Tuesday, July 11, 2017

ဘုန်းကြီးကို ဘုရားလို့ခေါ်တယ် ဘုန်းကြီးကိုဆဲတာ ဘုရားကိုဆဲတာလား

ဘာသာခြားတစ်ယောက် အမေးပါ
.
★ SawSaw Eh
.
လာကြပါ အလင်းလိုတယ်
ဘုန်းကြီးကို ဘုရားလို့ခေါ်တယ် 
ဘုန်းကြီးဆဲတာ ဘုရားဆဲတာပဲလား
ဘုရားနဲ့ တရားပြသူရော သေသေချာချာကွဲပါရဲ့လား မသိပါဘူးအေ
ဗုဒ္ဓအပေါင်းတို့ အနူးညံ့ဆုံးအဖြေကိုစောင့်နေပါတယ်
ဖြေပေးကြ ဗုဒ္ဓက မေတ္တာလမ်းစဉ်ဆိုတော့ ကြည့်ကြသေးတာပေါ့ 
မေတ္တာလေးတေ လာကြလာကြ …
.
★ ★ ယေရှုနဲ့ ခရစ်တွေက ထာဝရဘုရားကို My Lord လို့ခေါ်တယ်။ 
အင်္ဂလန် အမေရိကန်ကန် တွေမှာ ဟိုခေတ်က ဘုရင်တွေကို My Lord , My God လို့ခေါ်ကြတယ်။ 
.
ဘုရင့်သားတွေ အမတ်တွေ စစ်ဦးစီးချုပ်တွေ ကိုလည်း My Lord လို့ခေါ်ကြတယ် ။
.
ယေရှုက်ုလည်း My Lord လို့ခေါ်ကြတယ်။
ခုထိလည်း ပုတ်ရဟန်းမင်းကြီးစတာတွေကို My Lord လို့ခေါ်ကြတုန်းပဲ ။ 
ဒီတော့ ဘုရင်တွေ စစ်ဘီလူးတွေ မင်းတိုင်ပင်ခံ အမတ်တွေ ကို ပြည်သူတွေက ခနခနဆဲတယ်။ 
.
အဲ့တာ ထာဝရကြီးကို ဆဲတာပဲလား။ 
ထာဝရနဲ့ ဖန်ဆင်းခံကို သေသေချာချာကွဲကွဲပြားပြားမသိလို့လား။ 
ကဲ ပိုစ့်တင်တဲ့ လူ ဖြေကြည့်ပါ။
.
★ ★ ဆိုလိုတာက လမ်းဘေးက ဈေးရောင်းတဲ့ အမယ်အိုတစ်ယောက် ကို အမေ ဒါဘယ်လောက်လဲ သူတောင်စား အမယ်အို တစ်ယောက်ကို အမေရော့ လို့ဆိုပြီး ငွေလှူတာ 
အမေလို့ ခေါ်မိလို့ မွေးသမိခင်ဖြစ်စရာလား
.
ဘယ်လိုပင်နိမ့်ကျပေမယ့် မိခင်အရွယ်မို့ မိခင်လို သတ်မှတ်ပါတယ် ရိုသေပါတယ်ဆိုတဲ့ မိမိရဲ့ယဉ်ကျေးမှု သိမ်မွေ့မှုနဲ့ လူသားဆန်မှုကို ပြတာပါ ။
.
★ ★ ဒီလိုပဲ ဘုန်းကြီးတွေကို ဘုရားထူးတာ ဟာ သံဃာက ဘုရားရှင်ရဲ့ သားတော် ဘုရားရှင်ရဲ့ သာသနာတော် ရဲ့ တာဝန်ကို ထမ်းနေတဲ့ ဘုရားရှင်ရဲ့ ပုံရိပ်တွေကို ဖော်ဆောင်ပြ နေသူတွေဖြစ်လို့ ဘုရားလို့ထူးတာပါ ။
.
ဘုန်းကြီးကို အမေအရွယ်တွေကို ရိုင်းစိုင်းစွာဆဲနေသူတွေ ပြီးတော့ ရှင့်လို နိမ့်ကျတဲ့ သန္ဓေဆိုးနဲ့ သူဖာသူ အကုသိုလ်ယူပြီးဘုန်းကြီးကို ဆဲနေသူတွေကို ဘုရားကိုဆဲတာလို့ ပြောချင်သူတွေ ကတော့ သူတို့ရဲ့ ရိုင်းပြယုတ်ညံ့တဲ့ မိဘတွေနဲ့ သူတို့ရဲ့ သန္ဓေယုတ်မှုတွေကို လူကြားထဲ ချပြနေတာလို့ပဲ မြင်ပါတယ်။
.
★ ★ နောက်ဥပမာတစ်ခုပြောရရင် ရှင့်အဖေ ရှင့် ယောက်ျား ကလည်း ရှင့်ကို ရှင့်အမေကို မိန်းမရေလို့ ခေါ်တယ် ။
.
လမ်းထဲက အရက်သမားကလည်း သူ့မိန်းမကို မိန်းမရေလို့ခေါ်တယ်။
လမ်း၇ိုးက သူတောင်းစားကလည်း သူ့မိန်းမကို မိန်းမရေလို့ခေါ်တယ်။
မိန်းမရေလို့ ခေါ်တာတူလို့ မင်းအမေက မင်းက အရက်သမား သူတောင်းစား မယား မဟုတ် ဘူးရယ် ။
.
အရက်သမားသူ့မိန်းမ သူဆဲတာ မင့်ကို မင်းအမေကို ဆဲတာလား
မိန်းမရေလို့ ခေါ်တိုင်း မိန်းမဖြစ်ရကြေးဆို မင်းကိုလည်း မင်းယောက်ျားက မိန်းမလို့ခေါ်လို့ မင်းအဖေက မင်းကို လာပြီး သံဝါသပြုလို့ရလား 
မင်းယောက်ျားကလည်း မင်းအမေကို မိန်းမလို့ခေါ်တာချင်းတူလို့ သံဝါသပြုလို့ ရမလား ဖြေကြည့် ပါလားရှင်။
.
ဒီတော့ ဘုရားလို့ ထူးတဲ့ ဘုန်းကြီးကို ဆဲတိုင်း ဘုရားရှင်ကို ဆဲတာ ဖြစ်ကြေးလား ဆိုတာ ထမင်းစားတဲ့ ဥဏှောက်လေးနဲ့ စဉ်းစားပါလို့ ပြောပါရစေရှင် ။
.
ချမ်းမြေ့ကြပါစေရှင် ….

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. မိဖမသင်ခဲ့လို့ဆိုရင်ကော
    ကလိယုဂ်ခေတ်မှာမသူတော်တွေကိုပူဇော်နေပြီး
    သူတော်ကောင်းတွေကိုပြစ်မှားနေကြပုံ
    ကောသလအိပ်မက်ထက်ဆိုးပုံတွေကိုကြည့်ပါ
    https://youtu.be/E5_6WsbO1IQ
    https://youtu.be/lqH_h4GpUX4

    ReplyDelete