Tuesday, July 11, 2017

ဓမ္မကာယကျောင်း အကြောင်း တစေ့တစောင်း

ဓမ္မကာယ ဘုရားရဲ့ ပိုင်ရှင်က မယ်သီလရှင်တစ်ပါးပါ
ဓမ္မကာယရဲ့ အစက ဓမ္မကာယ တရားစခန်းကစတာပါ ၊
.
ဓမ္မကာယတရားစခန်းကို တည်ထောင်သူက Luang Pu Sodh Candasaro ဆိုတဲ့ ဘုန်းတော်ကြီးဖြစ်ပြီး သူဟာ ဒီတရားစခန်းကို September 1916 သီတင်းကျွတ်လပြည့်နေ့ မှာ Botbon ဘုရားဝင်းထဲက သူ့ကျောင်းမှာ စတင် ဖွင့်ခဲ့ပါတယ် ။ (Bangkuvieng, Nonthaburi ) ဒေသမှာ ရှိပါတယ်။
.
တရားစခန်းရဲ့ နာမည်ကိုက ဘုရားရှင်ရဲ့ ( တရား ဓမ္မ အင်အား အားလုံးစုစည်းတဲ့နေရာ ) အဆုံးအမများ စုစည်းရာ အလယ်အလတ် လမ်းစဉ် ကျင့်ကြံသူများရဲ့ တရားစခန်းလို့ အမည် ရပါတယ် ။
.
မယ်သီ စန္ဒာ ကို နခွန်ပထုန် ဒေသမှာ ( ၁၉၀၉ ) ခုနှစ် ဇန္ဒ၀ါရီလ ( ၂၀ ) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ် ။ လယ်သမားမျိုးရိုးဖြစ်ပြီး စာမတတ်ခဲ့ပါဘူး။ သူ့ဖခင်က သူ့ကို အတော်ချစ်ခဲ့ပါတယ်။
.
သူ့အသက် ( ၁၂ ) နှစ် တစ်ရက်မှာ သူ့ဖခင်မူးပြီးပြန်လာတဲ့ အခါ သူ့မိခင်နဲ့ရန်ဖြစ်တိုင်း သူ့မိခင်ဆဲသလို သူ့ဖခင်ကိုသူဆဲခဲ့ပါတယ်။ သူ့ဖခင်ဟာ သူ့ကိုကျိန်ဆဲပြီး သေသွားခဲ့ ပါတယ်တဲ့ သူ့ဖခင်ဆီက ခွင့်လွှတ်မှုကို မရလိုက်ပါဘူးတဲ့
ဒီအတွက် သူ့တစ်ဘ၀လုံး သေသွားတဲ့ ဖခင်ကို တမလွန်မှာ တွေ့ပြီး ခွင့်လွှတ်ဖို့ ပြောဘို့ နည်းလမ်းရှာဖွေနေခဲ့ပါတယ်တဲ့ ။
.
သူမ ၁၈ နှစ်အရွယ် ( ၁၉၂၇ ) မှာတော့ Thonburi ခရိုင်က တရားစခန်းမှာ တရားထိုင်ရင် သေပြီးသူတွေနဲ့ ဆက်သွယ်လို့ရတယ်လို့ကြားခဲ့ပါတယ်တဲ့ ။
.
နောက်ထပ် ၈နှစ်လောက်အကြား အသက် ( ၂၅ ) နှစ်မှာ ဘန်ကောက်ကို တက်လာပြီး ပထမ သူ့အဒေါ်အိမ်မှာနေတယ် ။ နောက်တော့ ဓမ္မကာယ တရားစခန်းကို ချည်းကပ် ချင်လို့ တရားပြဆရာတော်ရဲ့ လက်ထောက် တရားပြဆရာမ တရားလာလာပြတဲ့ အိမ်မှာ အိမ်ဖော်လုပ်ခဲ့ပါတယ် သူ့သခင်ဆီကို တရားပြဆရာမ တရားလာလာပြတယ် ၊ သူလည်း လိုက်ကျင့်ခဲ့တယ် ။
.
ဒီလိုနဲ့ သူဟာ တရားပြကို မသိတာလေးတွေ မေးရင်းစမ်းရင်းနဲ့ ကွယ်လွန်သူ သူ့အဖေနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ပြောပါတယ်။ ဆိုလိုတာက ဓမ္မကာယက သူ့ကိုယ်ထဲ ၀င်သွားပြီပေါ့။
.
ဒါနဲ့ တရားပြဆရာမ Ajan Thongsuk Samdaengpa ကသူ့ကို ဓမ္မကာယ ဆရာတော် Luang Pu Sodh Candasaro သီတင်းသုံးနေတဲ့ Paknam ဘုရားကို ခေါ်သွားခဲ့ပါတယ်။ သူမအသက် ( ၂၉ ) နှစ်ပေါ့။
.
ဆရာတော်ဟာ သူနဲ့ ဆုံပြီး တစ်လအကြာမှာ မင်းငါ့ဆီကို ဘာလို့နောက်ကျမှ ရောက်လာ ရတာလဲ မင်းလာတာ နောက်တောင်ကျနေပြီလို့ မိန့်ခဲ့ပါတယ်။
.
ဆရာတော်က သူမကို ဘာစစ်ဆေးမှု ဘာတရား အဆင့်မှ မစစ်ဆေးပဲ သူတို့ ဓမ္မကာယ ရဲ့ အမြင့်ဆုံးတရားပြဆရာတွေ အဖွဲ့ထဲခေါ်ပြီး တရားပြ ဆရာ ရာထူး ကို တန်းပေးခဲ့ ပါတယ်။
.
ဘယ်သူမှသဘောမကျကြပါဘူး အဲ့ဒိအချိန်အထိ သူမမှာ တရားထိုင်တာ ဘာညာ စတာတွေ သင်နိုင်တဲ့ အဆင့်ဆင့် နည်းလမ်းတွေလည်းမသိသေးပါဘူး ။ ပိုဆိုးတာက သူမစာမတတ်ပါဘူး ။
.
ဒါကြောင့်သူဟာ တစ်လအတွင်း အထူးလေ့ကျင့်မှုတွေကို သင်ရပါမယ် ။ သူဟာ သီလရင် ဘ၀ပြောင်းပြီး တရားစကျင့်ပါတယ် ။ သူ့သခင်မရဲ့ တရားပြဆရာမလည်း သူနဲ့ တစ်နေ့ ထဲ သီလရင် ဘ၀ကိုပြောင်းခဲ့ပါတယ် ။
.
တစ်လအတွင်းမှာပဲ ဆရာတော်က သူမကို အမြင့်ဆုံး အတော်ဆုံး နေရာကိုပေးခဲ့ပြီး သူ့ကို အဘိဉာဉ်ရ ရဟန္တာ ဖြစ်ပြီလို့ ပြောခဲ့ ပါတယ်တဲ့ ။
ဘာလို့လဲဆိုရင် သူဟာ သေသူတွေနဲ့ ဆက်သွယ်လို့ရလို့ပါတဲ့ ။
.
အဲ့ဒိအချိန်ကစပြီး ဓမ္မကာယဟာ ဆရာလေး မယ်စန္ဒာကြောင့် နာမည်အလွန်ထက် ပိုင်္ပြး ကြီးလာခဲ့ပါတယ်။ ဆရာလေးဟာ သေသူတွေနဲ့ဆက်သွယ်လို့ရတယ်လို့ နာမည် အလွန်ကြီး လာပါတော့တယ်။
.
( ၁၉၅၉ ) ခု မယ်စန္ဒာ အသက် ( ၅၀ ) မှာ ဆရာတော် Luang Pu ပျံလွန်တော်မူပါတယ်။ သူ့နေရာဆက်ခံတဲ့ ။ အရင် သူ့သခင်မရဲ့ တရားပြဆရာမ Ajan Thongsuk လည်း သားအိမ်ကင်ဆာဖြစ်ပြီး မကြာခင်မှာပဲ ကွယ်လွန်ပါတယ်။
သူတို့ရဲ့ဈာပနတွေကို မယ်စန္ဒာကပဲ ခမ်းခမ်းနားနားပြုပေးခဲ့ပါတယ်။
.
သူတို့လွန်ပြီးနောက်မှာ မယ်စန္ဒာက ဓမ္မကာယကို ပထမနေရာတွေကနေခွဲထွက်ပြီး မိမိအိမ်ရှိတဲ့ နေရာမှာပဲ အသစ်တဖန် ထပ်မံမွေးဖွားလိုက်ပါတယ်။ သူ့ရဲ့ပရိတ်သတ် တွေက နေ့ချင်းညချင်းပဲ သူ့အိမ်ကိုတရားစခန်းကြီးဖြစ်အောင်ပြုပေးလိုက်ပါတယ်။
.
မယ်စန္ဒာဟာ တက္ကသိုလ်တက်နေတဲ့ ခလေးတွေကို ကျောင်းပြီးတာနဲ့ ရဟန်းခံပေး သီလရင်ဝတ်ပေးပြီး သူ့တရားစခန်းကိုအားဖြည့်ပါတယ်။
.
သူ့ရဲ့ပထမဆုံး တက္ကသိုလ်ကျောင်းသားကတော့ ( ၁၉၆၉ ) သူ့အသက် ( ၆၀ ) မှာ တက္ကသိုလ်ကျောင်းသားလေးကနေ ရဟန်းခံပြီး သူ့တရားစခန်းကိုဝင်လာတဲ့ Luang Por Dhammajayo ပါ လက်ရှိ ဓမ္မကာယကျောင်းတော်ကြီးရဲ့ ဆရာတော်ပေါ့ ။
( ၁၉၄၄ ဧပြီ ၂၂ မှာ မွေးပါတယ် )
.
သူက စာမတတ်တော့ ဒီကျောင်းသားလေးရဲ့အကူအညီနဲ့ တရားစခန်းဟာ နေ့ချင်း ညချင်း လျှင်မြန်စွာ တိုးတက် လာပါတယ်။
( အဲ့ဒိခေတ်ကလည်း တစ်ရွာလုံးနေလို့ အထက်တန်း မပြောနဲ့ အလယ်တန်း အောင်တဲ့သူတစ် ယောက်မရှိဘူးလေ ၊ တက္ကသိုလ်ကျောင်းသားက သူ့ဘ၀ကို စွန်တယ် ဆိုတော ထိုင်းနိုင်ငံတစ်ခုလုံး ကို လှုတ်ခတ်စေတာပေါ့ ၊ တက္ကသိုလ်ကျောင်းသားဆိုတာ အတော်ရှားပါးပစ္စည်း ကိုး )
.
ကျောင်းသားတွေကလည်း တစ်စုပြီးတစ်စု အများကြီး ၀င်လာကြတယ် ။ လူတွေမင်းဆွေမင်းမျိုး အရာရှိကြီးတွေလည်း တရားစခန်းမှာ လျှံလာကြတာပေါ့။ သူတို့နေနေတဲ့ ဘုရားကျောင်းဝင်းထဲမှာ ဘယ်လိုမှ မလုံလောက် တော့ဘူး။
.
ဒီတော့ တရားစခန်းအသစ် တစ်နေရာရာမှာပြုဘို့ စီစဉ်ရပါတော့တယ်။ ဒီလိုနဲ့ ဘုရင့် ဆွေတော်မျိုးတော်ရဲ့ သမီးတော်တစ်ပါးက သူမကို ဧက ( ၈၀ ) လယ်မြေတွေ လှူခဲ့ပါတော့တယ်။
.
ဒီလိုနဲ့ ( ၁၉၇၀ ) ခုနှစ် တပေါင်းလပြည့်နေ့မှာ ဧက ( ၈၀ ) လယ်မြေကို စတင်ရှင်းလင်းပြီး တရားစခန်းနဲ့ ဘုရားစတည်ခဲ့ပါတယ်။
အလှူငွေတွေနဲ့ ဘဏ္ဏာရေးကိစ္စတွေကို မယ်စန္ဒာနဲ့ Luang Por Dhammajayo ကပဲ ထိန်းချုပ်ပါတယ်။
ဆောက်လုပ်ရေးကိစ္စတွေကိုတော့ Luang Por Dattajivo, ရဟန်းက ဦးစီးပါတယ်။
.
( ၁၉၈၀ ကနေ ၁၉၉၀ ) အတွင်းမှာ စေတီဟာ တဖြေဖြေး ကြီးမားလာပြီး ထိုင်းနိုင်ငံမှာ အကြီးဆုံး စေတီဖြစ်လာပါတယ်။
စေတီနာမည်ကိုတော့ သူမရဲ့ မူရင်းတရားစခန်းနာမည်ဖြစ်တဲ့ ဓမ္မကာယလို့ နာမည် ပေးလိုက် ပါတယ်
.
ဒီအချိန်အားလုံးမှာ မယ်စန္ဒာရဲ့ လက်ရုံးလည်းဖြစ်ပြီး အရာအားလုံးကို စီစဉ်ခဲ့သူက ရဟန်း Luang Por Dhammajayo ပါ ၊ သူမရှိပဲ ဘယ်လိုမှ ဒီလိုပရိတ်သတ် အဆောက်အဦး နဲ့ ဒီလို အခြေအနေ ဖြစ်မလာပါဘူး။ ( ၁၉၈၀ ) လွန်ပိုင်းတွေမှာ ဘုရင်မကြီး သီရိခေတ်ရဲ့ ဖောင်ဒေးရှင်း ကလည်း ပံ့ပိုးခဲ့ပါတယ်။
.
ဆရာကြီးမယ်စန္ဒာဟာ သူ့ရဲ့နောက်ဆုံးနေ့တွေတိုင်အောင် ဘုရားတည်တဲ့ ကိစ္စမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။
.
တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်တွေဟာ အခါကြီးရက်ကြီးတွေမှာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာအဆောက်အအုံ ရှိတဲ့ ထိုင်းမှာလာစုဝေးကြဘို့ ရည်ရွယ်တာပါ။
.
သူမဟာ( ၂၀၀၀) ခုနှစ် စက်တင်ဘာ ( ၁၀ ) ရက်နေ့မှာ အေးချမ်းစွာ ကွယ်လွန်ပါတယ်။
.
သူ့ရဲ့ဈာပနကို ( ၂၀၀၂ ) ခုနှစ် ဖေဖော်ဝါရီလ ( ၃ ) ရက်နေ့မှာ ကျင်းပပြီး ထိုင်း တစ်နိုင်ငံ လုံးမှာ ရှိတဲ့ ကျောင်းပေါင်း ( ၃၀၀၀ ) ကျော်က ရဟန်းပေါင်း တစ်သိန်း ကျော် လာရောက်ပြီး သူ့ကို နောက်ဆုံး နှုတ်ဆက် ဂါရ၀ပြု ကြပါတယ်။
.
( ၂၀၀၃ ) ခုနှစ်မှာတော့ ဓမ္မကာယ ကျောင်းမှာ သီလရှင် မယ်စန္ဒာ ( Mae Ji Chandra ) အတွက် အထိမ်း အမှတ် အဆောက် အအုံတစ်ခု ဆောက်လုပ်ခဲ့ ပါတယ်။
.
နာမည်ကိုတော့ Mahavihara Khun Yai Ajan Mahā-ratana Upāsika Chandra Khonnokyoong ( မဟာဝိဟာရ မိခင်ကြီး အရှင် မဟာ ရတနာ ဥပသိကာ ဒေါ် စန္ဒာ ) ပါတဲ့ ။
.
ဒီအဆောက်အအုံက ပြတိုက်လည်းဖြစ်ပါတယ် ။ ဒီအဆောက်အအုံထဲမှာ သီလရှင် ဒေါ်စန္ဒာရဲ့ သက်ရှိထင်ရှား ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ရုပ်ပွားတော်ကို ထုလုပ်ပူဇော် ထားပါတယ်။
.
အခုတော့ ဓမ္မကကာယက ဧက တစ်ထောင်ကျော်ကျယ်တယ်လို့ပြောကြပါတယ်။
လယ်မြေတွေကို ဈေးကြီးပေးဝယ်ပြီး ကျောင်းဆောက်ထားလို့ပဲ ဖြစ်တာလား ။ အရင်က ရှိတဲ့ ဧက ( ၈၀ ) ပဲ ပြန်ပေးချင်တာလား ။ မသိပါဘူး ။
.
နူးထိုင်းမှာရှိစဉ်အချိန် ( ၂၀၀၁ ) ခုနှစ်တုန်းဆီက မအားချိ ဆိုတဲ့ အမတစ်ယောက်ရဲ့ အကူ အညီ နဲ့ ၀ပ်ဓမ္မကိုင်ရ် ကိုရောက်ခဲ့ပါတယ် ။
.
( ရွှေအစစ်နဲ့ အနူးညံ့ဆုံးယက်ထားတဲ့ သင်္ကန်းလွှမ်းထားတဲ့ ) သီလရှင် ဒေါ်စန္ဒာရဲ့ ရုပ်ကလာပ်တော်ကို ဖူးခဲ့ရပါတယ်။
.
ဓမ္မကာယ စေတီမှာ အောက်ခြေကစလို့ အထက် စိန်းဖူးတော်အထိ ပတ်လည် တန်းစီပြီး အဆင့်ဆင့်ထည့် ပူဇော်ထားတဲ့ လောကမှာ ပွင့်ပြီးသားဘုရားတွေ အားလုံး တစ်ပါးချင်း စီကို ရည်စူးထားတဲ့ သိန်းချီတဲ့ ဘုရားတွေထဲက တစ်ဆူကတော့ နူးလှူထားတဲ့ ဘုရား လေးပေါ့ ။
.
ကောင်းသော ရည်ရွယ်ချက်နဲ့ သိမ်းပိုက်တာပဲဖြစ်ပါစေ ။
သာသနာတော်ကို မြေလှန်တာ ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ လျှင်မြန်စွာ သာသနာတော်ရောင်ဝါ မှေးမှိန်သွား မှုအတွက် အထူးပဲ စိတ်မကောင်း ဖြစ်မိပါတယ် လို့ပဲပြောပါရစေ။
.
ချမ်းမြေ့ကြပါစေရှင် ….
.

No comments:

Post a Comment