘ၀က နာယူဖူးတဲ့ ပဌါန်းဒေသနာတော်ကြီး နဲ့ အဘိဓမ္မာဒေသနာတော်ကြီး တို့ရဲ့အရသာကို ဦးစွာနာယူကာ ပြည့်ဝစွာ ခံစားကြ ပါတော့တယ် ။
.
★ ★ ( ၃ ) တရံရောအခါ ရဟန်းတစ်ပါးဟာ သစ်တောတစ်ခုတွင်းက ရေအိုင်အနီးမှာ တရားစာ ရွတ်ဖတ်နေ ပါတယ် ... ဒီတရားသံကိုကြားတဲ့အခါ ဖားလေးတစ်ကောင်က ရေအိုင်ပေါ်တက်လာပြီး တရားသံကို နှစ်ခြိုက်စွာ နားထောင်နေ ပါတယ် ..
.
ဒီအချိန်မှာ နွားကျောင်းသားတစ်ယောက်လည်း ရောက်လာပြီး တရားသံကိုကြားတဲ့အခါ နွားရိုက်တဲ့ တုတ်ကို အမှတ်တမဲ့ ဖားရဲ့ကျောကုန်းပေါ်ထောက်ပြီး တရားကို နှစ်ချြိုက်လာစွာနားထောင်ပါတယ် ...
.
ကျောကုန်းမှာ တုတ်ထောက် ခံရတဲ့ ဖားလေးဟာ အဲ့ဒီနေရာမှာပဲ တုတ်စိုက်မိလို့အသက်ပျောက်ပြီး တရားသံကို နှစ်သက်ကြည်ညို မိတဲ့စေတနာကြောင့် တာဝတံသာ နတ်ပြည်ကိုရောက်ရှိပြီး မဏ္ဍုက ဒေ၀ပုတ္တ ( ဖားနတ်သား ) အဖြစ် တခမ်းတနား တန်ခိုးထွားခဲ့ပါတယ်။
.
★ ★ ( ၄ ) ဘုရားရှင်လက်ထက်တော် အခါက
ဂန္ဓာရတိုင်း ဘုရင်ပုက္ကုသာတိ ရယ် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရ ရယ်တို့ဟာ မိတ်ဆွေတွေပေါ့
တစ်နေ့မှာ ဘုရင် ဗိမ္ဗိသာရ က ကုန်သည် အကြုံနဲ့ သူ့သူငယ်ချင်း ပုက္ကုသာတိ မင်းထံကို ...
ရောင်း ရင်းရေ ရှေးဗျာဒိတ် တော်တွေအတိုင်း လောကမှာ ဘုရားရှင် ဆိုတာ ကျုပ် တို့ဒေသမှာ ပွင့်တော်မူပြီ ဘုရားရှင် ရဲ့ခြေအစုံတော် ကို ဖူးခွင့်ရပြီ ဆိုတဲ့ အကြောင်း အကြုံပါးလိုက်တာပေါ့ ..။
.
ဒီအခါမှာ ပုက္ကုသာတိမင်း ဟာ ဘုရားရှင်ဆိုတဲ့ အသံကို ကြားတဲ့ တစ်ခနမှာပဲ ဘ၀များစွာ က ဖြည့်ဆည်း ခဲ့တဲ့ ပါရမီအရှိန်အဟုန် ကြောင့် နှစ်သိမ့်ခြင်း ပီတိ နှင့်အတူ နိဝရဏဆိတ်ခြင်းကို ဖြစ်ပေါ်လာခဲ့ပါတယ်။
.
သုခလည်းမဟုတ် ချမ်းသာကို လွန်မြောက်ကာ ဝေဒနာသာရှိသော စတုတ္တဈာန် ကို ရရှိ လာခဲ့တယ်တဲ့။
.
ဝမ်းမြောက်သော ပီတိအဟုန်နဲ့ ဥပက္ခာစိတ်တို့ ဖြစ်ပေါ်လာပြီး၊ လူတို့နှင့် အတွေ့မခံတော့ စကား မပြောတော့ ပဲဘုရား ရှင်ကို ရည်မှန်း၍သာ နေနေပါတော့တယ်တဲ့ ..။
.
ပုက္ကုသာတိဘုရင်ကြီးကဲ့သို့ အသံကြားကြားခြင်း၊ ဉာဏ်အလင်းပေါက် သွားသူ တွေလောကမှာရှိခဲ့ပါတယ် ...။
.
ဘာမှန်းမသိပါပဲ အသံကြားယုံမျှဖြင့် ဥာဏ်အလင်းပေါက်သူ တွေအများကြီးရှိခဲ့ပါတယ် ( ပူက္ကုသာတိမင်းကြီးရဲ့ သနားစရာ အကြောင်းကိုလဲ တင်ပေးပါ့မယ် )
.
အပေါ်မှာပေးခဲ့တဲ့ ဥပမာတွေကတော့ အဓိပါယ်မသိပဲ မိမိကိုယ်တိုင်ရွတ်ဆိုတာတောင်မဟုတ်သေးပါဘူး ကြားယုံနဲ့ အပါယ်ဘုံသားတွေတောင် ကုသိုလ်အကျိုးဖြစ်စေတဲ့ သာဓကတွေထဲက အနည်းငယ်ပါ ..
.
★ ★ အဓိပါယ်မသိပဲ ရွတ်ဆိုပြီးအကျိုးများတာတွေရေတွက်ပြရမယ်ဆိုရင်ဖြင့် ...
.
★ ★ ( က ) ပရိတ်ကြီးတစ်ဆယ့် တစ်သုတ် အဓိပါယ်မသိပဲ မှန်မှန်ရွတ်ဆိုလို့ သေဘေးမှလွတ်ခဲ့ပုံ
★ ★ ( ခ ) ပါဠိဂါထာတစ်ခုကို အကြိမ်များစွာရွတ်ဆိုခဲ့လို့ ထောင်ကျမယ့်ဘေးမှလွတ်ခဲ့ရပုံ ရန်သူသတ်မယ့်ဘေးမှလွတ်ခဲ့ရပုံ
★ ★ ( ဂ ) ပဌါန်း ( ၂၄ ) ပစ္စည်း ကိုမှန်မှန်ရွတ်ဆိုခဲ့တဲ့အတွက် အရှိန်ပြင်းပြင်မောင်နှင်တဲ့ကား မှောက်စဉ် ကားပေါ်မှ လွင့်စင်ကျပြီး အသက်အန္တရာယ် လွတ်မြောက်ခဲ့ပုံ
စသည် သာဓကတွေသာထုတ်နှုတ်ပြရမယ်ဆိုရင်ဖြင့်
★ ★ ★ ဇာတ်ဝတ္တုသာဓကမှာ ကျောင်းတိုင်းတွင် ကိုးကြောင်းရေးဆယ်ကြောင်းရေး
စာတိုက်ချင်းယှက်ထွေး၍ မကွေးသာ မဆန့်သာ
ပေါများလှပါပေတော့သည် ....
.
ဆိုတဲ့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ စကားအတိုင်းကုန်နိုင်ဖွယ်မရှိ ပေါများလှပါဘိလို့ဆိုရပေတော့မည်။
.
★ ★ ဒီတော့ ဘာသာခြားပင်ဖြစ်ပါစေ ... တစ်လောကလုံး သတ်မှတ်ထားတာသိတာက ဗုဒ္ဓသည် ... အနှိုင်းမဲ့မေတ္တာရှင်ဖြစ်သည် ... ဗုဒ္ဓတရားများသည် အေးချမ်းသိမ်မွေ့ခြင်းသဘောကို ဆောင်သည် ဆိုတာကို .... သိနေတဲ့အတွက် ...
.
မိရိုးဖလာ ဘာသာဝင်ကိုမဆိုထားနဲ့ ... တစ်ခြားဘာသာဝင်တွေတောင် ... လူကောင်း တစ်ယောက်ဖြစ်တယ် ဆိုတဲ့ ... ကြည်ညိုတဲ့စိတ်ထားနဲ့ .. ဘုရားစကား ပါဠိတော်များကို ရွတ်ဆိုပွားများ ရင် အကျိုးများပါတယ်ဆိုတာ သိထားပြီး များများကြီး ရွတ်ဆိုပွားများးဘို့ တိုက်တွန်း ပါတယ်။
.
အဓိပါယ်သိပြီးရွတ်ဆိုလျှင်တော့ တုနှိုင်းမရတဲ့အကျိုးဖြစ်ထွန်ပါလိမ့်မယ်လို့ပြောပါရစေ ...။
ပြီးတော့ ဗုဒ္ဓဘာသာဆိုတာ ကျင့်ကြံမှုကို အဓိက ထားတဲ့ ဘာသာပါ။
.
★ ★ မိန်းမအသုံးအဆောင်ပစ္စည်းကိုကြော်ငြာပြီး အောက်က ဘုရားစာ ဗွီဒီအိုဖိုင်ကို ယူကျုကနေဒေါင်းပြီး အဲ့ဗွီဒီအိုဖိုင်ရဲ့ရှေ့မှာ ရင်သားဖော်ထားတဲ့ မိန်းမပုံနဲ့ မိန်းမ အသုံးအဆောင်ကို ကြော်ငြာပြီး
.
နောက်က ဘုရားပုံ ဘုန်းကြီးပုံ နောက်ဆုံး ဖားအောက် ဆရာတော်ကြီး တရားဟောနေတာ ကိုပါ တင်ထားတာကို မိမိဘာသာဝင် ရဟန်းရှင်လူတွေကပါ ၀မ်းသာအားရ၀င်ပြီး Like လုပ်နေကြ သာဓုခေါ်နေကြတာ မြင်ရတာ ရင်နာလှတယ်။
ဗုဒ္ဓဘာသာက တင်တာလား ဘာသာခြားက သာသနာဖျက်နေတာလား ဆိုတာတောင် မသိရလောက်အောင် မောင်လေး ညီမလေး တို့မှာ အမှောင်ဖုံးနေကြပြီလား သာသနာတွေ ကွယ်နေကြပြီလားဟင်။
.
ချမ်းမြေ့ကြပါစေရှင်။

No comments:

Post a Comment